Main menu

Background

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ခေတ်မမီတော့တဲ့ အယူအဆတွေ စွန့်လွတ်ဖို့ ထိုင်းရင်းနှီးမြှုပ်နှံသူတွေကို တိုက်တွန်း

Thu, 05/08/2014 - 04:04 -- ydnar

 

မြန်မာနိုင်ငံက အခွင့်အလမ်းတွေ ပြည်ဝနေတဲ့နိုင်ငံဖြစ်ကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းဆောင်ရွက်ဖို့လာတဲ့ ထိုင်း ရင်းနှီးမြှုပ်နှံသူတွေက ဒီနိုင်ငံနဲ့ပတ်သက်တဲ့အယူအဆကို ပြောင်းဖို့လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ် ပီဆာနု ဆူဗန်နာဂျာတာက ပြောတယ်လို့

သည်နေရှင်းသတင်းမှာဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံတဲ့အ ခါသဘောထားအယူအဆက အဓိကအတားအဆီးတစ်ခုသဖွယ်ဖြစ်နေကြောင်း၊ ဒီနိုင်ငံနဲ့ပတ် သက်ပြီး ထိုင်းရင်း နှီးမြှုပ်နှံသူတွေက နားလည်မှုလွဲနေသေးကြောင်း၊ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့နိုင်ငံ၊ လူမျိုးရေးပဋိ ပက္ခတွေဖြစ်နေတဲ့နိုင်ငံနဲ့ အလွန်ဆင်းရဲ့တဲ့နိုင်ငံ လို့ယူဆထားတဲ့ယခင်ကအစွဲဟောင်းတွေကိုကိုင်စွဲနေဆဲဖြစ်ကြောင်း သူကပြော ပါတယ်။
တကယ်တော့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ တသီကြီးကိုဆောင်ရွက်ရင်း နိုင်ငံရဲ့စီးပွားရေး နဲ့ နိုင်ငံရေးအခြေအနေနှစ်ရပ် စလုံးကို ဒီနိုင်ငံကလျင် မြန်စွာပြောင်းလဲနေကြောင်း သူက ပြောပါတယ်။
စီးပွားရေးဘက်ကကြည့်ရင် ယခု နှစ်မှာ ၉ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်မယ်လို့ခန့်မှန်းထားပြီး ရေရှည်မှာ စုစုပေါင်းပြည်တွင်း ကုန်ပစ္စည်းထုတ်လုပ်မှုကတည်ငြိမ်မည်ဟုယူဆကြောင်း သူကပြောပါတယ်။ စီးပွားရေးပိတ်ဆို့မှုကာလအတွင်းကပင်လျှင် မြန်မာ စီးပွားရေးဆက်လက်ဖွံ့ဖြိုးတိုးတက်ခဲ့သည်မှာ စိတ်ဝင်စားစရာကောင်းကြောင်း သူက ပြောပါတယ်။ နိုင်ငံရဲ့ အမျိုးသားနိုင်ငံရေး အကျပ်အတည်းကာလအတွင်းက သာ စီးပွားရေးအကျဘက်သို့ရောက်ခဲ့ကြောင်းသူက ပြောပါတယ်။
မြန်မာလူမျိုးတို့ နိုင်ငံခြားသို့သွားလာမှုမြင့်တက်လာခြင်းကို ကြည့်ခြင်းအားဖြင့် စည်ပင်သာယာဝပြောမှုကို တွေ့နိုင်ကြောင်း သူကပြောပါတယ်။ ထို့အပြင်နိုင်ငံခြားသားခရီးသွားလာရောက်မှုမှာလည်း ယခင်သုံးနှစ်တာကာလအတွင်း နှစ်သိန်းခန့်သာရှိခဲ့ရာ မှာ ယခင်နှစ်က ၁ ဒသမ ၆ သန်းထိတိုးတက်လာပြီး ယခုနှစ်တွင် ၁ ဒသမ ၈ သန်းအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သူကပြောပါတယ်။ ခရီးသွားလုပ်ငန်းကကြီးမားတဲ့အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ ရန်ကုန်၊ မန္တလေး နဲ့မြိတ်ဒေသတို့ အပြင် ထုတ်လုပ်သုံးစွဲခြင်းမရှိသေးဘဲ မပျက်မစီးတည်ရှိနေတဲ့ သဘာ၀၀န်းကျင်ဒေသတွေကလည်း ရင်းနှီးမြှုပ်နှံမှုဆွဲဆောင် ရာဒေသတွေ ဖြစ်နေကြောင်းသူကပြောပါတယ်။