Main menu

Background

ချိတ်ရက်ကန်းထည်မှ လက်ရေးပန်းချီထည်များကို ပြောင်း၍လုပ်ကိုင်သူများ

Tue, 08/23/2011 - 06:08 -- Anonymous (not verified)

ချိတ်ရက်ကန်းထည်မှ လက်ရေးပန်းချီထည်များကို ပြောင်း၍လုပ်ကိုင်သူများ                  အမရပူရမြို့နယ်၊ တောင်မြို့ရှိ ချိတ်ရက်ကန်းရက်သူများမှာ လက်ရေး ပန်းချီထည်များကိုပြောင်း၍ လုပ်ကိုင် သူများလာကြောင်း သိရပါတယ်။ ''လက်ရေးပန်းချီထည် ခေတ်စား လာတာ ၅ နှစ်လောက်ရှိပြီး၊ လက်ရေး ပန်းချီထည်ကနေရာ၊ အချိန်အခါမရွေး ဝတ်ဆင်တဲ့သူများလာသလို ပန်းချီ အထည်ဆွဲရတာလည်း မြန်တယ်။ လက်ခလည်း များများရတော့ ရက် ကန်းရက်တဲ့ အလုပ်သမားတွေက ပန်းချီထည်ဘက်ကိုပြောင်းပြီး လုပ်ကိုင် ကြတယ်။ ဒီနှစ်ထဲမှာ ပိုပြီးအဝတ်များ လို့ ပြောင်းလုပ်ကိုင်တဲ့သူ များလာတယ်။ အစ်မဆီမှာ ဒီနှစ်ဆို ချိတ်ရက်ထည် သင်ဖို့လာအပ်တဲ့သူ နည်းလာတယ်။ အရင်နှစ်တွေကဆို ၄ တန်းအောင်၊ နွေရာသီကျောင်းပိတ်ရက်ဆို ကလေး တွေလာအပ်ကြတယ်။ အခုကျတော့ ချိတ်ရက်တဲ့ အလုပ်သင်မရှိသလောက် ဖြစ်သွားပြီ။ ချိတ်ထည်က အလှူပွဲ၊ မင်္ဂလာပွဲအတွက် ရက်လုပ်ရတယ်။ တစ်နှစ်ပတ်လုံး အလုပ်တော့ မပါးဘုူူး။ ခုဆို ဝါတွင်းကာလပေမယ့် သီတင်း ကျွတ်ရာသီအတွက် အခုကတည်းက ရက်လုပ်ထားရတယ်။ ချိတ်ထည် တစ်ထည်ကို လွန်း ၁ဝဝ ချိတ်က ရက် ၂ဝ နဲ့ ၂၅ ရက်ကြာပြီး၊ လွန်း ၂ဝဝ ချိတ် က တစ်လလောက်ကြာတယ်။ အထည် များများရဖို့ကို အခုကတည်းကရက်မှ ရာသီပွဲတွေအမှီရတာ။ ခုကျ အလုပ် သမားမရှိသလောက်ဖြစ်တော့ ချိတ် ရက်ထည်တတ်တဲ့သူ နည်းသွားမှာ စိုးရတယ်''လို့ သိင်္ဂီကျော်ချိတ်ရက်ကန်း မှ မမေသြင်္ကန်က ပြောခဲ့ပါတယ်။ တောင်မြို့ ချိတ်ရက်ကန်းထည်များကို တစ်နှစ်ပတ်လုံး ရက်လုပ်မှုရှိ၍ အသက်မွေးဝမ်းကျောင်းပညာ တစ်ရပ် အနေဖြင့် နွေရာသီ ကျောင်းပိတ်ရက် တွင်ကလေးများမှာ ချိတ်ရက်ကန်း ရက်လုပ်ခြင်း၊ ချည်မျှင်ကျစ်၊ ပိုးကျစ်ခြင်း၊ ပိုးချည်ဆေးဆိုးခြင်း လုပ်ငန်းများ၌ ပညာသင်ရင်း ဝင်ရောက်လုပ်ကိုင်လာ ကြပါတယ်။ လတ်တလောတွင် ခေတ် စားလျက်ရှိတဲ့ ပန်းချီလက်ရေး အထည်များမှာ ပညာသင်ကာလ ၃ လတာကြာပြီး၊ တစ်ရက်လျှင် လုပ်အား ခ ကျပ် ၄ဝဝဝ ကျပ်၊ ၅ဝဝဝ ကျပ်နီးပါး ရရှိကြောင်း၊ ချိတ်ရက်ထည်မှာ ပညာ သင်ကာလ ၂ နှစ်၊ ၃ နှစ်နီးပါးကြာမြင့် ၍ တစ်ရက်လျှင် လုပ်အားခ ကျပ် ၂၅ဝဝ၊ ၃ဝဝဝ သာရရှိ၍ အလုပ်သမား များ ပြောင်းလဲလုပ်ကိုင်လာခြင်းကြောင့် နောက်ပိုင်းတွင် ချိတ်ရက်တတ်သူ နည်း လာနိုင်ကြောင်း၊ ဒီဇိုင်းအသစ်အဆန်း ထွက်ရှိမှုနည်းလာနိုင်ကြောင်း ရက်ကန်း ရုံ လုပ်ငန်းရှင်များမှ သုံးသပ်ကြပါတယ်။ ဇူးဇူး