Main menu

Background

Thursday, 11 Feb 2016

ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်နဲ့ လမ်းညွှန်ချက်ဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်ထုတ် ကြေးမုံသတင်းစာနှင့် ၁၄ ရက်ထုတ်မြန်မာ့အလင်းသတင်းစာများတွင် ကြေ ညာ ခဲ့သည့်စံမညီမြေပဲဆီ ၁၈ မျိုးနှင့်ပတ်သက်ပြီး လိုအပ်သလိုထိရောက်စွာအရေးယူနိုင်ရန်၊ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေအရ လည်း အရေးယူဆောင်ရွက်နိုင်ရန်နှင့် အစားအသောက်နဲ့  ဆေးဝါးကွပ်ကဲ ရေးဦးစီး ဌာန(FDA)နှင့်လည်း ညှိနှိုင်းဆောင်ရွက်သွားရန်၊ တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သို့ အကြောင်းကြားထားကြောင်း သိရှိရပါတယ်။သို့ဖြစ်ပါ၍ အဆိုပါသတင်းစာများတွင် အသိပညာပေ ကြေညာချက်ပါ မြေပဲဆီအမည်ခံစားအု

Thursday, 11 Feb 2016

လူဦးရေသန်း ၆၅၀ ရှိတဲ့ အာဆီယံဈေးကွက်မှာ ရောင်းအားမြှင့်တင်နိုင်မယ့်အခွင့်အလမ်းများကို ရှာဖွေကြဖို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား အင်ဒိုနီးရှားစက်မှုဝန်ကြီးဌာနက တိုက်တွန်းထားကြောင်းအန်တာရာနယူးစ်သ တင်း မှာ ဖော်ပြပါတယ်။''လူဦးရေ သန်း ၆၅၀ ရှိတဲ့ အာဆီယံဈေးကွက်က  လက်ရှိတိုးတက် နေတဲ့  ကျွန်တော်တို့ရဲ့ ဆေးဝါးထုတ် လုပ်ရေးလုပ်ငန်းအတွက် အခွင့်အလမ်း ကို ဖန်တီးပေးလျက်ရှိပါတယ်''လို့ အင်ဒို နီးရှားစက်မှု လုပ်ငန်း ဝန်ကြီးဌာန ဓာတုဗေဒလုပ်ငန်းညွှန်ကြားရေးမှူးချုပ်ဟာ ဂျန်တိုကအန်တာရာသတင်းဌာနကိုဖေဖော်ဝါရီ ၂ ရက်ကပြောပါတယ်။ဒါကြောင့် အင်ဒိုနီးရှားနိုင်ငံရဲ့ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမှာရင်းနှီးမြှုပ်နှံမှုတွေဆောင်

Wednesday, 10 Feb 2016

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(ဒဗလျူတီအို) ရဲ့ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူစာချုပ် (Trade Facilitation Agreement-TFA)  များကိုဆောင်ရွက်မည်ဆိုပါက ကမ္ဘာ့ကုန်သွယ်မှုစံနှုန်းများနဲ့အညီ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုလုပ်ငန်းတွေချော မွေ့စေဖို့အတွက် အကောက်ခွန်ပြုပြင်ပြောင်းလဲမှုများကို တိုးမြှင့်ဆောင်ရွက်ရမှာဖြစ်ကြောင်း ဗီယက်နမ်အရာရှိတစ်ဦးက ပြောပါတယ်။ ဗီယက်နမ်နိုင်ငံက လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူစာ ချုပ်အမြောက့်အမြားကိုအကောင်အထည်ဖော်တော့မှာဖြစ်တဲ့ အတွက် ဗီယက်နမ်နိုင်ငံအနေ နဲ့အကောက်ခွန်ပြုပြင်ပြောင်းလဲမှုများကိုအဆောတလျင်ဆောင်ရွက်ဖို့ အရေးကြီးကြောင်း  ဗီယက်နမ်သတင်းအေဂျင်စီရဲ့သတင်းမှာ ဖော်ပြပါတယ်။TFA မ

Wednesday, 10 Feb 2016

ဗီယက်နမ်အထွေထွေ အကောက်ခွန်ဦးစီးဌာန ရဲ့ရည်မှန်းချက်က ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ဆောင်ရွက်တဲ့အခါ လွယ်ကူချောမွေ့စေဖို့အတွက်အကောက်ခွန်လုပ်ငန်းအားလုံးမှာ သတင်းအချက်အလက်နဲ့ နည်းပညာအသုံးချမှုကို မြှင့်တင်ပေးဖို့ဖြစ်ပါတယ်။အနာဂတ်ကာလမှာ e-government  အဖြစ်  ဆောင်ရွက်ရေးဆုံးဖြတ်ချက်ကိုအကောင်အထည်ဖော်ရာမှာအကောက်ခွန်ဌာနရဲ့ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးအကောက်ခွန် ဌာန ရဲ့အိုင်တီနဲ့စာရင်းအင်း ဌာနခွဲညွှန်ကြားရေးမှူး ငုယင်မန်းတန်က ဗီယက်နမ် နယူးအေဂျင်စီရဲ့ အီလက်ထရွန်းနစ်သတင်းစာVietnam Plus ကိုရှင်းလင်းပြောကြားပါတယ်။အွန်လိုင်းပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အနည်းဆုံးအဆင့် ၃ အထိရောက်ရှိအောင်ဆောင်ရ

Wednesday, 10 Feb 2016

ရေနံတင်ပို့တဲ့   နိုင်ငံများအဖွဲ့(အိုပက်) မှာရေနံအများဆုံး ထုတ်လုပ်နေတဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံက ရေနံထုတ်လုပ်မှုကိုငါးရာခိုင်နှုန်းလျှော့ချဖို့ အဆိုပြုထားတယ်လို့ ဇန်နဝါရီ ၃၁ ရက်မှာရုရှားနိုင်ငံက ပြောကြားကြောင်း  jewocity ဝက်ဘ်ဆိုက်သတင်းမှာဖော်ပြထားပါတယ်။ယခုကဲ့သို့အဆိုပြုထားတဲ့အတွက်ဆယ်နှစ်တာကာလအတွင်း ရေနံစိမ်းအလျှံပယ်ထုတ်လုပ်နေမှုကိုလျှော့ချနိုင်ဖို့အတွက် လမ်းစပေါ်လာပြီးရေနံစိမ်းဈေးနှုန်းတွေမြှင့်တင်နိုင် ရေး ပထမဆုံးအကြိမ်အဖြစ်ဆောင်ရွက်မယ့် ဆွေးနွေးမှုတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ရေနံစိမ်းဈေးနှုန်းတွေကျဆင်းနေ ပေမယ့်အိုပက်အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေကပါ ရေနံထုတ်လုပ်မှုကို လျှော့ချမပေးဘူးဆိုရင်အိုပက

Wednesday, 10 Feb 2016

ဂျပန်နိုင်ငံကန်ဆိုင်းဒေသကိုလာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားခရီးသွားတွေကအရသာရှိတဲ့ကန်ဆိုင်းဒေသအစားအစာတွေကိုအူလှိုက်သည်းလှိုက်စွဲလမ်းနှစ်သက်ကြတာကိုတွေ့ရပါတယ်။ဒါကြောင့် အဲဒီဒေသကိုလာရောက် လည် ပတ်သူတွေကသူတို့နေ ရင်းဒေသကိုပြန်ရောက်တဲ့အခါမှာ လည်းဒီအစားအစာတွေကို စားသောက် ချင်ကြမှာဖြစ်တဲ့အတွက် အဲဒီဒေသတွေမှာဈေးကွက်အလားအလာတွေရှိ နိုင်တယ်လို့ အစားအစာထုတ်လုပ်သူ တွေနဲ့ စားသောက်ဆိုင်တွေက  ယူဆကြကြောင်း အဆာဟိသတင်းမှာ ဖော် ပြပါတယ်။သူတို့နှစ်သက်စွဲလမ်းကြတဲ့ အထဲမှာဟင်းသီးဟင်းရွက်၊ အသားနဲ့ တခြားအစပ်အဟပ်တွေပါတဲ့   ဆီကြော် မုန့်တစ်မျိုးဖြစ်တဲ့ အိုကိုနိုမီယာကီ၊ ဝက်သားကင်တစ်မျိုးဖြစ်တဲ့ ကူရှီကာဆု နဲ့ ပဲပုပ်နံ့လေးသင်း

Friday, 5 Feb 2016

ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံးအနေဖြင့်  ဌာနရဲ့လုပ်ငန်း တာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ  နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလအတွင်း ဆောင်ရွက်မည့် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနဲ့ အရာထမ်း၊ အမှုထမ်းများ တွေ့ဆုံ၍ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီလ၂၇ ရက်ကကျင်းပပြုလုပ်ခဲ့ပါတယ်။လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကုန်စည်ပြပွဲနှင့်အလုပ်ရုံဆွေးနွေးပွဲ ဦးစီးကော်မတီ၊ ကျင်းပရေးကော်မတီ၊ ဘဏ္ဍာရေးကော်မတီနှင့်ဆပ်ကော်မတီများ မှ ဖိတ်

Friday, 5 Feb 2016

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်မှ ကျင်းပပြုလုပ်တဲ့ စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာပညာပေးဟောပြောပွဲကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် နံနက်က လပွတ္တာမြို့နယ် အမှတ် (၃) ရပ်ကွက် အထက်တန်းကျောင်း တွင်ကျင်းပပြုလုပ် ခဲ့ပါတယ်။အဆိုပါဟောပြောပွဲတွင် မြောင်းမြခရိုင်၊ ဒုတိယခရိုင်ဦးစီးမှူးဦးဇော်မင်းက အဖွင့်အမှာစကားပြောကြား ရာတွင်ဟောပြော ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်၊ ဌာန ကဆောင်ရွက်နေတဲ့ ပညာပေးဟောပြောပွဲများ၊ စားသုံးသူရေးရာဥပဒေများကို လည်းကောင်း၊ လပွတ္တာမြို့နယ် ဦးစီးမှူး ဦးအောင်မြင့်ဦးက စားသုံးသူရေးရာ အကာအကွယ်ပေးရေးဆိုင်ရာ သိကောင်းစရာမျ

Friday, 5 Feb 2016

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျိုင်းတုံမြို့ တွဲဖက်အထက်တန်းကျောင်း အ.လ.က (၅) တွင် ဇန်နဝါရီလ ၁၈ ရက်နံနက်ကစားသုံးသူအကာအကွယ်ပေးရေးအသိပညာ ပေး ဆွေးနွေးခြင်းအား ဆောင်ရွက်ခဲ့ပြီး ကျောင်းမုန့်ဈေးတန်းသို့ ကျောင်းအုပ်ကြီး၊ ဆရာမ များနှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ကျောင်းအုပ်ကြီး ဦးလှမျိုးက အဖွင့် အမှာ စကားပြောကြားပြီး ဒုတိယပြည်နယ်ဦးစီးမှူးက စားသုံးသူအကာ အကွယ်ပေး ရေးဆိုင်ရာပညာပေး ဆွေးနွေးခြင်း၊ တားမြစ်ထားရှိသော စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ တို့ကို Power Point  ဖြင့်ရှင်းလင်းဆွေးနွေး ခဲ့ပြီး အဆ

Wednesday, 3 Feb 2016

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဇန်နဝါရီလ ၂၂ ရက်ထိ မော်တော် ယာဉ်နှင့် မော်တော်ယာဉ်ဆက်စပ် အပိုပစ္စည်း တင်သွင်းမှုသည်စီးရေ ၁၁၈၄၆၈ တန်ဖိုးအားဖြင့် ကန်ဒေါ်လာသန်း ၁၅၄၀ ကျော်ဖိုးဖြစ်ပါတယ်။ ယမန်နှစ်ကာလ တူနဲ့ နှိုင်းယှဉ်ပါကစီးရေ ၃၁၉၃၁ စီးလျော့နည်းခဲ့ပါတယ်။ တန်ဖိုးအားဖြင့်မူကာလတူထက် ကန်ဒေါ်လာကိုးသန်းကျော် ပိုမိုခဲ့ပါတယ်။ လူစီးယာဉ်နဲ့ မော်တော်ယာဉ်အပိုပစ္စည်းတင်သွင်းမှုကာလတူထက် လျော့နည်းခဲ့သော်လည်းလူ စီးယာဉ်နဲ့မော်တော်ယာဉ်အပိုပစ္စည်းတင်သွင်းမှု ကာလတူထက် လျော့နည်းခဲ့ သော်လည်း လူစီးယာဉ်၊ ဘတ်စ်၊ ထရပ်ကားများ တင်သွင်းတဲ့ စီးရေလျော့နည်းခဲ့ပြီး လူစီးယာဉ်တင်သွင်း မှုကတော့ တန်ဖိုးပါ ကျဆင်းခဲ့ပါတယ်။ ဘတ်စ်နဲ့ ထရပ်ကားမ

Pages