Main menu

Background

Tuesday, 8 Nov 2011

(ယခင်အပတ် မှ အဆက်)                                           နောက်သယံဇာတ ရုတ်လျော့ဆုံးရှုံးသွားသော အနီးဆုံး ဥပမာကို ပြရလျှင် အိမ်နီးချင်းထိုင်းနိုင်ငံကို ကြည့် ပါ။ ထိုင်းနိုင်ငံသည် ၁၉၆၁-၁၉၆၅ ခုနှစ် တွင်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ပထမဦးဆုံးသော ထိုင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ အနာဂတ် တိုးတက်ရေးစီမံချက်များ အရ ထိုင်းနိုင်ငံ တွင် အင်အားကြီးမားပြီး၊ ဖမ်းဆီးနိုင်စွမ်း အားမြင့်မားသည့် တရွတ်ဆွဲငါးဖမ်းနည်း စနစ်၊ စက်အားဖြင့်တွန်းကာ ဖမ်းဆီးနိုင် သော ငါးဖမ်းနည်းစနစ်များကိုသုံးကာ ဖမ်းဆီးခြင်းကို စတင်မိတ်ဆက်ဖမ်းဆီးခဲ့ ကြပါသည်။ လွန်စွာဖမ်းဆီးနိုင်စွမ်း မြင့်မားသောကြောင့် ငါးအထိ အမိသိသာ ထင်ရှားစွာ တိုးတက်လာသည်ကို ၎င်းတို့ ဖော်ပြသော သုတေသနရလဒ်များအရ သိရှိခဲ့ကြရပါသည်။ထိုင်းနိုင်ငံ ၏ နိုင်ငံခြား ပို့ကုန်ပမာဏနှင့် တစ်မျိုးသားလုံးဝင်ငွေ GDP သည်လည်းထင်ရှားစွာ မြင့်တက်လာပါသည်။ ထိုင်းအစိုးရသည် သို့အတွက် ရေလုပ်ငန်း ပို့ကုန်ပိုမိုမြှင့်တင်ရေးကို ဆတက်ထမ်းပိုးတိုးကာ ဆက်လက်လုပ်ဆောင်ခဲ့ကြပါသည်။ထိုင်းငါးဖမ်းလှေများသည် မိမိတို့ရေပိုင်နက်အပြင် မိမိတို့ နှင့်ထိစပ်နေသည့် နိုင်ငံရေပိုင်နက်များကိုပါ မိမိတို့ထိုင်းနိုင်ငံ GDP  တိုးမြှင့်ရေးအတွက် တရား ဝင်နည်း၊တရားမဝင်နည်းကိုပါ ကျင့်သုံးဖမ်းဆီးလာသည်ကို ထိုစဉ်က ထိုင်းငါးဖမ်းသင်္ဘောများပေါ်တွင် ငါးခိုးဖမ်းရာတွင် လိုက်ပါခဲ့ကြသည့် မြန်မာအလုပ်သမားငယ်များ ယခုဆိုလျှင် မြန်မာ့ရေပြင်တွင်ငါးဖမ်းအတွေ့အကြုံ အတော်ရင့်ကျက်နေသူ တို့၏ စိတ်အစဉ်တွင် မိမိတို့တိုင်းပြည်သယံဇာတ မိမိတို့ ပြန်ခိုးပေးခဲ့ရသည့် အဖြစ်ပြန်ပြောင်းစဉ်းစားကြည့်လျှင် ရင်နာတတ်မည် ဆိုလျှင် ရင်နာနိုင်ပေသည်။ထို့ကြောင့် ထိုင်းနိုင်ငံ၏ နှစ်စဉ်ငါးထုတ်လုပ်မှုသည် ၁၉၆၁ ခုနှစ်တွင် မက်ထရစ်တန် ၃၀၅ ၇၅၀ တန် ထုတ်လုပ်ခဲ့ရာမှ ၁၉၆၅ခုနှစ်တွင် မက်ထရစ်တန်ပေါင်း ၇၂၀ ၂၈၂ တန် ထုတ်လုပ်ကာ ငါးနှစ်တာကလအတွင်း နှစ်ဆ တိုးတက်လာခဲ့သည်။၁၉၇၇ ခုနှစ် တွင် မက်ထရစ်တန်ချိန်သန်းပေါင်း ၂ သန်းအထိတိုးတက်အောင်ထုတ်လုပ်ခဲ့ကြသည်ကို တွေ့ရသည်။                သို့သော်၁၉၇၇ နောက်ပိုင်းတွင် ငါး ထုတ်လုပ်မှုသည် ထို့ထက်တိုးတက်ထုတ် လုပ်နိုင်မှု မရှိတော့သည်ကိုတွေ့ ရသည်။ အဘယ့်ကြောင့်နည်း ၎င်းတို့သတိ မထားခဲ့သည်က ငါးသယံဇာတ၏ သဘောမှာ အမြင့်ဆုံးထုတ်လုပ်နိုင်သည့် ပမာဏMaximum Sustainable Yield (MSY)  ထက်ပိုမိုထုတ်လုပ်ပါက သယံဇာတသည် ပထမ တိုးတက်ထုတ်နိုင်ခြင်းမရှိဘဲ တန်ဖိုး တစ်ခုပတ်ဝန်းကျင်တွင် တန့်နေမည်ဖြစ်ပြီး ထို့ထက်ပိုမိုထုတ်လုပ်ရန်ကြိုးစားပါက တစ်ဖြည်းဖြည်းဆုတ်ယုတ် လျော့ပါး ပျက်စီးသွားပေလိမ့်မည်။                   ၁၉၇၇ ခုနှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၏ငါးထုတ်လုပ်မှုသည် စတင်ကျဆင်းစပြု လာပါသည်။သုတေသနစာစောင် တွင် ထိုကျဆင်းရခြင်းမှာ အချက် နှစ်ချက်ကြောင့်ဟုပြဆိုထားသည်။ပထမအချက်မှာ ပင်လယ်ပြင်ကန့်သတ်စီးပွားရေးဇုန်ကို ရေမိုင် ၂၀၀ သတ်မှတ်လိုက်သည့်အတွက် မိမိတို့နှစ်နယ်နိမိတ်ခြင်းထိစပ်နေသည့် နိုင်ငံ၏ငါးဖမ်း ကွက်များသို့ သွားရောက် ငါးဖမ်းရန် အခက်အခဲရှိလာခြင်း။ဒုတိယအချက်မှာ ထိုင်းပင်လယ်ကွေ့အတွင်း အဆမတန် တရားလွန်ငါးဖမ်းဆီးမှုကြောင့်ငါး အလွန်အကျွံဖမ်းဆီးမှုခံရခြင်းလက္ခဏာများဖြစ်ပေါ်လာခြင်းတို့ ဖြစ်ပါသည်။ နမူနာယူစရာပင်မဟုတ်ပါလား။                  ၁၉၇၇ ခုနှစ်တွင်  Aunterpracha  ၏သုတေသနရလဒ် တင်ပြချက်အရ ထိုင်းနိုင်ငံပင်လယ်ကွေ့အတွင်း သယံဇာ တထိန်းသိမ်းခြင်းလုပ်ငန်းကို လျင်မြန်စွာအရေးပေါ်ဆောင်ရွက်ရန် လိုအပ်ကြောင်း တင်ပြခဲ့ပါသည်။ထို့ကြောင့် ထိုင်းနိုင်ငံ အစိုးရသည် ထိုင်း ပင်လယ်ကွေ့အတွင်းတွင် တရွတ်ဆွဲပိုက်ငါးဖမ်းခြင်းကို လုံးဝပိတ်ပင်ပေးခဲ့ပါသည်။                    ပြန်လည်သုံးသပ်ကြည့်လျှင် ၁၉၇၂ ခုနှစ်ကတည်းက ထိုင်ပင်လယ်ကွေ့အတွင်း ငါးလုပ်ငန်းထုတ်လုပ်မှုကို ခေတ်မီငါးဖမ်းနည်းစနစ်များနှင့် နိုင်ငံ၏ GDP  ကို တိုးတက်အောင်ငါးဖမ်းဆီးထုတ်လုပ်ခဲ့ရာ ထင်ရှားသော အချက်အလက်များက ငါးသယံဇာတ ထုတ်လုပ်သင့်သည်ထက် ပိုမိုထုတ်လုပ်ခဲ့ကြကြောင်း တွေ့ရှိခဲ့ကြရပါသည်။                   ၁၉၇၃ ခုနှစ်နောက်ပိုင်းတွင် ထိုင်းပင်လယ်ကွေ့သုတေသနရလဒ်များအရ တရွတ်ဆွဲပိုက်မျာငါးအထိအမိ၏ ၇၀ ရာခိုင်နှုန်းသည် ငါးပုစွန်သားပေါက်လေးများ၊တန်ဖိုးကြီးမားသည့် ငါးအမျိုးအစားသားလောင်းများ ဖြစ်ကြသည်ကို တွေ့ရ ကြောင်းဖော်ပြခဲ့ပါသည်။               မိမိတို့မြန်မာနိုင်ငံရေပြင်တွင်ကော သည်လိုပဲလား ထိုနည်းနှင်နှင် ပင်မဟုတ်ပါလား။သို့နှင့် မြန်မာနိုင်ငံ ၏ ငါးထုတ်လုပ်မှုအချက်အလက်များကို လေ့လာကြည့်မိပါသည်။ မြန်မာနိုင်ငံ၏ရောထွေးဖမ်းမိငါးများကို သုံးသပ်ပြ ထားသော စာတမ်း တစ်စောင်တွင် မြန်မာနိုင်ငံသည်ထိုင်းနိုင်ငံမှ တရွတ်ဆွဲငါးဖမ်းသင်္ဘောများကို ဖမ်းယူရမည့် ငါးသယံဇာတ နှင့် ပတ်သက်သည့် မည်သည့်ကန့်သတ်ချက်မျှ ကန့်သတ်မထားဘဲ ငါးဖမ်းဆီးခွင့်ပြုခဲ့သည်ဟုဆိုထားပါသည်။ထို့ကြောင့် မြန်မာနိုင်ငံ၏အခြေအနေ သည် အင်ဒိုနီးရှားနိုင်ငံ၏အခြေအနေနှင့်နှိုင်းယှဉ်နိုင်ပါသည်ဟုဆိုပါသည်။ ခွင့်ပြုထားသည့် ငါးဖမ်းရေယာဉ်များကလည်း ငါးကုန်တက်ကို သတင်းပေးပို့ကြရာတွင် တစိတ်တစ်ပိုင်းမျှသာ သတင်းပေးပို့ကြသည်ဟု ရေးသားထားသည်ကိုလည်းတွေ့ ရသည်။              ပထမဦးစွာ အင်ဒိုနီးရှားနိုင်ငံ အခြေအနေကြည့်ကြပါစို့၊ အင်ဒိုနီးရှားနိုင်ငံသည် ၁၉၈၀ ခုနှစ်များဆီက သူတို့နိုင်ငံထဲ တွင် တရွတ်ဆွဲငါးဖမ်းလုပ်ငန်းကို Arafura Sea  မှလွဲ၍ တရားဝင်ပိတ်ပင်ထားခဲ့ပါသည်။ထို့ပြင် အင်ဒိုနီးရှားနိုင်ငံငါးလုပ်ငန်း ညွှန်ကြားမှုဦးစီးဌာနကဖော်ပြပါ Arafura Sea တွင်ဖက်စပ်ငါးဖမ်း တရွတ်ဆွဲငါးဖမ်းလှေ ၈၇ စီးကို ဖမ်းဆီးခွင့်ပြုထားကြောင်း ထုတ်ပြန်ကြေညာပါသည်။ သို့သော် ထိုပင်လယ်တွင် ဖမ်းဆီးသော တရွတ်ဆွဲငါးဖမ်းလှေမှန်သမျှသည် By-catch excluder devices ဟုခေါ်သည့် ရောထွေးဖမ်းမိသည့် တန်ဖိုးရှိ ငါးများလျှော့ချစေသည့်ကိရိယာ တပ်ဆင်ဖမ်းဆီးရမည့် စည်းမျဉ်းကို လိုက်နာကြရပေသည်။                    မည်သို့ဆိုစေအင်ဒိုနီးရှားနိုင်ငံ၏ တရားဝင်ပုစွန်ဖမ်းသင်္ဘောကုန်တက်များကို ကြည့်ခြင်းအားဖြင့် ၂၀၀၀-၂၀၀၃ ပျမ်းမျှ ကုန်တက်သည်တန်ချိန် ၁၄၆၄၀၀၀ တန်ရှိကြောင်းတွေ့ရှိရပါသည်။ ထိုကုန်တက်၏များပြားမှုကို ကြည့်ခြင်းအားဖြင့် တရွတ်ဆွဲပုစွန်ဖမ်းပိုက်သည် ပုစွန်တစ်မျိုးတည်းကိုသာ ရည်ရွယ်ဖမ်းဆီးခြင်းမဟုတ်သည်မှာ ရှင်းလင်းသိသာလှပါသည်။ထို့ပြင် သုတေသီဖါဂန်ဆိုသူ၏ စာတမ်းတွင် အင်ဒိုနီးရှားနိုင်ငံတွင် ဖမ်းဆီးနေသော တရွတ် ဆွဲငါးဖမ်းလှေပေါင်း ၇၅၀ စီးခန့် ရှိရာ အားလုံးမှာ နိုင်ငံခြားသားပိုင် သင်္ဘောများဖြစ်ပြီး၊ထိုသင်္ဘောများ၏ သုံးပုံတစ်ပုံမျှသော သင်္ဘောများ၏ ကုန်တက်များကိုသာ အင်ဒိုနီးရှား အစိုးရငါးလုပ်ငန်းဌာနသို့ အစီရင်ခံနေကြကြောင်း ရေးသားထားသည်ကို တွေ့ရပါသည်။                        မြန်မာနိုင်ငံကဲ့သို့ပင် အင်ဒိုနီး ရှားနိုင်ငံရှိ တရွတ်ဆွဲငါးဖမ်းလှေ များသည် ငါးအမျိုးအစားရည်ရွယ် ဖမ်းဆီးခြင်းမရှိပါ။ ပုစွန်၊ကဏန်း၊ ငါးသေးငါးမွှား ရှိသမျှသက်ရှိအား လုံးသိမ်းကျုံးဖမ်းဆီးသောစနစ်ဖြစ် ပါသည်။ ထို့ပြင်အင်ဒိုနီးရှားရေပြင်တွင် ဖမ်းဆီးရရှိသောကုန်တက်များသည် ဥပဒေအပြင်ဖက်တွင် လုပ်ကိုင်ဆောင် ရွက်နေကြခြင်း၊ ကုန်တက်များအချက် အလက်များ ပေးပို့ခြင်းတွင်လည်း အမှန်ကုန်တက်ထက်လျော့၍ သတင်းပေးပို့ နေခြင်းတို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ ငါးပုစွန်ကုန်တက် အားလုံးကို ရောထွေး ဖမ်းမိငါးများဟုသာ မှတ်ချက်ပြုရမည်လို ဖြစ်နေပါတော့သည်။ (ဆက်လက်ဖော်ပြပါမည်) 

Sunday, 30 Oct 2011

               မှတ်မှတ်ရရ တစ်နေ့က သမီးလေးနှင့်အတူ ဈေးသွားဖြစ်သည်။ သမီးလေး ကငါးမုတ်စားချင်တယ် ဖေဖေဆိုတာနဲ့ ကိုယ်တိုင် ဝယ်ပေးချင်တာနဲ့ ဈေးသွားဖြစ်တာပါ။ ဈေးထဲမှာ ဟိုဆိုင်ဝင် သည် ဆိုင်ဝင်နဲ့ သမီးလေးအကြိုက်ဝယ်ခြမ်းပေးရင်း သည်လိုနှင့် ငါးသည် တန်းရောက်သွားပါသည်။ သမီးလေးစားချင်သည့် ငါးမုတ် ငါးသည် တန်းမှာ လိုက်ရှာရသည်။                   မိမိမျက်စိပင် မယုံနိုင်အောင် ဖြစ်ရပါသည်။ ဈေးမဝယ်ဖြစ် တာကြာတော့ မိမိတော်တော် အံ့သြထိတ်လန့်သွားမိပါသည်။ဈေး ဝယ်သူအများကတော့ မိမိတို့နှင့်မဆိုင်သည်လား၊ ဗဟုသုတအခြေခံ မရှိကြ၍ မသိလို့ဘဲလား၊ ရေရှည်မတွေးတော မိကြ၍လား တော့ မသိပါ။အေးအေးဆေးဆေးပင်၊ မိမိကတော့ တက္ကသိုလ်တုန်းက သင်ကြားခဲ့တာ လေးတွေ ခေါင်းထဲဗြုန်းကနဲ ဝင်လာတော့ တော်တော် ထိပ်လန့်သွားမိပါသည်။ ဈေးထဲတွင် ရောင်းချနေသည့် ငါးများသည် ငါးပေါက်အရွယ် အလွန်သေးငယ်သည့် ငါးများကို ရောင်းချနေကြ ခြင်းပင်၊ ငါးမုတ် ကိုကြည့်ပါဦး ၃လက်မ ၃.၅ လက်မအရွယ် အရွယ် မရောက်သေးသည့် ငါးသားပေါက်ခါစ၊ ငါးငယ်ကလေးများသာ၊ အခြားငါးများသည်လည်း ဤနည်းနှင်နှင်ပင်။ ငါးမုတ်တွေက သေးလှချည်လား၊ ဘယ်လိုဖြစ်တာလဲ။ ကျွန်တော်စပ်စုမိသည်။ " အကြီးတွေက နိုင်ငံခြားပို့တယ်လေ၊ Export ပေါ့ဒီမှာကတော့ သူတို့ ရွေးကျန်တာ ပဲရတယ်လေ" ဟုဈေးသည် လေးက သူ့ပညာအရည်အချင်းအတွေး အရပြန်ပြောသည်။အော် ဒို့ပြည်သူတွေ အသိပညာနည်းရလေခြင်းဟုလည်း တွေးမိသည်။                       သူလည်းသူသိသလောက် လေးပဲတွေးတတ်မှာပေါ့။ပြောမှာပေါ့။ အရင်ကဆိုလျှင် ငါးမုတ်တွေ အရွယ်ကြီးတွေ ပေါပေါများများ တွေ့ရသည်၊ နိုင်ငံခြားလည်း ပို့ပါသည်။ သူတို့ပြောသလို Export ပေါ့။ကျောင်းတုန်းက အဏ္ဏဝါဗေဒကို စိတ်ဝင်စားလွန်း၍ တမင်ရွေး ခဲ့သည်ကိုက စိုးရိမ်ထိတ်လန့်စေပါသည်။ဆရာသမားတို့သင်ကြားခဲ့ သည့် သယံဇာတယုတ်လျော့သည့်လက္ခဏာများ ထင်းကနဲခေါင်းထဲပြေးဝင်လာကြပါသည်။                      ကျောင်းတုန်းကစာတွေ ပြန်စဉ်းစားကြည့်တော့၊ ငါး၊ ပုစွန်တို့ ခန္ဓာကိုယ်အရွယ်အစား တဖြည်းဖြည်း သေးငယ်လာခြင်း၊ ငါး၊ ပုစွန် တို့ အရွယ်ရောက်သည့် အရွယ်အစားထက် သေးငယ်သောအရွယ် များကို အမြောက်အမြား ဖမ်းမိလာခြင်း။ စုစုပေါင်းအထိအမိဟုခေါ်ပါသည်။ တစ်ကြိမ်ငါးဖမ်းထွက်တိုင်း ထိမိနေကျ ကုန်ချိန်ထက် နည်းပါးစွာ ငါးဖမ်းရမိလာပါကလည်းကောင်း။ နှစ်ပေါင်းများစွာ ပုံမှန် ဖမ်းဆီးရမိနေကျ ကုန်ချိန်အရေအတွက်ထက် နည်းစွာထိမိ နေပါက လည်း သယံဇာတယုတ် လျော့လာသည့် သဘောပင်ဖြစ်သည်။ ထို့ပြင်သတ်မှတ်ဧရိယာယူနစ် တစ်ခုတွင် သတ်မှတ်သောကိရိယာနှင့် ဖမ်းဆီးရမိနှုန်းသည် အချိန်ကာလကြာမြင့် လာသည်နှင့်အမျှ တဖြည်းဖြည်း လျော့ပါး လာပါက သယံဇာတယုတ်လျော့နည်းပါးလာသည်ကို ပြညွှန်းသည့် လက္ခဏာပင်ဖြစ်ပါသည်။ ယခုထိုလက္ခဏာတွေကို ကိုယ်တွေ့မျက်မြင်ကြုံနေရပြီ၊ ငါးသယံဇာတ ထိန်းသိမ်းရေးလုပ် ငန်းများ နိုင်ငံတော်က ဘာတွေများ ဆောင်ရွက် နေပြီနည်း၊ သယံဇာတယုတ်လျော့သည့် လက္ခဏာတွေကို သယံဇာတသုံးစွဲသူတွေ၊ ရှင်းရှင်းပြောရရင်တော့ ငါးဖမ်းစက်လှေပိုင်ရှင်တွေ သတိကောထားမိကြရဲ့လားမသိပါ။                    အမှန်ကတော့ အရွယ်ရောက်ငါး ကြီးတွေရော တန်ဖိုးရှိ အရွယ်မရောက် ငါးအသေးလေးများကို အမြောက်အမြား ရောထွေး ဖမ်းကြလို့ ငါးငယ်လေးတွေ ကြီးထွားခွင့်မရတော့ဘဲ တဖြည်းဖြည်း အရွယ်သေးလာပြီး၊ ကြီးကောင်မဝင်သေးတဲ့ ငါးတွေပဲဖမ်းမိလာ တော့တာပေါ့။ ငါးတွေအရွယ်သေးလာတယ်။ သေးတဲ့ ငါးတွေပါ တင်ကျန်အောင်ဆိုပြီး ပိုက်ကွက်ကို ပိုသေးအောင် လုပ်ဖမ်းကြပြန်တော့ အရင်လွတ်ထွက်နိုင်တဲ့ ငါးငယ်လေးတွေတောင် မလွတ်နိုင်တော့ပြန်ပဲ။ တဖြည်းဖြည်း ငါးအရွယ်တွေသာ သေးလာတယ် အကြီးငါးတွေမတွေ့ရတော့ဘူး။ ဒီလိုနဲ့ပဲ သံသရာလည်ပြီး သယံဇာတ ဆုံးပါးပျောက်ကွယ်သွားကြရတာ နိုင်ငံတကာမှာ သင်ခန်းစာ နမူနာယူစရာ တွေအများကြီးပဲ။ လောဘသမား၊ ငါးဖမ်းလှေပိုင်ရှင် တွေကတော့ ရက်ပိုတောင်းပြီးဖမ်းကြဖို့ စိုင်းပြင်းနေတုန်းပဲလေ။                  သို့နှင့် စိတ်တထင့်ထင့်နှင့် အိမ်ပြန်ရောက်တော့ စုဆောင်း ထားသည့် စာတမ်းဆောင်းပါးများ ပြန်လှန်လှော ရှာဖွေရပါတော့ သည်။မိမိနိုင်ငံ သယံဇာတ ဘယ်အခြေဆိုက်နေပြီလည်း ဆိုသည်ကို သိလိုစိတ် ပြင်းထန်လာတော့သည်၊                    ငါး၊ ပုစွန်သယံဇာတတွေ ဒီလိုအခြေ ဆိုက်နေပြီ ဆိုသည်ကို ပြည်သူ တွေ၊ တာဝန်ရှိသူတွေ ကို အသိပေးဖို့ တာဝန် မိမိမှာရှိလာပြီ၊ အမှန်မှာ ဤသို့ဖြစ်ရသည်မှာ ပင်လယ်တွင် ငါး၊ ပုစွန်သယံဇာတများကို စည်းမဲ့ကမ်းမဲ့ တရားလွန် ဖမ်းဆီးခဲ့ကြသည့်အပြင် အသေးအမွှား ကြီးကောင်မဝင်၊ အရွယ်မရောက်သေး သည့် တန်ဖိုးရှိလာမည့် ငါးငယ်လေးများကို ရောပြွမ်းဖမ်းဆီးခဲ့ကြ သည့် အကျိုးဆက်ပင်၊ ပို၍ ဝမ်းနည်းဖွယ်ကောင်းသည်က နိုင်ငံ တကာတွင် ဝိသမလောဘသမားတို့၏ နိုင်ငံပို့ကုန် လျော့နည်း သွားနိုင်သည်၊ GDP  လျော့ကျသွားနိုင်သည်ဟု အကြောင်းပြကာ ပင်လယ်ထဲတွင် မိမိတို့ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်နိုင်ရန် ကြိုးပမ်းခဲ့ကြခြင်းပင်။                    အခြားနိုင်ငံများ၏ ဥပမာကိုကြည့်ပါ မိမိတို့၏ ငါးသယံဇာတ ယုတ်လျော့လာသည်ကို သုတေသနပညာရှင်များက တိကျစွာ ထောက်ပြလာသည်ကို အလေးဂရုပြုသည့်အနေနှင့် နိုင်ငံတော်၏ အကျိုး၊ နောင်လာနောက်သား သားစဉ်မြေးဆက်တို့ အကျိုးကြည့် ကာ သယံဇာတပျက်စီးစေသည့် အောက်ခြေတိုက် တရွတ ်ဆွဲပိုက် များကို ဖမ်းဆီးခွင့် လုံးဝပိတ်ပစ်လိုက်ပါသည်။ နိုင်ငံတကာ သုတေ သနရလဒ်များ၊ ဖော်ထုတ် သုတေသနတင်ပြချက်များအရ ပင်လယ် သမုဒ္ဒရာကြမ်းပြင်ရှိ ငါး၊ ပုစွန်တို့ နေထိုင်ပေါက်ပွားကြီးပြင်းရာ နေ အိမ်သဖွယ်ဖြစ်သည့် ပင်လယ်ကြမ်းပြင်အောက်ခြေရှိ အပင်သတ္တဝါ များအားလုံး ဂေဟစနစ်ကို တိုက်ဆွဲပွတ်တိုက် ဖျက်ဆီးပစ်သည့် ငါးဖမ်းနည်းစနစ်ဖြစ်သည်။ လုံးဝပိတ်ပင်တားမြစ်သင့်သည့် ငါးဖမ်း နည်းစနစ်တစ်ခု ဖြစ်သည်။                       ဥပမာ အင်ဒိုနီးရှားနိုင်ငံတွင် ၁၉၈၀ ခုနှစ်များက အာရာဖူရာ ပင်လယ်မှလွဲ၍ အောက်ခြေတရွတ်ဆွဲ ငါးဖမ်းသင်္ဘောများကို တရားဝင်ပိတ်ပင်ခဲ့ပါသည်။ တရွတ်ဆွဲပိုက်များ ဖမ်းဆီးခွင့်ပေးသည့် အရာ ဖူရာ ပင်လယ်တွင်ဖမ်းဆီးသော တရွတ်ဆွဲပိုက်များသည် ရောထွေး ဖမ်းမိငါးများ၊ ငါးငယ်လေးများ လွတ်မြောက်စေနိုင်သည့် Bycatch excluder devices ကိရိယာတပ်ဆင်မှသာ ဖမ်းဆီး ခွင့်ပြုပါသည်။ ငါး/ပုစွန်သယံဇာတကို ထိန်းသိမ်းစေခြင်း၊ မလိုအပ်ပဲ တန်ဖိုး ရှိ ငါး သားပေါက်လေးများ ဆုံးရှုံးခြင်းမှကာကွယ်ရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပုစွန်ဖမ်းသင်္ဘောများတွင် ရောထွေးဖမ်းမိ ငါးများ၊ ငါးငယ်လေးများ လွတ်မြောက်စေနိုင်သည့် By-catch excluder devices များ အမှန်တကယ်တပ်ဆင်ကြရဲ့လား၊ မေးစရာဖြစ်လာသည်။ အမှန်တော့ ပုစွန်နိုင်ငံခြားပို့ကုန်များသည် ရောထွေးဖမ်းမိ ငါးများ၊ ငါးငယ်လေးများ လွတ်မြောက်စေနိုင်သည့် By-catch excluder devices တပ်ဆင်ဖမ်းဆီးသော ပုစွန်များကိုသာ နိုင်ငံခြားမှ တင်သွင်းခွင့်ပြုပါသည်။                                 (ဆက်လက်ဖော်ပြပါမည်)

Monday, 17 Oct 2011

ပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်နေသော ငါးမြစ်ချင်း ဈေးနှုန်းများ                 ဗဟိုစံပြငါးဈေးနှင့် အဏ္ဏဝါလွှမ်း၊ သုံးပွင့်ဆိုင်၊ ငွေဇာပုလဲနဲ့ ငွေပင်လယ်ကုမ္ပဏီများမှ လေလံဈေးများအား အခြေခံ၍ COP (Cost of Production) တွက်ချက်ထားသည့် ဈေးနှုန်းများဖြစ်ပါသည်။ ငါးမြစ်ချင်း (Gutted) ဈေးနှုန်းသည် (Whole)  ဈေးပေါ်တွင် အခြေခံ၍ ဗိုက်ခွဲ၊ ကျောခွဲ၊ အူထုတ်ပြီး အသားတင်ကျန်ရှိသည့်အပေါ်တွင် COP  တွက်ချက်ထား သည့် ဈေးဖြစ်ပါသည်။စဉ်  အမျိုးအမည်  အရွယ်အစား                                                           WHOLE                        GUTTED                                                ယခင်အပတ် ယခုအပတ်    ယခင်အပတ် ယခုအပတ်၁။ROHU              1-2 Kg               1127           1164           1327          1364     ငါးမြစ်ချင်း       2-3 Kg               1257           1261           1457           1461    Labeo rohita    3-5 Kg              1322           1326            1522           1526                           5-7 Kg              1387           1392            1587           1592                           7-8 Kg              1387           1392            1587           1592                           8 Kg Up            1387           1392            1587            1592ဒေါ်လာ/တန်ငါး/ဦးစီး

Tuesday, 11 Oct 2011

                   ငါးရှဉ့်များကို ပြည်ပသို့ တင်ပို့ရောင်း ချရာတွင် ယခုနှစ်လေလံဈေး မြင့်တက် လျက်ရှိသော်လည်း သုံးရက်တစ်ကြိမ်၊ ငါးရက်တစ်ကြိမ် ဈေးအပြောင်းအလဲ ဖြစ်ပြီး လေလံဈေးအတက်အကျ မြန် ဆန်လျက်ရှိကြောင်း သိရပါတယ်။ ''ဒီကာလမှာ မိုးတွင်းဆိုတော့ ငါးရှဉ့် အထွက်နှုန်း ကောင်းတယ်၊ လေလံဈေး က ကြမ်းခင်းဈေးတစ်တန်ကို ဒေါ်လာ ၂၅၀၀ သတ်မှတ် ထားတော့ ဈေးမြင့်ပေ မယ့် အတက်၊ အကျ မြန်နေတဲ့အတွက် တက်ရင်ကိစ္စမရှိဘူး။ ကျရင် အောက် မှာကတက်ထားတဲ့ဈေးနှုန်းနဲ့ ဝယ်ထား ရတယ်။ စက်တင်ဘာ ဒုတိယပတ်က တရုတ်ပြည်မှာ ပွဲတော်ရှိတဲ့အတွက် ဝယ်လိုအား ကောင်းပြီး ဈေးလည်း မြင့်ခဲ့တယ်။ ငါးရှဉ့်တစ်တန်ကို ဒေါ်လာ ၃၂၀၀ နဲ့ ၃၄၀၀ ကြားရခဲ့တယ်။ အခု ပွဲတော်ရက်ပြီးလို့ ဈေးပြန်ကျလာတာ။ အောက်တိုဘာ ၁ ရက်က တစ်တန်ကို ဒေါ်လာ ၃၀၉၀၊ ၂ ရက်မှာ တစ်တန် ကို ဒေါ်လာ၂၇၃၀၊ ၃ရက်မှာ ဒေါ်လာ ၂၉၅၀ ဈေးရ ခဲ့တယ်''လိ့ု ငါးရှဉ့်တင်ပို့ ရောင်းချသူတစ်ဦးက ပြောပါတယ်။ ငါးရှဉ့်တင်ပို့မှုမှာ ယာဉ်များ တန်ပို လျှော့ချခြင်းကြောင့် ယာဉ်အစီးရေများ များ တက်လျက်ရှိသော်လည်း ပုံမှန် သာတင်ပို့လျက်ရှိကြောင်းသိရပါတယ်။ ကားတစ်စီးလျှင် ယခင်က တစ်နေ့ ၁၀ တန်ဝန်းကျင် တင်ပို့မှုရှိခဲ့ရာမှ ယခု အခါ သေတ္တာ ၇၀၊ ၈၀ အချိန်အနေ ဖြင့် ပိဿာ ၅၀၊ ပေါင်ချိန်အနေဖြင့် ၈၀  Kg ထည့်၍ ယခင်က ကား ၈ စီး တင်ပို့မှုရှိပြီး ယခုကား ၁၀ စီးဝန်းကျင် ဖြင့် တင်ပို့ရခြင်းကြောင့် ပုံမှန်တင်ပို့ ခြင်းဖြစ်ကြောင်း သိရပါတယ်။                    ယခုလတွင် ငါးရှဉ့်တင်ပို့မှုမှာ တန် ၄၀ ကျော်၊ ကား ၆ စီး ဝန်းကျင်တင်ပို့မှု ရှိကြောင်း၊ ငါးရှဉ့်ဈေးနှုန်းအတက်အကျ မြန်၍ အမြတ်အစွန်း နည်းကြောင်း၊ ဈေးနှုန်းမှာ တစ်တန်ကို ဒေါ်လာ ၂၀၀၀ ဝန်းကျင်ထိ ကျဆင်းခဲ့ခြင်း၊ ဒေါ်လာ ၄၀၀၀ ကျော်ထိ  မြင့်တက်ခဲ့ ခြင်းများရှိခဲ့ကြောင်း သိရပါတယ်။ ဇူးဇူး

Monday, 10 Oct 2011

                  အီးယူနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပင်လယ်ထွက်ကုန်ဝယ်လိုအား တစ်စတစ်စ လျော့ပါးသွားမှုကြောင့် အိန္ဒိယပင်လယ်စာတင်ပို့သူတွေက တရုတ်ကိုပြောင်းလဲတင်ပို့ဖို့ စိတ်ဝင်စား လျက်ရှိတယ်။ တရုတ်ကလည်း လက်ရှိအခြေအနေမှာ အိန္ဒိယရဲ့ ပင်လယ်စာအဓိက ဝယ်ယူသူ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပမှာ စီးပွားရေးအခက်အခဲတွေကြောင့် တရုတ်ရဲ့ဝေစုက ပိုမိုကျယ်ပြန့်လာနိုင်တယ်။ တရုတ်ရဲ့ဝယ်လိုအားက ဈေးကွက်မှာ သွက်လက်လျက်ရှိတယ်။                 တရုတ်က ကြားလူမှတစ်ဆင့် ဝယ်ယူခြင်းကိုရှောင်ရှားကာ တိုက်ရိုက်ဝယ်ယူခြင်းနဲ့ ကုန်ကျ စရိတ်လျော့ကျစေဖို့ လုပ်ဆောင်လျက်ရှိတယ်။ ယခုဘဏ္ဍာနှစ်ကုန်ပိုင်းမှာ အိန္ဒိယရဲ့ ပင်လယ်စာ တင်ပို့မှု ဈေးကွက်ဝေစုပမာဏက ယခုလက်ရှိ ၁၅ ရာခိုင်နှုန်းကနေ မြင့်တက်လာနိုင်ကြောင်း ရေထွက်ကုန်တွေ တင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင် Marine Products Export Development Authority အဖွဲ့ ညွှန်ကြားရေးမှူး N Ramesh က ပြောကြားလိုက်တယ်။ အီးယူက အိန္ဒိယရဲ့ တင်ပို့မှုပမာဏရဲ့ ၂၇ ရာခိုင်နှုန်းကို အဓိက ကိုယ်စားပြုသော်လည်း တင်ပို့မှုမှာ တဖြည်းဖြည်းကျဆင်းလျက်ရှိတယ်။ တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဝယ်လို အားက မြင့်မားလျက်ရှိတယ်။ ဈေးကွက်မှာ ဈေးကောင်းရရှိလျက်ရှိတဲ့ ခြေထောက်အဖြူရောင် ရှိတဲ့ ပုစွန် (vannamei shrimps)  တွေမှာ ရောဂါပိုးကျရောက်ခြင်းက ပုစွန်ပြတ်လပ်မှုဖြစ်ပေါ် လျက်ရှိတယ်။ ထိုင်းနိုင်ငံမှာ ရေလွှမ်းမိုးမှုကလည်း ပုစွန်တွေရှားပါးသွားစေနိုင်ကြောင်း အိန္ဒိယပင် လယ်စာ တင်ပို့သူများအသင်းဥက္ကဋ္ဌ Anwar Hashim က ပြောကြားလိုက်တယ်။                     အိန္ဒိယရဲ့ ငါးအများဆုံးတင်ပို့နေတဲ့ Gujarat  ပြည်နယ်ရဲ့ ဥရောပကတင်ပို့မှုနဲ့ အမေရိကန် ပြည်ထောင်စုကိုတင်ပို့မှုက ၅ ရာခိုင်နှုန်းနဲ့ ၇ ရာခိုင်နှုန်း အသီးသီးကို ကျဆင်းသွားနိုင်ကြောင်း သိရှိရတယ်။ ယခုလက်ရှိမှာ ဥရောပမှဝယ်ယူသူတွေက စောင့်ဆိုင်းခြင်းနဲ့ စောင့်ကြည့်ခြင်း မူဝါဒ (wait-and-watch policy) မူဝါဒကို ကျင့်သုံးလျက်ရှိကြောင်းနဲ့ ဈေးနှုန်းတွေ ၁၀ ရာခိုင်နှုန်း ကျဆင်းသွားမယ် (သို့မဟုတ်) တည်ငြိမ်သွားမှာကို မျှော်လင့်လျက်ရှိကြောင်း သတင်း ရရှိပါတယ်။Source:economictimes.indiatimes.com၊အေးမွန်မွန်လှိုင်

Monday, 26 Sep 2011

ယခုအပတ် ငါးရှဉ့်နဲ့ ကဏန်းကုန်အတက်လျော့လို့ ဈေးပိုရနေ                      စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင်သို့ ငါးရှဉ့်နဲ့ ကဏန်းကုန် အတက်နည်း တယ်လို့ သိရပါတယ်။ ရေထွက်ကုန်များကို လေလံစနစ်နဲ့ ရေထွက်ကုန်ကုန်စည်ဒိုင်မှာရောင်းချလျက်ရှိရာအရည်အသွေး အရွယ်အစားပေါ်တွင်သာမက ကုန်တက်အခြေအနေပေါ် မူတည်ပြီး ဈေးဖြစ်လျက် ရှိပါတယ်။ ယခုအပတ်မှာ ကန်  ဒေါ်လာ သုည ဒသမ ၉၀၉ သန်းတန်ဖိုးရှိ ငါးရှဉ့် ၂၈၆ တန်ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၄၁၇ သန်း တန်ဖိုးရှိ ဂဏန်း ၁၃၄ တန်ကျော်နဲ့ ကန်ဒေါ်လာ သုညဒသမ ၃၅၅ သန်း တန်ဖိုးရှိ ရေငန်ငါးမျိုးစုံ ၁၁၂ တန်ကျော် အပို့ရှိခဲ့ပြီး ယခုအပတ်မှာ ငါးဆားနယ်တင်ပို့မှု မတွေ့ရပါဘူး။ ယခင် အပတ်ကထက် ရေငန်ငါးမျိုးစုံ တင်ပို့မှု ၁၂ တန်ကျော် သော် လည်း ငါးရှဉ့်တင်ပို့မှုမှာ ၄၈ တန်ကျော်နဲ့ ကဏန်းတင်ပို့မှု မှာ ၁၇ တန်ခန့် အသီးသီး တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခု အပတ်မှာတော့ ငါးရှဉ့်၊ ဂဏန်းဈေးများ ယခင်အပတ် ကထက်သိသိသာသာဈေးပိုရခဲ့တယ်လို့သိရပါတယ်။ မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်                                               မိမိဘက်(ကျပ်/တန်)                             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                ယခု              ယခင်       ပြောင်းလဲမှု     %       ယခု       ယခင်   ပြောင်းလဲမှု    %ငါးရှဉ့်                  ၂၆၃၇၄၀၀    ၂၀၀၁၆၈၀     ၆၃၅၇၂၀၀    ၃၂     ၃၀၉၀     ၂၆၂၀       ၄၇၀          ၁၈ကဏန်း (ဂရမ်) ၂၅၀ဂရမ်အထက်    ၃၀၇၈၈၀၀    ၂၇၁၂၂၀၀    ၃၆၆၆၀၀     ၁၄      ၃၅၈၀     ၃၅၅၀        ၃၀          ၀ .၈၂၀၀-၂၅၀ ဂရမ်     ၂၉၀၆၈၀၀     ၂၅၅၉၄၀၀    ၃၄၇၄၀၀     ၁၄      ၃၃၈၀     ၃၃၅၀        ၃၀          ၀ .၉၁၅၀-၂၀၀ ဂရမ်     ၂၇၃၄၈၀၀     ၂၄၀၆၆၀၀    ၃၂၈၂၀၀     ၁၄      ၃၁၈၀     ၃၁၅၀        ၃၀           ၁ .ဝ၁၀၀-၁၅၀ ဂရမ်     ၂၆၁၅၈၀၀    ၂၂၉၂၀၀၀     ၃၂၃၈၀၀      ၁၄     ၃၀၃၀     ၃၀၀၀        ၃၀          ၁ .ဝMIRT(DOBT)

Monday, 5 Sep 2011

ပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်နေသော ငါးမြစ်ချင်း ဈေးနှုန်းများ              ဗဟိုစံပြငါးဈေးနှင့် အဏ္ဏဝါလွှမ်း၊ သုံးပွင့်ဆိုင်၊ ငွေဇာပုလဲနဲ့ ငွေပင်လယ်ကုမ္ပဏီများမှ လေလံဈေးများအား အခြေခံ၍ COP (Cost of Production) တွက်ချက်ထားသည့် ဈေးနှုန်းများဖြစ်ပါသည်။ ငါးမြစ်ချင်း (Gutted)  ဈေးနှုန်းသည် (Whole)  ဈေးပေါ်တွင် အခြေခံ၍ ဗိုက်ခွဲ၊ ကျောခွဲ၊ အူထုတ်ပြီး အသားတင်ကျန်ရှိသည့် အပေါ်တွင် COP  တွက်ချက်ထားသည့် ဈေးဖြစ်ပါသည်။စဉ် အမျိုးအမည်     အရွယ်အစား                WHOLE                         GUTTED                                                     ယခင်အပတ် ယခုအပတ် ယခင်အပတ် ယခုအပတ်၁။ ROHU           1-2 Kg                     1191         1145          1391         1345ငါးမြစ်ချင်း         2-3 Kg                      1337         1285          1537         1485Labeo rohita     3-5 Kg                      1410         1355          1610         1555                        5-7 Kg                      1482         1425          1682         1625                        7-8 Kg                      1482         1425          1682         1625                        8 Kg Up                    1482         1425          1682         1625ဒေါ်လာ/တန်ငါး/ဦးစီး

Tuesday, 30 Aug 2011

ပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်နေသော ငါးမြစ်ချင်း ဈေးနှုန်းများ            ဗဟိုစံပြငါးဈေးနှင့် အဏ္ဏဝါလွှမ်း၊ သုံးပွင့်ဆိုင်၊ ငွေဇာပုလဲနဲ့ ငွေပင်လယ်ကုမ္ပဏီများမှ လေလံဈေးများအား အခြေခံ၍ COP (Cost of Production) တွက်ချက်ထားသည့် ဈေးနှုန်းများဖြစ်ပါသည်။ ငါးမြစ်ချင်း(Gutted)  ဈေးနှုန်းသည် (Whole)  ဈေးပေါ်တွင် အခြေခံ၍ ဗိုက်ခွဲ၊ ကျောခွဲ၊ အူထုတ်ပြီး အသားတင်ကျန်ရှိသည့် အပေါ်တွင် COP တွက်ချက်ထားသည့် ဈေးဖြစ်ပါသည်။စဉ် အမျိုးအမည်          အရွယ်အစား           WHOLE                               GUTTED                                                  ယခင်အပတ်  ယခုအပတ်       ယခင်အပတ် ယခုအပတ်၁။   ROHU                  1-2 Kg             1152          1191               1352         1391      ငါးမြစ်ချင်း             2-3 Kg             1293          1337               1493         1537       Labeo rohita        3-5 Kg             1364          1410               1564         1610                                 5-7 Kg             1434          1482               1634         1682                                 7-8 Kg             1434          1482               1634         1682                                  8 Kg Up           1434           1482               1634         1682

Pages