Main menu

Background

သားငါးကဏ္ဍမှ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်တော့မယ့် ရခိုင်နယ်စပ်

Mon, 01/16/2012 - 06:37 -- Anonymous (not verified)

    ရခိုင်ပြည်နယ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဘက်ဘင်္ဂလားဒေရှ် နိုင်ငံကို ငါးမြစ်ချင်း၊ ငါးခေါင်းပွစတဲ့ ရေချိုငါးများ ယခင်နှစ်များထက် ပိုမို တင်ပို့ နိုင်ခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် ရခိုင်ကမ်းရိုးတန်း သားငါးဖွံ့ဖြိုးရေးလုပ်ငန်း အစု အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။ ငွေကြေးပံ့ပိုးမှုများကိုလည်း အစုအဖွဲ့လုပ်ငန်းများကို ထောက်ပံ့ပေးမှာ ဖြစ်တဲ့အတွက် ရေလုပ်ငန်း လုပ်ကိုင်တတ်သူ ပညာတတ်လူငယ်များ စုဖွဲ့ပြီး ဆောင် ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။ ရေချိုငါးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင် သွားနိုင်ဖို့အတွက် နေရာရှာဖွေဆောင်ရွက်လျက်ရှိပြီး မျိုးငါးသားပေါက်များ သားဖေါက် ရန် စီစဉ်ဆောင်ရွက်လျက်ရှိတာကြောင့် လာမယ့်နှစ် မေ၊ ဇွန်လများမှာ၊ မျိုးငါးများရရှိနိုင်တော့မည် ဖြစ်ပြီး ရခိုင်ဒေသ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွား နိုင်တော့မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။Source: နကသK.Z.W