Main menu

Background

Thursday, 29 May 2014

 
အမေရိကန်နိုင်ငံသို့လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များသည် ခရီသွားလုပ်ငန်းနှင့် ၎င်းနှင့်ဆက်စပ် သည့်ကဏ္ဍများတွင်သုံးစွဲမှုသည် ၂၀၁၄ ခုနှစ်၊ ဧပြီလ အတွင်းတွင် ဒေါ်လာ ၁၅ ဒသမ ၄ ဘီလီယံဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ သားများ၏ ပြည်ပတွင်သုံးစွဲမှုနှင့် နှိုင်း ယှဉ်ပါက အမေရိကန်နိုင်ငံသည်

Thursday, 29 May 2014

 
အသက်မွေးမှုဆိုင်ရာသင်တန်းဆိုသည်မှာတစ်စုံတစ်ရာသောအသက်မွေးဝမ်းကျောင်းနှင့် ဆက်စပ် နေသောသင်တန်း များ သို့မဟုတ်လက်တွေ့ကျသောလုပ်ဆောင်ချက်များကို ရည်ညွှန်းပါသည်။ ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုခြင်း ရရှိရန်နှင့် အလုပ်အကိုင်ရရှိရေးအခွင့်အလမ်းတိုးတက်စေ ရန် နိုင်ငံသားများနှင့် လုပ်သားဈေး ကွက်တို့၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသော သက်မွေးမှုသင်တန်းစနစ် များမှာလည်းအရေးကြီးပါသည်။သို့ဖြစ်၍ အသက်မွေးမှုသင်တန်းသည် ဥရောပ အသိုက်အဝန်းစတင်ဖွဲ့စည်းတည်ထောင်ကတည်းကအီးယူမူဝါဒ၏မရှိမဖြစ်သောအစိတ်အပိုင်းတစ်ရပ်ဖြစ်ခဲ့ပါသည်

Friday, 9 May 2014

 

ကိုရီးယားဗဟိုဘဏ်၏ ကြာသပတေးနေ့က ထုတ်ပြန်ချက်အရ သက်ဆိုင်ရာအစိုးရက အခွန်ကင်းလွတ်သက်သာ ခွင့်ပေးထားသော လုပ်ငန်းများသို့ ကိုရီးယားကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု များမြင့်တက်နေကြောင်း သိရှိရသည်။ Cayman Island,Bermuda,the British Virgin Islands, နှင့် Labuan (Malaysia) စသည့်ဒေသများတွင် ကိုရီးယားကုမ္ပဏီများသည် စတော့ရှယ်ယာများ၊ ငွေချေးစာချုပ်ဘွန်းများစသည့် ရင်းနှီးမြှုပ်နှံမှု ပုံစံများဖြင့် ငွေကြေး ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၁၃ ခုနှစ်က ဒေါ်လာ ၂ ဒသမ ၆၆ ဘီလီယံရှိခဲ့ရာ ၂၀၁၂ ခုနှစ်ကထက် ၆၄ ဒသမ ၂ ရာခိုင်နှုန်းတိုးသွားခဲ့သည်။ အထူးသဖြင့် Cayman Islands တွင် ၂၀၀၉ ခုနှစ်က ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၇၀ မီလီယံသာ ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ် တွင် ၂ ဒသမ ၅၁ ဘီလီယံအထိရှိလာခဲ့သည်။

Friday, 9 May 2014

 

ကိုရီးယားအစိုးရသည် လတ်တလောတွင် ကျောင်းသားများကို လုပ်ငန်းခွင်သင်တန်းများပေးနိုင်မည့် အလုပ် သင်ကျောင်း(Apprentice School)များဖွင့်လှစ်ရန် အစီအစဉ်ရေးဆွဲလျက်ရှိသည်။ အထက်တန်းအောင်မြင်ပြီးပါ ကအလယ်အလတ်စီးပွားရေးလုပ်ငန်းများတွင် အလုပ်လုပ်မဲ့ကျောင်းသားများကို အစိုးရကအထူးအခွင့် အရေး များပေးအပ်မည်ဖြစ်သည်။ ယင်းအစီအစဉ်သည် ကိုရီးယားစီးပွားရေးနှင့် နည်းဗျူဟာဝန်ကြီးဌာနက လူငယ်အလုပ် အကိုင်များ တိုးတက်လာစေရန် ဆောင်ရွက်မည့်အစီအစဉ်တစ်ရပ်ဖြစ်သည်။ ယင်းအစီအစဉ်သည် ကိုရီးယား အလုပ်အကိုင်ဈေးကွက်အထူးသဖြင့်

Friday, 9 May 2014

 
ကိုရီးယားနိုင်ငံအတွင်း နိုင်ငံခြားဘဏ်များ၏ လုပ်ငန်းများအပေါ်တား မြစ်မှုများဆောင်ရွက်နေဆဲကာလအတွင်း ဆိုးလ်ရှိ Morgan Stanleyဘဏ်ခွဲအား လုပ်ငန်းဆောင်ရွက်နေခြင်းမရှိသော စီးပွားရေးလုပ်ငန်းများ အပေါ်ငွေ ထုတ်ချေးခြင်းမပြုရန် ကိုရီးယားငွေကြေးအာဏာပိုင် FSSကတား မြစ်ထားသည်။ ၂၀၁၁ ခုနှစ်ကတည်းက Morgan Stanley ဘဏ်လုပ်ငန်း၏ Morgan Stanley Income Securities အားဆိုးလ်မြို့တွင် ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်သည်။ ယင်းနှစ်မှာပင်

Friday, 9 May 2014

 

ထိုင်းနိုင်ငံဗဟိုဘဏ်၏ငွေကြေး မူဝါဒကော်မတီ(MPC)သည် ၂၃-၄-၂၀၁၄ ရက်နေ့၌ ကျင်းပခဲ့သော အစည်းအဝေးတွင် မူဝါဒအတိုးနှုန်း(Policy interest rate) ကို ပြောင်းလဲခြင်းမရှိဘဲ လက်ရှိ ၂ ဒသမ သုညသုည ရာခိုင်နှုန်းမှာပင် ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့ရာတွင် ယခုနှစ် ပထမသုံးလပတ်အတွင်း စီးပွားရေးတိုး တက်မှုနှုန်းသည် ကျဆင်းနိုင်ပြီး တစ်နှစ်ပတ်လုံးအတွက် စီးပွားရေးတိုးတက်မှုနှုန်းသည် ခန့်မှန်းထားသည်ထက် အားပျော့နိုင်ကြောင်း

Friday, 9 May 2014

 
ကိုရီးယားသမ္မတနိုင်ငံ၏ အကြီးဆုံးတယ်လီကွန်းအော်ပရေတာ KT ၏ စောစီးစွာအငြိမ်းစားယူခြင်း အစီအ စဉ်အား ၎င်း၏ဝန်ထမ်း ၈၀၀၀ ဦးမှ လျှောက်ထားခဲ့သည်။ KT သည် ဝန်ထမ်းလျှော့ချခြင်းအစီအစဉ်ကို ၂၀၀၃ ခုနှစ် ကဆောင်ရွက်ခဲ့ရာ ယင်းကာလတွင် ၅၅၀၅ ဦးနှင့် ၂၀၀၉ ခုနှစ်တွင် ၅၉၉၂ ဦးတို့အား လျှော့ချခဲ့ဘူးသည်။

Friday, 9 May 2014

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ Government Procurement Agreement ကို အမေရိကန်၊ အီးယူ၊ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ကနေဒါ၊ နော်ဝေ၊ Iceland နှင့် Liechtenstein နိုင်ငံတို့က စာချုပ်အား  Ratification ပြုလုပ်ပြီးနောက် အစ္စရေးနိုင်ငံသည် မတ်လ ၇ ရက်နေ့ တွင်ထပ်မံ အတည်ပြုခဲ့သည့်အတွက် စာချုပ် အဖွဲ့ဝင် (၃) ပုံ (၂) ပုံက အတည်ပြုနိုင်သဖြင့် (၆-၄-၂၀၁၄) မှစ၍

Monday, 30 Sep 2013

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲက နယ်အဝင်မရှိဘဲ မြို့ခံလှောင်လက်ကုန်သည်တွေကသာ ထုတ်ရောင်းမှုရှိနေတယ်။ အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်ကလည်း ဘုရင့် နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးမြင့်လာတဲ့အပေါ် ဈေး ပေးအဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့တစ် ပိဿာ ၇၈၀ ကျပ်(တစ်တန်ကို ၄၇၇၆၆၄ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၅၀၀ မှ ၂၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြောင်းက ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် ရန်ကုန်ဝယ်လက်ကတော့ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၃၉၀ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့ကြောင်း သိရပါတယ်။

Sunday, 18 Dec 2011

     ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုသည် ယခင်လ ထက် ၇ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၇ဒသမ ၄၉ ဘီလီယံရှိခဲ့သည်။ သွင်းကုန်တင်သွင်းမှုသည် နှစ်အလိုက် ၉ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်း ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၀ဒသမ ၄၆ ဘီလီယံရှိခဲ့ခြင်းကြောင့်  စုစုပေါင်း ကုန် သွယ်မှုတန်ဖိုးသည် ယခင်လထက် ၈ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉၇ ဒသမ ၉၅ ဘီလီယံသာရှိခဲ့ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန (MOC) မှ တရားဝင်ထုတ်ပြန်ခဲ့သည်။

Pages