Sandrar ကားအရောင်းပြခန်းကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အုပ်ပုံ ဆိပ်လမ်းတွင် ဒီဇင်ဘာ ၂၁ ရက်က စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။အဆိုပါ Sandrar ကားအရောင်း ပြခန်းတွင် ဂျပန်နိုင်ငံမှ တင်သွင်းလာ သည့်ကားများကိုသာ ရောင်းချခြင်းဖြစ် ကြောင်း သိရသည်။ ဂျပန်နိုင်ငံမှ တင်သွင်းလာသည့် ကားများကို ကားဟောင်းအပ်နှံပြီး ကား အစားထိုး ဝယ်ယူလိုသူများအတွက် တင်သွင်းရောင်းချခြင်း ဖြစ်ကြောင်း၊ ယာဉ်အိုယာဉ်ဟောင်း ပိုင်ရှင်များ အ နေဖြင့် စီးပွား/ကူးသန်းမှ ကားဝယ်ယူ ခွင့်ပါမစ်ကိုပြသ၍ ၎င်းင်းတို့ထံတွင် ဝယ် ယူနိုင်ကြောင်း အဆိုပါ Sandrar Services Co., Ltd. မှ မန်နေဂျင်း ဒါရိုက် တာ ဦးဇာနည်ထွန်းက ပြောကြားခဲ့ သည်။အကယ်၍ ယာဉ်ဟောင်းအပ်နှံ သူများအနေဖြင့် မိမိစိတ်ကြိုက်ကား များကို ဝယ်ယူလိုပါကလည်း ဝန် ဆောင်ခ အသက်သာဆုံးသော နှုန်း ထားများဖြင့် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ Sandrar ကားရောင်းဝယ် ရေးစင်တာတွင် ယခုလက်ရှိ၌ ကား၂၃ စီးကို ပြသရောင်းချလျက်ရှိပြီး လာမည့် ရက်အနည်းငယ်အတွင်း နောက်ထပ် ၂၆ စီး ရောက်ရှိမည်ဖြစ်ကြောင်း သိရ သည်။ယခု ကားအရောင်းစင်တာ တရား ဝင်ဖွင့်လှစ်ရောင်းချခွင့် ရရှိသည့် ကုမ္ပဏီမှာ သုံးခုရှိပြီး ဆာကူရာကား အရောင်းစင်တာ၊ ဒိုင်းမွန်း အော်တို မိုဘိုင်း ကားအရောင်းစင်တာနှင့် ယခု Sandrar ကားအရောင်းစင်တာတို့ ဖြစ်ကြောင်း သိရသည်။ကားများကို ဦးရာလူစနစ်ဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး ရောင်းချရာ၌ ယာဉ်၏ လက်ရှိပေါက်ဈေး ဒေါ်လာ ၅၀၀၀၊ အခွန်ဒေါ်လာ ၅၀၀၊ ကုန်သွယ် လုပ်ငန်းခွန်နှင့် အကောက်ခွန်အဖြစ် ကျပ် ၃၁ သိန်းကို ဆောင်းပေးရမည် ဖြစ်သည်။ အဆိုပါ ကျပ် ၃၁ သိန်းတွင် ဝန် ဆောင်စရိတ် ကျပ် ၂၅၀၀၀၀ ပါဝင် ပြီးဖြစ်ကြောင်း သိရသည်။ကညနအခွန် ကိုမူ မိမိအစီအစဉ်ဖြင့် ပေးသွင်းရမည် ဖြစ်ကြောင်းသိရသည်။ မယ်သီတာ
Background