Background
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ် (၈) ကို ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ပါသည်။ ထိုသင်တန်းကို အမှတ် (၂၂၈-၂၄၀) ကမ်းနားလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကု န်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီးရုံး) စတုထ္ထထပ်ရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်လျှင် (၃) ရက် (တနင်္လာ၊ ဗုဒ္ဓဟူး ၊ သောကြာ) (နံနက် ၀၉ း ၃၀ နာရီမှ ၁၂ း ၃၀ နာရီထိ) ဖြင့် (၄) လကြာမြင့်မည် ဖြစ်ပါသည်။ သင်တန်းသာ
ဒေသထွက် ရော်ဘာသစ်ကုန်ကြမ်းမှ စားပွဲ၊ ကုလားထိုင်၊ ဘီဒို၊ ဆက်တီကုလားထိုင်၊ ကုတင်၊ နံရံကပ်ဘီဒိုအစရှိတဲ့ လူ့အသုံးအဆောင်ပစ္စည်းထုတ်စက်ရုံကို ဧပြီ ၂၉ ရက်ကမွန်ပြည်နယ်၊ မော်လမြိုင်မြို့ရိုးရိုးရွာမှာ ဖွင့်လှစ်လိုက်ြ ပီလို့ သတင်းရရှိပါတယ်။ဒေသခံမိုးမြချယ်ကုမ္ပလီမိတက်နဲ့ ဂျပန်နိုင်ငံမှ OJC Forest & Products Co.,Ltd Sumitomo Forestry Co.Ltd တို့ ပူးပေါင်းကာ MOS Lumber Products ကုမ္ပဏီအနေနဲ့ တန်ဖိုးမြှင့်ထုတ်ကုန် များအဖြစ် ပရိဘောဂပစ္စည်းများ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ရော်ဘာပင်အိုများအစေးထွက်နှုန်း ကျဆင်းလာတဲ့အခါခုတ်လှဲပြီး ထင်းအဖြစ်သုံးကြပါတယ်။ ယခုအခါ ရော်ဘာသစ်ကို ကုန်ကြမ်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ စတင်ကာယာဉ်တင်သွင်းမှုများကို ကန့်သတ်ဆောင်ရွက်ခဲ့သည်။ အဆိုပါကန့်သတ်ချက်များအရယာဉ်ယန္တရားကြီး များ တင်သွင်းမှုတွင် တစ်နှစ်လျှင် လိုင်စင်တစ်စောင်ကို ၁၀ စီးသာ တင်သွင်းခွင့်ပြုရန်ယာယီသတ်မှတ်ခဲ့ကြောင်းသိရသည်။သို့သော်ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့်လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းလိုအပ်ချက်အရ အခက်အခဲ များ ဖြစ်ပေါ်နိုင်ခြင်း၊ နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်မှုရှိခြင်းတို့အတွက်ကိုမူ တစ်နှစ်အတွင်း ကားစီးရေ အကန့်အသတ်မရှိ တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ သို့သော် လိုင်စင်တစ်စောင်
ထိုင်းနိုင်ငံဟိုတယ်နှင့်ခရီးသွားလာ ရေးလုပ်ငန်းစီမံခန့်ခွဲမှုအသင်းမှကြီးမှူး ကျင်းပမည့် 3rd HORECA Bizmatch Fairကိုမန္တလေးမြို့နှင့် ရန်ကုန်မြို့တို့တွင် ကျင်းပမည်ဖြစ် ကြောင်း သိရသည်။အဆိုပါပြပွဲကို မန္တလေးမြို့ရှိ ဆီဒိုးနားဟိုတယ်တွင် မေလ ၁၁ ရက်တွင် လည်းကောင်း၊ ရန်ကုန်မြို့ရှိ ချက်ထရီယံဟိုတယ်တွင် မေလ ၁၂ရက်တွင် လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။ယင်းပြပွဲတွင်ထိုင်းနိုင်ငံမှခေတ်မီ ဟိုတယ်လုပ်ငန်းသုံးဆိုင် ရာပစ္စည်းများ၊ အစားအစာနှင့်အဖျော်ယမကာလုပ်ငန်းစသည်တို့နှင့်ဆက်စပ်နေသည့် အသုံးအဆောင်၊ ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချီ သူများ၊ အဆောက်အဦဒီဇိုင်းနှင့်လုပ် ငန်းထိန်းချုပ်မှုစနစ်ပရိုဂရ
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကတည်းက မြင့်တက်ခဲ့သည့်ပြည်တွင်း ရွှေဈေးသည် ယခုတစ်ပတ်တွင် ဆက်လက်မြင့်တက်ခဲ့ပြီး ဈေးအမြင့်ဖြင့် ဈေးငြိမ်ကာအရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။ယခုကဲ့ သို့ပြည်တွ င်းရွှေဈေးမြင့် တက်ရခြင်းမှာကမ္ဘာ့ရွှေဈေးမြင့်တက် လာမှုကြောင့်ဖြစ်ကြောင်း၊ ရွှေဈေးမြင့် တက်လာမှုကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ ယခင်တစ်ပတ်ကထက် ပိုမိုသွက်လက်လာကြောင်းရွှေကုန်သည် တစ်ဦး ကပြောကြားခဲ့သည်။''ကမ္ဘာ့ရွှေဈေးက ပြီးခဲ့တဲ့တစ်ပတ် ကတည်းက မြင့်တက်နေတာ။ ဒီတစ်ပတ်ကျတော့ ကမ္ဘာ့ရွှေဈေးကဒေါ်လာ ၁၃၀၀လောက်အထိမြင့်တက်လာတယ်။ ဒီမှာပြည်တွင်းငွေလဲနှုန်းက ပြန်ကျလာေ တာ့ဈေးကွက် ထဲမှာရွှေဈေးကသိ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ပို့ကုန်သုံးဆတိုးမြှင့်နိုင်ရေးအတွက် အထူးကြိုးစားလုပ်ဆောင်လျက်ရှိပါသည်။ယင်းသို့ကြိုးစားလုပ်ဆောင်လျက်ရှိရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတစ်ခုတည်းဖြင့် လုပ်ဆောင်၍မရဘဲသက်ဆိုင်ရာဌာနများအပါအဝင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များ၊ စီးပွားရေး ပညာရှင်များနှင့် ပြည်သူများကပါပူးပေါင်းပါဝင်လုပ်ဆောင်ကြရန်အထူးလိုအပ်လှပါသည်။သို့ဖြစ်ရာကုန်သွယ်မှုနှင့်ပတ်သက်သည့်ဝေဖန်အကြံပြုစာများကို Commerce Journal \ gmail:com
အမေရိကန်စီးပွားရေး ဆက်လက်တိုးတက်ကောင်းမွန်နေပါက အမေရိကန် ဗဟိုဘဏ်အနေနဲ့ လာမည့်လကို အစောဆုံးထား၍ အတိုးနှုန်းကိုနောက်ထပ်မြှင့်တင် ပေးသင့်ကြောင်း အမေရိကန်ဗဟိုဘဏ်ထိပ်တန်းအရာရှိ တစ်ဦးရဲ့ မတ် ၂၂ ရက် နေ့ကပြောကြားချက်ကို ကိုးကားပြီး စထရိတ်တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ နှစ်မကုန်မီအတိုးနှုန်းကို နောက်ထပ်အနည်းဆုံး သုံးကြိမ် တိုးပေးသင့်ကြောင်း လည်းသူကပြောပါတယ်။မူဝါဒ ကို မပြောင်းလဲဘဲ ဆက်လက်ထားရှိဖို့ မတ်လဒုတိယပတ်အတွင်းက ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်။ ဒါပေမဲ့ အတိုးနှုန်းတွေဆက်လက်တိုးမြှင့်ရ မယ့် အကြောင်းတရားတွေရှိနေသေးတယ်လို့ ဖီလ်ဒယ်ဖီးယားဗဟိုဘဏ်ဥက္ကဋ္ဌ ပက်ထရစ် ဟာကာက ပြောပါတယ်။''ဒီကိစ္စအတွက် အချိန်ယူ
MPT ၏ ဆင်းကတ်အသစ်ကို စတင်သုံးစွဲသူများအတွက် အပိုဆောင်းငွေနှင့် ထပ်ဆင့်အပိုဆောင်းငွေများရရှိမည့်အစီအစဉ်ကို မတ် ၁၁ ရက်မှ စတင်လိုက်ကြောင်းMPT ၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။ အဆိုပါ အစီအစဉ်အရ MPT ဆင်းကတ်အသစ်ကို စတင်အသုံးပြုချိန်တွင် အပိုဆောင်းငွေအဖြစ် ကျပ် ၅၀၀ စတင်ရရှိမည်ဖြစ်ပြီးထိုလက်ကျန်ငွေဖြင့်မည်သည့်ဝန်ဆောင်မှုကို မဆို ပြုလုပ်နိုင်မည်ဖြစ်သည်။ထို့ပြင် ဆင်းကတ်အသစ်တွင် ဖုန်းငွေဖြည့်ကတ်ဖြင့် လက်ကျန်ငွေ ဖြည့် သွင်းပါက ပထမဆုံးငွေဖြည့်ချိန်တွင် ငွေထည့်သွင်းသည့်ပမာဏအပေါ် မူတည် ပြီး အပိုဆောင်းငွေများထည့်သွင်းပေးမည်ဖြစ်ကာတစ်လတစ်ကြိမ် လက်ကျန်ငွေထပ်မံဖြည့်သွင်းပါက အပိုဆောင်းငွေက
ပြည်တွင်းလုပ်ငန်းများကို အကာအကွယ်ပေးရန်အတွက်အိန္ဒိယအစိုးရသည် ပလတ်စတစ်ပစ္စည်း ထုတ်လုပ်သောစက်ပစ္စည်းများတရုတ် (တိုင်ပေ)၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်စတဲ့ ပြည်ပနိုင်ငံများမှ တင်သွင်း မှုအ ပေါ်တန်ပြန်စုပုံခွန်ကို ၄၄ ဒသမ ၇ ရာခိုင်နှုန်းအထိ ပြန်လည်ရုပ်သိမ်းခြင်း၊ ထပ်မံအချိန်တိုးခြင်း၊ ပြင်ဆင်ခြင်းတို့မရှိပါက ငါးနှစ်ကောက်ခံသွားရန် ပြဋ္ဌာန်းတော့မယ်လို့ မတ် ၁၆ ရက်ကmoneycontrol.com မှာ ဖော်ပြထားပါ တယ်။ပလတ်စတစ်ပစ္စည်းထုတ်လုပ်တဲ့ မည်သည့် စက်မျိုးကိုမဆိုသို့မဟုတ် ပုံစံလောင်းတဲ့ စက်ပစ္စည်းများဖိအားသုံး ပုံလောင်းစက်)အပေါ်ပါ စည်းကြပ်သွားမှာဖြစ်ပါတယ်။ စတင် ပြဋ္ဌာန်းခြင်းကို နိုင
လာမည့် ဧပြီ ၁ ရက်မှ ၃ ရက် အထိ တပ်မတော်ခန်းမတွင် ကျင်းပမည့် ဟိုချီမင်းမြို့တော်ကုန်စည်ပြပွဲတွင် စရိတ်သက်သာသောလေကြောင်း လိုင်းတစ်လိုင်းဖြစ်သည့် Vietjetလေကြောင်းလိုင်းမှပါဝင်ပြသမည် ဖြစ်ကြောင်း Vietjet လေကြောင်းလိုင်း၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။အဆိုပါပြပွဲတွင်Vietjet၏အနီရောင်ယူနီဖောင်းကိုဝတ်ဆင်ထားသည့်အကအဖွဲ့သည် ပြပွဲသုံးရက်စလုံးတွင် စိတ်လှုပ်ရှားဖွယ်ရာအစီအစဉ်များ၊ ဖျော်ဖြေ ရေးအစီအစဉ်များဖြင့် ဧပြီ ၁ ရက်မှ ၃ရက်အထိ ဖျော်ဖြေသွားမည် ဖြစ်ကြောင်းသိရသည်။ပြပွဲသို့လာရောက်လည်ပတ်သူများအားလည်း Vietjet ၏ကံစမ်းမဲ အစီအစဉ်များမှတစ်ဆင့်ဗီယက်နမ်သို့သွားရောက်မည့် လေယာဉ် လက်မှတ် ကို ၅၀ ရ