မြန်မာ့ရေထွက်ပို့ကုန်မှ ယခုဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော်ရရှိ
မြန်မာနိုင်ငံ ရေထွက်ပို့ကုန်တင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန် ၆၆၉၆၈၅ ဒသမ ၂၉၁ ကို တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၅၃ ဒသမ ၁၃၆ သန်းရရှိခဲ့ သည်။ ရေထွက်ကုန်တင်ပို့မှုပမာဏနှင့် တန်ဖိုးမှာ စံချိန်တင်အများဆုံး ရရှိခဲ့ခြင်းဖြစ်သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေထွက်ပို့ကုန် မက်ထရစ်တန် ၅၈၃၆၇၆ ဒသမ ၃၅၄ ကို တင်ပို့ နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၂၈ ဒသမ ၂၅၇ သန်း ရရှိခဲ့သည်။ ယခင်ဘဏ္ဍာနှစ်ထက် မက်ထရစ် တန် ၈၆၀ဝ၈ ဒသမ ၉၃၇ တန် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၄ ဒသမ ၈၇၉ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်ပါသည်။