Main menu

Background

FDI ၏ စွမ်းပကား၊ စီးပွားရေးမောင်းနှင်အား

Mon, 03/05/2012 - 09:41 -- Anonymous (not verified)

လွတ်လပ်သောကုန်သွယ်ရေးဒေသ (Free Trade  Area - FTA )FTA   ၏ လက်ရှိအနက်အဓိပ္ပာယ်နှင့် အကျုံးဝင်သည့် နယ် ပယ်များမှာ ကျယ်ဝန်းနက်ရှိုင်းသည်ကို တွေ့ရသည်။ FTA  တွင် လွတ်လပ်သော ကုန်စည်ကုန်သွယ်ရေး၊ လွတ်လပ်သော ဝန် ဆောင် မှုကုန်သွယ်ရေး၊ လွတ်လပ်သော ရင်းနှီးမြှုပ်နှံမှုနှင့် အရင်းအနှီးများ စီးဆင်းခြင်း၊ အတတ်ပညာ၊ အသိပညာနှင့် ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာရွှေ့ပြောင်းခြင်း၊ စီးပွားရေးနယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ပါဝင်ပါသည်။အမေရိကန်ပြည်ထောင်စုသည် အာရှလွတ်လပ်သော ကုန်သွယ်ရေးသဘော တူစာချုပ်ကို ဘာကြောင့် လက်မှတ်မထိုးသင့်သလဲစာရေးသူသည် အထက်ခေါင်းစဉ်ပါ သုံးသပ်ချက်ဆောင်းပါး ကို  Foreign Policy.com     တွင် ဖတ်ရသည်။ ဆောင်းပါးရှင်မှာ- Clyde Prestowitg   ဖြစ်ပြီး ၂၈-၁၂-၂၀၁၁ (ဗုဒ္ဓဟူး) နေ့ထုတ် သ တင်းတွင်ပါရှိခြင်းဖြစ်သည်။အမေရိကန်ပြည်ထောင်စုတွင်  အကြံပေးကော်မရှင်များကို လိုအပ်သလို ဖွဲ့စည်းထားပါသည်။ ယင်းကော်မရှင်များအနက်၊ ယခင် အဆင့်မြင့်တာဝန်များ ထမ်းဆောင်ခဲ့သည့် ထိပ်တန်းပုဂ္ဂိုလ်ကြီးများ ပါဝင်သော ကော်မရှင်အဖွဲ့တစ်ဖွဲ့၏ အစီရင်ခံစာအပေါ် ထင်ရှား သောပုဂ္ဂိုလ်၏ သဘောထားအချို့ကို ဖော်ပြလိုပါသည်။ အစီရင်ခံ စာမှာ အမေရိကန်ပြည်ထောင်စု-အာဆီယံ မဟာဗျူဟာကော်မရှင်  (US-ASEAN Strategy Commission )  က CSIS (Center for Strategic and International Studies)  အတွက် လေ့လာ တင်ပြသည့် အစီရင်ခံစာဖြစ်သည်။ယခင် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် (ပြည်ပကုန် သွယ်ရေးဝန်ကြီး)အဖြစ်  တာဝန်ထမ်းဆောင်ခဲ့သည့်  Ms.Carla Hills    က ယင်းအစီရင်ခံစာအပေါ် မေးခွန်းထုတ်ပါသည်။ အမေရိ ကန်ပြည်ထောင်စုနှင့် အာဆီယံလွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုခြင်းဖြင့် ကုန်သွယ်ရေးနှင့် အရင်းအနှီး စီးဆင်းမှုဆိုင်ရာ အတားအဆီးများကို ပယ်ဖျက်ခြင်းသည် အမေရိ ကန်ပြည်ထောင်စုမှ ကော်ပိုရေးရှင်းများ၏ ရင်းနှီးမြှုပ်နှံမှုများ၊ အာဆီ ယံဒေသတွင်း  ပိုမိုပြုလုပ်ရန်အားပေးသည့် သဘောဖြစ်သည်။ တကယ်တော့ အာဆီယံသည် ရင်းနှီးမြှုပ်နှံမှုများထဲတွင်နစ်မြုပ်လျက် ရှိစဉ် အမေရိကန်ပြည်ထောင်စုသည် ရင်းနှီးမြှုပ်နှံမှု၊ ငတ်မွတ်ခေါင်း ပါးလျက်ရှိရာ "ဘာကြောင့် ဝါရှင်တန်သည် အာဆီယံတွင် ပိုမိုရင်း နှီးမြှုပ်နှံမှုအတွက် အားပေးရန်လိုလားသင့်သလဲ"ဆိုသည့်အချက်မှာ မရှင်းလင်းကြောင်း၊ သို့ရာတွင် နှစ်လမ်းသွား အပြန်အလှန်ရင်းနှီး မြှုပ်နှံရန် အားပေးခြင်းဖြင့် အမေရိကန်ပြည်ထောင်စုကိုလည်း၊ အကျိုးကျေးဇူးရှိစေမည်ဟု ထင်မြင်နိုင်ကြောင်း  Ms. Carla Hills  ကမေးခွန်းထုတ်ပြီး၊ မရေရာသောအဖြေဖြင့် ဝေဖန်သုံးသပ်ပါသည်။ အမေရိကန်ပြည်ထောင်စုတွင် ကုန်ထုတ်လုပ်မှုတိုးချဲ့ရန်နှင့် အလုပ် အကိုင်သစ်များဖန်တီးရန် ရင်းနှီးမြှုပ်နှံမှုလိုအပ်လျက်ရှိသည့် အချက် ကို ထုတ်ဖော်ပြောကြားခြင်းဟု ရှုမြင်ပါသည်။အလုပ်အကိုင်များ နိုင်ငံအတွင်းသို့ ပြန်ယူလာပါအမေရိကန်ပြည်ထောင်စု သမ္မတ Mr. Barack  Obama    သည် ၂၅-၂-၂၀၁၂ (ဗုဒ္ဓဟူး)နေ့တွင် တိုင်းပြည်သို့ နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းတွင် ပါရှိသော စီးပွားရေးအပိုင်းကိုထုတ်နုတ်၍ ဆောင်းပါးရှင် Clyde Prestowitz u Foreign Policy.com  တွင် တင်ပြခဲ့သည်။သမ္မတ Obama  သည် အမေရိကန်ပြည်ထောင်စု၏ စီးပွား ရေးနာလန်ထူမှု နှေးကွေးခြင်း၏ အကြောင်းအရင်းဖြစ်သော ကုန် ထုတ်လုပ်မှုမတိုးချဲ့နိုင်ခြင်းနှင့် အလုပ်လက်မဲ့ပြဿနာကို သိသိသာ သာမဖြေရှင်းနိုင်ခြင်းတို့အတွက် အမေရိကန်စီးပွားရေးခေါင်းဆောင် များ၏ ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်း တောင်းဆိုလိုက်ပါ သည်။ ယင်းသို့တောင်းဆိုရာ၌ ယခင် အမေရိကန်သမ္မတ  John F.Kennedy  ၏ ကျော်ကြားသော စကားပိုဒ်ကို ကိုးကားခဲ့ပါသည်။ အဆိုပါစကားပိုဒ်မှာ "ခင်ဗျားနိုင်ငံက ခင်ဗျားအတွက် ဘာလုပ်ပေး နိုင်သလဲ မမေးပါနဲ့၊ ဒါပေမဲ့ ခင်ဗျားက ခင်ဗျားနိုင်ငံအတွက် ဘာလုပ် ပေးနိုင်သလဲပဲမေးပါ"ဆိုသည့် စကားပိုဒ်ဖြစ်သည်။ ထိုသို့တောင်းဆို ရာ၌ သမ္မတ Obama က စီးပွားရေးခေါင်းဆောင် များအား အမေရိ ကန်နိုင်ငံ၏ ပြင်ပတွင် ဆောင်ရွက်လျက်ရှိသော ကုန်ထုတ်လုပ်မှု လုပ်ငန်းနှင့် အလုပ်အကိုင်များကို ပြန်လည်စဉ်းစားရင်းနှင့် "အလုပ် အကိုင်များကို နိုင်ငံအတွင်းသို့ ပြန်လည်ယူဆောင်လာရန် ခင်ဗျား ဘာလုပ်နိုင်သလဲမေးပါ"ဟု တောင်းဆိုလိုက်ခြင်းဖြစ်သည်။ အမှန် တော့ အမေရိကန်ကော်ပိုရေးရှင်းကြီး Apple  ၏ စီမံအုပ်ချုပ်သူ တစ်ဦး၏ သဘောထားကို သမ္မတ Obama က လှပစွာတုံ့ပြန်လိုက် ခြင်းဖြစ်ကြောင်း ဆောင်းပါးရှင် Clyde က သုံးသပ်ပါသည်။ အဆိုပါ Apple ကုမ္ပဏီကြီး၏ စီမံအုပ်ချုပ်သူသည် New York Times     နှင့်တွေ့ဆုံရန် အမေရိကန်ပြဿနာများကို Apple အနေဖြင့် ပြုပြင် ဆောင်ရွက်ပေးရန် တာဝန်များမရှိကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ သမ္မတ Obama  က ယင်းသို့ပြောဆိုခြင်းသည် မမှန်ကန် ကြောင်းနှင့် "မိမိတို့အားလုံးသည် ဒီနေရာမှာတစ်စုတစ်ဝေးတည်း ရှိကြောင်း၊ မိမိတို့အားလုံး အတူတကွ အလုပ်လုပ်ကြမည်ဆိုလျှင် အမေရိကအနေဖြင့် အောင်မြင်အောင် မလုပ်နိုင်စရာ ဘာတစ်ခုမျှ မရှိကြောင်း "အလေးနက်ပြောကြားခဲ့ပါသည်"။မှတ်ချက်အမေရိကန်သမ္မတများသည် နှစ်အစတွင် ယင်းနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများကို တိုင်းပြည်သို့ အသိပေး ပြောကြား လေ့ရှိသည်။ ယခုနှစ်သမ္မတ Obama  ၏ မိန့်ခွန်းသည် အမေရိကန် နိုင်ငံ၏ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်း (Manufacturing)  တိုး ချဲ့ခြင်းနှင့်  အလုပ်အကိုင်သစ်များဖော်ထုတ်ခြင်းကို အားပေးဆောင် ရွက်မည့် လမ်းညွှန်ချက်ဖြစ်သည်။ အမေရိကန် ကုမ္ပဏီကြီးများ၏ ပြည်ပရှိရင်းနှီးမြှုပ်နှံမှုအချို့ နိုင်ငံအတွင်းသို့ ပြန်လည်ရောက်ရှိလာ မည့်သဘောရှိသည်။ အမေရိကန်နိုင်ငံမှ (Manufacturing)  ကဏ္ဍ ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြည်ပနိုင်ငံများ ရရှိရန်မလွယ် ကူဟု ယူဆသည်။ Two-way Investment ကို အားပေးမည့်မူဝါဒ ကျင့်သုံးမည်ဟု ရှုမြင်ပါသည်။