Main menu

Background

Monday, 20 May 2013

ဒီတစ်ပတ်မှာတော့ နနွင်းအရောင်းအဝယ်မှာ တရုတ်က အဝယ် နောက်ပြန်ဆုတ်သွားတဲ့အတွက် အရောင်း အဝယ် အေးသွားခဲ့တယ်လို့ သိရပါတယ်။ ပစ္စည်းလက်ကျန်တွေ ကတော့ အတော်လေးရှိသေးတယ်လို့လည်း သိရပါတယ်။ ဟိုပုံးဈေးကွက်မှာ နနွင်းပုံမှန်အဝင်ရှိနေပြီး၊ ဈေးကတော့ တစ်ပိဿာကို ၆၅၀ ကျပ်ဈေးရှိ ပါတယ်။ အောင်ပန်းဈေးကွက် မှာတော့ နနွင်းပုံမှန်အဝင်ရှိနေပြီး၊ အရောင်းအေးနေပါတယ်။ အမှုန့်ကြိတ်လုပ်ငန်း လုပ်တဲ့ သူတွေလောက်သာ အဝယ်ရှိ နေပါတယ်။ အမှုန့်ကြိတ်လုပ်ငန်း လုပ်သူတွေက နနွင်းကို အလှဆုံး၊ အကောင်းဆုံး ဖြစ်တဲ့ ဆင်တောင်နနွင်းကို အဆွဲ များလို့ တစ်ပတ်အတွင်း ပိဿာချိန် ၅၀၀၀၀ ပတ်ဝန်းကျင် ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အောင်ပန်းဈေးကွက်မှာ နနွင်းပေါက်ဈေးက အင်းနနွင်း တစ်ပိဿာ ၇၀၀ ကျပ် - ၈၀၀ ကျပ်ဈေးရှိပြီး၊ ဆင်တောင် နနွင်းကတော့ တစ်ပိဿာ ၉၀၀ ကျပ် - ၁၀၀၀ ကျပ် - ၁၀၅၀ ကျပ်ဈေးရှိတယ်လို့ ပွဲရုံများမှ သိရပါတယ်။စောယုထွေး တောင်ကြီး

Monday, 20 May 2013

ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မေလ ၅ ရက်မှ ၁၁ ရက်အတွင်း မန်ကျည်းတင်ပို့မှု တန်ချိန်က ၅၆ ဒသမ ၅ တန်ရှိခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံမှာ စင်ကာပူ နိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုနဲ့ ယှဉ် ရင် ရှစ်တန်ကျော်သာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ FOB  ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၄၁၀ ဝန်းကျင်ရရှိခဲ့ပါတယ်။ ဒီ တစ်ပတ်မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာ နှစ်သောင်းသုံး ထောင်ကျော် ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။           MIRT (DOT)

Monday, 13 May 2013

မလေးရှားနိုင်ငံနဲ့စင်္ကာပူနိုင်ငံသို့ ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကန်ဒေါ်လာသုည ဒသမ ၇၈၇ သန်းဖိုးရှိ ရော်ဘာတန် ၃၀၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့တန်ချိန်တွေကတော့ မလေးရှား နိုင်ငံသို့ MSR-20 တန် ၆၀ နဲ့ RSS-3 တန် ၆၀၊ စင်္ကာပူနိုင်ငံသို့ RSS-3 ၂၁၂ တန်ခန့်ဖြစ်ပြီး စုစုပေါင်းတန်ချိန် ၃၃၂ တန်နီးပါးဖြစ်ပါတယ်။ယခင်အပတ်ကတင်ပို့မှုမရှိဘဲ သြင်္ကန်လွန်ကာလ ယခုအပတ်မှစတင်တင်ပို့ခဲ့တာဖြစ်ပါတယ်။ နိုင်ငံ တကာ ရော်ဘာပေါက်ဈေးများ ဈေးပြန်တက်လာတာကိုတွေ့ရှိရပြီး၊ FOB ရော်ဘာပေါက်ဈေးကိုလည်း တစ်တန်လျှင် ကန်ဒေါ် လာ ၁၀၀ ဈေးတိုးမြှင့်ကာ RSS-1 တစ်တန်လျှင်ဒေါ်လာ ၂၅၀၀-၂၆၀၀၊RSS-3 နဲ့ MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၄၀၀-၂၅၀၀၊RSS-5 နဲ့ MSR-50 တစ်တန်လျှင်ဒေါ် လာ၂၃၀၀-၂၄၀၀၊ MSR-10 တစ်တန်လျှင်ဒေါ်လာ ၂၄၅၀-၂၅၅၀ နဲ့ Creep Rubber တစ်တန်လျှင်ဒေါ်လာ ၂၂၀၀-၂၃၀၀ ဖြစ်ကြောင်းမြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းက သိရှိရပါတယ်။                        ယဉ်ယဉ်အေး MIRT

Tuesday, 7 May 2013

ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ  ဧပြီလ ၂၁ ရက်မှ ၂၇ ရက်အတွင်း နနွင်းတန် ၉၀ ကိုတင်ပို့ခဲ့ ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်တင်ပို့မှုမှာ တန်ချိန် ၁၆ ဒသမ ၅ ကန်ဒေါ် လာ ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ခုနှစ်ဆယ်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ FOB ဈေးက တစ်တန် ကို ကန်ဒေါ်လာ ၄၅၀ ဝန်းကျင်ရရှိခဲ့လို့ စုစု ပေါင်း ပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ လေးသောင်းကျော်ရရှိ ခဲ့တယ်လို့ သိရပါ တယ်။                             MIRT (DOT)

Monday, 29 Apr 2013

ယခုရက်ပိုင်းအတွင်း အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာပဲစင်းငုံနီကို အကျဈေးဖြင့် ပဲခွဲစက်နှင့် ကုန်သည်များမှ ဝယ် လိုအားများလာတဲ့အတွက် ဈေးမြင့်တက်လာခဲ့ပြီး မတ်ပဲကို ဈေးမေးစုံစမ်းဝယ်ယူမှု မရှိသေး တာေ ကြာင့် ဈေးငြိမ်နေပါတယ်။ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံရဲ့ ဘာသာရေးပွဲတော်နေ့ဖြစ်၍ မွန်ဘိုင်းေ ဈးကွက် အပါအဝင် ပြည်တွင်း ပဲဈေးကွက်အများစု ပိတ်ထားခဲ့ပါတယ်။

Tuesday, 9 Apr 2013

ယခုရက်ပိုင်းအတွင်း အိန္ဒိယ မွန်ဘိုင်းဈေးကွက်မှာ မြန်မာမတ်ပဲကို ဝယ်လိုအားများလာ တာကြောင့် ဈေး မြင့်တက်လာခဲ့ပြီး ပဲစင်းငုံနီကို ပဲခွဲစက် နှင့်ကုန်သည်များမှ အဝယ်နည်းနေ တာ ကြောင့် ဈေးကျ ဆင်းခဲ့ပါတယ်။

မွန်ဘိုင်းဆိပ်ကမ်းမှာ မြန်မာပဲ စင်းငုံ ကွန်တိန်နာ ၆၅ လုံး၊ ခွဲခြမ်း ၅ လုံး၊ မတ်ပဲ ၁၃ လုံး၊ ပဲတီစိမ်း ၂၁ လုံး၊ ပဲယင်း ၁ လုံး၊ မြေထောက်ပဲ ၁၇ လုံး၊ တန်ဇန်းနီးယား ပဲစင်းငုံ ၅၀ လုံး၊ အာဂျင်တီးနား ပဲတီစိမ်း ၄ လုံး၊ ကင်ညာပဲတီစိမ်း ၁၆ လုံး၊ တရုတ် မြေထောက်ပဲ ၂၅ လုံး၊ သြစတြေးလျ ကုလားပဲ ၂၀ လုံး၊ ပဲရာဇာ ၅ လုံး၊ ကနေဒါပဲရာဇာ ၇၀ လုံး ဝင်ရောက် လာခဲ့ပါတယ်။ ချန်နိုင်းဆိပ်ကမ်းမှာ မတ်ပဲကွန် တိန်နာ ၄၈၄ လုံး၊ ပဲစင်းငုံ ၂၁ လုံး၊ ပဲတီစိမ်း ၇၁ လုံး၊ ပဲဝါလေး ၁၄ လုံး၊ ပဲနီလေး ၇ လုံး၊ ပဲလုံးစိမ်း ၉ လုံး၊ ပဲလွန်း ၉ လုံး၊ ပဲလွန်းဖြူ ၁၅ လုံး ဝင်ရောက်လာခဲ့ပါတယ်။ စိုက်ပျိုးရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဆောင်းပဲစိုက်ပျိုးမှုမှာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ဟက်တာ ၁၅၀ ဒသမ ၈၂ သိန်းရှိနေ ပြီး ယခင်နှစ်ကာလတူ စိုက်ဧရိယာ ၁၄၇ ဒသမ ၄၆ သိန်းထက် ဟက်တာ ၃ ဒသမ ၃၆ သိန်းပိုမိုစိုက်ပျိုးနိုင်ခဲ့ ပါတယ်။ ကုလားပဲစိုက်ပျိုးမှုမှာလည်း ဟက်တာ ၉၄ ဒသမ ၉၉ သိန်းရှိပြီး ယခင်နှစ် ကာလတူ စိုက်ဧရိယာ ၈၉ ဒသမ ၉၅ သိန်းထက် တိုးလာကြောင်း၊ ပဲမျိုးစုံအဝင်နည်းပြီး ဝယ်အားကောင်း လာလို့ ပဲဈေးများဆက်လက်ခိုင်မာဖွယ် ရှိကြောင်း သိရပါတယ်။ နှင်းဧကရီ - DTP
 

Tuesday, 9 Apr 2013

ကမ္ဘာ့ရော်ဘာထုတ်လုပ်တင်ပို့မှု အများဆုံးဖြစ်တဲ့ ထိုင်း နိုင်ငံဟာ ရော်ဘာဈေးနှုန်းများ ကျဆင်းနေမှုကို ထိန်းချုပ်ဖို့ အတွက် ရော်ဘာတင်ပို့မှု လျှော့ချခြင်းကို နောက်ထပ်တစ် နှစ်တိုးပြီး ဆောင်ရွက်သွားဖို့ အဆိုတင်သွင်းသွားမယ်လို့ သိရ တယ်။ ၎င်း ကိစ္စအတွက် ထိုင်းနိုင်ငံက မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့နဲ့ ဧပြီလ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ကာလအတွင်း ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း သိရတယ်။

Tuesday, 9 Apr 2013

ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ မတ်လ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ မလေးရှားနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၇၉၉ သန်းတန်ဖိုးရှိ ရော်ဘာ ၂၈၂ တန်ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ရော်ဘာများ ကတော့ RSS-3  တန် ၈၀ နဲ့MSR-20  ၂၀၂ တန်ခန့်ဖြစ်ပါတယ်။ ယခင်အပတ်က စင်္ကာပူနိုင်ငံသို့ ၂၆၅ တန်ခန့်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၁၇ တန်ခန့်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်နိုင်ငံ တကာ ရော် ဘာ ပေါက်ဈေးမှာ ယခင်အပတ်ဈေးနဲ့ကွာခြားမှုသိပ်မရှိလှဘဲ FOB ပေါက်ဈေးမှာလည်းပြောင်းလဲမှု မရှိကြောင်း မြန် မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။ ဈေးတွေကတော့ RSS-1 တစ်တန်လျှင်ဒေါ်လာ ၂၈၀၀-၂၉၀၀၊RSS-3   နဲ့ MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၇၀၀-၂၈၀၀၊RSS-5 နဲ့MSR-50   တစ်တန်လျှင် ဒေါ်လာ ၂၆၀၀-၂၇၀၀၊ MSR-10  တစ်တန်လျှင်ဒေါ်လာ ၂၇၅၀-၂၈၅၀၊ Crepe Rubber တစ်တန်လျှင်ဒေါ်လာ ၂၅၀၀-၂၆၀၀ ဖြစ်တယ်လို့သိရှိရပါတယ်။ယဉ်ယဉ်အေး၊ MIRT (DOBT)

Monday, 8 Apr 2013

မတ်လ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ စင်္ကာပူနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၇၄၁ သန်းတန်ဖိုးရှိ ရော်ဘာ  MSR-20  ၂၆၅ တန်ခန့်တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကတင်ပို့ခဲ့တဲ့ တရုတ်နိုင်ငံသို့ ယခုအပတ်မှာတင်ပို့နိုင်ခြင်းမရှိတဲ့အတွက် တန် ၂၀၀ ကျော်လျော့နည်းခဲ့ပါ တယ်။ ပြည်တွင်းရော် ဘာဈေးမြင့်တက်နေမှုကြောင့် ပြည်ပသို့တင်ပို့ရန်ခက်ခဲနေပြီး၊ လိုအပ်တဲ့ရော်ဘာ ကုန်ကြမ်းများကို တရုတ်ကုန်သည်များက ကျေးလက်ဒေသအထိ ဆင်းပြီး ကြိုက်ဈေးပေးကာတိုက်ရိုက် ဝယ်ယူလျက်ရှိနေ တာကြောင့် ပြည်ပသို့တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ နိုင်ငံတကာရော်ဘာဈေးများ မှာလည်း ထပ်မံကျဆင်းသဖြင့် မိမိတို့ရဲ့ပြည်ပပို့မဲ့ရော်ဘာများကို တစ်တန်လျှင် ဒေါ်လာ ၁၀၀ ဈေးချ၍ RSS-1 တစ်တန်လျှင်ဒေါ်လာ ၂၈၀၀-၂၉၀၀၊ RSS-3နဲ့  MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၇၀၀-၂၈၀၀၊ RSS-5  နဲ့ MSR-50 တစ်တန်လျှင် ဒေါ်လာ ၂၆၀၀-၂၇၀၀၊ MSR-10 တစ်တန်လျှင်ဒေါ်လာ ၂၇၅၀-၂၈၅၀၊ Crepe Rubber   တစ်တန်လျှင်ဒေါ်လာ ၂၅၀၀-၂၆၀၀ နဲ့ဈေးနှုန်းထုတ်ပြန်ထားကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရှိရပါတယ်။ယဉ်ယဉ်အေး၊MIRT (DOBT)

Monday, 8 Apr 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်၊ ချင်း ရွှေဟော် ကူးသန်းရောင်းဝယ်ရေးဇုန်နဲ့ ကန်ပိုက်တီးစခန်းများမှ မတ်လ ၁၃ ရက်မှ ၁၉ ရက်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၅၄၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၉၅၁ တန်ကျော်ကိုတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက် တီးစခန်းများ မှ ပြောင်းတန်ချိန် ၁၀၈၉၇ တန်ကျော်တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၃၉၀၀ ကျော်လျော့နည်း ခဲ့တာ တွေ့ရပါတယ်။ အစေ့ထုတ်ပြောင်းကို မန္တလေး၊ မကွေးနဲ့စစ်ကိုင်းဒေသတွေမှာစိုက်ပျိုးကြသလို လားရှိုး၊ သီပေါ ဒေသ တစ်ဝိုက်မှာလည်း စိုက်ပျိုးကြတယ်လို့သိရပါတယ်။ နှစ်ဖက်နိုင်ငံပြောင်းဈေးများ သိသိသာသာ ပြောင်း လဲမှု မရှိတာတွေ့ရပါတယ် - မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု           ယခင်    ပြောင်းလဲမှု    %    ယခု    ယခင်    ပြောင်းလဲမှု    % ၃၀၁၃၃၁    ၂၉၈၈၁၉        ၂၅၁၂       ၁    ၃၅၄    ၃၅၃              ၁        ၀ .၃MIRT (DOBT)

Pages