Main menu

Background

Friday, 9 Apr 2021

ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့်ရေလုပ်ငန်း၀န်ကြီးဌာန(MAFF)မှ ဆောင်ရွက်ခဲ့သည့် စစ်တမ်းတစ်ခုအရလူငယ်မျိုးဆက် (အသက် ၁၈ နှစ်မှ ၂၉နှစ်အထိ) ၏ ၂၅% သည်လက်ဖက်စိမ်းရေနွေးကြမ်း (Green Tea) သောက်သုံးမှု အရေအတွက် မြင့်တက်လာကြောင်း သိရှိရသည်။

Friday, 9 Apr 2021

ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်ထွက်ရှိမှုတန်ဖိုးသည် ၂၀၁၉ ခုနှစ်အတွင်းကယန်း ၈.၈၉၃၈ ထရီလီယံရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှ တန်ဖိုးထက် ၁.၈ % လျော့နည်းခဲ့ ကြောင်းနှင့် ၂ နှစ်ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းဟု စိုက်ပျိုးရေး၊ သစ်တောနှင့်ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) က ပြောကြားခဲ့သည်။

Wednesday, 7 Apr 2021

၂၀၂၁ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် အမေရိကန်နိုင်ငံ ချီကာဂိုစတော့ဈေးကွက်ရှိ ပဲပုတ်စေ့ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်လျက်ရှိနေပြီး စတော့ပ်ဈေးကွက်၏ ဈေးနှုန်း သတ်မှတ်ချက်အမှတ်သည် နံနက်ပိုင်းတွင် ၃.၇၅ မှ ၆ အထိမြင့်တက်ခဲ့သဖြင့် ပဲပုတ်စေ့ ၁ စည် တန်ဖိုးသည် မေလတွင် အမေရိကန်ဒေါ်လာ ၁၄.၁၈ နှင့် စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၁၃.၀၆ အထိ ဆက်လက်မြင့်တက်နိုင်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

Wednesday, 7 Apr 2021

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ပဲတီစိမ်း တန်ချိန် ၁ သိန်း ၅ သောင်း၊ ပဲစင်းငုံ တန်ချိန် ၄ သိန်းနှင့် မတ်ပဲ တန်ချိန် ၄ သိန်းတို့ကို တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန (DGFT) က သတ်မှတ်သည့် လိုင်စင်လျှောက်ထားရန် လုပ်ထုံးလုပ်နည်း များနှင့်အညီ ပဲခွဲစက်များ၊ ပဲပြန်လည်သန့်စင်ရေးလုပ်ငန်းများနှင့် ကုန်သည်များသို့ ခွဲတမ်းချထား ပေးမည်ဖြစ်ကြောင်းကို အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက မတ်လအတွင်း၌ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် DGFT ဌာနသည် အဆိုပါ ပဲ ၃ မျိုး တင် သွင်းခွင့်ခွဲတမ်းများ ခွဲဝေချထားနိုင်ရန်အတွက် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ၁

Monday, 5 Apr 2021

              COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Monday, 5 Apr 2021

                   ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏မြို့တော် နန်နင်းမြို့သည် ၎င်း၏ နယ်စပ်ဖြတ်ကျော် e-commerce အတွက် တည်ဆောက်ထားသော ဘက်စုံသရုပ်ပြဇုန်အား တရုတ်-အာဆီယံ ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်းသစ်အသွင် ပြောင်းလဲသွားရန်အတွက်နောင်လာမည့် (၅)နှစ်အတွင်း တည်ဆောက်ရေးစီမံကိန်း (၂၉)ခု တည်ဆောက်ရေးအား တွန်းအားပေး၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Monday, 5 Apr 2021

           တရုတ်နိုင်ငံ၏ ဈေးကွက်သို့ စားနပ်ရိက္ခာပံ့ပိုးရောင်းချပေးနိုင်စွမ်းမှာ ယေဘုယျအားဖြင့် ကောင်းမွန်နေပြီး၊ ကောက်နှံအရန်သိုလှောင်မှုကိုလည်း ခိုင်မာသည့် အဆင့်၌ ဆက်လက်ထိန်းထားနိုင်ကြောင်းနှင့်  စားနပ်ရိက္ခာဖူလုံမှု၏အရေးပါသည့် အညွှန်းကိန်းဖြစ်သည့် ကောက်နှံအသုံးပြု ရန် ကုန်လက်ကျန်အချိုး (stocks-to-use ratio of grain)မှာ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်းမှ သတ်မှတ် ထားသော ကမ္ဘာလုံးဆိုင်ရာသတိပေးအမှတ်၏ အထက်တွင်ရှိနေကြောင်း  တရုတ် အမျိုးသား စားနပ်ရိက္ခာနှင့် မဟာဗျူဟာမြောက်အရန်သိုလှောင်မှုများ စီမံခန့်ခွဲရေးဌာန၏ အကြီးအကဲ Qin Yuyun က မတ်လ (၃၁)ရက်နေ့က ထုတ

Monday, 5 Apr 2021

               ယခုနှစ် ပထမ(၃)လအတွင်း တရုတ်နိုင်ငံ၏ အလုံးစုံချေးငွေရယူလိုမှုအညွှန်း ကိန်းမှာ ၇၇ဒသမ၅ ရာခိုင်နှုန်းတက်လာကာ၊ ယခင်နှစ် စတုတ္ထ(၃)လနှင့်နှိုင်းယှဉ်ပါက ၅ဒသမ၉ ရာခိုင်နှုန်းတက်လာကြောင်း တရုတ်ပြည်သူ့ဘဏ် (People's Bank of China - PBOC)မှ အစီရင်ခံစာအရ သိရပါသည်။

               ပထမ(၃)လအတွင်း ချေးငွေယူလိုအားများလာသည့် ကဏ္ဍများမှာ စက်မှု ကုန်ထုတ်ကဏ္ဍ၊ အခြေခံအဆောက်အအုံကဏ္ဍနှင့် လက်လီလက်ကားကဏ္ဍများမှဖြစ်ပါ သည်။

Monday, 5 Apr 2021

            ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ များနှင့် ဆက်သွယ်ထားပြီး ကမ္ဘာ့ဈေးကွက်များသို့ အပြည့်အဝဝင်ရောက်နေသည့် ဒေသ ဖြစ်ပါသည်။ ၎င်းဒေသသည် ရပ်ဝန်းနှင့် ပိုးလမ်း မစီမံကိန်း ကျယ်ပြန့်လာစေရန်နှင့် တရုတ် နိုင်ငံ၏ (၁၄)ကြိမ်မြောက် (၅)နှစ်စီမံကိန်း (၂၀၂၁-၂၅)တွင် တံခါးဖွင့်ပေးမှုများအား ပံ့ပိုး ပေးရန် ကူညီဆောင်ရွက်ပေးနေသည့်ဒေသလည်းဖြစ်ပါသည်။

Pages