Main menu

Background

ဂရိနိုင်ငံ၏ အစိုးရအလုပ်အကိုင်များကို လျှော့ချဖို့ လိုအပ်

Mon, 12/19/2011 - 07:18 -- Anonymous (not verified)

    ဂရိနိုင်ငံမှာ အခွန်ကို ထပ်မံပြီး  တိုးမြှင့်ကောက်ခံဖို့ မဖြစ်နိုင် တော့တဲ့အတွက် ကြီးမားလှတဲ့ ဘတ်ဂျက်လိုငွေ ကိုလျှော့ချနိုင်ဖို့အတွက် အစိုးရကဏ္ဍမှ ဝန်ထမ်းများကို အများကြီးလျှော့ချရမယ်လို့ အပြည်ပြည် ဆိုင်ရာ ငွေကြေး  ရန်ပုံငွေအဖွဲ့(အိုင်အမ်အက်ဖ်)မစ်ရှင်အဖွဲ့ အကြီးအကဲ ပေါသွမ်ဆင်က ဒီဇင်ဘာ ၁၄ ရက်ကပြောပါတယ်။    "အခွန်တိုးမြှင့်ဖို့အတွက် ရပေါက်ရလမ်း မရှိတော့ဘူး"လို့ ပေါသွမ်ဆင် က အေသင်မှာ ပြုလုပ်တဲ့ ကွန်ဖရင့်တစ်ခုမှာ ပြောပါတယ်။    ကယ်တင်မှုချေးငွေ ယူရိုဘီလီယံ ၁၁၀ (ဒေါ်လာ ၁၄၂ ဘီလီယံ) အစီ အစဉ်ကိုရဖို့အတွက် အိုင်အမ်အက်ဖ်နဲ့ ဥရောပသမဂ္ဂတို့က တောင်း ဆိုထားတဲ့ အတိုင်းဆောင်ရွက်နိုင်ဖို့အတွက် အလုပ်အကိုင်ကို လျှော့ချမဲ့ အစား ဂရိအစိုးရက အခွန်တိုးကောက်ဖို့ကို ပိုမိုလိုလားပါတယ်။    ယခုနှစ်ကုန်မှာ အစိုးရလုပ်သား ၃၀၀၀၀ ကိုယာယီအလုပ်ရပ်စဲဖို့ ဂရိအစိုးရကသဘောတူထားပြီးဖြစ်ပါ တယ်။ဒါပေမဲ့ ရပ်စဲမဲ့သူတွေကို ရွေးချယ်တဲ့အခါမှာ အချိန်မတိုင်မီအလုပ်က အငြိမ်းစားပေးရမှာဖြစ်တဲ့ အတွက် နိုင်ငံတော်အတွက်ငွေကုန်ကြေးကျ ပိုများမှာ  ဖြစ်တဲ့အတွက် လုပ်ငန်းတိုးတက်မှုက နှေးကွေးနေပါတယ်။    ဂရိနိုင်ငံရဲ့ ၂၀၁၁ ခုနှစ် စီးပွားရေးတိုးတက်မှုနှုန်းက ၆ ရာခိုင်နှုန်း ကျဆင်းမယ် သို့မဟုတ် ဒီထက်ပိုနိုင်တယ်လို့ ယွန်ဆင်ကပြောပါတယ်။Source:AFP.