Main menu

Background

Wednesday, 8 Sep 2010

 Excellence Mineral Manufacturingကုမ္ပဏီ၏ သံရည်ကြိုစတီးပုံလောင်းစက်ရုံ         လှိုင်သာယာစက်မှုဇုန်တွင် Excellence Mineral Manufacturing ကုမ္ပဏီမှ သံရည်ကြို စတီးပုံလောင်းစက်ရုံကို တည်ဆောက်ပြီး သွင်းကုန် အစားထိုးSteel ပစ္စည်းအမိုျးမိုျး ထုတ်လုပ်လျက်ရှိ သည်။ Stainless Steel, High Chromium Steel, High Nickel Steel, High Manganese Steel, High Alloy Steel နှင့့်် Low Alloy Steel စသော အဆင့်မြင့်သံနှင့် သံမဏိ ပစ္စည်းများကို မှာယူသည့် စက်ရုံအလုပ်ရုံလုပ်ငန်းများ၏   လိုအပ်ချက်အတိုင်း ပုံစံအမိုျးမိုျး၊ ပစ္စည်းအစိတ်အပိုင်းအမိုျးမိုျးကို ထုတ် လုပ်ပေးလျက်ရှိသည်။ ကုန်ကြမ်း Steel နှင့် သဲများအား တရုတ်(တိုင်ပေ)၊ထိုင်းနှင့် ဂျပန်နိုင်ငံတို့မှ မှာယူတင်သွင်းပြီး တရုတ် (တိုင်ပေ)အဆင့်မြင့် နည်းပညာဖြင့် အရည်အသွေးစံချိန်စံညွှန်းတိတိကျကျနှင့်ပုံလောင်းထုတ်လုပ်လျက်ရှိသည်၊လက်ရှိထုတ်လုပ် ပေးလျက်ရှိသော  Steel  ပစ္စည်းများမှာ အစိုးရဌာနများတွင် အသုံးပြုမည့် Impeler, Hinge, Plug Holder Mixer Crane hook, Finger, Toilet Locks  များ၊ ပုဂ္ဂလိက စက်ရုံများတွင်အသုံးပြုမည့် connecting rod, Nozzle, Roller, ‘ O ‘ ring, ‘ C ‘ ring, ‘ U ‘ Hook, Electrical Schackle, Elbow, Tee,  90 H Connector,Tee Connector, Three Way Connector များ Home Decoration Accessories များ ဖြစ်သည Handle, Lock, Soap Cup, Hinge Knob, 4 hole ball, 12 hole ball mid Holder, End Holder, Fencing Decoration များ ထုတ်လုပ်ပေးလျက်ရှိသည်။ ပြည်တွင်းဈေးကွက်အပြင် ထုတ်လုပ်သည့် Steel ပစ္စည်းအမိုျးမိုျးအား ထိုင်း၊တရုတ်(တိုင်ပေ)၊ စင်္ကာပူနှင့် ဗီယက်နမ်နိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။

Wednesday, 8 Sep 2010

 ဦးတင်မောင်ဝင်း၊ အုပ်ခုျပ်မှုဒါရိုက်တာ၊ ရူပသိဒ္ဓိလျှပ်စစ်မော်တော်ကားထုတ်လုပ်ရေးစက်ရုံ         'ကျွန်တော်တို့ ရူပသိဒ္ဓိကုမ္ပဏီကို ၂ဝဝ၃ ခုနှစ် မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကအင်ဂျင်နီယာဖြစ်လို့ မော်တော်ကားထုတ်လုပ် ရေးကို အထူးစိတ်ဝင်စားပြီး အဆင့်ဆင့်စမ်းသပ်   တီထွင်မှုကို သုတေသန ပြုလုပ်ခဲ့ပါတယ်။ ၂ဝဝ၃ ခုနှစ်မှာတော့ စမ်းသပ်တဲ့အဆင့်ကိုပထမဦးစွာ ဆောင်ရွက်ခဲ့ပါတယ်။ သတ်မှတ်တဲ့စံချိန်စံညွှန်းများ ရရှိနိုင်ဖို့လည်း စက်မှု (၁) ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး စစ်ဆေးခံဆောင်ရွက်ခဲ့ပါတယ်။ စမ်းသပ်သုတေသနပြုရင်းနဲ့ပဲ လူစီးလို့ရအောင်၊ စံချိန်မီအောင် ဆောင်ရွက်လာနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ကားမှာလျှပ်စစ် ပိုင်းနဲ့ ဂျင်နရေတာပိုင်းဟာ အဓိကကျပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ စမ်းသပ်မှုအောင်မြင်ပြီးပထမဦးဆုံးအနေ နဲ့ ဂေါက်ကွင်းသုံးကားအဖြစ် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ လျှပ်စစ်ကားဆိုတော့ သာမန်ကား တွေလို မိုင်များ များ တောက်လျှောက်မောင်းနှင်နိုင်အောင် စမ်းသပ်သုတေသနပြုပြီးယခုအခါမှာတော့ တောက်လျှောက် ၁ နာရီ သုံးနိုင်ပါတယ်။ ၅ဝ ကီလိုမီတာနဲ့ ၁ဝဝ ကီလိုမီတာအထိတောက်လျှောက်မောင်းနှင်နိုင်ပြီး ဖြစ်ပါတယ်။ မကြာခင်မှာလည်း ၂ ယောက်စီး၊ ၄ ယောက်စီးဆလွန်းကားအထိထုတ်လုပ်နိုင်ဖို့ ရည်မှန်း ထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ကားတွေဟာ လျှပ်စစ်ဓာတ်အားကို အဓိကထားတဲ့အတွက် ပတ်ဝန်း ကျင်ညစ်ညမ်းမှု မရှိပါဘူး။ဈေးကွက်ရဲ့လိုအပ်ချက်အရ ထုတ်လုပ်ပေးနိုင် စွမ်းရှိပါတယ်။ယခုအခါ IMAX, EMAX, PMAX SERIES များကို ထုတ်လုပ်ရောင်းချနေပြီဖြစ်ပါတယ်။  CHERRY SERIES ဆိုတဲ့ ၁၅ ယောက်စီး မော်တော်ကားအဖြစ် ထုတ်လုပ်ဖို့ စမ်းသပ်ဆောင်ရွက်နေပါပြီ။         မန္တလေး နန်းတွင်းဂေါက်ကွင်း၊ မုံရွာဂေါက်ကွင်းတွေမှာ ၂ဝဝ၉ ခုနှစ်ကစပြီး သုံးစွဲနေပါပြီ။ မကြာခင်မှာနေပြည်တော်ရဲ့လမ်းမကြီး တွေပေါ်မှာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ စိတ်ချရမှုနဲ့ ဈေးနှုန်းသက်သာတာတွေကြောင့်လည်း မြန်မာ့မီးရထား၊ ဟိုတယ်များ၊ အဆင့်မြင့်အိမ်ရာတွေမှာလည်း ကျွန်တော်တို့ ရဲ့ကားတွေကို အသုံးပြုနေပါပြီ။

Wednesday, 8 Sep 2010

စက်မှုဇုန်များမှ မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းများ      'ကျွန်မတို့ရဲ့စက်မှုဇုန်မှာ မော်တော်ကားထုတ်လုပ်တဲ့စက်ရုံပေါင်း(၁ဝ)ရုံကျော်ရှိပါတယ်။ နိုင်ငံတော် အပိုင်းကနေ အထူးအားပေးလာခဲ့တဲ့အတွက်ကြောင့် မော်တော်ကားစက်ရုံကို ထူထောင်နိုင်ခဲ့တာ ဖြစ်ပါ တယ်။ ပြည်တွင်းက ကုန်ကြမ်းနဲ့ ပြည်တွင်းအတတ် ပညာရှင်များပူးပေါင်းပြီး ကိုယ့်စက်ရုံမှာပဲ အစိတ် အပိုင်း ၆ဝ ရာခိုင်နှုန်း ထုတ်လုပ်ပါတယ်။ ကိုယ့်နိုင်ငံ ကမထုတ်လုပ်နိုင်တဲ့ပစ္စည်းတွေကိုတော့ နိုင်ငံခြားကပဲ တင်သွင်းနေရပါတယ်။ ကုန်ကြမ်းပစ္စည်းဈေးသက် သာရင် သက်သာသလို ထုတ်လုပ်မှု စရိတ်ကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။     မော်တော်ကားရဲ့ ဆက်စပ်ပစ္စည်း ၁၃ မိုျး (၄ဝ ရာခိုင်နှုန်းခန့်)ကို ပြည်ပကနေ တင်သွင်းနေရပါတယ်။ကိုယ့်စက်မှုဇုန်ကနေ ထွက်ရှိတဲ့ သံထည်ပစ္စည်းကို အမာခံထားပြီးထုတ်လုပ်ပေးနေရပါတယ်။ လုပ်သားပြည်သူရဲ့ အကြိုက်ပုံစံ တွေကို သတ်မှတ်ကာလမှာပြီးစီးအောင် ဆောင်ရွက်ပေးနေရကြောင်း သိရပါတယ်။ စက်ရုံကို ၂ဝဝ၃ ခုနှစ်မှာ စတင်တည်ဆောက်ပြီး  1998 Model / 1997 Model Lite Ace မော်တော်ကား တွေကို တစ်နှစ် ၂ဝ စီးခန့် ပုံမှန်ထုတ်လုပ်ပေးနေပါတယ်။ 1997 Model ကားကို ပြည်သူတွေက ပိုပြီး အကြိုက်များပါတယ်။ ဆက်လက်ပြီးလည်း ၈ ယောက်/ ၁၂ ယောက် စီးMulti Purpose Hite Ace (Super Custom) ကားအမိုျးအစားကို ထုတ်လုပ်သွားဖို့အစီအစဉ်ရှိပါတယ်၊ လိုအပ်တဲ့ ကုန်ကြမ်းများနဲ့ မှာယူတင်သွင်းနေတဲ့ပစ္စည်းများ အချိန်မီရရှိမယ်ဆိုရင် မော်တော်ကားတစ်စီးကို ၅ ရက်မှ ၁ဝ ရက်အတွင်း ထုတ်လုပ် ပေးနိုင်စွမ်းရှိပါတယ်။ ခေတ်မီတဲ့ကားများထုတ်လုပ်ပေးနိုင်ဖို့အတွက်  Investment  နဲ့Technologyပိုင်းမှာ လိုအပ်မှာဖြစ်တယ်''လို့ ပြောပါတယ်။

Wednesday, 8 Sep 2010

 စက်မှုနယ်မြေများနှင့် စက်မှုဇုန်များမှ ယာဉ်နှင့်စက်ကိရိယာ ထုတ်လုပ်မှုလုပ်ငန်းများ                                         အမှတ် (၂) စက်မှုဝန်ကြီးဌာနဆောင်ရွက်မှု          ၁၉၈၈ ခုနှစ်မတိုင်မီကာလက အမှတ်(၂)စက်မှု ဝန်ကြီးဌာနအောက်တွင် စက်ရုံ (၉) ရုံသာရှိခဲ့ရာမှ စက်ရုံပေါင်း (၁၃)ရုံတိုးတက်လာခဲ့သဖြင့် ယခုအခါ စက်ရုံပေါင်း (၂၂)ရုံအထိ တည်ထောင်ထားပြီး ဖြစ် သည်။        အမှတ်(၂)စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံ များထဲမှ ရန်ကုန်တိုင်း အမှတ်(၁) မော်တော်ယာဉ် ထုတ်လုပ်မှုစက်ရုံ၊ ပဲခူးတိုင်း အမှတ်(၂)မော်တော် ယာဉ်ထုတ်လုပ်မှုစက်ရုံ၊ (ထုံးဘို) မြေထိုး၊ မြေကူး ယန္တရားထုတ်လုပ်မှု စက်ရုံ၊ (ဆင်တဲ)Coppering Casting & Ralling စက်ရုံံ့၊ Enamelled Copper Wire   စက်ရုံ၊ (သာဂရ) ဘက်စုံသုံးဒီဇယ်အင်ဂျင် ထုတ်လုပ်မှုစက်ရုံ၊ (သာဂရ) အမှတ် (၂)လယ်ယာ သုံးစက်ရုံ(မလွန်)နှင့် စက်နှင့်စက်ကိရိယာထုတ် လုပ်မှုစက်(မြိုင်) မွန်ပြည်နယ် အမှတ်(၁) တာယာ နှင့် ရော်ဘာ ပစ္စည်းထုတ်လုပ်မှုစက်ရုံနဲ့ အမှတ် (၂) တာယာနှင့် ရော်ဘာပစ္စည်းထုတ်လုပ်မှု စက်ရုံ(ဘီး လင်း)တို့ဖြစ်ပါသည်။  တည်ဆောက်ဆဲ မကွေး တိုင်း၊ ဒေသကြီးမှ အမှတ် (၃) မော်တော်ယာဉ် ထုတ်လုပ်မှုစက်ရုံ(မကွေး) ဆောင်ရွက်လျက်ရှိ သည်။       အမှတ်(၂)စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံ (၂၂)ရုံကို ထုတ်လုပ်မှု အမိုျးအစားတူရာအလိုက် ပေါင်းစည်းပြီး နောက်ဆုံး ပြင်ဆင်သတ်မှတ်ခဲ့ရာ လက်ရှိမှာ စက်ရုံ ၁၃ ရုံနဲ့ ထုတ်လုပ်ရေးဌာနတစ်ခု ရှိသည်။ အဆိုပါ စက်ရုံ ၁၃ ရုံနှင့် ထုတ်လုပ်ရေး ဌာန တစ်ခုတို့အား လုပ်ငန်းအဖွဲ့အစည်းလေးခုနဲ့ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။        မြန်မာ့မော်တော်ယာဉ်နှင့် ဒီဇယ်အင်ဂျင် ထုတ်လုပ်မှုလုပ်ငန်း၏အောက်တွင် အမှတ် (၁) မော်တော်ယာဉ်ထုတ်လုပ်မှုစက်ရုံ (ရန်ကုန်)၊  အမှတ်(၂)မော်တော်ယာဉ်ထုတ်လုပ်မှုစက်ရုံ (ထုံး ဘို)၊ အမှတ်(၃)မော်တော်ယာဉ်ထုတ် လုပ်မှုစက်ရုံ (မကွေး)၊ ဘက်စုံ သုံးဒီဇယ်အင်ဂျင်ထုတ်လုပ်မှုစက် ရုံ (သာဂရ)နှင့်  မြေထိုး၊ မြေတူးယန္တရားထုတ်လုပ် မှုစက်ရုံ(သာဂရ)တို့ ဖြစ်သည်။      လယ်ယာသုံးပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၏ အောက်တွင် အမှတ်(၁) လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်မှု စက်ရုံ(ဆင်တဲ)၊ အမှတ်(၂) လယ်ယာ သုံးပစ္စည်းထုတ်လုပ်မှုစက်ရုံ (မလွန်)တို့ ဖြစ်သည်။       မြန်မာ့မော်တော်ယာဉ်နှင့် ဒီဇယ်အင်ဂျင် ထုတ်လုပ်မှုလုပ်ငန်းကြီးကြပ်မှုအောက်တွင် မော်တော် ယာဉ်ထုတ်လုပ် ရေးစက်ရုံများမှ လူစီးမော်တော် ယာဉ်များအဖြစ်Myanmar Single Cab (MSC), Sport Utiliby Vehicle (SUV), Myanmar Double Cab (MDC), Estate Wagon Jeep (EW-1), Pathfinder (EW-2), Myanmar Electric Vehicle (MEV) TE-21 (Truck), Myanmar Station Wangon (MSW) တို့နှင့် လုပ်ငန်းခွင်သုံးစက်ယန္တရားတွေ အဖြစ် 3 Ton Foorklift ?Bulldozer၊Excavator၊၊ Mini Excavator၊ Vivratory Soil Compactor၊ 3- Wheel Road Roller   စတာတွေကို စတင် ထုတ်လုပ်နေပြီဖြစ်သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလတွင် မော်တော်ယာဉ်အမိုျးအစား ပေါင်း ၁၄ မိုျးအထိ တိုးခဲျ့ထုတ်လုပ်နိုင်ခဲ့သည်။     မြန်မာ့လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်း၏ကြီးကြပ်မှုအောက်တွင် လယ်ယာသုံးစက် ပစ္စည်းထုတ်လုပ်ရေးစက်ရုံများမှ ဘက်ထရီအား သုံးကောက်ရိတ်စက်၊ ဧရာ(၁)လက်တွန်းလယ် ထွန်စက်၊ ရိတ်သိမ်းချွေလေ့စက်၊ လေးလက်မရေ စုပ်စက်၊ လေးလက်မအမြင့်တင်ရေစုပ်စက်၊ ဇွဲ  လယ်ထွန်စက်၊ လယ်သမားသုံးစက်ကိရိယာများ ဖြစ်သည့် ထော်လာဂျီ၊ လေးတန်နောက် တွဲယာဉ်၊ သုံးသွားထည်၊ ၁၆ သွားထွန်၊ အငယ်စားလယ်ထွန် စက်  (Mini Tractor) သုံးဘီးလမ်းကြိတ်စက် တို့ကို ထုတ်လုပ်လျက်ရှိသည်။

Wednesday, 8 Sep 2010

 သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိကဏ္ဍမှ ပါဝင်ရင်းနှီးမြှုပ်နံှဆောင်ရွက်ခြင်း           သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိကဏ္ဍမှ ပါဝင်ရင်းနှီးမြှုပ်နံှဆောင်ရွက်ခြင်း ပြောင်းလဲလာသော  ဈေးကွက်စီးပွား ရေးစနစ်နှင့်အညီ သတ္တုတူးဖော်ရေး လုပ်ငန်းများကိုလည်း ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွဲှပြောင်းလုပ်ကိုင်စေခြင်း၊ အစိုးရနှင့်  ပုဂ္ဂလိက အကိုျးတူပူးပေါင်းဆောင် ရွက်ခြင်းလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။         ထိုသို့လုပ်ကိုင်လျက်ရှိရာတွင် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းသည် သတ္တုတူးဖော်ရေးလုပ်ကွက်များ ကို ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်သာမက ပြည်ပလုပ်ငန်းရှင်များနှင့်ပါ အကိုျးတူပူးပေါင်း ဆောင် ရွက်လျက်ရှိသည်။ မြန်မာအိုင်ဗင်ဟိုးကုမ္ပဏီ လီမီတက်သည် မုံရွာမြို့ရှိ ကြေးစင်တောင်နှင့် စပယ်တောင် တို့တွင် ကြေးနီသတ္တုတူးဖော်ခြင်းလုပ်ငန်းများကိုလည်းကောင်း၊  Myanmar Pongpipat Co., Ltd.(Myanmar)မှ လောက်ကိုင်သတ္တုတွင်းတူးဖော်ရေး လုပ်ကွက်များတွင် ဇင့်သတ္တုရိုင်းတူးဖော်ရေး လုပ်ငန်းများ ကိုလည်းကောင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။      ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လုပ်ကိုင်ခွင့်ပြုရာတွင် Hawsaing Co., Ltd. ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် အထွေထွေ ရောင်းဝယ်ရေးကုမ္ပဏီလီမီတက်၊ ကချင်အမိုျးသားကုမ္ပဏီလီမီတက်တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံခရိုင်၊ ဟိုပန်မြို့နယ် အတွင်းရှိ Hpa Lieng ဇင့်သတ္တုတွင်းကို တူးဖော် လုပ်ကိုင်စေခဲ့သည်။      အမှတ်(၂)သတ္တုတွင်းလုပ်ငန်းအနေဖြင့် သတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို ပြည်ပကုမ္ပဏီ များနှင့် လုပ်ကိုင်လျက် ရှိရာ ထိုင်းနိုင်ငံမ Myanmar Pongpipat Co., Ltd.(Myanmar)နှင့်အကိုျးတူ ပူးပေါင်း၍ ဟိန်းဒဲသတ္တုတွင်းတွင် သံဖြူတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်စေခဲ့သည်။     ထို့ပြင် ပြည်တွင်းရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်လည်း သတ္တုတူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင် လျက်ရှိရာ ကယားဓာတ် သတ္တုတူးဖော်ထုတ်လုပ်ရောင်းဝယ်ကုမ္ပဏီသည် မော်ချီးသတ္တုတွင်းတွင် သံဖြူ ရောရာကိုလည်းကောင်း၊ မေတ္တာအောင်ကုမ္ပဏီ သည် ကျောက်မဲတောင်  သတ္တုတွင်းတွင် သံဖြူနှင့် အဖြိုက်နက်ရောရာကိုလည်းကောင်းKTM Co., သည် ဟာမြင်းကြီး သတ္တုတွင်းတွင် အဖြိုက်နက်ရောရာ ကိုလည်းကောင်း၊Natural Resources Development Co., Ltd.  သည် တနင်္သာရီတိုင်းရှိ ပြက္ခရေ(Pakaye)သတ္တုတွင်းတွင် အဖြိုက်နက်ရောရာကိုလည်းကောင်း Delco Co., သည် ကန်ဘောက်သတ္တု တွင်းတွင် အဖြိုက်နက်နှင့် သံဖြူရောရာကိုလည်းကောင်း၊MITT Co.,  သည် တနင်္သာရီတိုင်းရှိ သိန္ဒော သတ္တုတွင်းတွင် သံဖြူရောရာ ကိုလည်းကောင်း GEO 70 Co.,  သည် တနင်္သာရီတိုင်းရှိအတွင်း ဘုတ်ပြင်း သတ္တုတွင်းတွင် သံဖြူရောရာကိုလည်းကောင်း၊ Emerald Ray Co., သည် တနင်္သာရီတိုင်းရှိ မလိဝန်သတ္တု တွင်းတွင် သံဖြူရောရာကိုလည်းကောင်း အကိုျးတူပူးပေါင်းဆောင် ်ရွက်၍ လုပ်ကိုင်စေခဲ့သည်။      အမှတ်(၃)သတ္တုတွင်းလုပ်ငန်းအနေဖြင့် ဓာတ်သတ္တုရိုင်းများ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို ပြည်တွင်းပြည်ပ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကိုျးတူပူးပေါင်းဆောင်ရွက်လုပ်ကိုင်လျက်ရှိရာ စင်ကာပူ နိုင်ငံမှ ECI Mineral Pte. ကုမ္ပဏီသည် နိုင်ငံ တကာအရည်အသွေးမီ ဘရိုက်တီးကျောက်မှုန့်ထုတ် လုပ်ရေးအတွက် လုပ်ကိုင်လျက်ရှိသည်။        ပြည်တွင်း ပုဂ္ဂလိကလုပ်ငန်းရှင်များသို့လည်း သတ္တုလုပ်ကွက်များ တူးဖော်လုပ်ကိုင်ခွင့်များချထား ပေးခဲ့ရာတွင် Nawarat Resources Co., Ltd.. သည် မာဘယ်လ်ကျောက် ထုတ်လုပ်ရေးလုပ်ငန်းကို လည်းကောင်း၊  ဧရာဝတီမြစ်ဖျားကုမ္ပဏီလီမီတက်သည် ကချင်ပြည်နယ် လွယ်ဂျယ်ဒေသတွင် ကျောက်မီး သွေးတူးဖော်ထုတ်လုပ်ရေးကို လည်းကောင်း၊ မေဖလားဝါး သတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းသည် ခနောက်စိမ်းသတ္တုတူးဖော်ရေးကို လည်းကောင်း Triple 'A' Cement International Co., Ltd;သည် သီပေါမြို့နယ်ရှိ ဆမ်လောင်းကျောက်မီးသွေးတွင်း လုပ်ကွက်ကိုလည်းကောင်း၊ ဣိစ္ဆိတံကြီးပွားရေး ကုမ္ပဏီလီမီတက်သည် ကျောက်မီးသွေးတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းကိုလည်းကောင်း၊ UE Export & Import Company သည် မကွေးတိုင်း ပေါက်မြို့နယ် မြေနီဒေသရှိ ကျောက်မီးသွေးလုပ်ကွက်ကို လည် ကောင်း၊ ရွှေသံလွင် သတ္တုတူးဖော်ရေးကုမ္ပဏီလီမီတက်သည် ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက် မီးသွေးတွင်းကို လည်းကောင်း လုပ်ကိုင်ခွင့် များချထားပေးခဲ့သည်။       မြန်မာ့ကျောက်မျက်ရတနာတူးဖော်ရေး လုပ်ငန်းများကိုလည်း တိုင်းရင်းသားပုဂ္ဂလိကလုပ်ငန်းရှင် များသို့ လွဲှပြောင်းလုပ်ကိုင် စေလျက်ရှိရာတွင် ဖားကန့်ရတနာမြေ၌ Jade Dragon Gems Co., Ltd.၊မြန်မာစည်သူကုမ္ပဏီလီမိတက်Jing Po Aung Jade & Gems ရတနာတောင်တန်းကုမ္ပဏီ လီမိတက်၊ ရွှေဂုန်ဂုန်ကျောက်မျက်ကုမ္ပဏီလီမိတက်၊ မိုင်းရှူးရတနာမြေလုပ်ကွက်တွင် ပတ္တမြားနဂါး ကျောက်စိမ်း ကျောက်မျက်ကုမ္ပဏီလီမိတက်နှင့်  Khun Pa O Gems, Jade Co., Ltd.  တို့ကို လုပ်ကိုင် ခွင့်များ ချထားပေးခဲ့သည်။      ထို့ပြင် Myanmar VES Venture Co., Ltd. သည် ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှစ၍ ကျောက်မျက်ရတနာ ရောင်းဝယ်ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၅သန်း ရင်းနှီးမြှုပ်နံှကာ ၁ဝနှစ်လုပ်ကိုင်ခွင့် သဘောတူစာခုျပ်ခုျပ်ဆို၍ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။     ပုလဲထုတ်လုပ်ရေးတွင်လည်း မန်ကျည်းပင်ဆောင်ပုလဲလုပ်ကွက်၊ ဇင်ယောက်ကျွန်းပုလဲလုပ်ကွက်၊ ရွှေကျွန်းပုလဲလုပ်ကွက်၊ ဒိုမဲလ်ကျွန်းပုလဲလုပ်ကွက်၊ ဒွန်ပုလဲကျွန်းပုလဲလုပ်ကွက်၊ စိန့်လူကီကျွန်းပုလဲ လုပ်ကွက်တို့ကို  တိုင်းရင်းသားပုဂ္ဂလိကလုပ်ငန်းရှင် များသို့ လုပ်ကိုင်ခွင့်များချထားပေးနိုင်ခဲ့သည်။

Wednesday, 8 Sep 2010

ကျောက်မျက်နှင့် ဓာတ်သတ္တုရှာဖွေတူးဖော်ထုတ်လုပ်မှု       စက်မှုကဏ္ဍဖွံ့ဖြိုးမှုအတွက် နိုင်ငံတော်အစိုးရမှ အလေးထား ဆောင်ရွက်လျက်ရှိရာ ဓာတ်သတ္တု တူးဖော် ထုတ်လုပ်မှုအပိုင်း တွင်လည်း အခြေခံကောင်းများစွာကို ချမှတ်ပေးခဲ့သည်။ နိုင်ငံတော်အစိုးရ တာဝန်ယူပြီးသည့် နောက်ပိုင်းကာလ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် တွင်းထွက်သယံဇာတပစ္စည်းများကို ပိုမိုထုတ်လုပ်လာနိုင်သည့်အပြင် ကျောက်မျက်ရတနာလုပ်ကွက်များ၊ သတ္တုတွင်းလုပ်ကွက်များကို တိုးခဲျ့ ဖော်ထုတ်ပေးကာ ခေတ်မီနည်းစနစ်များဖြင့် နည်းစနစ်တကျ တူးဖော်ထုတ်လုပ်ခွင့်များ ချမှတ်ပေးကာ နိုင်ငံတော်၏ သယံဇာတအရင်းအမြစ်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် စီမံခဲ့ပါသည်။  ယခင်က ဖားကန့် ရတနာမြေမှသာ ကျောက်မျက်ရတနာများကို ထုတ်ယူနိုင်ခဲ့သော်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မိုင်းရှူးရတနာ မြေအသစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။  မိုင်းရှူးရတနာမြေ ကျောက်မျက် လုပ်ကွက်ပေါင်း ၂၂၇ ကွက်မှ ကျောက်မျက်ကာရက် ထောင် ပေါင်း ၆၇၄၉ ဒသမ ၆၆ ကို ၂ဝဝ၉ ခုနှစ်အတွင်း ထုတ်ယူနိုင်ခဲ့သည်။ ၂ဝဝ၆-၂ဝဝ၇ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် မေလအထိ ကျောက် မျက်ရတနာထုတ်လုပ်မှု အခြေအနေကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-                                   ကျောက်စိမ်း      ပတ္တမြား           နီလာ                  ပုလဲ                                   (ကီလိုဂရမ်)      (ကာရက်)      (ကာရက်)              (မိုမီ)    ၂ဝဝ၆-ဝ၇                   ၂ဝ၄၅၈၂၇၉       ၁၅၅၅၅၉၆      ၇၁၅၁၆ဝ           ၂၄ဝ၅၉၅ .၉၇    ၂ဝဝ၇-ဝ၈                   ၂ဝ၂၃၅ဝ၃ဝ        ၁၅၁၈၈၅၄     ၃ဝ၈၆၄၂           ၂၂၅၆၁၁ .၄ဝ    ၂ဝဝ၈-ဝ၉                   ၃၂၉၂၁၅၄၂       ၁၈၂၁ဝ၈၅      ၁၂၃၄၅၉၆        ၂ဝ၁ဝ၈၁ .၆၉    ၂ဝဝ၉-၂ဝ၁ဝ                ၂၅၇၉၅၄၁၅        ၁၆၉၂၅၈၇    ၁ဝ၅၁၇၇၃        ၂၂၉၉၅၁ .၁၉အခြားဓာတ်သတ္တုများ၂ဝဝ၆-၂ဝဝ၇ ဘဏ္ဍာနှစ်မှ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ် အခြားဓာတ်သတ္တုများ  တိုးတက်ထုတ် လုပ်မှုများကို အောက်ပါ အတိုင်း ဖော်ပြအပ်ပါသည် -                                                                                                              ရေတွက်ပုံ - မက်/တန်    ဘဏ္ဍာနှစ်         သံဖြူ          အဖြိုက်နက်          သံဖြူ၊အဖြိုက်နက်နှင့်             သန့်စင်ပြီးခဲ                                                                 ရှီးလိုက်ရောရာ                     (မက်-တန်)    (မက်-တန်)             (မက်-တန်)                     (မက်-တန်)        ၂ဝဝ၆-ဝ၇           ၇၈၆             ၇                     ၇၆၅                               ၅၁၂    ၂ဝဝ၇-ဝ၈           ၈၁၁             ၉                     ၉၂၂                               ၂ဝ၂    ၂ဝဝ၈-ဝ၉           ၇၂၉             ၈                     ၄၅၄                               ၂ဝဝ    ၂ဝဝ၉-၁ဝ           ၇၂၇           ၁ဝ                      ၄၅၇                                 -ထို့အပြင် အခြားဓာတ်သတ္တုများဖြစ်သည့် ခနောက်စိမ်း၊ ဂရင်း နိုက်အလှဆင်ကျောက်၊ ဘရိုက် တီးကျောက်မှုန့်၊ မီးခံမြေစေး၊ ထုံးကျောက်(စက်မှုနှင့်အလှဆင်)နှင့် ခဲမဖြူ(သန့်စင်)၊ သလင်းြွကယ်ကျောက် အစရှိသည့် ဓာတ်သတ္တုများကို ထုတ်လုပ်နိုင်ခဲ့သည်။

Wednesday, 8 Sep 2010

 ဆက်သွယ်ရေးအခြေခံအဆောက်အအုံမျာ                                                                                                         ၂ဝ ရာစုနှစ်နှောင်းပိုင်းကာလနှင့် ၂၁ ရာစုအကူးတွင် သတင်း ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးမှုမှာ ကမ္ဘာနှင့်အဝှမ်း အရှိန်အဟုန် ဖြင့် တိုးတက်လာပြီး၊ နိုင်ငံတိုင်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအခန်းကဏ္ဍမှပါဝင်လာခဲ့သည်။ ယနေ့ခေတ် ကိုပင် သတင်းနှင့် နည်းပညာခေတ်ဟုတင်စားခေါ်ဝေါ်လျက်ရှိသည်။မြန်မာ့ဆက်သွယ် ရေး ကဏ္ဍသည်လည်း သိသာစွာ တိုးတက်မှုများရှိခဲ့သည်။  အော်တို တယ်လီဖုန်းလုပ်ငန်းများနှင့် မိုဘိုင်းလ်တယ်လီဖုန်း လုပ်ငန်းများကို တိုးခဲျ့တပ်ဆင် ပေးနိုင်ခဲ့မှုကြောင့် ၁၉၈၈ခုနှစ်၌ တယ်လီဖုန်း သိပ် သည်းဆ လူ ၁ဝဝဝ လျှင် ၁ ဒသမ ၉၂ သာရှိခဲ့ရာမှ ယခု ၂ဝ၁ဝ ခုနှစ်တွင် ၃၇ ဒသမ ၇၈ အထိ အခိုျးအဆကြီးမားစွာ မြင့်တက် လာသည်ကိုလေ့လာတွေ့ရှိရသည်။  ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်လာစေရေးအတွက် အလျဉ်မပြတ်အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိရာတွင် မဝေးတော့သောအနာဂတ်၌ ဖြစ်တည်လာတော့မည့် ဆောင်ရွက်ဆဲ လုပ်ငန်းများကိုလည်း ဤသို့လေ့လာတွေ့ရှိရသည်-    (၁)    တည်ဆောက်ဆဲ ဒစ်ဂျစ်တယ် မိုက္ကရိုဝေ့ဗ် စခန်းပေါင်း    - ၈၁ ခု    (၂)    အော်တိုတယ်လီဖုန်းတပ်ဆင်ထားရှိမှုအခြေအနေ        (က)    တပ်ဆင်ဆဲအိတ်ချိန်း                                   - ၈ဝ (၃၅၉၆၆ လိုင်း)            မိုဘိုင်းလ်တယ်လီဖုန်းစနစ်များတပ်ဆင်မှု        (ခ)    ဆောင်ရွက်ဆဲ GSM ရေဒီယိုစခန်း                      - ၃ဝ (၆၁၄ဝဝလိုင်း)    (၃)   CDMA-၄၅ဝ မိုဘိုင်းလ်ဖုန်း(ယာဉ်တင်)စခန်း               - ၁၅၁ ခု(၂၈၁ဝဝဝလိုင်း)    (၄)   CDMA-၈ဝဝWL မိုဘိုင်းလ်ဖုန်းစခန်း                         - ၄၂ ခု (၁ဝဝဝဝဝ လိုင်း)ပြည်နယ်နှင့်တိုင်းအသီးသီးရှိ ဒေသများနှင့် နယ်စပ်ဒေသများ တွင် ဆက်သွယ်မှုလွယ်ကူလာစေပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်း မာရေးကဏ္ဍများ တိုးတက်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ဝေးလံခေါင်ဖျား သော ဒေသအသီးသီးတို့တွင်  MPT  Satellite Terminal  စခန်း များမှတစ်ဆင့် တယ်လီဖုန်း၊ ဖက်စ်၊ အင်တာနက် ဆက်သွယ်မှုများ လွယ်ကူစွာ ဆောင်ရွက်နိုင်ပြီဖြစ်သည်။ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် အခြားနယ်မြို့များတွင် ဆက်သွယ်မှုများ လွယ်ကူစေရန်အတွကGSM မိုဘိုင်းလ်စနစ် တည်ဆောက်ခြင်းလုပ်ငန်းကို ၁၆-၇-၂ဝဝ၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ယခုအခါ မိုဘိုင်းလ်ဖုန်း စနစ် အမိုျးအစားသစ်များအဖြစ် တစ်နိုင်ငံလုံး ဆက်သွယ်ပြောဆိုနိုင် ရုံသာမက ပြည်ပနိုင်ငံများ အင်တာနက်များကိုပါ ချိတ်ဆက် ပြောဆို အသုံးပြုလာနိုင်သည်အထိ ဆက်သွယ်ရေး နည်းပညာမြင့်မားဖွံ့ဖြိုး လာအောင် စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်သည်။                                       ရတနာပုံဆိုက်ဘာစီးတီး       သတင်းနှင့်ဆက်သွယ်ရေးနည်းပညာများ နိုင်ငံတကာ နှင့်ရင်ဘောင်တန်း၍ ဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ကြရာ၌ နိုင်ငံတိုင်းတွင် ဆိုက်ဘာစီးတီးခေါ် အိုင်တီမြို့တော်များ ထူ ထောင်လုပ်ကိုင်ကြသည်။ အိန္ဒိယနိုင်ငံ၏ ဘန်ဂလို၊ မလေးရှားမှ ပူထရာဂျာရာတို့မှာ ထင်ရှားပါသည်။ မြန်မာနိုင်ငံတွင်လည်း ရတနာ ပုံဆိုက်ဘာစီးတီးကို မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ၊ပြင်စာကျေး ရွာအနီးတွင် ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ ပြီး ICT လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကုမ္ပဏီ များက နိုင်ငံတော်၏ အားပေးမှုဖြင့် ရင်းနှီး မြှုပ်နံှဆောင်ရွက်လျက်ရှိ သည်။ ရတနာပုံ Cyber City     Development  Project Area  မှာ ဧကတစ်သောင်းကျော်ကျယ်ဝန်း၍ ဧက နှစ်ထောင်နှစ်ရာစီ၌ ှSoftware Area ESifh Hardware Area  များ သတ်မှတ်၍ ဆောင်ရွက် လျက်ရှိသည်။

Wednesday, 8 Sep 2010

ပင်လယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် အနာဂတ်ကုန်သွယ်မှုတွင် အရေးပါလာမည့်ရေနက်ဆိပ်ကမ်းများ တည်ဆောက်ရေးအတွက်ပဏာမလေ့လာမှုများ သဘာဝအခြေအနေနှင့် နည်းပညာဆိုင်ရာ  ရှုထောင့်တို့မှ လေ့လာသုံးသပ်မှုများ ပြုလုပ်လျက် မြန်မာ့ကမ်းရိုးတန်းများတွင် နေရာ များကို ရွေးချယ်ဆောင်ရွက်လျက်ရှိသည်။ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ။    ။ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ရခိုင်ပြည်နယ်တွင်တည် ရှိသည်။ ပဏာမလေ့လာ ချက်များအရ ချဉ်းကပ်ရေကြောင်းလမ်းသည် အနိမ့်ဆုံးရေအနက် ၂၄ မီတာ ရှိသည်။ ဒီရေအမြင့်နှုန်းကွာခြားချက်မှာ ၂ မီတာမှ ၂ ဒသမ ၇ မီတာရှိသည်။ ဆိပ်ကမ်း နေရာသည် မုန်တိုင်းဒဏ်အကာ အကွယ်ရသောနေရာဖြစ်ပြီး အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း လမ်းကြောင်းတွင် ကျရောက်ခြင်းမရှိပါ။ စစ်တွေ- ကုလားတန်စီမံကိန်းဒေသ၊ သံတွဲခရီးသွား လုပ်ငန်းနှင့်ပင်လယ်ငါးဖမ်းလုပ်ငန်းများနှင့် ဆက်စပ်၍ ဖွံ့ဖြိုးတိုးတက်လာမည့် ဒေသဖြစ်ပါသည်။        ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် စစ်တကောင်း၊ ရန်ကုန်နှင့် စစ်တကောင်းဆိပ်ကမ်းမြို့များသို့ ကုန်များအတွက် ကြားခံ ဆိပ်ကမ်းတစ်ခုဖြစ်လာမည့်အပြင် အဆိုပြု ထားပြီးဖြစ်သော တရုတ် နိုင်ငံ ယူန၊န်ပြည်နယ် ကူမင်း-မန္တလေး-ကျောက်ဖြူ-စစ်တွေ လမ်းပေါ်တွင် တည်ရှိသောကြောင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအတွက် အချက်အချာကျသော ဆိပ်ကမ်း တစ်ခု ဖြစ်လာမည် ဖြစ်သည်။        ဆိပ်ကမ်းစီမံကိန်းပြီးစီးပါက ကွန်တိန်နာ ၄ဝဝဝ ဆန့်ရေယာဉ်များ ဆိုက်ကပ်နိုင် မည်ဖြစ်သည်။ ကျောက်ဖြူဆိပ်ကမ်းသည် တောင်ကုတ်-မအိ-ကျောက်ဖြူလမ်းကြောင်းဖြင့်လည်း ဆက်သွယ်နိုင် မည်ဖြစ်သည်။                 ကုလားဂုတ်ရေနက်ဆိပ်ကမ်းစီမံကိန်း ။    ။ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရေးမြို့နယ်တို့အကြားတွင် တည်ရှိသည်။ ချဉ်းကပ်ရေကြောင်းလမ်း၏ အနိမ့်ဆုံးရေအနက်မှာ ၁၅ မီတာရှိသည်။ ဒီရေ အမြင့်ကွာခြားချက် မှ ၃ မီတာနှင့် ၅ မီတာ အကြား တည်ရှိသည်။ ကုလားဂုတ်ကျွန်းနှင့် ကမ်းရိုးတန်း ဒေသအကြား မုန်တိုင်းကင်း လွတ်သည့်နေရာတွင် ရှိသည်။ ဆိပ်ကမ်းတွင် DWT  ၄ဝဝဝဝ မှ ၅ဝဝဝဝ အကြားရှိ ရေယာဉ်များ ဆိုက်ကပ်နိုင်သည်။ မဟာမဲခေါင်ဒေသခွဲ၏ အဓိကကျသော အရှေ့ အနောက် စီးပွားရေး စြင်္ကံ  (East West Economic Corridor)၏ အဓိကကျသောရေ နက်ဆိပ်ကမ်းတခုဖြစ်၍ ဂျပန် ၊တရုတ်၊ကိုရီးယားစသည့် အရှေ့အာရှနိုင်ငံများအနေဖြင့် ပင်လယ် ရေကြောင်းကုန်သွယ်မှုတွင် မလက္ကာရေလက်ကြားကို အမှီပြုနေရာမှ ဤရေနက်ဆိပ်ကမ်း မှတစ်ဆင့် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့အထိ ကုန်စည်များ ပို့ဆောင်နိုင်မည့်အခွင့်အလမ်း ပိုမိုရရှိနိုင်မည် ဖြစ်သည်။ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ။    ။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ထားဝယ်မြို့နယ်အတွင်း တွင် တည်ရှိသည်။ ချဉ်းကပ်ရေကြောင်းလမ်း၏ အနိမ့်ဆုံးရေအနက် ( LAD) မှာ ၁၅ မီတာရှိသည်။ ဒီရေအမြင့် ကွာခြားချက်မှ ၅ မီတာဖြစ်သည်။ ဤရေနက်ဆိပ်ကမ်းကို အသုံးပြုခြင်းဖြင့် ဂျီအမ်အက်စ်နိုင်ငံများနှင့် ဘင်းစတက် နိုင်ငံများ၏ ပင်လယ်ရေကြောင်းကုန်သွယ်မှုတွင် ပို့ဆောင်မှု ကြာမြင့်ချိန်မှာ လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ ကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ကုန်ကျ စရိတ်များကို လျှော့ချနိုင်မည်ဖြစ်သည်။ ဆိပ်ကမ်းတွင် DWT  ၅ဝဝဝဝ ရှိ ရေယာဉ်များ ဆိုက်ကပ် နိုင်မည်ဖြစ်ပြီး စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း ဝန်ဆောင်မှုအပြင် နယ်စပ်ဖြတ်ကျော် အဝေးပြေး လမ်းမများနှင့် စက်မှုကုန်ထုတ်နယ်မြေများ ပါဝင်မည်ဖြစ်သည်။          ဘုတ်ပြင်း ရေနက်ဆိပ်ကမ်းစီမံကိန်း ။    ။ တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်နှင့် ကော့သောင်းမြို့နယ် တို့ကြားတွင် တည်ရှိ သည်။ ချဉ်းကပ်ရေကြောင်းလမ်း၏ အနိမ့်ဆုံးရေအနက်မှာ ၃ဝ မီတာရှိသည်။ ဒီရေအမြင့် ကွာခြားချက်မှာ ၃ မီတာရှိသည်။ ရေနက်ဆိပ်ကမ်းနေရာမှာ နှစ်နေရာဖြစ်ပြီး ဘုတ်ပြင်း တွင် တစ်ခုနှင့် ထိုင်းနိုင်ငံ ဘန်ဆာဖန်တွင် တစ်ခုဖြစ်သည်။ စီမံကိန်း လုပ်ငန်းတွင် နယ်စပ်ဖြတ် ကျော်အဝေးပြေးလမ်းမ၊ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းနှင့် သံမဏိထုတ်လုပ်မှု လုပ်ငန်းများ ရေနံဓာတု စက်ရုံများနှင့် အခြားစွမ်းအင်စက်ရုံများ အဓိက ပါဝင်သည့် စက်မှုမြို့တော်နှစ်ခု ပါဝင်သည်။ ဆိပ်ကမ်းတွင် ကူးသန်း ရောင်းဝယ် ရေးအတွက် DWT  ၆၅ဝဝဝ ရှိ ရေယာဉ်များဆိုက်ကပ်နိုင်ပြီး ကမ်းလွန်ရေနံလုပ်ကွက်များမှ ထုတ်လုပ်ရရှိသည့် ရေနံစိမ်းများ တင် ဆောင်ရန် DWT  ၂ဝဝဝဝဝ ရှိ ရေယာဉ်များဆိုက်ကပ်နိုင်သည်။ ပုဂ္ဂလိကဆိပ်ကမ်းများ    စဉ်    ဆိပ်ကမ်း                 ရင်းနှီးမြှုပ်နံှမှု        ဖွင့်လှစ်သည့်နှစ်                     လုပ်ငန်း    ၁။    သီလဝါ                       နိုင်ငံခြား            ၁၉၉၆               အထွေထွေကုန်ပစ္စည်းများနှင့်                                                                                                                     ကုန်သေတ္တာများ    ၂။   Myanmar Int'l              နိုင်ငံခြား             ၁၉၉၈              အထွေထွေကုန်ပစ္စည်းများနှင့်                                      Terminal Thilawa                                                                စားအုန်းဆီ                  Co., Ltd.           ၃။    မြန်မာ့စက်မှုဆိပ်ကမ်း    တိုင်းရင်းသားပိုင်        ၂ဝဝ၃                   အထွေထွေကုန်ပစ္စည်းများ                                   မြန်မာအဏ္ဏဝါစွမ်းအားရှင်                             ကုန်သေတ္တာ  ၄။    အေးရှားဝေါလ်ဆိပ်ကမ်း (၁)                        ၂ဝဝဝ                     ကုန်သေတ္တာ ၄၆၅ဝ        အေးရှားဝေါလ်ဆိပ်ကမ်း (၂)                         ၁၉၉၇                  စားအုန်းဆီသိုလှောင်ကန်များပါရှိ        အေးရှားဝေါလ်ဆိပ်ကမ်း (၃)                         ၂ဝဝ၅                  ပစ္စည်းစုံကိုင်တွယ်ပေးနိုင်သည်

Wednesday, 8 Sep 2010

  အနာဂတ်တွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့် ကုန်သွယ်မှုအတွက် ဆိပ်ကမ်းဝန်ဆောင်မှု အခြေခံအဆောက်အအုံများ     ကုန်သွယ်မှုကို နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ဂျင်စက်သဖွယ် တင်စားကြသည်။ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရာတွင် ပင်လယ်ရေကြောင်းဖြင့်် ကုန်သွယ်မှုသည် နိုင်ငံတိုင်းတွင် အဓိက အရေးပါလျှက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နှစ်စဉ်နိုင်ငံတကာနှင့် တိုးမြှင့်ကုန်သွယ်လျှက်ရှိရာ ပင်လယ်ရေကြောင်းဖြင့်ကုန်သွယ်မှု ပမာဏသည် နှစ်စဉ် ကုန်သွယ်မှုစုစုပေါင်း၏ ၈၅ရာခိုင်နှုန်းကျော်ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပင်လယ်ရေကြောင်း ပို့ဆောင်ရေး အခြေခံအဆောက်အအုံများဖြစ်သည့် ဆိပ်ခံတံတားများ၊ ကုန်သေတ္တာလွင်ပြင်နှင့် ကုန်သေတ္တာစခန်းများကိုတည်ဆောက်ပေးခဲ့သည်။       မြန်မာနိုင်ငံတွင် ပင်လယ်ဆိပ်ကမ်း ထွက်ပေါက်များအဖြစ် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် (၅)ခုရှိသည်။ ယင်းတို့မှာ-ရန်ကုန်တိုင်းဒေသကြီးတွင် - ရန်ကုန်ဆိပ်ကမ်း၊ ရခိုင်ပြည်နယ်တွင် - စစ်တွေ၊ ကျောက်ဖြုူ၊ သံတွဲ၊ ဧရာဝတီတိုင်းဒေသကြီးတွင် - ပုသိမ်၊ မွန်ပြည်နယ်တွင် - မော်လမြိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွင်-ထားဝယ်၊မြိတ်၊ကော့သောင်း      တို့ဖြစ်သည်။၁၉၈၈ ခုနှစ်အရှေ့ပိုင်းတွင် ဆိပ်ခံတံတား ၁၃ ခုရှိခဲ့ရာမှ ယခုအခါ ဆိပ်ခံတံတား ၂၈ ခုအထိရှိလာပြီ ဖြစ်သဖြင့် ဆိပ်ခံတံတား ၁၅ ခု တိုးတက်ခဲ့သည်။ ထို့အပြင် ၁၉၈၈ ခုနှစ်ရှေ့ပိုင်းတွင်မရှိခဲ့သော ကုန်းတွင်း ကုန်သေတ္တာလွင်ပြင်နှင့် ကုန်သေတ္တာစခန်း ၃ ခု တည်ဆောက်လုပ်ကိုင်လာနိုင်ခဲ့သည်။               ရန်ကုန်မြို့ရှိဆိပ်ကမ်းများ        (၁)    ထီးတန်းဆိပ်ကမ်း (Berth)                                                       (၂)    ထီးတန်းဆန်ဆိပ်ကမ်း (Berth)    (၃)    အလုံဆိပ်ကမ်း (Wharves)            (က)    အမှတ် (၁)             (ခ)    အမှတ် (၂)             (ဂ)    အမှတ် (၃)     (၄)    မြန်မာစက်မှုဆိပ်ကမ်း    (၅)    ဆူးလေဘုရားဆိပ်ကမ်း            (က)    အမှတ် (၁)              (ခ)    အမှတ် (၂)             (ဂ)    အမှတ် (၃)            (ဃ)    အမှတ် (၄)              (င)    အမှတ် (၅)             (စ)    အမှတ် (၆)             (ဆ)    အမှတ် (၇)    (၆)    ကျန်းမာရေးဆိပ်ကမ်း (Jetty)    (၇)    ဗိုလ်အောင်ကျော်ဆိပ်ကမ်း                     (က)    အမှတ် (၁)             (ခ)    အမှတ် (၂)             (ဂ)    အမှတ် (၃)    (၈)    သာကေတဆိပ်ကမ်း(Wharves)            (က)    အမှတ် (၁)             (ခ)    အမှတ် (၂)    (၉)    မြန်မာအင်တာနေရှင်နယ်သီလဝါဆိပ်ကမ်း    (၁ဝ)    မြန်မာအင်တီဂရိတ်တက်သီလဝါဆိပ်ကမ်း   

Pages