Background
ပြည်တွင်းငွေလဲဈေးကွက်သည် ယခုရက်သတ္တပတ်အတွင်း ဈေးနှုန်းတည်ငြိမ် နေခဲ့ကြောင်း ပြည်တွင်းငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်းကို ယခင်ရက် သတ္တပတ်က အမေရိကန် တစ်ဒေါ်လာလျှင်၁၅၂၁ကျပ် သတ်မှတ်ခဲ့ရာမှ ယခုရက်သတ္တပတ်တွင် ၁၅၂၃ကျပ် သို့ ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရသည်။ ပြည်တွင်းဈေးကွက်အတွင်း ယခုရက်သတ္တပတ်တွင် အမေရိကန်ဒေါ် လာ ကို ဝယ်လိုအားနည်းနေသလို ရောင်းလိုအားလည်း နည်းနေကြောင်း၊ ထို့ကြောင့် အရောင်းအဝယ်နည်းခဲ့ပြီး ဈေးငြိမ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုဘဏ္ဍာနှစ်ခြောက်လ တာကာလအတွင်း ရင်းနှီးမြှုပ်နံှမှုမှာ ကန်ဒေါ်လာနှစ် ဘီလျံကျော်အထိရောက်ရှိလာ ခြင်း၊ ယခုရ
ပြည်တွင်းငွေလဲဈေးကွက်သည် မေလစတုတ္ထပတ်အတွင်း ဈေးငြိမ်နေခဲ့ကြောင်းသတင်းရရှိသည်။မြန်မာနိုင်ငံတော်ဗဟို ဘဏ်ကလည်း ရည်ညွှန်းငွေလဲနှုန်းကို အမေရိကန် တစ်ဒေါ်လာလျှင်၁၃၄၈ ကျပ်မှ တစ်ဒေါ်လာလျှင် ၁၃၅၆ကျပ်သို့ ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရသည်။
အမေရိကန် စီးပွားရေးလောကတွင် အစုရှယ်ယာဈေးနှုန်းများ ကျဆင်းလာ ခြင်းကြောင့် အမေရိကန်ဒေါ်လာဈေးအပေါ် သက်ရောက်မှုရှိခြင်း၊ ပြည်တွင်း ဈေး ကွက်တွင်လည်း စက်သုံးဆီဈေးနှုန်း မြင့်တက် လာခြင်းကြောင့် ဒေါ်လာဝယ်လိုအား များလာပြီး ဈေးအမြင့်တန်းတွင်ရှိနေခြင်းဖြစ်ကြောင်း ပြည်တွင်းငွေကြေးအရောင်း အဝယ်ဈေးကွက်အတွင်းမှ စုံစမ်းသိရှိ ရသည်။
ယခုတစ်ပတ်တွင် ပြည်တွင်းငွေလဲနှုန်းများ ဆက်လက်မြင့်တက်ခဲ့ရာ အမြင့် ဆုံးရောင်းဈေးအဖြစ် ကျပ်၁၂၀၀ သို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ဈေးကွက်တွင် အဝယ်လိုက်လာသဖြင့် ဈေးမြင့်တက်လာရခြင်းဖြစ်သည်ဟု ဆိုသည်။ "ဈေးကွက်ထဲမှာ အဝယ်ပြန်လိုက်လာတာ နှစ်ပတ်လောက်ရှိနေပြီ။ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက အဝယ်လိုက်နေတာပါ။ ဈေးပြန်တက်လာတဲ့အတွက် ဈေး ကွက်ထဲမှာ ပြန်ပြီးလှုပ်လာ တယ်။ နိုင်ငံတကာမှာလည်း ေ ဈးမြင့် တက်လာတဲ့အတွက် ပြည်တွင်းငွေလဲနှုန်းတွေ မြင့်တက်လာရတာပါ။ သွင်းကုန်တွေကလည်း များလာ တော့ သွင်းကုန်အတွက် ဝယ်ကြတာများပါတယ်"ဟု ဈေးကွက်အတွင်း ဝယ်ရောင်း ပြုလုပ်နေသူတစ်ဦး က ပြော ကြားခဲ့သည်။ ပြည်တွင်းငွေလဲစင်တာများတွင် သြဂုတ် ၁၅ ရ
ယွမ်ငွေကြေးတန်ဖိုး ချတဲ့အတွက် ဖြစ်ပေါ်ရတဲ့ ဈေးကွက်ကသောင်းကနင်းဖြစ်မှုက စတော့ဈေးကွက်တွေရဲ့ ရက်သတ္တပတ်အလိုက်ကျဆင်းမှုကို နှစ် နှစ်အတွင်းအဆိုးဆုံးသို့ ရောက်ရှိစေခဲ့ပါတယ်။ ထို့အတူ ငွေကြေးတန် ဖိုး တွေကလည်း ယခုရာစုနှစ်အတွင်း ကျဆင်းမှု ကာလအရှည်ကြာဆုံးဖြစ်ခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စတော့ဈေးကွက်တွေရဲ့ အတက်အကျမတည်ငြိမ်မှု ကနှစ်နှစ်အတွင်းအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုး ရိမ်မှုတွေမြင့်တက်နေချိန်မှာ အမေရိကန် ပြည်ထောင်စုက စက်တင်ဘာလမှာ အတိုးနှုန်းကို မြှင့်တင်ပေးမယ်ဆိုတဲ့ သတင်းကြောင့် ဒေါ်လာနဲ့ထားရှိတဲ့ အက်ဆက်တွေကို ဝယ်ယူဖို့ပြောင်းလဲ ကြိုးပမ်းလာတာကို တွေ့ရပါတ ယ်။
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ကျဆင်းခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများ သည် ယခုတစ်ပတ်တွင် ရေလွှမ်းမိုးနစ်မြုပ်မှုများနှင့်အတူ အနည်းငယ်ပြန်လည် မြင့်တက်လာခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
တစ်လအတွင်း အမြင့်ဆုံးအဖြစ် အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၀၀ ကျပ် သို့ရောက်ရှိခဲ့ပြီးနောက် ဗဟိုဘဏ်နှင့်နိုင်ငံတော် အစိုးရမှတာဝန်ရှိသူများ၊ လွှတ် တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ ရာတွင် စက်သုံးဆီများနှင့်စားသုံးဆီသွင်းကုန်များအတွက် လိုအပ်သည့်နိုင်ငံခြား ငွေကို ဗဟိုဘဏ်နှုန်းထားအတိုင်း အကန့်အသတ်မရှိ ရောင်းချပေးရန် ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ဆုံးဖြတ်ချက်များရ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူး သန်းရောင်းဝယ်ရေးဘဏ်နှင့်ပုဂ္ဂလိကဘဏ် များအနေဖြင့် ယခုလ ၂၂ ရက်နေ့မှ စတင်၍ ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကတည်းက မြင့်တက်ခဲ့သည့် မြန်မာ့ ရွှေဈေးသည် ယခုတစ်ပတ်တွင် ပိုမို အတက်ကြမ်းလာခဲ့ကာ ပြန်လည်ကျ ဆင်းသည့်အခါတွင်လည်း အကျကြမ်း ခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း က မြန်မာ့ရွှေဈေးသည် ကျပ် ၇၂၇၀၀၀ ဖြင့် ဈေးပိတ်ခဲ့ပြီး ဈေးပြန်ဖွင့်ချိန်တွင် အဆိုပါဈေးအတိုင်းသာရှိခဲ့သည်။ သို့ သော် ဇွန် ၉ ရက်တွင် ပြည်တွင်းရွှေ ဈေးသည် ထိုနေ့တစ်နေ့တည်းမှာပင် ကျပ် ၃၄၅၀၀ အထိ မြင့်တက်ခဲ့သည်။ ထို့နောက် ဆက်လက်မြင့်တက်ခဲ့ရာ ဇွန် ၁၀ရက်တွင် စံချိန်တင်အမြင့်ဆုံး ဈေးအဖြစ် ကျပ်ရှစ်သိန်းအထိ မြင့် တက်ခဲ့သည်။
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ဆက်တိုက်မြင့်တက်ခဲ့သည့် ငွေလဲနှုန်း များသည် ယခုတစ်ပတ်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၅၅ကျပ်အထိ အမြင့်ဆုံး နှုန်းကိုရောက်ရှိခဲ့ပြီး ပြန်လည်ကျ ဆင်းခဲ့ သည်။ ပြည် တွင်းငွေလဲနှုန်းများ အဆ မတန် မြင့်တက်လာခြင်းကြောင့် အခြေခံစားကုန်ဈေးနှုန်းများ ရုတ်ခြည်းမြင့်တက် လာခဲ့သည်။ ထို့ပြင် မြန်မာ့ရွှေဈေးမှာလည်း ငွေလဲနှုန်းမြင့်တက်မှုကြောင့် ကျပ်ရှစ် သိန်းအထိ အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိခဲ့သည်။
အတွဲ(၁၅)အမှတ်(၁၀)