Main menu

Background

Tuesday, 23 Jun 2015

ယခင်    ရက်သတ္တပတ်အကုန်က             စေ့စပ်ညှိနှိုင်းမှုများပျက်ပြားပြီး   ေ<ကး ပြန်လည်မပေးဆပ်နိုင်တဲ့အဖြစ်ဆိုးမျိုး ကြုံရဖို့ ရက်သတ္တပတ်အလိုသာရှိတော့ တဲ့နောက်ပိုင်း     ဂရိနိုင်ငံက အီးယူ- အိုင်အမ်အက်ဖ်မြီရှင်တွေ ကြွေးမြီကိစ္စ ဆွေးနွေးပွဲတွေ   ပြန်လည်စတင်နိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားရုန်းကန်လျက်ရှိပါ တယ်။
မြီရှင်တို့အနေဖြင့်   ''အဖြစ်မှန်နဲ့ ပိုမိုနီးစပ်ကြဖို့'' ဂရိဝန်ကြီးချုပ် အလက် ဇီဆီပရာက   တိုက်တွန်းပြောကြားပြီး နောက်ပိုင်းဆွေးနွေးပွဲများကို    ''မည် သည့်အချိန်မဆို'' ပြန်စဖို့  ဂရိနိုင်ငံက အသင့်ရှိကြောင်း ဂရိအစိုးရကပြောပါ တယ်။

Tuesday, 23 Jun 2015

ဗဟိုဘဏ်အတိုးနှုန်း   တိုးမြှင့် ပေးမယ့်အချိန်က   ဈေးကွက်တွေက မျှော်လင့်ထားတဲ့    အချိန်ထက်ပိုပြီး နောက်ကျလိမ့်မယ်လို့ အမေရိကန်ဗဟို ဘဏ်က     ကြေညာလိုက်တဲ့အတွက်     ရေတိုမှာ အကျိုးအမြတ်များများရတဲ့ ဘွန်းစာချုပ်တွေက ရင်းနှီးမြှုပ်နှံသူတွေ ကိုဆွဲဆောင်ရာမှာ အထောက်အကူဖြစ် စေပါတယ်။    ဒါကြောင့်   ဒေါ်လာနဲ့ ဖလှယ်ရာမှာ ထွန်းသစ်စ  အာရှဈေး ကွက်တွေမှာရှိတဲ့ ငွေကြေးတွေ ဇွန်လ ၁၈ ရက်နေ့မှာ   တန်ဖိုးမြင့်တက်လာခဲ့ ပါတယ်။   အဓိကငွေကြေးခြောက်ခုနဲ့ ဖလှယ်ရာမှာ   အမေရိကန်ဒေါ်လာ တန်ဖိုးက  တစ်လအတွင်းအနိမ့်ဆုံးနှုန်း ကိုရောက်ရှိခဲ့ပါတယ်။

Tuesday, 23 Jun 2015

တစ်လအတွင်း အမြင့်ဆုံးအဖြစ် အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၀၀ ကျပ် သို့ရောက်ရှိခဲ့ပြီးနောက် ဗဟိုဘဏ်နှင့်နိုင်ငံတော် အစိုးရမှတာဝန်ရှိသူများ၊ လွှတ် တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ ရာတွင် စက်သုံးဆီများနှင့်စားသုံးဆီသွင်းကုန်များအတွက် လိုအပ်သည့်နိုင်ငံခြား ငွေကို ဗဟိုဘဏ်နှုန်းထားအတိုင်း အကန့်အသတ်မရှိ ရောင်းချပေးရန် ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ဆုံးဖြတ်ချက်များရ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူး သန်းရောင်းဝယ်ရေးဘဏ်နှင့်ပုဂ္ဂလိကဘဏ် များအနေဖြင့် ယခုလ ၂၂ ရက်နေ့မှ စတင်၍ ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Tuesday, 23 Jun 2015

 ယခုနှစ်အကုန်မှာ  အမေရိကန်ပြည်ထောင်စုရဲ့ အတိုးနှုန်းမြှင့်တင်မှုကြောင့်  တောင်ကိုရီးယားစီးပွားရေးကို ရိုက်ခတ်လာမယ့် ဆိုးကျိုးတွေအတွက် တောင်ကိုရီး ယားစီးပွားရေးပညာရှင်တွေက စိုးရိမ်လျက်ရှိကြောင်း ကိုရီးယားဟာရယ်သတင်း မှာ ဖော်ပြထားပါတယ်။

Wednesday, 17 Jun 2015

    ထိုင်းဗဟိုဘဏ်၏ အခြေခံစံထားအတိုးနှုန်းကို ယခင်အတိုင်း ၁ ဒသမ ရာခိုင်နှုန်းဖြင့်ဆက်လက်ထားရှိမှာဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးမူဝါဒ ကော်မတီ (Monetary Policy Committee-MPC)  ကဆုံးဖြတ်ခဲ့ ပါ တယ်။ လော လောဆယ်မှာ ဒီနှုန်းကဒေသတွင်းမှာ အနိမ့်ဆုံးနှုန်းဖြစ်တဲ့အတွက် သင့်တော်တဲ့ နှုန်းထားဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် မစ္စတာ ပရီဒီယာသွန် ဒီဝါကုလာရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံနေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

Wednesday, 17 Jun 2015

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကတည်းက မြင့်တက်ခဲ့သည့် မြန်မာ့ ရွှေဈေးသည်  ယခုတစ်ပတ်တွင် ပိုမို အတက်ကြမ်းလာခဲ့ကာ ပြန်လည်ကျ ဆင်းသည့်အခါတွင်လည်း အကျကြမ်း ခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း က မြန်မာ့ရွှေဈေးသည် ကျပ် ၇၂၇၀၀၀ ဖြင့် ဈေးပိတ်ခဲ့ပြီး  ဈေးပြန်ဖွင့်ချိန်တွင် အဆိုပါဈေးအတိုင်းသာရှိခဲ့သည်။ သို့ သော် ဇွန် ၉ ရက်တွင် ပြည်တွင်းရွှေ ဈေးသည် ထိုနေ့တစ်နေ့တည်းမှာပင် ကျပ် ၃၄၅၀၀ အထိ မြင့်တက်ခဲ့သည်။ ထို့နောက် ဆက်လက်မြင့်တက်ခဲ့ရာ ဇွန် ၁၀ရက်တွင် စံချိန်တင်အမြင့်ဆုံး ဈေးအဖြစ်  ကျပ်ရှစ်သိန်းအထိ မြင့် တက်ခဲ့သည်။

Wednesday, 17 Jun 2015

   ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ဆက်တိုက်မြင့်တက်ခဲ့သည့် ငွေလဲနှုန်း များသည် ယခုတစ်ပတ်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၅၅ကျပ်အထိ အမြင့်ဆုံး နှုန်းကိုရောက်ရှိခဲ့ပြီး ပြန်လည်ကျ ဆင်းခဲ့ သည်။ ပြည် တွင်းငွေလဲနှုန်းများ အဆ မတန် မြင့်တက်လာခြင်းကြောင့် အခြေခံစားကုန်ဈေးနှုန်းများ ရုတ်ခြည်းမြင့်တက် လာခဲ့သည်။ ထို့ပြင် မြန်မာ့ရွှေဈေးမှာလည်း ငွေလဲနှုန်းမြင့်တက်မှုကြောင့် ကျပ်ရှစ် သိန်းအထိ အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိခဲ့သည်။

Pages