Main menu

Background

Thursday, 25 Jul 2019

အဘက်ဘက်က ယိုယွင်းကျဆင်းနေခဲ့ရသည့် မြန်မာ့စီးပွားရေးသည် လက်ရှိအင်န်အယ်လ်ဒီအစိုးရလက်ထက်တွင် အမြန်ဆုံး ပြန်လည်ဦးမော့လာနိုင်စေရန်အတွက် ရေတို၊ရေရှည်စီမံကိန်းများ ရေးဆွဲပြီး အကောင်အထည်ေ ဖာ်  ဆောင်ရွက်လာခဲ့သည်။ ထိုသို့ အစိုးရသစ်၏ စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ ကြိုးပမ်း ဆောင်ရွက်လာမှုများမှာ အလုံးစုံ အောင်မြင်မှု ရရှိသည်ဟု မဆိုသာနိုင်သော်လည်း ယခင်ကာလများကထက်စာလျှင် အတော်အသင့် တိုးတက်လာသည် ဟုဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်းများစွာဖြင့် ကုန်သွယ် မှုပြုလုပ်နေသော်လည်း မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံ များမှာ လက်ချိုးရေတွက်၍ပင် ရနိုင်သည်။ မြန်မာနိုင်ငံ သည် အရှေ့ တောင်အာရှ  နို

Wednesday, 17 Jul 2019

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်တွင် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီခချန်းနှင့် သီးခြားတွေ့ဆုံပြီး မြန်မာနိုင်ငံမှ ဆန်တန်ချိန် တစ်သိန်း တရုတ်နိုင်ငံသို့ တင်သွင်းခွင့် ခွဲတမ်း ဆက်လက်ပေးအပ်ရေး၊ မြန်မာ့လယ်ယာထွက်ကုန်များနှင့် မွေးမြူရေးထွက်ကုန်များ အနာဂတ်တွင် ပိုမိုဝယ်ယူရေး ညှိနှိုင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တိုးမြှင့်နိုင်ရေးအတွက် နယ်စပ်ဒေသများတွင် တရား မဝင် ကုန်သွယ်မှုများ ပပျောက်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့် ညှိနှိုင်းကြိုးပမ်းဆောင်ရ

Thursday, 11 Jul 2019

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၁၂ ရက်တွင် တရုတ်နိုင်ငံ ကူမင်း မြို့Dianchi International Convention and Exhibition Center ၌ ကျင်းပပြုလုပ်သည့် တောင်နှင့်အရှေ့တောင်အာရှ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် ၂၀၁၉ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်နှင့်အတူ  ချင်းတောင်ရတနာ ကုမ္ပဏီနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Sichuan Newstar Konijac Co.Ltd.

Wednesday, 26 Jun 2019

      နိုင်ငံတစ်နိုင်ငံ၏  စီးပွားရေး  ဖွံ့ဖြိုးတိုးတက်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကဏ္ဍများစွာရှိသည့်အနက် ယှဉ်ပြိုင်မှုမူဝါဒနှင့်ဥပဒေသည် မည်သည့်အတိုင်းအတာအထိ လွှမ်း ခြုံနိုင်မှုရှိနေခြင်းဆို သည့် အချက်ပေါ်တွင်လည်း မူတည်လျက်ရှိ ကြောင်း နိုင်ငံအများအပြားက လက်ခံယုံကြည်ထားကြသည်။ စီးပွားရေးနယ်ပယ်တွင် ယှဉ်ပြိုင်မှုဥပဒေသာ လွှမ်းခြုံမှုရှိလာပါက စားသုံးသူပြည်သူများအတွက် အကျိုးကျေးဇူးများ စွာကို ရရှိလာ နိုင်မည်ဖြစ်သည်။ အကျိုးကျေးဇူးကောင်းများအနေဖြင့် စီးပွားရေး လုပ်ငန်းရှင်များ၏ မလိုလားအပ်သည့်၊ တရားသဖြင့်ယှဉ်ပြိုင်ဆောင်ရွက်မှုများကို ပျက်ပြားစေမည့် စီးပွားရေးဆောင်ရွက်မှုဆိုင်ရာ အပြုအမူ များ

Thursday, 20 Jun 2019

       နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၏ ဒုတိယသက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ပြီး အပြန်ခရီးမှာ မြန်မာနိုင်ငံမှ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ ပဲသုံးမျိုးတန်ချိန်ငါးသိန်းကို အိန္ဒိယက ပြန်လည် ဝယ်ယူပေးမည့်   သတင်းကောင်းကို သယ် ဆောင်လာခဲ့သည်။  အလွန်မင်္ဂလာရှိသည့်သတင်းဖြစ်ပြီးပဲ Exporter ကြီးများ၊ စိုက်ပျိုးသူ တောင်သူလယ်သမာကြီးများလည်း မြန်မာ့တောင် သူလယ်သမားကြီးများ၏ အကျိုးစီး ပွားအတွက် သတိတရဆောင်ရွက် ပေးခဲ့သည့် သမ္မတကြီးကို အထူးကျေးဇူးတင်နေရမည်ဖြစ်သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးသူကလည်

Tuesday, 11 Jun 2019

          မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများထဲတွင် လက်မှုအနုပညာပစ္စည်းများစွာထွန်းကားသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ လက်မှုအနုပညာပစ္စည်းများပြုလုပ်ရာတွင် အခြေခံကုန်ကြမ်းဖြစ်သည့် သစ်၊ ဝါး၊ ကြိမ် စ သည်တို့လည်း လွယ်လင့်တကူရရှိနေသည်။ သို့သော် မြန်မာ့လက်မှုအနုပညာပစ္စည်းများမှာ ပြည်ပနိုင်ငံများသို့ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်းချနိုင်ခြင်းမရှိဘဲ ပြည်တွင်း၌ပင် နိုင်ငံခြားခရီးသွားဧည့်သည်များကို မျှော်ကိုးပြီး ရောင်းချနေရသည့် အနေအထားတွင်ရှိနေသည်။ မြန်မာနိုင်ငံကဲ့သို့ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံသည်လည်း လက်မှု အနု ပညာပစ္စည်း ထွန်းကားလျက်ရှိပြီး ၎င်းတို့ပြုလုပ်သည့်

Monday, 10 Jun 2019

         မြန်မာ့စီးပွားရေး ပြန်လည်နာလန်ထူလာနိုင်ရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရမည်ဖြစ်သလို မြန်မာ့ထွက်ကုန်များကိုလည်း ပြည်ပနိုင်ငံများသို့ ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်းကြရမည်လည်းဖြစ်သည်။လက်ရှိ အချိန်တွင် မြန်မာနိုင်ငံအနေဖြင့်   ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို အဓိထားတင်သွင်းလျက်ရှိနေသည်။ အခြားတစ်ဖက်တွင် မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်ပနိုင်ငံများသို့ မြန်မာ့ထွက် ကုန်များ စဉ်ဆက်မပြတ် တင်ပို့လျက်ရှိသည်။ ထိုကဲ့သို့ ပြည်ပနိုင်ငံများသို့ မြန်မာ့ထွက်ကုန်များ တင်ပို့နေရာတွင် လယ်ယာထွက်ကုန် ပစ္စည်းများ

Thursday, 30 May 2019

     မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ အာဆီယံကုန်စည် ကုန်သွယ်ရေးသဘောတူညီချက်ကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။၎င်းသဘောတူညီချက်၏ အခန်း (၁)၊ ပုဒ်မ (၁၃) အရ အဖွဲ့ဝင်နိုင်ငံတိုင်းသည် ကုန်သွယ်မှုသတင်းအချက်အလက်များ ပွင့်လင်း မြင်သာဖြစ်စေရန် National Trade Repository များတည်ထောင်၍ အာဆီယံ၏ ASEAN Trade Repository သို့ ချိတ်ဆက် ထား ကြရ မည်ဖြစ်သည်။

Thursday, 23 May 2019

           ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးသော ချိုတကူးနှင့် ဂုဏ်ရည်မတူ ဇာတ်လမ်းလေးကို မှတ်မှတ်ရရဖြစ်မိသည်။ ဘယ်သူကမွေး၍ ဒီကို ရောက်လာမှန်းမသိသော တိုင်းတစ်ပါးသား ချိုတကူးလေးသည် အမိ၊ အဖ  ဘယ်သူမှန်း မသိ၊ မိမိ ဒီကိုဘယ်လိုရောက်လာမှန်းမသိ ခက်ခဲပင်ပန်းကြမ်းတမ်းစွာ ဘဝကိုရုန်းကန်လှုပ်ရှားခဲ့ရသည်ကို ဝမ်း နည်းရမှန်း  မသိခဲ့သော်လည်း  ဂုဏ်ရည်မတူရုပ်ရှင်ကားကြည့်မိသော အခါ သရုပ်ဆောင်ကောင်းလွန်းသောေ ကြာင့် ချိုတကူးလေးဝမ်းနည်း ကြေကွဲစွာ မျက်ရည်ကျခဲ့သည်။  ဘဝစစ်ကို ကြေကွဲစရာလို့မမြင်ဘဲ သဏ္ဌာန်လုပ် သရုပ်တူစွာ သရုပ်ဆောင်နေသောဘဝတုကိုကြည့်ပြီး မျက်ရည်ကျခဲ့သည်။ တစ်ခါကလည်း  ပင်စင်ယူသွား သည်မှာ အနှစ် ၂၀ လောက

Pages