Main menu

Background

စားသုံးသူအကာအကွယ်ပေးရေးလုူပ်ငန်းကို ဘယ်လိုခြေလှမ်းမျိုးနှင့် ဆက်လှမ်းသင့်ပါသလဲ

Tue, 05/26/2015 - 20:37 -- journal_editor

အတွဲ(၁၅)အမှတ်(၁၉)

ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာ့မည်သည့်နိုင်ငံနှင့်မျှ မတူညီနိုင်တဲ့ အခြေအနေတွေ ပိုင်ဆိုင်ထားပါတယ်။ ဒါ့ကြောင့်လည်းပဲစစ်ရေး နယ်ပယ်မှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးနှင့် လူမှုရေး နယ်ပယ်များမှာ အခြားနိုင်ငံများဆီကနည်းစနစ်တွေ၊ နည်းဗျူဟာ တွေကို တိုက်ရိုက်ကူးယူလို့မရတာ ဖြစ်ပါတယ်။ အထူးသဖြင့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းမှာ အခြားနိုင်ငံများဆီက နည်းနာ တွေ တိုက်ရိုက်ကူးယူလို့ မရပါဘူး။မြန်မာ့စားသုံးသူများရဲ့ အလေ့ အထ၊ စားသောက်ပုံ၊ နေထိုင်သွားလာပုံ၊ ပတ်ဝန်းကျင်ရဲ့ အခြေအနေ စတဲ့အချက်အလက်တွေကို အခြေခံပြီး စားသုံးသူအကာအကွယ်ပေး ရေးလုပ်ငန်း ဆောင်ရွက်ဖို့ ခြေလှမ်း ဆက်လှမ်း နိုင်မှသာအောင်မြင် မှုရရှိမှာ ဖြစ်ပါတယ်။၂၀၁၅ခုနှစ် ဧပြီလ ၁၁၊ ၁၂ ရက်နေ့များမှာ မန္တလေးမြို့မှာ ကျင်းပပြုလုပ်တဲ့ ]]စားသုံးသူ အကာအကွယ် ပေးရေးလုပ်ငန်းများကို ခိုင်မာတိုးတက်စေရေးနှင့် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံ တကာ အကောင်းဆုံးအလေ့အထများကို လေ့လာခြင်းဆိုင်ရာ ဆွေးနွေးပွဲ}} သို့တက်ရောက်ခွင့်ရခဲ့ပါတယ်။အတော့်ကိုကောင်းတဲ့ ဆွေးနွေးပွဲတစ်ခု ဖြစ်ပါတယ်။၎င်းင်းဆွေးနွေးပွဲ အကြောင်းကို မဆွေးနွေးသေးဘဲ အတွေ့ အကြုံအချို့ကို  ပြန်လည် ပြောပြလိုပါတယ်။ အဲဒီ ဆွေးနွေးပွဲသို့ဝန်ထမ်းများအပြင် စီးပွားရေးလုပ်ငန်းရှင်များနဲ့ စားသုံးသူရေးရာ လုပ်ငန်းများ လုပ်ဆောင်နေတဲ့ ပြင်ပအဖွဲ့အစည်းများနဲ့ဆုံတွေ့ခွင့် ရတဲ့ပွဲ တစ်ခုလည်းဖြစ်ပါတယ်။ ဆွေးနွေးပွဲအားလပ်တဲ့အချိန်များ မှာ တက်ရောက်သူ အချင်းချင်း မိတ်ဆက်ခြင်း၊အမြင်ချင်းဖလှယ်ခြင်း၊ စကားစမြည်ပြောကြားခြင်းများက ပျော်စရာအလွန်ကောင်းလှပါ တယ်။ မြန်မာစားသုံးသူများသမဂ္ဂအဖွဲ့က ပုဂ္ဂိုလ်တစ်ဦးနဲ့ စကား လက်ဆုံကျခဲ့ပါတယ်။ ကျွန်တော်ရေးသား ထုတ်ဝေတဲ့ စားသုံးသူ ပညာပေးစာအုပ်ကိုဖတ်ဖြစ်ခဲ့ပုံများ၊ အလွန် သဘောကျပုံများ ပြောလာခဲ့ပြီး ကျွန်တော့ကို အထင်ကြီးတဲ့ ပုံစံနဲ့ မေးခွန်းတစ်ခုမေး လိုကြောင်း၊စားသုံးသူနဲ့ပတ်သက်တဲ့ မေးခွန်းပဲ ဖြစ်ကြောင်း စကား အစချီပြီး ပြောကြားလာပါတော့တယ်။ သူမေးတဲ့ မေးခွန်းကြောင့်ကျွန်တော် အတော်စိတ်လှုပ်ရှားစေခဲ့ပါတယ်။ သူ့ မေးခွန်းက''အသစ် ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူရေးရာကိုဘယ်လို ဆက်ပြီး ခြေလှမ်းလှမ်းသင့်တယ်လို့ ထင်ပါသလဲ''တဲ့။
ကျွန်တော် အလွန်ပျော်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီလို မေးခွန်းမျိုးကို ဘယ်သူကမှ မမေးခဲ့ဘူးတဲ့ အတွက်ပဲဖြစ်ပါတယ်။ ကျွန်တော် စကားပလ’င်ခံ ပြောခဲ့ရပါသေးတယ်။ ကျွန်တော် ဆုံးဖြတ် ပိုင်ခွင့်ရှိတဲ့လူ မဟုတ်တဲ့အကြောင်း၊စားသုံးသူရေးရာနဲ့ ပတ်သက် လို့ စိတ်ဝင်စားပြီး လေ့လာသူတစ်ဦးသာလျှင် ဖြစ်ကြောင်း၊ စားသုံး သူရေးရာအလုပ်မှာနှစ်နှစ်ကျော်ကြာ အတွေ့အကြုံရှိသူ တစ်ဦးသာ လျှင်ဖြစ်ကြောင်း၊ မိမိရဲ့ခံယူချက်၊ အမြင်ကိုတော့ လက်ခံမယ်ဆိုရင်ဆွေးနွေးပေးမှာဖြစ်ကြောင်းဖြင့် ပြောပြီးဆွေးနွေးခဲ့ပါတယ်။ ၎င်းင်း ပုဂ္ဂိုလ်မေးတဲ့ မေးခွန်းကို အောက်ပါအတိုင်း ကျွန်တော်ပြန်လည် ဖြေကြားခဲ့ရပါတယ် -
၂၀၁၅ခုနှစ် ဧပြီလကစပြီး မိမိတို့ဌာနကို ပြန်လည်ဖွဲ့စည်း ခဲ့ပါကြောင်း၊ စားသုံးသူရေးရာဌာနကို စားသုံးသူရေးရာနဲ့ ထုတ်ကုန်များ လုံခြုံစိတ်ချမှုဆိုင်ရာဌာနခွဲများအဖြစ် ထားရှိတဲ့အခါ ဝန်ထမ်းများအနေနဲ့ ဘယ်ကစပြီး အဲဒီဌာနခွဲအလုပ်တွေ စလုပ်ရမယ်ဆိုတာ အခက်အခဲတစ်ခုဖြစ်သွားပါကြောင်း၊ အဲဒီလိုဖြစ်ရခြင်း အကြောင်းအရင်းမှာ နိုင်ငံရပ်ခြားက စားသုံးသူအကာအကွယ်ပေး ရေးဌာနတွေကို တိုက်ရိုက်ကူးချလာလို့ပဲ ယူဆပါကြောင်း၊ သူတို့ ဆီမှာ တရုတ်နိုင်ငံထုတ်အာမခံချက်မရှိတဲ့ ကုန်ပစ္စည်းမရှိဘူး။ ဆိုးဆေးတွေဆိုးထားတဲ့ စားသောက်ကုန်တွေ လမ်းဘေးမှာ မရောင်း ဘူး။အစပ်ချောင်းတွေကို စာသင်ကျောင်းတွေမှာ ရောင်းချတာ မရှိ ဘူး။ ထားလိုက်ပါတော့။ ကျွန်တော်တို့ဆီမှာတော့အကုန်အန္တရာယ် ရှိတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံနှင့် ကိုက်ညီမယ့် နည်းဟန်တွေနဲ့ လုပ် ကိုလုပ်မှသာကာကွယ်ပေးနိုင်မှာဖြစ်တဲ့အကြောင်း၊ အခုတော့ ဌာန ခွဲနှစ်ခု အနက် ဘယ်ဌာနခွဲက ပညာပေးမှာလဲ။ ဒီလိုအခြေအနေကိုဘယ်လိုထိန်းသိမ်းမှာလဲ။ အငြင်းပွားမှု အဆင့်အထိ တက်လာပါ့ မလား။ တက်လာသည့်တိုင် အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ဝင်တွေက အချိန်မီ ဖြေရှင်းနိုင်ပါ့မလား။ မေးခွန်းတွေမေးစရာက အများသားနဲ့။ ဒါပေမယ့်တစ်ချိန်ချိန်ကျရင်တော့ အံဝင်သွားနိုင်ကောင်းပါရဲ့။ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းတဲ့ကိစ္စ နည်းနည်းစောသေးတယ် လို့ယူဆပါကြောင်း၊ နောင် စားသုံးသူပညာ ပေးရေး အသားကျဖြစ်ပြီ ဆိုရင် သူ့လမ်းကြောင်းနဲ့သူ အငြင်းပွားမှုတွေဖြေရှင်းပေးရမှာ ဖြစ် ပါကြောင်း ဆွေးနွေးခဲ့ပါတယ်။
ဆက်လက်ပြီး ဆွေးနွေးခဲ့ရာမှာ ကျွန်တော်ရဲ့ အယူအဆအရ ဆိုရင် ဌာနခွဲနှစ်ခုအတွက် စားသုံးသူရေးရာ (ပြည်တွင်း)နဲ့စားသုံး သူရေးရာ(ပြည်ပ)ဆိုပြီးတော့ ဖွဲ့သင့်ပါတယ်ဆိုတဲ့အကြောင်း၊ ဘာ ကြောင့်လည်းဆိုရင် ကျွန်တော်တို့နိုင်ငံဟာကုန်ထုတ်စွမ်းအား ကြီး မားပြီး အမြတ်အစွန်းအတွက် ဘာမဆိုလုပ်တတ်တဲ့ တရုတ်နိုင်ငံလို  နိုင်ငံများနဲ့နယ်စပ်ကုန်သွယ်မှုရှိခြင်း၊ ထိုင်းနိုင်ငံလို ကုန်ထုတ် စွမ်းအားကောင်းတဲ့ နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေခြင်း၊ နိုင်ငံတကာနဲ့ကုန်းကြောင်း၊ လေကြောင်းများဖြင့် ကူးလူးဆက်သွယ်မှု များပြားလာ ခြင်း၊ ပြည်တွင်းဈေးကွက်မှာ ဝယ်လိုအားကြီးမားနေခြင်း၊ပြည်တွင်း ထုတ်လုပ်သူအချို့ရဲ့ အတ္တစွဲထုတ်လုပ်မှုကြောင့် စားသုံးသူပြည်သူ များ ဆုံးရှုံးမှုများပြားလာခြင်း၊ အန္တရာယ်တွေကိုရှောင်ရှားလိုတဲ့ ဆန္ဒ နည်းပါးတဲ့ စားသုံးသူပြည်သူများရဲ့ အရိုးစွဲအလေ့အထဆိုးတွေ များပြားနေသေးခြင်းစတဲ့အခြေအနေတွေ ရှိနေသေးတာကြောင့် ဖြစ်ပါကြောင်း၊ ဒီအခြေအနေ တွေကို ထိရောက်စွာ ပညာပေးနိုင်ဖို့အရေးကြီးလှပါကြောင်း၊ ဒါ့ကြောင့် အလွယ်တကူ ပညာပေးနိုင်ရေး အတွက် ပြည်တွင်းကဖြစ်တဲ့ စားသုံးသူကိစ္စရပ်များကိုစားသုံးသူရေးရာ(ပြည်တွင်း) ဌာနခွဲက တာဝန်ယူဖြေရှင်း သွားရမှာ ဖြစ်ပါကြောင်း၊ ထို့အတူ အိမ်နီးချင်းနိုင်ငံများအပါအဝင်နိုင်ငံခြားကလာတဲ့ စားသုံး သူကိစ္စ ရပ်များကို စားသုံးသူရေးရာ(ပြည်ပ)က တာဝန်ယူပြီး ဖြေရှင်း သွားရမှာ ဖြစ်တဲ့အကြောင်း၊ဒီလို ဆောင်ရွက်နိုင်မှသာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဦးစီးမှူးတွေက ပညာပေးလုပ်ငန်းမှာ လုပ်သာကိုင် သာရှိလာမှာဖြစ်တဲ့အကြောင်းများ ဆွေးနွေးခဲ့ပါတယ်။ကျွန်တော် ဆွေးနွေးအကြံပြုခဲ့တဲ့ အဲဒီဌာနနှစ်ခုရဲ့အောက်မှာ စားသုံးသူရေးရာနဲ့ပတ်သက်တဲ့ စားသောက် ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ဝန်ဆောင်မှုကဏ္ဍနဲ့ အခြားကိစ္စရပ်များကို ဌာနစိတ်များ ထားရှိသင့်တဲ့ အကြောင်း၊ အဲဒီဌာနစိတ်ငယ်များကိုတာဝန်ခံရတဲ့ ဝန်ထမ်းများအနေနဲ့ ပစ္စည်းများ တစ်ခုချင်းအလိုက် ထုတ်လုပ်ပုံ၊ အသုံးပြုပုံ၊ အကျိုးအပြစ်များကို ထပ်မံ၍အသေးစိတ် လေ့လာပြုစု သင့်တဲ့အကြောင်း၊ ၎င်းင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အသေးစိတ် များကိုအင်တာနက်ဝက်ဆိုက်ကနေ အမြဲမပြတ်လေ့လာခြင်း၊ ပြည် တွင်းပြည်ပပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်များကို ပြုစုခြင်းနဲ့အခြားဝန်ထမ်းများဆီ တစ်ဆင့်ဖြန့်ဝေခြင်း တို့ကို အစဉ် ဆောင်ရွက် လုပ်ကိုင်နေဖို့ လိုအပ်မှာ ဖြစ်တဲ့အကြောင်း၊အစိုးရမဟုတ်တဲ့ ပြင်ပ အဖွဲ့အစည်းတွေရဲ့ လုပ်အားနဲ့ အတွေ့အကြုံတွေကိုလည်း လေ့လာ ရမှာ ဖြစ်တဲ့အကြောင်း၊ပညာပေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပေးရမှာဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။
ကျွန်တော့်ရဲ့ ဆွေးနွေးချက်အပေါ် သူ့အမြင်အချို့ကို လည်းပြောပြီး သူလက်မခံနိုင်တဲ့ အပိုင်းတွေလည်း ရှိတဲ့အကြောင်းပွင့်လင်းစွာနဲ့ ပြန်ပြောခဲ့ပါတယ်။ ၎င်းင်းက ကျွန်တော်ဆွေးနွေးတဲ့ အချက်တွေထဲမှာ စားသုံးသူ ရေးရာကို ပြည်တွင်းနဲ့ပြည်ပခွဲခြားတာ မကြိုက်တဲ့အကြောင်း၊ ကုန်ပစ္စည်းအနေနဲ့ပဲ ခွဲခြားသင့်တဲ့အကြောင်း၊ ဥပမာအနေနဲ့ စားသောက်ကုန်ပစ္စည်းဌာနခွဲ၊လူသုံးကုန်ပစ္စည်းဌာနခွဲ၊ အခြားကုန်ပစ္စည်းဌာနခွဲ၊ ဝန်ဆောင်မှုဌာနခွဲနဲ့ အခြားကိစ္စများဌာန ခွဲဆိုပြီး ဖွဲ့စည်းခဲ့ရင်ပိုမိုအဆင်ပြေမှာဖြစ်တဲ့အကြောင်း၊ ယခုဖွဲ့စည်း တဲ့ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ကို စားသုံးသူများအရေး ကူညီဖြေရှင်းပေးရေးအဖွဲ့လို့ မြန်မာလို ဘာသာပြန် သုံးစွဲသင့်တဲ့အကြောင်း ပြန်လည်ဆွေးနွေးလာခဲ့ပါတယ်။မုံရွာမြို့အခြေစိုက် အော်ဂဲနစ်စိုက်ပျိုးရေး အစည်းအရုံးက ဒေါက်တာမျိုးဝင်းကလည်း မေးခွန်းတွေ ထုတ်လာပါတယ်။ ဓခင်ဗျားပြောတဲ့ ဌာနခွဲအောက်က ဌာနစိတ်ငယ်ကို ဘာတွေနဲ့ ဖွဲ့စည်းထားမှာ လဲဓ လို့ မေးမြန်းခဲ့ပါတယ်။ ကျွန်တော်ကနည်းနည်းကွန့်ပြီး ဖြေ လိုက်ပြန်ပါတယ်။ကျွန်တော်အကြံပြုတဲ့ ဌာနခွဲနှစ်ခုအောက်မှာရှိတဲ့ ဌာနစိတ် တွေက အတူတူပဲဖြစ်ကြမယ်။ ဥပမာ- စားသောက်ကုန်ဌာနစိတ်ဆိုပါစို့။ အဲဒီခေါင်းစဉ်အောက်မှာ ဆန်၊ အသီးအရွက်၊ ဟင်းချက်ဆီ၊ ဟင်းချိုမှုန့်၊ ဆား၊ အရောင်တင် ငါးပိ၊ အသားငါး၊အချိုရည်၊ မုန့်မျိုးစုံ၊ သကြား၊ လက်ဖက်၊ ကော်ဖီ ...အစရှိသဖြင့် ရှိမှာ ဖြစ်ကြောင်း၊ ဟင်းချက်ဆီဆိုရင် စားအုန်းဆီလား၊အခြားအသီးအနှံကရတဲ့ ဆီလား၊ တိရစ္ဆာန်အဆီလား၊ မြောင်းဆီလား ဆိုတာ ခွဲခြားရမှာ ဖြစ်တဲ့အကြောင်း၊ ၎င်းင်းဆီတွေရဲ့ဓာတုဗေဒအခေါ်တွေ၊ တန်ဖိုး သတ်မှတ်ချက်တွေကအစ လူကိုအန္တရာယ်ဖြစ်စေတဲ့ အချက်တွေ အဆုံး သိရှိဖို့လိုကြောင်း၊ပညာပေးဟောပြောပွဲတွေမှာ အသုံးပြုရ မှာ ဖြစ်တဲ့အကြောင်း၊ ဓာတ်ခွဲခန်းမှာလည်း လိုအပ်သလို စစ်ဆေးပြီးတိကျတဲ့အဖြေကိုလည်း မြန်မြန်ဆန်ဆန် ထုတ်ပြန်နိုင်ဖို့လိုကြောင်း စသဖြင့် ဌာနစိတ်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုနဲ့ဆွေးနွေးရင်း ကျွန်တော်တို့ရဲ့ ပြင်ပဆွေးနွေးပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြ ပါတယ်။
ကျွန်တော်ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေက စားသုံးသူ ရေးရာ ပညာပေးခြင်းလုပ်ငန်းအတွက် အသားပေးဖော်ပြခြင်းဖြစ်ပါ တယ်။ အကြောင်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ စားသုံးသူ အကာ အကွယ်ပေးရေးလုပ်ငန်းဟာ အခုမှ စတာဖြစ်တဲ့အတွက်စားသုံးသူ ပြည်သူများကို ပညာပေးရင်း စည်းရုံး၊ စည်းရုံးရင်း ပညာပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးက အခြေခံအကျဆုံးဖြစ်နေလို့ပဲ ဖြစ်ပါတယ်။ နယ်မြို့အတော်များများမှာ စားသုံးသူပြည်သူများ အတော်စိတ်ဝင်စားတဲ့ လုပ်ငန်းလည်း ဖြစ်နေပါပြီ။လူသိများပြီး လိုက်နာမှုအားနည်းတဲ့ ကိစ္စရပ်ကတော့ စားသုံးသူအကာအကွယ် ပေးရေး အသိပညာရပ်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လိုက်နာတတ်အောင် များများပညာပေးခြင်းဟာ အဓိကကျတယ်လို့ ဆိုနိုင်ပါတယ်။  ထို့အတူပဲ စားသုံးသူအကာအကွယ်ပေးရေး ပညာပေး လုပ်ငန်းဟာ ရပ်တန့်နေလို့ မရဘူး။ အဆက်မပြတ် ဆက်ကာဆက် ကာ ဟောပြောနေမှပြည်သူတွေရဲ့ အသည်းထဲ၊ နှလုံးထဲ စွဲရစ်မှာ ဖြစ်ပါတယ်။နိဂုံးချုပ်အနေနဲ့ တင်ပြရရင် ယနေ့ ကျွန်တော်တို့နိုင်ငံဟာ အညွန့်တလူလူနဲ့ ထိုးထွက် တိုးတက်နေတဲ့ အချိန် ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အနာဂတ်ကို ကင်ဆာကဲ့သို့သော ရောဂါဆိုး တွေက ကျွန်တော်တို့ အနီးအပါးမှာ ခြိမ်းခြောက်နေလျက်ရှိပါတယ်။ အနီးကပ်ရန်သူကို တွန်းလှန်ကာကွယ် တိုက်ထုတ်ဖို့ တာဝန်ကို ယနေ့ ကျွန်တော်တို့ တာဝန်ကြီးတစ်ရပ်အနေနဲ့ရောက်ရှိလို့လာပြီ ဖြစ် ပါတယ်။ ၂၀၁၅ခုနှစ်၊ မေလ ၂၁ ရက် နေ့ထုတ် ၇ ီဗ့ နေ့စဉ် ထုတ်သတင်းစာ စာမျက်နှာ(၈)မှာဓရန်ကုန်ဆေးရုံကြီးတွင် ကင်ဆာ နှင့် နှလုံးတိုးချဲ့ဆောင်များ ဆောက်လုပ်မည်ဓ ဆိုတဲ့သတင်းပါလာ ပါတယ်။ ကင်ဆာဘယ်လောက်တိုးပွားသွားသလဲဆိုတာ မီးမောင်း ထိုးပြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တာဝန်ရှိ ဝန်ထမ်း များအနေနဲ့စားသုံးသူ အငြင်းပွားမှု မလာမီ စားသုံးသူပြည်သူများကို ထိထိမိမိ ပညာပေးလုပ်ငန်းများ အားကြိုးမာန်တက်ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းအကြံပြုအပ်ပါတယ်။

ခမ်လျန်စွမ်း