Main menu

Background

Tuesday, 1 Dec 2020

ရှမ်းပြည်နယ် ၊ စားသုံးသူရေးရာကော်မတီ အစည်းအဝေး (၂ / ၂၀၂၀)အား၂၇.၁၁.၂၀၂၀ ရက်နေ့(၁၃:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဘဏ္ဍာရေးဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ဒု-ဥက္ကဌ ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် စားသုံးသူ ရေးရာဦးစီးဌာနမှအတွင်းရေးမှူး ဦးတင့်လွင်ဦးက စားသုံးသူကာကွယ်ရေး ဉပဒေအရ စားသုံးသူ ရေးရာကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များအားရှင်းလင်းတင်ပြခြင်း ၊ ဦးစီးအရာရှိ ဒေါ်နှင်းအိအောင်က စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များ၊ ဈေးကွက်

Thursday, 15 Oct 2020

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ စားသုံးသူကာကွယ်ရေးဆိုက်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show Online အစီအစဉ် Online လွှင့်တင်အသိပညာပေးခြင်းကို အောက်တိုဘာလ ၁၀ ရက် နေ့လယ် ၁ နာရီတွင် ကော့သောင်းခရိုင်ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာနခန်းမတွင် ဆွေးနွေးရိုက်ကူးခဲ့ကြောင်းသိရသည်။

Friday, 2 Oct 2020

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင်၊ မကွေး တိုင်းဒေသကြီး၊မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ အိုးဘိုရပ်ကွက် အောင်ချမ်းသာရပ်ရှိ အောက် ဖော်ပြပါ အဆောက်အဦတစ်လုံးအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် (၁)နှစ်သက်တမ်း (၁)နှစ် တစ်ကြိမ်စာချုပ်ဖြင့်ငှားရမ်းသွားမည်ဖြစ်ပါသည်-

          ရေနံချောင်းမြို့  အဆောက်အဦ (၁)လုံး       (၆၀’ x ၄၀’ x ၂၀’) ၊ (သွပ်၊ အုတ်၊ ကွန်)

Friday, 18 Sep 2020

နေပြည်တော်၊ စက်တင်ဘာ ၁၂        ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ (၁၀:၀၀)နာရီ အချိန်တွင် ရုံးအမှတ်(၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သော စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောသည်။

Wednesday, 12 Aug 2020

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် မော်တော်ကားရောင်း အားသည် ယခင်နှစ်ကရောင်းအား၏ ထက်ဝက်ခန့်အထိ ကျဆင်းသဖြင့် နောက်ဆုံးသုံးလပတ်တွင် တိုယိုတာ၏အမြတ်သည် ၇၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း အေပီသတင်းတွင်ဖော်ပြသည်။

ဧပြီ၊ မေ၊ ဇွန်သုံးလ ပတ်ကာလတွင် အမြတ်အစွန်းမှာ ယန်း ၁၅၈ ဒသမ ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ) ရှိခဲ့သဖြင့် ယခင်နှစ်ကာလတူကရှိခဲ့သော အမြတ်ငွေ ယန်း ၆၁၉ ဘီလီယံအောက်ကို ကျဆင်းခဲ့သည်။

ဇွန်လကုန်အထိ သုံးလပတ်တွင် ကမ္ဘာတစ်ဝန်း၌ တိုယိုတာကား စီးရေ ၁ ဒသမ ၂ သန်းနီးပါး ရောင်းရသည့်အတွက် ယခင်နှစ်ကာလတူ ကရောင်းခဲ့ရသော စီးရေ ၂ဒသမ ၃ သန်းအောက်သို့ ကျဆင်းခဲ့သည်။

Wednesday, 12 Aug 2020

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် မော်တော်ကားရောင်း အားသည် ယခင်နှစ်ကရောင်းအား၏ ထက်ဝက်ခန့်အထိ ကျဆင်းသဖြင့် နောက်ဆုံးသုံးလပတ်တွင် တိုယိုတာ၏အမြတ်သည် ၇၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း အေပီသတင်းတွင်ဖော်ပြသည်။

ဧပြီ၊ မေ၊ ဇွန်သုံးလ ပတ်ကာလတွင် အမြတ်အစွန်းမှာ ယန်း ၁၅၈ ဒသမ ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ) ရှိခဲ့သဖြင့် ယခင်နှစ်ကာလတူကရှိခဲ့သော အမြတ်ငွေ ယန်း ၆၁၉ ဘီလီယံအောက်ကို ကျဆင်းခဲ့သည်။

ဇွန်လကုန်အထိ သုံးလပတ်တွင် ကမ္ဘာတစ်ဝန်း၌ တိုယိုတာကား စီးရေ ၁ ဒသမ ၂ သန်းနီးပါး ရောင်းရသည့်အတွက် ယခင်နှစ်ကာလတူ ကရောင်းခဲ့ရသော စီးရေ ၂ဒသမ ၃ သန်းအောက်သို့ ကျဆင်းခဲ့သည်။

Wednesday, 12 Aug 2020

ASEAN+3 ဘဏ္ဍာရေးပူးပေါင်းဆောင် ရွက်မှု လုပ်ငန်းစဉ်(Financial Cooperation Process)မဟာဗျူဟာလမ်းညွှန်မှုများအရ ဆောင် ရွက်သော အစီအစဉ်သစ်များကို အကောင်အထည် ဖော်ရာတွင် တိုးတက်မှု  အခြေအနေများကို ASEAN+3  အကြီးတန်းဘဏ္ဍာရေးအရာရှိများက သြဂုတ် ၅ ရက်တွင် ပြန်လည်သုံးသပ်ခဲ့ကြသည်။

အွန်လိုင်းဖြင့်  သြဂုတ် ၅ ရက်တွင် ကျင်းပ သော ASEAN+3  ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ကိုယ် စားလှယ်များအစည်းအဝေးတွင်  ဗီယက်နမ် ဒုတိယဘဏ္ဍာရေးဝန်ကြီး    ထရမ်ဇွမ်ဟာက အာဆီယံနှင့် ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယား နိုင်ငံတို့၏ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုအရ ဆောင်ရွက်ခဲ့သည့် အရေးပါသော တိုးတက်မှု အခြေအနေများကို အလေးပေးဖော်ပြခဲ့သည်။

Tuesday, 11 Jun 2019

နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားဖက်စပ်ကုမ္ပဏီများကို  ပြည်တွင်းတွင် ထုတ်လုပ်သည့် ကုန်ပစ္စည်း (၇) မျိုးအား လုပ်ထုံးလုပ်နည်းနှင့်အညီ ထုပ်လုပ်သူများထံမှ တစ်ဆင့်ဝယ်ယူ၍ ပြည်ပသို့ တင်ပို့ခွင့်ပြုသည့် အမိန့်ကြော်ငြာစာ

 

အမိန့်ကြော်ငြာစာအမှတ် ၂၄/ ၂၀၁၉

Wednesday, 1 Feb 2017

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်းက ဖွင့်လှစ်လျက်ရှိသည့် အပြည်ပြည်ဆိုင် ရာကုန်သွယ်မှု အခြေခံသင်တန်းအမှတ် စဉ်(၉) သင်တန်းဖွင့်ပွဲအခမ်း အနားကို ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၈ ရက်က ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ကုန်သွယ်ရေးဦးစီးဌာ န၊ ညွှန်ကြားရေးမှူး ချုပ်  ဦးရန်နိုင်ထွန်း  တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

Tuesday, 8 Nov 2016

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများလုပ်ကိုင်ရာတွင် လွယ်ကူလျင်မြန်ချောမွေ့ စွာ ဆောင်ရွက် နိုင်ရေးအတွက် လက်ရှိဆောင်ရွက်နေသောစနစ်မှ အွန်လိုင်း စနစ်ဖြင့်ဆောင်ရွက် မည့် အလို အလျောက် ကုန်ပစ္စည်းရှင်းလင်းရေးစနစ် (Myanmar AutomaticCargo Clearance System-MACCS)ကို နိုဝင်ဘာလလယ်မှစပြီး စတင် ကျင့် သုံးပြီဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

Pages