Main menu

Background

စိုက်စားလို့ရတဲ့နိုင်ငံက ဝယ်စားနေတော့မှာလား

Mon, 03/05/2012 - 10:06 -- Anonymous (not verified)

၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း အများဆုံးတင်သွင်းတဲ့ အမျိုး ၂၀ ကို ကြည့်တဲ့အခါ-    (က)    ဓာတ်မြေသြဇာ    (ခ)    ပန်းသီး    (ဂ)    ALUMINIUM MULTI STRUCTURE    (ဃ)    ၁/၄၀ ချည်    (င)    ဖယောင်း    (စ)    Bolt and Nut      (ဆ)    နေကြာစေ့    (ဇ)    ပလတ်စတစ်အမိုးပြား    (ဈ)    သံပိုက်    (ည)    ကလေးစက်ဘီး    (ဋ)    CERAMTC  TILE    (ဌ)    ToE POST SANDAL (ADULT)    (ဍ)   M.S U CHANNEL    (ဎ)    သံပြား    (ဏ)    PULLY BELT    (တ)    M.S ANGLE  CHANNEL    (ထ)    ရောင်စုံတီဗွီ    (ဒ)    ANGLE  IRON    (ဓ)    စာရေးစက္ကူ    (န)    IRON  NAILကိုယ့်နိုင်ငံအတွင်း မလုပ်နိုင်တဲ့ အမယ်ကိုတော့ မပြောလိုပါ။ ပန်းသီး ဆိုရင် ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ စိုက်နေကြပါတယ်။ နေကြာစေ့ဆိုရင် ပြည်နယ်တိုင်းလိုလို စိုက်နေကြတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်း ကျောင်းလုပ်နေတဲ့ နိုင်ငံအနေနဲ့ စိုက်လို့ရတာကို လုံလောက်အောင်တိုးချဲ့စိုက် မယ်၊ စားသုံးသူကလဲ ကိုယ့်ဒေသကထွက်တဲ့ သီးနှံကို ဦးစားပေးစားမယ်ဆိုရင် စိုက်စားလို့ရတဲ့နိုင်ငံက ဝယ်စားစရာမလိုတော့ဘူးပေါ့၊ ဖိုးသာအောင်ကတော့ ဒီနေ့ကစပြီး ချင်းတောင်က ပန်းသီးနဲ့ ရှမ်းပြည်နယ်က နေကြာစေ့ကိုပဲ လှော်စား တော့မယ်လို့ ဆုံးဖြတ်ရင်း အသိတရားနဲ့သတိထားကြဖို့ တင်ပြလိုက်ပါတယ်။ဖိုးသာအောင်