Main menu

Background

Tuesday, 29 Mar 2016

    ယခုနှစ်အတွင်း ထိုင်းနိုင်ငံမှာဖြစ်ပေါ်တဲ့ပူပြင်းခြောက်သွေ့မှုကြောင့် ၂၀၁၆ ခုနှစ် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု(ဂျီဒီပီ)ဖွံ့ဖြိုးမှုနှုန်းမှာ သုည ဒသမ ၈၅ ရာခိုင်နှုန်း ကျဆင်း ပြီး လယ်ယာ စိုက်ပျိုးရေးနဲ့ စီးပွားရေးကဏ္ဍများမှ  ဆုံးရှုံးမှုက ဘတ် ၁၁၉ ဒသမ ၂၈ ဘီလီယံအထိရှိနိုင်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ် စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်း ခန့်မှန်းတွက်ချက်ရေးစင်တာ (Center for Economic and Business Forecasting) ရဲ့ ထုတ်ပြန်ချက်ကိုကိုးကားပြီးနေးရှင်းသတင်းမှာဖော်ပြပါတယ်။ဒါပေမယ့်ပူပြင်းခြောက်သွေ့မှုဖြစ်ပွားတဲ့ကာလအတွင်းစီးပွားရေးတည်တံ့မှုကို အားပေးတဲ့အနေနဲ့ အစိုးရက စ

Thursday, 24 Mar 2016

   ၂၀၁၅ ခုနှစ်အတွင်းကတောင်ကို ရီးယား   စီးပွားရေးလုပ်ငန်းများကို တရုတ်ကုမ္ပဏီများက ရှယ်ယာဝယ်ယူကာလွှဲပြောင်းရယူမှု မြင့်မားခဲ့ရာ ယဉ်ကျေးမှုနဲ့ ဘဏ္ဍာရေးကဏ္ဍများက အဓိကပစ်မှတ်သဖွယ် ဖြစ်ခဲ့ကြောင်း မတ် ၁၄ ရက်က ထုတ်ပြန်တဲ့ကိန်းဂဏန်းတွေကို ကိုးကားပြီးယွန်းဟပ်သတင်းမှာဖော်ပြထားပါတယ်။ကိုရီးယားအပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအသင်းက  ပြုစုထားတဲ့ ကိန်းဂဏန်းများအရယခင်နှစ်ကတရုတ်ကုမ္ပဏီတွေက တောင် ကိုရီးယား စီးပွားရေးလုပ်ငန်းတွေကိုရှယ်ယာဝယ်ယူပြီးလွှဲပြောင်းရယူတဲ့ (Merger and Acquisition-M&A) သဘောတူ စာချုပ်ပေါင်း ၃၃ ခုရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကရှိခဲ့တဲ့ အရေအတွက်နဲ့နှိုင်းယှဉ် ရင်သုံးဆ မြင့်တ

Thursday, 24 Mar 2016

    လွန်ခဲ့တဲ့နှစ်  အနည်းငယ်အတွင်း စင်ကာပူကုမ္ပဏီတွေကCLMVကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်) နိုင်ငံများသို့ အခိုင်အမာဝင်ရောက်နေရာယူလျက်ရှိရာ အထူးသဖြင့်လျင်မြန်စွာဖွံ့ဖြိုးတိုးတက်နေတဲ့ မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံဈေးကွက်များ အတွင်းဝင်ရောက်ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်းနေးရှင်းသတင်းမှာဖော်ပြထားပါတယ်။ယနေ့အထိ စင်ကာပူနိုင်ငံကဗီယက်နမ်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၅၇၀ ခုမှာ ရင်းနှီးမြှုပ်နှံလျက်ရ ှိရာ ဗီယက်နမ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံလျက်ရှိတဲ့ နိုင်ငံပေါင်း ၁၁၂ နိုင်ငံအနက် တတိယနေရာမှာ ရှိနေပါတယ်။ ဗီယက်နမ်စီမံကိန်းအမျိုးမျိုးတွင် ပါဝင်ရင်းနှီး မြှုပ်နှ

Thursday, 17 Mar 2016

    ကမ္ဘာ့ဝယ်လိုအား ကျဆင်းခြင်းနဲ့ အတူအဓိကအားဖြင့် တောင်ကိုရီးယား ရဲ့ပို့ကုန်လုပ်ငန်းများကျဆင်းမှုနဲ့ ပြည်တွင်းစားသုံးမှု ကျဆင်းခြင်းတို့ ကြောင့်  တောင်ကိုရီးယား စီးပွားရေးနှေးကွေးကျဆင်းရတယ်လို့ နိုင်ငံတော် အကြံပေးအဖွဲ့ (State-run Think Tank)က မတ် ၇ ရက်ကပြော ကြောင်း ယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။''တောင်ကိုရီးယားနိုင်ငံရဲ့ အဓိကစီးပွားရေးညွှန်းကိန်းတွေက ဆက်လက်ကျဆင်းလျက်ရှိတာကို တွေ့ရပြီး စီးပွား ရေးဖွံ့ဖြိုးမှုမှာလည်း တစတစ ကျဆင်းနေတာကိုအချက်ပြသတိ ပေးလျက်ရှိနေပါတယ်''လို့  ကိုရီးယား ဖွံ့ဖြိုးရေးသိပ္ပံ (Korea Development Institute)  က ထုတ်ေ၀ တဲ့ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေလ

Thursday, 17 Mar 2016

   အာဆီယံ+၃ ရဲ့ ငွေကြေးမျိုးစုံနဲ့  ဘွန်းစာချုပ်ထုတ်ဝေမှုအစီအစဉ်မှာ ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်သူနိုင်ငံတစ်နိုင်ငံအဖြစ်ပါဝင်ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ ဒီအစီအစဉ်ကအာရှဖွံ့ဖြိုးရေးဘဏ်(Asian Development Bank- ADB)ရဲ့အစီအစဉ်တစ်ခုဖြစ်ပြီး အစီအစဉ်မှာပါဝင်တဲ့နိုင်ငံတွေအချင်းချင်းဘွန်းစာချုပ်အပြန်အလှန်ထုတ်ဝေမှုကိုလွယ်ကူချောမွေ့ စေအောင်အထောက်အကူပေးမှာဖြစ်ကြောင်းမနီလာတိုင်းမ်အွန်လိုင်းသတင်း မှာ ဖော်ပြပါ တယ်။ ယခုမူဘောင်က နှစ်နိုင်ငံအပြန်အလှန်သဘောတူညီချက်သဖွယ်ဖြစ်ပြီး ဒီမူဘောင်အရပါဝင်တဲ့နိုင်ငံတွေမှာရှိတဲ့ကော်ပိုရေးရှင်းတွေက သက်ဆိုင်ရာလက်ခံနိုင်ငံအတွင်းမှာဘွန်းစာချုပ်တွေထုတ်တဲ့အခါ အထူး

Wednesday, 16 Mar 2016

     ပို့ကုန်သွင်းကုန် ကုန်စည်များအတွက်ဆိပ်ကမ်းရှင်းလင်းချိန်ကို ထက်ဝက်လျှော့ချရန်နဲ့အိန္ဒိယကုန်သည်များအတွက်လုပ်ငန်းဆောင် ရွက်ချိန်ကိုလျှော့ချနိုင်ရန်အတွက် ဆောင်ရွက်ရာမှာအကူအညီပေးရန်အစိုးရက ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း တိုင်းမ်အော့အိန္ဒိယသတင်းမှာဖော်ပြပါတယ်။နယ်နိမိတ်ဖြတ်ကျော်ကုန်သွယ် မှုလုပ်ငန်းများကို ဆောင်ရွက်နေတဲ့ နိုင်ငံပေါင်း ၁၈၀ ရှိတဲ့အနက် အိန္ဒိယနိုင်ငံရဲ့အဆင့်နေရာက အဆင့် ၁၃ မှာရှိ ကြောင်း ကမ္ဘာ့ဘဏ်ရဲ့လေ့လာ ချက်စာတမ်းမှာ ဖော်ပြပါတယ်။ ပို့ုကုန် လုပ်ငန်းရှင်တစ်ယောက်ကပျမ်းမျှခြင်း အားဖြင့်စာရွက်စာတမ်းများ ပြင်ဆင်တာနဲ့ နယ်နိမိတ်ဖြတ်ကျော်ရေးစည်းမျဉ်းဥပဒေများအတွက်ကိ

Wednesday, 9 Mar 2016

       ဖေဖော်ဝါရီတွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၄၀၅၄၉ တန်ဖိုးရှိ ပြောင်းကြိတ်ဖတ်မှုန့် ၅၀၂ တန်တင်ပို့ခဲ့ပါတယ်။ပြောင်းကြိတ်ဖတ်မှုန့်ကိုတိရစ္ဆာန်အစာအတွက် အသုံးပြုရ တာဖြစ်လို့ တရုတ်နိုင်ငံ သို့ ယခုလို ပုံမှန်တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။ အနီးစပ်ဆုံးကာလတူ ဇန်နဝါရီမှာတော့ ၁၀၄၂ တန်ထိ တင်ပို့နိုင်ခဲ့ပါတယ်။ ပြောင်းကြိတ်ဖတ်မှုန့်  တစ်တန်ရဲ့ လိုင်စင်ဈေးမှာ (ငွေလဲနှုန်းအရ) ဇန်နဝါရီက ၇၆-၇၇ ဒေါ်လာရှိပြီး ယခုဖေဖော်ဝါရီမှ ၇၈-၈၁ ဒေါ်လာရှိတယ်လို့ မူဆယ်ကုန်စည်ဒိုင်မှသိရပါတယ်။
မော်မော်အောင်

Tuesday, 8 Mar 2016

           ဇန်နဝါရီအတွင်း ဂျပန်နိုင်ငံမှာအလုပ်အကိုင်ရရှိမှုက  ၁ ဒသမ ၂၈ ဆ ရှိတဲ့အတွက် ၂၄ နှစ်အတွင်း   အမြင့် ဆုံးနှုန်းကို ရောက်ရှိခဲ့ကြောင်း  မတ် ၁ ရက်ကထုတ်ပြန်တဲ့အစိုးရကိန်း ဂဏန်းများကို   ကိုးကားပြီး   နီကေး သတင်းမှဖော်ပြပါတယ်။   အလုပ် အကိုင်ရရှိနိုင်မှုက ၁ ဒသမ ၂၈ ဆ ရှိတဲ့ အချက်က အလုပ်အကိုင်ရှာဖွေသူ ၁၀၀ ရှိပါက လစ်လပ်နေရာ ၁၂၈နေရာ ရှိတဲ့သဘောဖြစ်ပါတယ်။ဇန်နဝါရီမှာ ရရှိခဲ့တဲ့အခြေအနေ က ၁၉၉၁ ခုနှစ်  ဒီဇင် ဘာနောက်ပိုင်း အမြင့်ဆုံးအခြေအနေဖြစ်ပြီး ဟိုတယ်၊ စားသောက်ဆိုင်၊ ဆေးဝါးနဲ့ လူမှုရေး ကဏ္ဍတွေမှာ အလုပ်အကိုင်ဖန်တီးမှု အခြေအနေကောင်းမွန်နေတဲ့ အတွက် ကြောင့်ဖြစ်ကြောင်း  ကျန်းမာရေး၊

Tuesday, 8 Mar 2016

            ဇန်နဝါရီအတွင်း  ဥရောပသမဂ္ဂ တစ်ခုလုံးစီးပွားရေးကျဆင်းလာပြီး နောက်ပိုင်းအလူးအလဲရုန်းကန်နေရ တာကြောင့်ယူရိုဇုန်ကိုတိုးမြှင့်ထောက် ပံ့ပေးရန် ဥရောပဗဟိုဘဏ် (Euro- pean Centeral Bank -ECB) အပေါ်သို့ ဖိအားပေးမှုများကြီးထွားလာကြောင်း ဂါးဒီးယန်းသတင်းမှာ ဖော်ပြပါတယ်။ဈေးနှုန်းတွေရုတ်တရက် ကျဆင်းလာတာကိုကြည့်ခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုနှုန်းက    အနုတ်သဘောဆောင်လာပြီးယူရိုဇုန်တစ်ခု လုံးကအလုံးစုံငွေတန်ဖိုး ကြုံ့မှုနဲ့ ရင်ဆိုင်ရမယ့်အဖြစ်သို့ ဦးတည်နေတာကိုပြသလျက်ရှိပါတယ်။ အီးစီဘီ ကလာမယ့်သီတင်းပတ်ထဲမှာ ပြုလုပ် မယ့်အစည်းအဝေးမှာဈေးကွက် အတွင်းသို့ငွေတွေဖြည့်ဆည်းပေးပြီး ဗဟိုဘဏ် အတိ

Tuesday, 8 Mar 2016

          ဇန်နဝါရီ ၁၆ ရက်မှာ အမေရိ ကန်ပြည်ထောင်စုနဲ့ကုလသမဂ္ဂတို့က အီရန်နိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို ရုပ်သိမ်းပြီးနောက်ပိုင်း ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရေနံနဲ့ဓာတု ထုတ်ကုန်ပထမသုတ်ကို ဥရောပသို့အီရန်နိုင်ငံကတင်ပို့ခဲ့ကြောင်း အီရန်သင်္ဘောလိုင်းညွှန်ကြားရေးမှူးချုပ် မိုဟာမက်ဆာအီးဒီရဲ့ပြောကြားချက် ကို ကိုးကားပြီး တီဟီရန်တိုင်းသတင်းမှာဖော်ပြပါတယ်။လာမယ့်ရက်အနည်း ငယ် အတွင်းဥရောပဆိပ်ကမ်းများသို့ တင်ပို့လိုက်တဲ့ ပစ္စည်းများရောက်ရှိ မှာ ဖြစ်ကြောင်း Tasnim   သတင်း အေဂျင်စီက ဖေဖော်ဝါရီ ၂၈ ရက်က ပြောပါတယ်။ အီရန်သင်္ဘောလိုင်းများ အား စီးပွားရေးဒဏ်ခတ်  ပ

Pages