တောင်တွင်းကြီးကုန်စည်ဒိုင်တွင် ပဲစဉ်းငုံစျေးအနည်းငယ်ကျဆင်း
မကွေးတိုင်းဒေသကြီးအတွင်း တောင်တွင်းကြီးကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ပဲစဉ်းငုံများဝင်ရောက်လာပြီး အရည်အသွေးနှင့်ဝယ်လိုအားကြောင့် စျေးများအနည်းငယ် ကျဆင်းလျှက်ရှိပါသည်။ တောင်တွင်းကြီးကုန်စည်ဒိုင်တွင် ယခုအပတ် ၂၅.၁၁.၂၀၂၀ နေ့တွင် ပဲစဉ်းငုံ ၂၀ပိဿာတစ်တင်းလျှင်၂၅၀ဝ၀ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။