Main menu

Background

V12 ကုလားပဲ မျိုးသစ်ကို မုံရွာခရိုင်တွင် မျိုးတင်း ၃၀၀ ခန့် စတင်စိုက်ပျိုး

Mon, 12/12/2011 - 08:57 -- Anonymous (not verified)

     V12 ကုလားပဲမျိုးသစ်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်တွင် မျိုးတင်း ၃၀၀ ခန့် ယခုနှစ်အတွင်း စတင်စိုက် ပျိုးကြောင်း သိရပါတယ်။စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်တွင် ယခင်နှစ် V7  မျိုးများ စိုက်ပျိုးဖြန့်ဝေပေးပြီးနောက် ယခုနှစ်တွင် စတင်ပြီး၊ V12 မျိုးစိုက်ပျိုးခြင်းဖြစ်ပါတယ်။ V7 မျိုးထက်အလုံးကြီးပြီး ရာသီဥတုဒဏ်ခံနိုင်ပြီး၊ အထွက်နှုန်း ပိုကောင်းကြောင်း သိရ ပါတယ်။ မုံရွာကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက "ဒီနှစ်မှာ V12 ကုလားပဲမျိုးကို မြေဧက ၃၀၀ မှာ တင်း ၃၀၀ ကျော် စိုက်ပျိုးပြီးဖြစ်တယ်။ မျိုးအသုံးပြုမှုက တစ်ဧက ကို ၁၂ ပြည် သုံးရပြီး၊ အပင်သက်တမ်း ၉၅ ရက်နဲ့ ရက် ၁၀၀ ကြား ကြာမြင့်တယ်။ အပင်အမျိုးအစားက ပင်ပြန့် ယောင် အမျိုးအစားဖြစ်တဲ့အတွက် အပင်ကြီးပြီး ကိုင်းများ တယ်။ သီးထွက်ပိုသီးတယ်၊ အထွက်နှုန်းက တစ်ဧကကို ၂၂ တင်းနဲ့ ၂၅ တင်းကြားထွက်တယ်။ထူးခြားတဲ့ လက္ခဏာ တွေက သက်လျင်အထွက်ကောင်းတယ်။ ညှိုးသေရောဂါ ဒဏ် အသင့်အတင့်ခံနိုင်ရည်ရှိပြီး၊ အဖြူရောင်အစေ့ကြီး တယ်"လို့ ပြောပါတယ်။ အဆိုပါ V12 ကုလားပဲ မျိုးစေ့မှာ စိုက်မျိုးမဟုတ်ဘဲ အိန္ဒိယနိုင်ငံမှ မျိုးရရှိခြင်းဖြစ်ကြောင်း သိရ ပါတယ်။ လိုအပ်သော ဒေသများမှ V12  ကုလားပဲမျိုးရယူ လိုပါက မုံရွာကုန်စည်ဒိုင်တွင်လည်းကောင်း၊ ဦးအောင် ကျော်ဦး ဖုန်း ၀၉-၅၅၀၀၅၅၀ သို့ ဆက်သွယ်မှာယူနိုင် ပါတယ်။ မျိုးစေ့မှာ ၁၉ပိဿာပါ တစ်တင်းကို ကျပ် ၂၅၀၀၀ ဖြင့်ရောင်းချပေးကြောင်း သိရပါတယ်။             ဇူးဇူး