Main menu

Background

Tuesday, 13 Mar 2012

    ယန်းငွေတန်ဖိုးမြင့်တက်မှုနဲ့ အထွေထွေစီးပွားရေးကျဆင်းမှုကြောင့် ဂျပန် နိုင်ငံမှ စက်အစိတ်အပိုင်းနဲ့ အပိုပစ္စည်းတွေကိုတင်သွင်းနေတဲ့ တောင်ကိုရီးယား ကုမ္ပဏီတွေက ပစ္စည်းတင်သွင်းမှုတွေကို လျှော့ချဖို့ကြိုးစားနေတယ်လို့မတ် ၈ ရက် က ထုတ်ပြန်တဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။

Tuesday, 13 Mar 2012

    နိုင်ငံကုန်သွယ်မှုမှာ တရုတ်ငွေကြေးအသုံးပြုမှုကို မြှင့် တင်ရန်အတွက် ယွမ်နဲ့ဆောင်ရွက်တဲ့ နယ်စပ်ကုန် သွယ်မှုကို လျင်မြန်စွာတိုးတက်အောင်ဆောင်ရွက်ဖို့ တရုတ်ဗဟိုဘဏ်က ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် အမေရိကန်ငွေတိုက် ဘွန်းစာချုပ်တွေကို အများဆုံးကိုင်ဆောင်ထားတဲ့ တရုတ် နိုင်ငံက အမေရိကန်ဘွန်းစာချုပ် ၈ ဒသမ ၂ ဘီလီယံကို လျှော့ချခဲ့ပါတယ်။

Tuesday, 13 Mar 2012

    ဘွန်းစာချုပ်များကို  ကိုင်ဆောင် ထားတဲ့သူတွေက ဂရိကြွေးမြီဖလှယ်မှု ကို နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ မတ် ၈ ရက်မတိုင်မီလက်ခံလိုက်တဲ့ အတွက် ဂရိနိုင်ငံကြွေးမြီပေးဆပ်ဖို့ ပျက်ကွက် မှာကို စိုးရိမ်မှုတွေလျော့ပါးခဲ့ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားဝမ်ကဦး ဆောင်ပြီးအာရှငွေကြေးတန်ဖိုးတွေ တိုးတက်ခဲ့ပါတယ်။

Monday, 12 Mar 2012

ယခုတစ်ပတ်တွင်လည်း အမေရိကန်ဒေါ်လာဈေးကွက်သည် လှုပ်လှုပ်ရှား ရှား သိပ်မရှိလှဘဲ ငြိမ်ချက်သားကောင်းနေဆဲပင်ဖြစ်သည်။ ပြီးခဲ့သည့်ရက်သတ္တ ပတ် အတွင်းကလည်း အမေရိကန်ဒေါ်လာဈေးကွက်သည် ငြိမ်ချက်သား ကောင်း နေခဲ့သည့်အတွက် ကုန်သည်များ စိတ်ကြိုက်တွေ့နေသည့် ကာလတစ်ရပ်အဖြစ် တည်ရှိခဲ့သည်။ မတ် ၅ရက်က သိမ်ဖြူငွေလဲစင်တာတွင် ရောင်းဈေး ၈၂၉ ကျပ်၊ ဝယ်ဈေး ၈၁၅ ကျပ်ရှိခဲ့ရာ မတ် ၉ ရက်နေ့အထိ အဆိုပါဈေးနှုန်းမှာ ပြောင်းလဲခြင်း မရှိခဲ့သည်ကိုတွေ့ရသည်။

Monday, 5 Mar 2012

    "ပုံမှန်မဟုတ်တဲ့" နယ်စပ်ဖြတ်ကျော်ငွေကြေး စီးဝင်မှုများအတွက် အထူးဦးစား ပေးဆောင်ရွက်ပြီး ဒီလို စီးဝင်တာကို တိုက်ဖျက်ဖို့ စီမံကိန်းချမှတ်ထားကြောင်း တရုတ်နိုင်ငံခြားငွေကြီးကြပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၇ ရက်က ပြောပါတယ်။

Monday, 5 Mar 2012

    မကြာသေးမီရက်များအတွင်းက ထိုင်းဘတ်တန်ဖိုးလျင် မြန်စွာ တန်ဖိုးမြင့်တက်ခဲ့ကြောင်းနဲ့ ကုမ္ပဏီများက ရရှိ လာတဲ့ အခွင့်အရေးကို အရအမိဆုပ်ကိုင်ကာ ရေလွှမ်းမိုးမှုကာလလွန် ပြန်လည်တည်ဆောက်ရေးအတွက် စက်ယန္တရားနဲ့လိုအပ်တဲ့ ပစ္စည်းများကို ဝယ်ယူထားသင့်ကြောင်း ထိုင်းဗဟိုဘဏ် ဒုတိယအုပ်ချုပ်ရေးမှူး ဆူချာဒါကီရာခူးက ပြောပါတယ်။ဂရိ နိုင်ငံတော် ကြွေးမြီပြဿနာအတွက် အဖြေကိုရှင်းလင်းတွေ့ မြင်ရတဲ့အတွက် ဘတ်ငွေအပါအဝင် အာရှဒေသတွင်း ငွေ ကြေးတွေခိုင်မာလာစေခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံခြားငွေ အမြောက်အမြား အာရှဒေသထဲကို စီးဝင်လာပါတယ်။

Monday, 5 Mar 2012

    အမေရိကန်စီးပွားရေးတိုးတက်တဲ့ အတွက် အမေရိကန် ဗဟိုဘဏ်က နောက်ထပ်ငွေကြေးမူဝါဒလျှော့ချမှုအစီ ရင်ခံစာများကို လုပ်တော့မည့်လက္ခဏာ ကိုမတွေ့တဲ့အတွက် ဒေါ်လာဝယ်လို အားမြင့်တက်လာပြီးနောက်ပိုင်း ထိုင်း ဘတ်ငွေကဦးဆောင်ပြီး အာရှငွေကြေး များ တန်ဖိုးကျဆင်းခဲ့ပါတယ်။

Monday, 5 Mar 2012

ပေကျင်း    ပြည်နယ်အဆင့်ရှိဒေသ သုံးခု မှာ  ယခုလကစပြီး   မက်သနော လောင်စာဆီသုံးကားတွေကို စမ်းသပ် အသုံးပြုမယ်လို့ တရုတ်နိုင်ငံစက်မှုနဲ့ သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက် က ပြောပါတယ်။ နှစ်နှစ်  သုံးနှစ် လောက် စမ်းသပ် မောင်းနှင်ပြီးတဲ့ နောက် ဒီဒေသသုံးခုက မက်သနော လောင်စာဆီသုံးကားတွေရဲ့ ဖြစ်နိုင် ခြေအလားအလာကို သုံးသပ်တင်ပြ မှာ ဖြစ်ပါတယ်။Source:xinhua

Monday, 5 Mar 2012

          ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်း မွန်လာတဲ့ လက္ခဏာတွေ မြင်တွေ့လာ ရခြင်းနဲ့ အီရန်နိုင်ငံနဲ့ အနောက်နိုင်ငံ တွေအကြားတင်းမာမှုတွေကြောင့် ရေနံ စိမ်းရောင်းလိုအားအပေါ် စိုးရိမ်မှုများ လာခြင်းတို့ကြောင့်  ရေနံစိမ်းဈေးနှုန်း တွေ ပြန်လည်ဦးမော့လာတယ်လို့ သိရ ပါတယ်။

Monday, 5 Mar 2012

ယခုတစ်ပတ်တွင် အမေရိကန်ဒေါ်လာဈေးကွက်မှာ ငြိမ်သက်နေပြီး ဈေး အတက်အကျမရှိခဲ့သည်ကို တွေ့ရသည်။ သိမ်ဖြူငွေလဲစင်တာတွင် ဖေဖော်ဝါရီ ၂၇ ရက်က ရောင်းဈေး ၈၃၁ ကျပ်၊ ဝယ်ဈေး ၈၁၇ ကျပ်မှာ မတ် ၁ ရက်အထိ ငြိမ်ချက်သားကောင်းနေသည်ကို တွေ့ရသည်။ ယင်းကဲ့သို့ဖြစ်ရသည်မှာ 

Pages