Main menu

Background

သိပ္ပံနှမ်း

Tue, 07/26/2011 - 06:40 -- Anonymous (not verified)

သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ     ယခင်     ယခု     ပြောင်းလဲမှု၁ အောင်လံ           ၁ ပိဿာ     ၁၆၇ဝ     ၁၆၆၇နှမ်းဖြူကို တရုတ်အဆွဲအေးလို့ ဈေးကျ                      မန္တလေးဈေးကွက်မှာ နှမ်းဖြူ ကို တရုတ်အဆွဲ အေးတာ ကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏလည်း နည်းခဲ့တယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၂၆၇ ကျပ် (တစ်တန် ကို ၇၇၅၈၉၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်သာဖြစ်ခဲ့တယ်လို့ဆိုပါတယ်။မကွေးဈေးကွက်မှာ နှမ်းဖြူကို မန္တလေးအဆွဲအေးပြီး မြို့တွင်း ဆီကြိတ်လုပ်ငန်းရှင်များသာ အဝယ် အထိုက်အလျောက်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို  ၁၂၉ဝ ကျပ်(တစ်တန်ကို ၇၈၉၉၈၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ရေစကြို ဈေးကွက်မှာ နှမ်းဖြူကို ဒေသတွင်းနှမ်းလှော်လက် များက ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၁၂ဝဝ ကျပ်(တစ်တန်ကို ၇၃၄၈၆၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သိပ္ပံနှမ်းကို ရန်ကုန်အဆွဲအေးတာကြောင့် အောင်လံဈေးကွက်မှာ ဈေးအနည်းငယ်ကျနေကြောင်း တွေ့ရပါတယ်။