ဧရာဝတီတိုင်းဒေသကြီးတွင် သီဟိုဠ်ဈေးကွက်ကောင်းနေ
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသထွက်ကုန်များတွင် ပြည်ပပို့ကုန်သီဟိုဠ်ဈေးကွက်မှာ ရာသီ သီးနှံအဖြစ် ဖေဖော်ဝါရီလတတိယပတ်မှစတင်၍ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး မတ်လပိုင်းမှာ သီဟိုဠ်လှိုင်လှိုင်ပေါ်သည့် အချိန်ဖြစ်ကြောင်း၊ မိုးမရွာခင်အချိန်အထိ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်၍ မေလ၊ ဇွန်လများတွင် မိုးရွာသွန်းပါက သီဟိုဠ်စေ့မှာ မိုးမိလျှင် ရေဝင်ပြီး အသီးမှာမည်းသွားသည့်အတွက် ဈေးကွက်တွင် အရောင်းအဝယ်မဖြစ်တော့ဘဲ သီဟိုဠ်ရာသီ ပြီးဆုံးသွားကြောင်း ဈေးကွက်မှ သိရသည်။