Main menu

Background

အိန္ဒိယဈေးကွက်မှာ မတ်ပဲဝယ်လိုအားနည်းတာကြောင့် ဈေးကျဆင်း

Tue, 11/29/2011 - 06:49 -- Anonymous (not verified)

                အိန္ဒိယပြည်တွင်းဈေးကွက်မှာ လက်ကျန်သိုလှောင်ပဲများပြီး ဝယ်လိုအားနည်းတာကြောင့် မတ်ပဲဈေး ကျဆင်းနေပါတယ်။ ဒေလီဈေးကွက်မှာ မတ်ပဲအိတ်ပေါင်း ၂ ဒသမ ၅ သိန်းခန့် လက်ကျန်ရှိပြီး ပဲထုတ်လုပ်ရာ မဒ္ဒရာပရာဒေ့ရှ်နဲ့ ဥတ္တရာ ပရာဒေ့ရှ်တို့မှာ ပဲသိုလှောင်လက်ကျန်များနေတဲ့အတွက် ဈေးအားပျော့နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲခွဲစက်များကလည်း ဝယ်လိုအားနည်းနေ တယ်လို့သိရပါတယ်။ ပဲထုတ်လုပ်ရာဒေသများက ဝင်ရောက်မှုများတဲ့အတွက် ဈေး ကျဆင်းပေမဲ့ဒေါ်လာတန်ဖိုးမာနေခြင်းကြောင့် ဈေးများများမကျနိုင်ကြောင်း ခန့်မှန်း ကြပါတယ်။ ဈေးကွက်များအတွင်း ဖြစ်ပေါ်တဲ့ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်  ဒေါ်လာ/ တန်                   ၂၄-၁၁-၁၁      ၂၃-၁၁-၁၁     ၂၂-၁၁-၁၁           ၂၁-၁၁-၁၁မွန်ဘိုင်း           ၆၄၂                ၆၄၃              ၆၅၈                    ၆၆၈ဒေလီ           ၄၂၂-၅၁၈        ၄၁၉-၅၃၃      ၄၂၃-၅၅၇             ၄၂၉-၅၆၆ချန်နိုင်း         ၆၈၀-၆၈၅       ၆၈၁-၆၈၆          ၆၈၇                      ၇၀၇MIRT(MAPT)