Background
လက်ရှိ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းကျော်တွင် ဆက်လက်တည်ရှိနေကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။
မတ် ၉ ရက် ဈေးနှုန်းများအနေဖြင့် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၈၁၁ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး တစ်ကျပ်သား ကျပ် ၂၈၃၅၀ဝ၀ ဖြစ်ကြောင်း သိရသည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ မတ် ၁ ရက်တွင် တစ်အောင်စ ၁၈၃၀ ဒေါ်လာ၊ ၂ ရက်တွင် ၁၈၃၃ ဒေါ်လာ၊ ၃ ရက်တွင် ၁၈၃၉ ဒေါ်လာ၊ ၄ ရက်တွင် ၁၈၅၅ ဒေါ်လာ၊ ၆ ရက် တွင် ၁၈၅၄ ဒေါ်လာ၊ ၇ ရက်တွင် ၁၈၄၈ ဒေါ်လာ၊ ၈ ရက်တွင် ၁၈၄၃ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။
ရွှေဆိုင်များအားလုံး မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၇၉၀ဝ၀ဝ ဖြင့် တစ်ပြေးညီရောင်းချရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း (YGEA) က ဖေဖော်ဝါရီ ၂၂ ရက်တွင် အသိပေးထုတ်ပြန်သည်။
ရွှေဈေးတက်ခြင်း၊ ဈေးကစားနေများကို ထိန်းချုပ်နိုင်ရန်အတွက် ယခုကဲ့သို့ ဈေးတန်းတစ်ခု သတ်မှတ်ပေးခြင်းဖြစ်ကြောင်းYGEA အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောသည်။
လက်ရှိ ကမ္ဘာ့ရွှေဈေး အတက်အကျကြမ်းနေသော်လည်း ပြည်တွင်းရွှေဈေး ကွက်အတွင်း ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည်လည်း ဈေးအနည်းငယ် မြင့်တက်လာပြီး အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းအထက်တွင် ပေါက်ဈေးရှိနေကြောင်းYGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဖေဖော်ဝါရီ ၉ ရက်တွင် ပြောသည်။
ကမ္ဘာ့ရွှေဈေး တရိပ်ရိပ်မြင့်တက်လျက်ရှိနေပြီး ပြည်တွင်းရွှေဈေးမှာ ပြင်ပ ပေါက်ဈေး တစ်ကျပ်သား ကျပ် ၂၈ သိန်းကျော်ရှိနေကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။
ဇန်နဝါရီ ၂၆ ရက် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စ ၁၉၃၆ ဒေါ်လာရှိပြီး ပြည် တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ် ၂၈၁၇၀ဝ၀ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ တစ် ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇန်နဝါရီ ၂၀ ရက်တွင် တစ်အောင်စ ၁၉၂၉ ဒေါ်လာ၊ ၂၁ ရက်တွင် ၁၉၂၅ ဒေါ်လာ၊ ၂၂ ရက်တွင် ၁၉၂၆ ဒေါ်လာ၊ ၂၃ ရက်တွင် ၁၉၃၂ ဒေါ်လာ၊ ၂၄ ရက်တွင် ၁၉၃၅ ဒေါ်လာ၊ ၂၅ ရက်တွင် ၁၉၃၂ ဒေါ်လာ၊ ၂၆ ရက်တွင် ၁၉၃၆ ဒေါ်လာဖြစ်ကြောင်း သိရသည်။
ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းကျော်သို့ ပြန်လည် မြင့်တက်လာကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။
ပြင်ပရွှေပေါက်ဈေးမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းက အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၆၈၀ဝ၀ဝ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ကျပ် ၂၈၁၇၀ဝ၀ အထိ မြင့်တက်လာခြင်းဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေး အတက်အကျရှိသော်လည်း ပြည်တွင်း ရွှေဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
နှစ်သစ်ကူးရက် နီးကပ်လာသည်နှင့်အတူ ကမ္ဘာ့ရွှေဈေးမှာ ယခု ဒီဇင်ဘာလ အတွင်း တရိပ်ရိပ်မြင့်တက်လျက်ရှိရာ လက်ရှိတွင် ရွှေတစ်အောင်စလျှင် ၁၈၁၂ ဒေါ်လာသို့ ရောက်ရှိနေသော်လည်း ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ် ၂၆ သိန်းကျော်တွင် တည်ငြိမ်လျက်ရှိသည်။
လက်ရှိပြည်တွင်း အခေါက်ရွှေဈေးမှာ တစ်ကျပ်သား ကျပ် ၂၆ သိန်းကျော်ဖြင့် ဈေးငြိမ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ဈေးကွက်အတွင်း လက်ရှိတွင် ဒေါ်လာဈေးနှုန်းများ ကျဆင်းနေသည့်အတွက် ရွှေအရောင်းအဝယ်မှာလည်း အေးနေကာ ပြည်တွင်းရွှေဈေး တစ်ကျပ်သား ကျပ် ၂၆၆၇၀ဝ၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ကမ္ဘာ့ရွှေဈေးမှာတော့ တစ်အောင်စ ၁၇၅၃ ဒေါ်လာ ဖြစ်ကြောင်းသိရသည်။ထို့ပြင် လက်ရှိတွင် ၂၀၂၃ ခုနှစ်အတွက် ရွှေလုပ်ငန်းလုပ်ကိုင်ရန် လိုင်စင်သက်တမ်းတိုးသည့် လုပ်ငန်းရှင်ဦးရေ ၁၀ဝ ကျော် ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရသည်။ရွှေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များကို သက်တမ်းတစ်နှစ်သာ ပေးထားခ