Main menu

Background

Tuesday, 7 Jun 2016

           ပခုက္ကူကုန်စည်ဒိုင်တွင် မေလအတွင်း ဆောင်းစိုက် (ပင်စိုက်)ကြက်သွန်နီများ အရောင်းအဝယ် တော်တော်လေး သွက်ခဲ့ပါတယ်။ ပခုက္ကူခရိုင်အတွင်းရှိ  ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်ရာဒေသတွေဖြစ်တဲ့ ပေါက်၊ ဆိပ်ဖြူမြို့ နယ်တို့တွင် ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများ မတ်လဆန်းမှ စတင် ၍ ဈေးကွက်အတွင်းဝင်ရောက်လာရာ လက်ကားဈေးနှုန်း တစ်ပိဿာလျှင်  ထိပ်စ ကျပ် ၅၀၀၊ လတ်စ ကျပ် ၄၅၀၊ အနိမ့် ကျပ် ၃၇၀ဈေးနှုန်းများဖြင့် တစ်နေ့ လျှင် ပိဿာချိန် ၁၀၀၀၀ မှ ၁၅၀၀၀ ကြား ဝင်ရောက်ခဲ့ပါတယ်။

Tuesday, 7 Jun 2016

             တစ်ချိန်က အိန္ဒိယဈေးကွက်အတွက် အရေးပါခဲ့တဲ့ ပြည်ပ ပို့ကုန်ကုလားပဲမျိုးစုံဟာ မျိုး၊ အရည်အသွေးနဲ့ပေါက်ဈေး အခြေအနေအရ ပြည်ပအဝယ်ရပ်သွားပြီးတဲ့နောက် ပြည်တွင်းဝယ်လိုအားကြောင့် ဒီနှစ်မှာ ဈေးမြောက် ခဲ့တာ  တွေ့ရပါ တယ်။ အဓိကလိုအပ်တဲ့ ဒေသတွင်းလုပ်ငန်းတွေဖြစ်ကြတဲ့ ကြာဆံလုပ်ငန်း၊ ပဲခွဲစက်၊ အမှုန့်ကြိတ်လုပ်ငန်း၊ ပဲလှော်နဲ့ ပဲကြော်လုပ်ငန်းတွေမှာ ကုန်ကြမ်းအဖြစ် နေ့စဉ်လိုအပ်ချက်ရှိတဲ့ အတွက် ဒေသတွင်းဈေးကွ က်မှာ ကုလားပဲက ဆက်လက် ခိုင်မာနေတာ တွေ့ရပါတယ်။

Tuesday, 7 Jun 2016

           မုံရွာကုန်စည်ဒိုင် ဇွန်လဆန်း ပဲဈေးကွက်မှာ ပြီးခဲ့တဲ့မေလကုန်ပတ် ကထက် ပဲအများစုမှာ ပုံမှန်အောက်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဈေးအသီး သီးကျဆင်းသွားတာ   တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်တွေက ဒိုင်ကိုအဝင် သွက် ခဲ့ တဲ့   နွေပဲတီလည်း ယခုတစ်ပတ်မှာ ဒေသတွင်း မိုးရွာသွန်းမှု  ရှိခဲ့လို့ ပဲကောက် ပဲဆွတ် မလုပ်နိုင်တဲ့ အတွက်  ပဲအဝင်လျော့ခဲ့တယ်လို့ ပွဲရုံ ရပ်ကွက်ကဆိုပါတယ်။ ဝယ်လက်အနေ နဲ့ တရုတ်ပြည်အတွက် ဝယ်၊ သယ်၊  ပို့တိုက်ရိုက်သာဖြစ်ခဲ့ပြီး၊ မနှစ်ကလို အမြင့်ဈေးမျိုးမှန်းပြီး၊ လှောင်လက် အဝယ်မျိုးမရှိခဲ့လို့ ယခုတစ်ပတ်မှာ စိမ်းကြီးတစ်တင်းကျပ် ၃၀၀၀၀ အထိ အနိမ့်ဆုံးဈေးဖြစ်ပေါ်ခဲ့တာတွေ့ရပါ တယ်။ စိမ်းသေးကတော့ ဒိုင်

Wednesday, 11 May 2016

    ယခုတစ်ပတ်အတွင်း  အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းများ ပြည်ဈေးကွက်သို့ ပိဿာ ၃၀ ဝင်အိတ် ၈၀ ခန့်အဝင်ရှိပြီး၊ ယခင်တစ် ပတ်ကထက်အဝင်နည်းလာပါတယ်။ အဝင်နည်းပေမယ့်ဈေးနှုန်းမှာတည်ငြိမ်ပြီး  ယခင်တစ် ပတ်အတိုင်းမပြောင်းလဲဘဲအရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါတယ်။ဈေးနှုန်းမှာ ချင်းတစ်ပိဿာ(ရှယ်) ၁၂၀၀ ကျပ်၊ ၁၃၀၀ ကျပ်(ဂျွန်) ၈၀၀ ကျပ်၊ ၉၀၀ ကျပ်နှင့်ဈေးကွက်အတွင်းတစ်နေ့ကို ပိဿာချိန် ၁၅၀ ခန့်အရောင်းအဝယ်ဖြစ်ပြီး ဧရာဝတီ တိုင်းဒေသ ကြီးနှင့် ရခိုင်ပြည်နယ်ဘက်သို့ ဈေးကွက်မှတစ်ဆင့် စားသုံးမှုအဖြစ် ယခုတစ်ပတ် အတွင်း ပိဿာချိန် ၁၅၀ ခန့်တင်ပို့မှုရှိတယ်လို့ ချင်းပွဲရုံများမှသိရပါတယ်။

Tuesday, 10 May 2016

   ဧပြီ ၂၄ ရက်မှ ၃၀ ရက်သီတင်း ပတ်အတွင်း  မန်ကျည်း ၇၄၃ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံသို့  ၁၇၅ တန်၊ ပါကစ္စတန်သို့ ၄၂၃တန်၊ စင်ကာပူသို့ ၉၅ တန်နဲ့ ဗီယက် နမ်သို့တန်ချိန် ၅၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က မန်ကျည်း တန်ချိန်၁၂၀ သာ တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့နှိုင်း ယှဉ်ရင် တန်ချိန် ၆၂၀ ကျော်တင်ပို့မှု ပိုခဲ့တယ်လို့ သိရပါတယ်။ မန်ကျည်း တင်ပို့မှုမှ ကန်ဒေါ်လာ ၂၂၅၉၂၀ ဝင် ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ဧပြီလအတွင်း မန်ကျည်းစုစု ပေါင်း ၁၄၉၃ တန် တင်ပို့နိုင်ခဲ့ပြီး တင်ပို့ခဲ့တဲ့ နိုင်ငံများမှာစင်ကာပူ၊  ပါကစ္

Tuesday, 10 May 2016

     မေလဆန်းပြည်ပဲဈေးကွက်မှာ ပြည်ပဝယ်လက်ပဲများ ဈေးပြန်လျော့ သွားပေမယ့် လက်လီပဲအချို့ကတော့ ဈေးမြင့်တက်လာခဲ့တာကိုတွေ့ရပါ တယ်။ ဧပြီလကုန်ရက်က ပဲဈေးကွက်မှာလက်လီဝယ်လက်ဝယ်ယူမှုလောက် သာ ရှိတော့တဲ့ပဲလွန်းဖြူသီးနှံဟာ တစ်တင်း ၂၀၀၀၀ ကျပ်ဖြင့်သာဈေးငြိမ်ခဲ့ ရာမှ ယခုမေလဆန်းမှာ တစ်တင်း ၂၄၀၀၀ ကျပ်ဖြင့်ဈေးမြင့်တက်လာခဲ့ပါတယ်။သို့သော်လည်း ပဲအဝင်မရှိတော့ဘဲလက်ကျန်ပဲသာရှိခဲ့လို့ လက်လီသမား အနည်းငယ်အဝယ် ရှိခဲ့ပါတယ်။ ပဲပေါ် ချိန်၊ ပဲအထွက်လှိုင်ချိန်များတွင်သာ လက်လီသမားအပြင်၊ ရန်ကုန်ဝယ်လက် ဝယ်ယူမှုရှိခဲ့ကြောင်း သိရပါတယ်။
ခင်ဆွေဝင်း-ပြည်

Tuesday, 10 May 2016

    မေလဆန်း  ပြည်ဈေးကွက်မှာ ပဲအချို့ဈေးလျော့နည်းခဲ့သော်လည်း လက်လီပဲအချို့ဈေးမြင့်တက်ခဲ့ရာ စားတော်ပဲသီးနှံဈေးကလည်း သြင်္ကန်ပြီး ကာလမှစ၍ ဈေးတရိပ်ရိပ် တက်ခဲ့တာကြောင့်  မေပထမပတ်မှာ တစ်တင်း ၄၀၀၀၀ ကျပ်အထိရရှိခဲ့တာကိုတွေ့ရပါတယ်။ ဧပြီလကုန်မှာတစ်တင်း ၃၇၀၀၀ ကျပ်ရရှိပြီးလက်လီပဲဈေးကွက်မှာ ဈေးအမြင့်ဆုံးရနေသလိုယခုတစ် ပတ်မှာ တစ်တင်းကျပ် ၃၀၀၀ ခန့်ပိုရလာလို့ပြည်ပပဲဈေးကွက်တင်ပို့မှုရှိတဲ့ ပဲဈေးများ ကဲ့သို့ ဈေးကောင်းရလာပြီးတစ်ရက်အိတ် ၃၀ ကျော် ၄၀ အထိလက်လီအဝယ်ရှိနေခဲ့ပါတယ်။စားတော်ပဲသီးနှံရဲ့နေ့စဉ်ဈေးနှုန်းများအရ အခြားပဲများနှင့် နှိုင်းယှဉ်ကြည့် လျှင် ပြည်တွင်းဝယ်လက်ပဲထဲ မှာ နှစ်စဉ်ဈေး ကောင်း

Thursday, 5 May 2016

  ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ်အတွင်း   ကန်ဒေါ်လာ ၈၅၆၅၄၃ တန်ဖိုးရှိ မြေသြဇာ ၂၅၄၁ ဒသမ ၃၁၉ တန်ကို လည်းကောင်း၊ ဧပြီ ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၁၅၈၆၅ တန်ဖိုးရှိ မြေသြဇာ ၅၈၇ တန်ကို လည်းကောင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဧပြီ ပထမသီတင်းပတ်အတွင်း တရုတ်နိုင်ငံမှ ၁၈၃၈ ဒသမ ၅ တန်၊ အိန္ဒိယ မှ ၁၀ တန်နဲ့  စင်ကာပူမှ ၆၉၂ ဒသမ ၈၁၉ တန် တင်သွင်းခဲ့ပြီး နောက်တစ်ပတ်မှာ စင်ကာပူနိုင်ငံမှ ၅၆၇ တန်နဲ့ ဂျပန်နိုင်ငံမှ တန်၂၀ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

Wednesday, 4 May 2016

  ပြည်ထောပတ်ပဲသီးနှံမှာ ယခုလကုန်ပတ်အတွင်း ပဲအဝင်သိပ်မရှိတော့ ဘဲတစ်ရက်အိတ် ၃၀မှ ၇၀ခန့်သာ ဝင်ရောက်ခဲ့ပြီး လက်ကျန်ပဲသိပ်မရှိတော့တဲ့ အတွက်ဝင်လာသမျှပဲများအားလက်လီသမားတွေ အဝယ်ရှိခဲ့ကြပါ တယ်။ပဲဈေးနှုန်းမှာပဲဈေးကွက်အတွင်း ဈေးအနိမ့်ဆုံးရခဲ့တာကြောင့်  တစ်တင်း ၁၅၀၀၀ကျပ်ဖြင့်သာအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။သြင်္ကန်မတိုင်မီ ကာလဈေးမှာ တစ်တင်း ၁၃၅၀၀ကျပ်သာ ရရှိခဲ့လို့ယခုလကုန်မှာဈေးမြင့်တက် လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ထောပတ်ပဲသီးနှံဟာ ပဲသစ်ပေါ်ချိန် မှစ၍ ယခုချိန်အထိဈေးအေးအေးနဲ့ ကျပ်၂၀၀၀၀ အောက်သာရရှိခဲ့ပြီး၊ အရောင်း အဝယ်ဖြစ်ခဲ့လို့ ယခုနှစ်ဈေးအေးခဲ့တဲ့သီးနှံဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Tuesday, 3 May 2016

 ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ   ခရမ်းမြို့နယ်နှင့်သုံးခွမြို့နယ်တို့တွင် ရောင်းဝယ်လျက်ရှိသည့် ပဲတီစိမ်း ဈေးကွက်ကိုလေ့လာစောင့်ကြည့်ပြီးမှ ရောင်းဝယ်သင့်ကြောင်း ကုန်သည်အသိုင်းအဝိုင်းမှ ပြောကြားလျက်ရှိနေပါတယ်။ ပြီးခဲ့သည့်ဧပြီလဆန်းပိုင်းကတည်းက   ခရမ်း-သုံးခွ နယ်အတွင်း ပဲတီစိမ်းဈေးကွက်တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၃၂၀၀၀နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။အဲဒီကာလမတိုင်ခင်ကတစ်တင်းလျင် ကျပ် ၄၂၀၀၀ ရှိခဲ့ပေမယ့် ပဲတီစိမ်း တောင်သူတွေအနေနဲ့ ဈေးမြင့်တက်မယ်အထင်နဲ့ စောင့်ဆိုင်းနေခဲ့ပါ တယ်။ဒါပေမယ့်လည်း   သြင်္ကန်ကာလနီးလာလေ ပဲတီစိမ်း ဈေး နိမ့်ကျလေလေ ဖြစ်လာတာကြောင့် တောင်သူတွေဟာ ပေါက်ဈေးနဲ့ ရောင်းချနေ

Pages