Main menu

Background

မြန်မာ့ဆန်တင်ပို့မှုက ထိုင်း၊ ဗီယက်နမ်တို့အတွက် စိန်ခေါ်မှု နှစ်ဆတိုးလာနိုင်တယ်လို့ဆို

Mon, 02/06/2012 - 10:20 -- Anonymous (not verified)

မြန်မာနိုင်ငံအစိုးရမှ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေပြီး၊ ပြည်ပကုန်သွယ်မှုမြှင့်တင်ဖို့လည်း အလေးထား ဆောင်ရွက် နေတာဖြစ်လို့ ယခုနှစ်မြန်မာနိုင်ငံမှ ဆန်တင်ပို့မှုကို ၂ဆမြှင့်တင်ပြီး၊ တန်ချိန် ၁ ဒသမ ၅ သန်းအထိ တင်ပို့နိုင်ဖို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ ခန့်မှန်းထားကြောင်း သိရပါတယ်။ စပါးပိုမိုစိုက်ပျိုးဖို့ အားပေးတဲ့အနေနဲ့ အစိုးရက ဈေးကွက် ပေါက်ဈေးထက်ပိုပြီး၊ စတင်ဝယ်ယူနေပြီဖြစ်လို့ လာမယ့်နှစ်မှာ ဆန်တန်ချိန် ၂ သန်းအထိ တိုးမြှင့်တင်ပို့နိုင်မှာဖြစ်ပြီး ၂၀၁၅ မှာ တန်ချိန် ၃သန်းအထိ ရောက်ရှိနိုင်မယ်လို့လည်း အသင်းက ခန့်မှန်းထားပါတယ်။  ၂၀၁၁ ခုနှစ်မှာ စုစုပေါင်းတန်ချိန် ၇ သိန်း တင်ပို့ခဲ့ပါတယ်။ ပြည်ပတင်ပို့မှုတွေ တက်လာခြင်းက ကမ္ဘာ့ဆန်သိုလှောင်မှုကို မြင့်တက်စေနိုင်ပြီး၊ တစ်ချိန်ထဲမှာ ထိုင်း၊ ဗီယက်နမ်နဲ့ အိန္ဒိယတို့အတွက်ပြိုင်ဆိုင်ရမှုလည်းမြင့်တက်လာနေပါတယ်။ ခန့်မှန်းပမာဏအတိုင်းသာ တင်ပို့နိုင် မယ်ဆို ရင် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဆဋ္ဌမမြောက်အများဆုံးတင်ပို့သူဖြစ်လာပြီး၊ ကမ္ဘာ့အကြီးဆုံးတင်ပို့ခဲ့တဲ့ ၁၉၆၀ ခုနှစ်နောက်ပိုင်းမှာ ပမာဏအများဆုံးဖြစ်လာနိုင်တယ်လို့ အမေရိကန်စိုက်ပျိုးရေးဌာနစာရင်းများအရ သိရပါတယ်။မြန်မာနိုင်ငံက ဈေးကွက်အတွင်း ဝင်ရောက်လာခြင်းဟာ ထိုင်းနိုင်ငံရဲ့ ဈေးကွက်အချို့ကို ဆုံးရှုံးရမှာဖြစ်လို့ ထိုင်းဆန် တင်ပို့မှုကို ပိုမိုဆိုးဝါးလာစေနိုင်တယ်လို့ ထိုင်းဆန်တင်ပို့သူများအသင်းရဲ့ ယခင်ဥက္ကဋ္ဌဟောင်း Vachai  Sriprasert မှ ပြော ကြားပါတယ်။ ရေရှည်မှာ မြန်မာနိုင်ငံက ရေမြပေါကြွယ်ဝတာကြောင့် ထိပ်တန်းဆန်တင်ပို့သူဖြစ်လာနိုင်တယ်လို့လည်း ဆိုပါ တယ်။ အာရှအခြေခံစံနှုန်း ထိုင်း ၁၀၀ မှတ် ဆန်ဖြူအဆင့် B  ဈေးဟာ သုံးနှစ်အတွင်း အမြင့်ဆုံးရောက်ရှိခဲ့တဲ့ နိုဝင်ဘာလကနေ ၁၈ ရာခိုင်နှုန်းကျဆင်းပြီး၊ ဇန်နဝါရီလ ၁၈ ရက်မှာ တစ်တန် ကန်ဒေါ်လာ ၅၄၆ ဈေးဖြစ်ခဲ့ပါတယ်။ ချီကာဂိုမှာ ဆန်ကြမ်း ဈေးဟာ ယခုနှစ်အတွင်း ၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်ပေါင်ကို ကန်ဒေါ်လာ ၁၄ ဒသမ ၄၉ ဆင့်ဖြစ်ခဲ့ပါတယ်။လဝန်း၊ Source: bloomberg.net