Main menu

Background

မတ်ပဲ

Mon, 12/26/2011 - 09:54 -- Anonymous (not verified)

မတ်ပဲ     စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်    ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်    ၁ တန်    ၄၈၆၀၀၀     ၄၄၈၀၀၀            ၂    မုံရွာ    ၁ ပိဿာ    ၇၀၀         ၆၇၅                 ၃    ပြည်    ၁ ပိဿာ      ၇၂၅    ၇၀၀        ၄    ဟင်္သာတ    ၁ ပိဿာ            ၇၀၅    ၆၇၅            ၅    မန္တလေး    ၁ ပိဿာ    ၆၆၀    ၆၅၀        မတ်ပဲကို အိတ်စပို့ဝယ်လက်ဈေးလျော့အဝယ်ရှိနေ    ဘုရင့်နောင်ဈေးကွက်တွင်  ဒီတစ်ပတ် မတ်ပဲ (RC) ကို အိတ်စပို့ဝယ်လက်တွေက အိန္ဒိယဈေးကွက်မှာ မြန်မာ့မတ်ပဲဈေးကျ ဆင်းနေတာကို အကြောင်းပြပြီး ဈေးလျော့အဝယ်ရှိလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး  တစ်တန်ကို အနိမ့်ဆုံး ၄၄၈၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၇၈၀၀၀ ကျပ်အတွင်း တန် ၃၆၈၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒီရက်ပိုင်းပဲဈေး က တစ်ရိပ်ရိပ်နဲ့ကျဆင်းနေသလိုရောင်းလက်များကလည်း ဈေးကွက် မျှော်လင့်ချက်နဲ့ ထိန်းရောင်းနေတယ်လို့ ပဲကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန် ဝယ်လက်အချို့နဲ့ မြို့ခံခွဲစက်တွေက ဝယ်အားပုံမှန်ရှိပေမယ့် ယခင် အပတ်နဲ့စာရင် ဈေးကအကျဘက်မှာရှိနေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၅၀ ကျပ်(တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၇၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ ပြည်ဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန် ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၀၀ ကျပ် (တစ် တန်ကို ၄၂၈၆၇၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲ (ကုန်ကြမ်း)ကို လှောင်လက်တွေထံမှာ ပစ္စည်းလက်ကျန်နည်းလာပေ မယ့် ရန်ကုန်အဆွဲပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပဲဈေးကလည်း တ အိအိနဲ့ ကျဆင်းနေသလို လှောင်လက်အချို့ကလည်း ငွေပြန်ပေါ်လို တာကြောင့် အရောင်းရှိနေတယ်။ ဒါကြောင့် အရောင်းအဝယ်က တစ်ပိဿာကို ၆၇၅ ကျပ် (တစ်တန်ကို ၄၁၃၃၆၃ ကျပ်) နဲ့နေ့စဉ် အိတ် ၂၀၀ မှ ၃၀၀ ကြားသာ ခပ်ပါးပါးဖြစ်ခဲ့တယ်လို့ သိရပါတယ်။