Main menu

Background

ထော်လာဂျီယာဉ်များလည်း ခေတ်နဲ့အမီ ပြင်ဆင်တိုးချဲ့ပြီး ဈေးကွက်ဝင်ရောက်

Tue, 08/30/2011 - 05:52 -- Anonymous (not verified)

ထော်လာဂျီယာဉ်များလည်း ခေတ်နဲ့အမီ ပြင်ဆင်တိုးချဲ့ပြီး ဈေးကွက်ဝင်ရောက်                    မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်နှင့် ကျေးရွာများမှာ မြို့တွင်းနဲ့ မြို့ပြင်ခရီးတို များ ကုန်ပစ္စည်းများ သယ်ဆောင်ရာမှာ လည်းကောင်း၊ ကျေးရွာများမှ မြို့ပေါ် သို့ ခရီးသည်နဲ့ ကုန်ပစ္စည်း တင်ဆောင် ရာမှာလည်းကောင်း၊ ထော်လာဂျီများ ကို နယ်အတော်များများမှာ အသုံးပြု လျက်ရှိကြောင်း တွေ့ရပါတယ်။ အဲဒီလို ထော်လာဂျီများကို အသုံးပြုရာမှာ ဂွတ် ဘရားသားမှထုတ်လုပ်တဲ့ အလယ်ထိုင် များကို လူကြိုက်များတာ တွေ့ရပါ တယ်။ မှန်ကာရိုးရိုးအလယ်ထိုင်နဲ့ ပုဇင်း ခေါင်းထော်လာဂျီတွေကတော့ ဟိုက် ဒရောလစ်ခ်ပါတဲ့အတွက် သဲ၊ ကျောက် တင်ဆောင်ရာမှာ ပိုမိုအသုံးပြုကြောင်း တွေ့ရပါတယ်။ ဂွတ်ဘရားသားကုမ္ပဏီ က လက်ငင်းငွေချေ ရောင်းချတဲ့ ဈေးနှုန်းကတော့ ယာဉ်ဖုန်း 15JY/ 18JYC ၂၂ သိန်း၊ ယာဉ်ဖုန်း 18Y/10မှန်ကာရိုးရိုး ဟိုက်ဒရောလစ်ခ်ပါ ကျပ် ၂၆ ဒသမ ၈သိန်း၊ ပုဇင်းခေါင်း(Model GBM-5)  ဟိုက်ဒရောလစ်ခ်ပါ (Engine Model-ZH 1130 L 22.06 Kw) (24.05 KW)  ဘော်ဒီအိမ်အကျယ် ၇ ပေ ၆ လက်မ x ၂ ပေ ၄ လက်မသိန်း ၆ဝ ဖြစ်ပြီး ကုန်တင်ကားရဲ့ ထော်လာဂျီ ဟိုက်ဒရောလစ်ခ်ပါ ကုန်ချိန် ၅ဝဝဝ Kg တင်ဆောင်နိုင်တဲ့ YFC -CZ 2105 H  ၂၁ဝ၅ ံ ကို ၈၅ သိန်းဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ မြစ်သားတိုင် ကုန်တင်ထော်လာဂျီများမှာ အရွယ် အစား အင်ဂျင်ဘော်ဒီနဲ့ အောက်ပိုင်း ကရောင်းဂီယာအုံကြံ့ခိုင်မှုများအပေါ် မူတည်ပြီး ကျပ်သိန်း ၇၅ မှ ကျပ်သိန်း ၁ဝဝ အထိ ဈေးပေါက်လျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။ တင်အေး