Main menu

Background

Tuesday, 5 Jul 2011

မောင်တောမှ ရေထွက်ကုန် တင်ပို့မှု တိုးတက်                  ဇွန်လ၂၂ရက်မှ၂၈ ရက်ထိကာလ အတွင်း မောင်တောနယ်စပ်မှ ကန်ဒေါ် လာ ဝ ဒသမ၂၃၉ သန်း တန်ဖိုးရှိ ငါးနီ တူခြောက် ၂ တန်၊ ငါးစုံလေး ခြောက် ၂၅ တန်ကျော်နဲ့ ရေငန်ပုစွန် ၃၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ထက် ရေငန် ပုစွန် ၂၇ တန် ပိုမိုတင်ပို့နိုင်ခဲ့ပေမယ့် ငါးစုံလေးခြောက် ၃ တန်ခန့်လျော့နည်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။ မြင့်မြင့်မာ၊ MIRT 

Tuesday, 5 Jul 2011

ရေထွက်ကုန် တင်ပို့မှု              ဗဟိုစံပြငါးဈေး၊ အဏ္ဏဝါလွှမ်း၊ သုံးပွင့်ဆိုင်၊ ငွေဇာပုလဲနဲ့ ငွေပင်လယ်ကုမ္ပဏီများရဲ့ ဇွန်လ နောက်ဆုံးပတ် လေလံ ဈေးများအခြေခံပြီး ကုန်ကျစရိတ် တွက်ချက်ထားတဲ့ ငါးမြစ်ချင်း အကောင်လိုက် (Whole) ဈေးနှုန်းနဲ့ ဗိုက်ခွဲ၊ ကျောခွဲ၊ အူထုတ် (Gutted)  ဈေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်။ ငါးမြစ်ချင်း ၁ ကီလိုဂရမ်အောက် အကောင်လိုက် (Whole)  နဲ့ ကျောခွဲအူထုတ် (Gutted) ဈေးဟာ ယခုအပတ်မှာ ၃ ဒေါ်လာမှ ၈ ဒေါ်လာထိ ဈေးကျလျက်ရှိပါတယ်ရေ ထွက်ကုန် တင်ပို့မှုအရွယ်အစား                       Whole                          Gutted                   ယခု       ယခင်     ပြောင်းလဲမှု      %      ယခု       ယခင်      ပြောင်းလဲမှု     %1 Kg down   ၁၄၅ဝ   ၁၄၅၅          ၅              ဝ .၃    ၁၆၅ဝ    ၁၆၅၅         ၅             ဝ .၃1 - 2 Kg       ၁၆၈၅  ၁၆၉၃           ၈              ဝ .၅    ၁၈၈၅    ၁၈၉၃         ၈             ဝ .၄1 - 2 Kg       ၁၈၃ဝ  ၁၈၃၇           ၇              ဝ .၄    ၂ဝ၃၃    ၂ဝ၃ဝ         ၃             ဝ .၂3 - 5 Kg       ၁၉၄ဝ  ၁၉၄ဝ           -                -        ၁၉၄ဝ     ၁၉၄ဝ         -               -5 - 7 Kg       ၂ဝ၄ဝ  ၂ဝ၄ဝ           -                -       ၂၂၄ဝ      ၂၂၄ဝ         -               -7 - 8 Kg       ၂ဝ၄ဝ  ၂ဝ၄ဝ           -                -       ၂၂၄ဝ      ၂၂၄ဝ         -               -8 Kg Up       ၂ဝ၄ဝ  ၂ဝ၄ဝ           -                -       ၂၂၄ဝ      ၂၂၄ဝ         -               -                                                                                               MIRT (DOBT)               ဇွန်လ တတိယပတ်မှာ Rohu ငါးမြစ်ချင်းWhole နဲ့ Gutted ၁ ကီလိုဂရမ်အောက် အရွယ် ဈေးများဟာ ၅ ဒေါ်လာ ရာခိုင်နှုန်းအားဖြင့် ဝ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်မှုရှိခဲ့ပြီး 1-2 Kg မှ 8 kg upဈေးများကတော့ ၂၇ မှ ၃ဝ ဒေါ်လာ ရာခိုင်နှုန်းအားဖြင့် ၁ ဒသမ ၃ ရာခိုင်နှုန်းမှ ၁ ဒသမ ၆ ရာခိုင်နှုန်းထိ ဒုတိယပတ်ထက် လျော့ကျမှုရှိခဲ့ပါတယ်။ ဇွန်လ စတုတ္တပတ်မှာတော့Whole ရော Gutted များပါ အရွယ်အစားအားလုံး ၃ ဒေါ်လာမှ ၇ ဒေါ်လာရာခိုင်နှုန်း အားဖြင့် ဝ ဒသမ ၂ ရာခိုင်နှုန်းမှ ဝ ဒသမ ၅ ရာခိုင်နှုန်းထိ လျော့ကျလျက်ရှိတာတွေ့ရပါတယ်။   DOBT (MIRT)

Tuesday, 28 Jun 2011

မြိတ်နယ်စပ်မှ ယခုအပတ် ရေထွက်ကုန်တင်ပို့မှုကန်ဒေါ်လာ ၁ သန်းကျော်ရရှိ          မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ သန်းကျော်တန်ဖိုးရှိ ရေထွက်ကုန် ၁၆၆ဝ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့နိုင်ခဲ့တဲ့ရေထွက်ကုန်တွေကတော့ ငါးမျိုးစုံ ၁၂၃၈ တန်ကျော်၊ ရေငန်ပုစွန်တန် ၁ဝ တန်ကျော်၊ ငါးခြောက်  ၁၄ တန်ကျော်၊ အေးခဲကဏန်းပျော့ ၇ တန်ကျော်၊ အေးခဲကင်းမွန် ၂ တန်ခန့်၊ ပုစွန်ခြောက် ၂ တန်ကျော်၊ ငါးမုန့် ၃၂၁ တန်ခန့်၊ ကဏန်းသေး (အသေ) ၁ တန်ကျော်၊ အေးခဲငါး ၉ တန်ခန့်၊ အေးခဲပုစွန် ၄၄ တန်ကျော်နဲ့ ကင်းမွန်ပြုတ်ခြောက် ၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ယခုအပတ်မြေပြင်ပေါက်ဈေးများကို ယခင်အပတ်မြေပြင်ပေါက်ဈေးနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ငါးခွေးလျှာနဲ့ ကုလားကုတ် ဈေးပြောင်းလဲမှုမရှိပေမဲ့ ငါးမုတ်မဲဈေး တစ်ကီလိုကို ကျပ် တစ်ရာပိုမိုခဲ့ပြီး ငါးမုတ်ဖြူဈေးကတော့ ကျပ်၅ဝဝ လျော့နည်းခဲ့တာ တွေ့ရပါတယ် -စဉ် ပစ္စည်းအမည်     ရေတွက်ပုံ    ယခုအပတ်ဈေး(ကျပ်) ယခင်အပတ်ဈေး(ကျပ်)   ပြောင်းလဲမှု(ကျပ်)၁    ငါးမုတ်ဖြူ        ၁ ကီလို           ၄ဝဝဝ                     ၄၅ဝဝ                      ၅ဝဝ၂    ငါးမုတ်မဲ         ၁ ကီလို          ၂၃ဝ                        ၂၂ဝဝ                      ၁ဝဝ၃    ငါးခွေးလျှာ      ၁ ကီလို          ၉၅ဝ                         ၉၅ဝ                          -၄    ကုလားအုပ်     ၁ ကီလို         ၁၇၅ဝ                       ၁၇၅ဝ                         -            ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ်မှာ ရေထွက်ကုန်တင်ပို့မှု မရှိသော်လည်း မြေပြင်ပေါက်ဈေးများ  ဖော်ပြပေးလိုက်ရပါတယ်။ ဈေးများမှာ ယခင်အပတ်အတိုင်း ပြောင်းလဲမှု မရှိဘူးလို့သိရပါတယ် -စဉ် ပစ္စည်းအမည်      ရေတွက်ပုံ       ယခုအပတ်ဈေး       ယခင်အပတ်ဈေး                                                   (ကျပ်)            (ကျပ်)၁ ပလာတန်း             ၁ ကီလို          ၁၂ဝဝ                  ၁၂ဝဝ၂ ငါးမဲလုံး                ၁ ကီလို           ၁၃ဝဝ                 ၁၃ဝဝ၃ ပလာတူး              ၁ ကီလို            ၉ဝဝ                   ၉ဝဝ၄ ငါးကုန်းညို            ၁ ကီလို            ၈ဝဝ                   ၈ဝဝစဉ် ပစ္စည်းအမည်     ရေတွက်ပုံ         ယခုအပတ်ဈေး     ယခင်အပတ်ဈေး                                                    (ကျပ်)            (ကျပ်)၅ ကင်းမွန်              ၁ ကီလို                  ၁၂ဝဝ           ၁၂ဝဝ၆ ကဏန်း              ၁ ကီလို                 ၂၃ဝဝ            ၂၃ဝဝ၇ ငါးဆားနယ်          ၁ ကီလို                ၁ဝဝဝ             ၁ဝဝဝခင်မြနွယ်(MIRT)

Sunday, 19 Jun 2011

မန္တလေးမြို့တော်သို့ ငါးဝင်ရောက်မှုများပြားပြီး စားသုံးမှု ပိုမိုများလာ                  ရန်ကုန်မှ ငါးများ ပြည်တွင်းဈေးကွက်သို့ ပိုမိုကျယ်ပြန့်စွာ ရောင်းချလျက်ရှိပြီးမန္တလေးမြို့တော်ဟာ အထက်မြန်မာ ပြည်ဈေးကွက်ဖြန့်တဲ့ ဗဟိုအချက်အချာ နေရာဖြစ်ပြီး မန်းမှ တစ်ဆင့် ပြင်ဦးလွင်၊ ကျောက်မဲ၊ သီပေါ၊ မြစ်ကြီးနားလိုင်းများ သို့ ထပ်ဆင့်တင်ပို့လျက်ရှိပါတယ်။ ရန်ကုန် ငါးများကို ကားလမ်းမှ ကုန်ပိဿာချိန် ၂ဝဝဝဝ ကျော်ခန့်နဲ့ ရထားလမ်းမှ ပိဿာချိန် ၅ဝဝဝ-၆ဝဝဝ ခန့်နေ့စဉ်ဝင်ရောက်လျက်ရှိပြီး ငါးအမျိုးအစားများအနေဖြင့် ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငါး အုံတုံ၊ ငါးမုတ်နဲ့ ပုစွန်များ ဝင်ရောက်ကြောင်း သိရပါတယ်။ ရထားဖြင့်လာတဲ့ ငါးများကို မန်းမြို့ပေါ်မှ ကိုယ်စားလှယ်က နယ်များသို့ ရထားဖြင့် ဆက်လက်ဖြန့်ပြီး ကားနဲ့လာတဲ့ငါး တွေကို မန်းမြို့တွင်း ညနေ ၃ နာရီမှ စဖြန့်ပြီး ည ၉ နာရီမှာ အဝေးတင်ဖြန့်ကြောင်းသိရပါတယ်။ မန်းမြို့ငါးမွေးမြူရေးကန်များနဲ့ အမရပူရ တောင်သမန်အင်း၊ မတ္တရာမြို့နယ်တို့က လာတဲ့ ငါးများဖြစ်တဲ့ ရွှေဝါငါးကြင်း၊ ငါးခေါင်းပွ၊ ငါးတန်၊ ငါးမြစ် ချင်း၊ တီလားဗီယားငါးများလည်း ပိဿာချိန် ၆ဝဝဝ- ၇ဝဝဝခန့်ဝင်ရောက်ကြောင်း သိရပါတယ်။ မန်းမြို့ပေါ်ရှိဈေး ၄ဝ ဖြန့်ဝေမှုအရ မြို့နေလူထု စားသုံးမှု ပိဿာ ၈ဝဝဝ- ၁ဝဝဝဝ ခန့်ရှိပြီး အခုလတ်တလောဈေးကွက်တွင် ကြက်ငှက်တုပ်ကွေး၊ ဝက်နားရွက်ပြာ သတင်းများကြောင့် ငါးဝင်ရောက် မှု များပြားသည့်အတွက် စားသုံးမှု ပိုမိုများလာတဲ့အပြင် လက်လီပြန်ရောင်းတဲ့ ငါးသည်များမှ ငါးအတုံးလေးများ ခုတ်ပြီး ၁ဝ ကျပ်သား အထုတ်သေးများ တစ်ပိုင်တစ်နိုင် ရောင်းချပေးတဲ့အတွက် ဝယ်ယူမှု ပိုမိုများပြားလာကြောင်း သိရပါတယ်။ ရောင်းချနေတဲ့ ဈေးနှုန်းတွေကတော့ ရန်ကုန် ငါးကြင်းဖြူ တစ်ပိဿာ ၃၅ဝဝ ကျပ်-၄ဝဝဝ ကျပ်၊ ငါးအုံတုံ၊ ငါး မြစ်ချင်း၊ ငါးမုတ်တွေကတော့ တစ်ပိဿာ ၁၇ဝဝ ကျပ်- ၁၈ဝဝ ကျပ်-၂၁ဝဝ ကျပ်ရှိကြောင်း သိရပြီး မန်းမြို့ငါးများ ကတော့ လတ်ဆတ်မှုပေါ်မူတည်ပြီး ဈေးရကြောင်း သိရပါတယ်။ ခင်မြင့်မြင့်သန်း

Sunday, 19 Jun 2011

ရေထွက်ကုန် တင်ပို့မှု                  ဇွန်လ ၈ရက်မှ ၁၄ ရက်ထိကာလအတွင်းမူဆယ်(၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ရေထွက်ကုန်စည်ဒိုင်မှ ရေထွက်ကုန် တင်ပို့မှုတွေကတော့ ငါးရှဉ့် ၂၅၈ တန်ကျော်၊ ကဏန်း ၁၁၃ တန်ကျော်နဲ့ ရေငန်ငါးမျိုးစုံ ၅၄ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၁၇၆ သန်းဖိုး တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ငါးရှဉ့် ၈၈ တန်၊ ကဏန်း ၁၉ တန်နဲ့ ရေငန်ငါးမျိုးစုံ၂၈ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ မူဆယ်နယ်စပ်ရှိ ရေထွက်ကုန်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါ တယ် -                                           မိမိဘက်(ကျပ်/တန်)                                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                              ယခု               ယခင်       ပြောင်းလဲမှု     %        ယခု     ယခင်      ပြောင်းလဲမှု      %ငါးရှဉ့်                   ၁၆၉၂၈၆ဝ     ၂၁ဝ၁၂၄ဝ     ၄ဝ၈၃၈ဝ    ၂၄      ၂၂ဝဝ    ၂၆၂ဝ           ၄၂ဝ         ၁၉ကဏန်း (ဂရမ်)၂၅ဝဂရမ်အထက်     ၂၇၂၆၉၆ဝ    ၂၄၇ဝ၁၆ဝ    ၂၅၆၈ဝဝဝ   ၉       ၃၅၆ဝ    ၃ဝ၈ဝ          ၄၈ဝ         ၁၄၂ဝဝ-၂၅ဝ ဂရမ်       ၂၅၇၃၇၆ဝ   ၂၃ဝ၉၇၆ဝ     ၂၆၄ဝဝဝ    ၁ဝ      ၃၃၆ဝ    ၂၈၈ဝ          ၄၈ဝ         ၁၄၁၅ဝ-၂ဝဝ ဂရမ်        ၂၄၂၁၅၆ဝ   ၂၁၄၉၃၆ဝ    ၂၇၂၂ဝဝ    ၁၁      ၃၁၆ဝ    ၂၆၈ဝ          ၄၈ဝ         ၁၅၁ဝဝ-၁၅ဝ ဂရမ်        ၂၃ဝ၅၆၆ဝ   ၂၁၂၉ဝ၆ဝ    ၁၇၆၆ဝဝ    ၁၂     ၃ဝ၁ဝ     ၂၅၃ဝ          ၄၈ဝ        ၁၆              စစ်တွေနယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ၂၅၁ သန်းတန်ဖိုးရှိ ရေခိုျငါး ၂၄၁ တန်၊ ရေငန်ပုစွန် ၇ ဒသမ ၉၆ တန်၊ ငါးသလောက် ၁တန်၊ ငါးနီတူခြောက် ၁ တန်နဲ့ ငါးစုံလေးခြောက် ၂၅၄ တန်အသီးသီးတင်ပို့ခဲ့ပြီး မောင်တောနယ်စပ်မှ ရေငန်ပုစွန် ၃ တန်ကျော်တန်ဖိုးအားဖြင့် ၁၉၉၆ဝ ဒေါ်လာဖိုး တင်ပို့မှုရှိခဲ့ပါတယ်။MIRT(DOBT)

Sunday, 19 Jun 2011

ပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်နေသော ငါးမြစ်ချင်း ဈေးနှုန်းများ                 ဗဟိုစံပြငါးဈေး၊ အဏ္ဏဝါလွှမ်း၊ သုံးပွင့်ဆိုင်၊ ငွေဇာပုလဲနဲ့ ငွေပင်လယ်ကုမ္ပဏီများရဲ့ လေလံဈေးများကို အခြေခံပြီး ကုန်ကျစရိတ် ( Cost of Production) တွက်ချက်ထားတဲ့ ငါးမြစ်ချင်းRohu ငါးကောင်လုံး (Whole) ဈေးနဲ့ ငါးဗိုက်ခွဲ၊ ကျောခွဲ ၊ အူထုတ်ပြီး (Gutted ) တို့ရဲ့ ပြည်တွင်းဈေးကွက်ပေါက်ဈေးများကို ဖော်ပြပေးလိုက်ရပါတယ် အရွယ်အစား            Whole                 Gutted                             ယခု   ယခင်        ယခု       ယခင်1 Kg down          ၁၄၅ဝ    ၁၄၅ဝ      ၁၆၅ဝ     ၁၆၅ဝ1-2 Kg                ၁၇၂ဝ    ၁၇၄ဝ      ၁၉၂ဝ     ၁၉၄ဝ2-3 Kg                ၁၈၆ဝ    ၁၉၁ဝ    ၂ဝ၆ဝ      ၂၁၁ဝ3-5 Kg                ၁၉၇ဝ   ၂ဝ၁ဝ     ၂၁၇ဝ       ၂၂၂ဝအရွယ်အစား           Whole                    Gutted                             ယခု    ယခင်       ယခု          ယခင်5-7 Kg               ၂ဝ၇ဝ     ၂ဝ၈ဝ     ၂၂၇ဝ     ၂၂၈ဝ7-8 Kg                ၂ဝ၇ဝ    ၂ဝ၈ဝ    ၂၂၇ဝ      ၂၂၈ဝ8 Kg Up              ၂ဝ၇ဝ    ၂ဝ၈ဝ    ၂၂၇ဝ      ၂၂၈ဝSource: ငါးလုပ်ငန်းဦးစီးဌာန

Sunday, 12 Jun 2011

၂ဝ၂ဝ ခုနှစ်တွင် ပင်လယ်စာတင်ပို့မှုမှ ကန်ဒေါ်လာ ၈ ဘီလီယံရရှိရန် ဗီယက်နမ် မျှော်မှန်း               လာမဲ့ ၁ဝ နှစ်အတွင်းမှာ ဗီယက်နမ်ပင်လယ်စာ တင်ပို့မှုမှ ကန်ဒေါ်လာ ၈ ဘီလီယံရရှိဖို့ ရည်မှန်းထားကြောင်း ဗီယက်နမ် လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီးဌာန (Ministry of Agriculture and Rural Development (MARD) မှ ပြောကြားလိုက်ပါတယ်။ပင်လယ်စာ တင်ပို့မှုအတွက် အဓိကရင်ဆိုင်နေရတဲ့ စိန် ခေါ်မှုတွေမှာ ပြုပြင်ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ ကုန်ကြမ်း ရရှိရေး၊ ကုန်သွယ်မှုတိုးမြှင့်ရေးနဲ့ ပင်လယ်စာထွက်ကုန်တွေရဲ့ အရည်အသွေးထိန်းချုပ်ရေးတို့ဖြစ်ကြောင်းMARD မှ ဒုတိယ ဝန်ကြီး Vu Van Tam မှပြောကြားလိုက်ပါတယ်။ ၂ဝ၂ဝ ခုနှစ်အတွင်း ဗီယက်နမ်ပင်လယ်စာကဏ္ဍ အတွက် အဆင့်မြင့်နည်းပညာရရှိရေးနဲ့ ပြည်တွင်းနဲ့ အပြည် ပြည်ဆိုင်ရာ ဈေးကွက်မှာ ကုန်အမှတ်တံဆိပ်ကို အသိအမှတ် ပြုရေးတို့ကို အလေးပေးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ အီးယူ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စု က ဗီယက်နမ်ရဲ့ အဓိကပို့ကုန်ဈေးကွက် အဖြစ်ဆက်လက်ရပ် တည် နေဦးမှာဖြစ်ပြီး ပို့ကုန်ဝင်ငွေရဲ့ ၆ဝ ရာခိုင်နှုန်းမှ ၆၅ ရာခိုင်နှုန်းရှိပါတယ်။ အရှေ့ဥရောပနိုင်ငံများ၊ အာဆီယံ၊ တောင်ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ တောင်အမေရိကစတဲ့ အဓိက ဈေးကွက်တွေအပြင် ဗီယက်နမ်က တရုတ်၊ ဟောင်ကောင်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျ တို့ကိုပါ ဈေးကွက် ခဲျ့ထွင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။  အေးမွန်မွန်လှိုင်၊Source:english.vovnews.vn

Sunday, 12 Jun 2011

ဂျပန်သို့ တူနာငါးတင်ပို့မှုမြင့်တက်                 ယခုနှစ်မေလအထိ ဗီယက်နမ်မှ ဂျပန်ကို တူနာငါးတင် ပို့မှုက တန်ချိန် ၄၃၄ ကိုရောက်ရှိခဲ့ပြီး ကန်ဒေါ်လာ ၃ သန်း ရရှိခဲ့ရာ ယခင်နှစ်အလားတူကာလနဲ့ နှိုင်းယှဉ်ရာမှာ တင်ပို့မှု ပမာဏ ၂၆၄ ဒသမ ၅ ရာခိုင်နှုန်းတက်သွား ခဲ့ကြောင်း ဗီယက်နမ်ပင်လယ်စာထုတ်လုပ်တင်ပို့သူများအသင်း (Vietnam Association of Seafood Exporters and Produces (VASEP) မှပြောကြားလိုက်ပါတယ်။ ပို့ကုန်ဈေးနှုန်းက ယခင်နှစ်နဲ့ နှိုင်းယှဉ်ရာမှာ ၃၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ တစ်ကီလိုဂရမ်ကို ၆ ဒသမ ၉၈ ဒေါ်လာကို ရောက်ရှိခဲ့တယ်။ တူနာငါးတင်ပို့ရာမှာ ၈၉ ဒသမ ၅ ရာခိုင်နှုန်းကို ကုန်ကြမ်းအတိုင်းတင်ပို့ပြီး ၁ဝ ဒသမ ၅ ရာခိုင်နှုန်းကို ပြုပြင်ပြီး ထုတ်လုပ်တင်ပို့လျက်ရှိတယ်။ ဂျပန်က ဗီယက်နမ်ရဲ့ တူနာငါးအဓိကတင်ပို့တဲ့ နိုင်ငံဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကို ဒုတိယအများဆုံးတင်ပို့လျက်ရှိ ကြောင်း သတင်းရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source:english.vovnews.vn

Sunday, 12 Jun 2011

မူဆယ်နယ်စပ်မှ တင်ပို့သည့် ရေထွက်ကုန်                        မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၁  ရက်မှ ၇ ရက်ထိကာလအတွင်း အများဆုံးတင်ပို့တဲ့ ပို့ကုန်အမိုျး ၂ဝ စာရင်းအရ ကန်ဒေါ်လာ ဝ ဒသမ ၅၉၇ သန်းတန်ဖိုးရှိ ငါးရှဉ့်တန် ၁၇ဝ ကျော်၊ ကန်ဒေါ်လာ ဝ ဒသမ ၂၆၁ သန်း တန်ဖိုးရှိ ကဏန်း ၉၄ တန်ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၁၁၃ သန်းတန်ဖိုးရှိ ရေငန်ငါးမိုျးစုံ ၂၆ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က အများဆုံးပို့ကုန် ၂ဝ စာရင်းမှာ ငါးရှဉ့်နဲ့ ကဏန်းများသာ ပါဝင်ခဲ့ပြီး ယခု အပတ်မှာ ငါးရှဉ့် ၈ တန်နဲ့ ကဏန်း ၂၁ တန် ပိုမိုတင်ပို့နိုင်ခဲ့ တယ်လို့ သိရပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ် ငါးရှဉ့်နဲ့ ကဏန်းမိမိဘက်နဲ့ တစ်ဘက် နိုင်ငံဈေးများကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါတယ်               မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                      ယခု           ယခင်          ပြောင်းလဲမှု  %      ယခု       ယခင်      ပြောင်းလဲမှု  %ငါးရှဉ့်                         ၂၃၁၂၆၄ဝ  ၂၉ဝ၃၉ဝဝ       ၅၉၁၂၆ဝ   ၂၅     ၂၈၈ဝ    ၃၅၅ဝ        ၆၇ဝ           ၂၃ကဏန်း၂၅ဝဝဂရမ်အထက်      ၂၁၉၂၁၉ဝ    ၃ဝ၆၇၅ဝဝ     ၈၇၅၃၁ဝ    ၄ဝ    ၂၇၃ဝ    ၃၇၅ဝ       ၁ဝ၂ဝ         ၃၇၂ဝဝ-၂၅ဝ ဂရမ်          ၂ဝ၃၁၅၉ဝ   ၂၉ဝ၃၉ဝဝ      ၈၇၂၃၁ဝ    ၄၃    ၂၅၃ဝ    ၃၅၅ဝ       ၁ဝ၂ဝ         ၄ဝ၁၅ဝ-၂ဝဝ ဂရမ်           ၁၈၇ဝ၉၉ဝ  ၂၇၄ဝ၃ဝဝ      ၈၆၉၃၁ဝ    ၄၆   ၂၃၃ဝ     ၃၃၅ဝ       ၁ဝ၂ဝ         ၄၄၁ဝဝ-၁၅ဝ ဂရမ်          ၁၇၅ဝ၅၄ဝ   ၂၆၁၇၆ဝဝ      ၈၆၇ဝ၆ဝ    ၅ဝ  ၂၁၈ဝ      ၃၂ဝဝ        ၁ဝ၂ဝ        ၄၇MIRT (DOBT)

Monday, 6 Jun 2011

ပုစွန်ကျားပြုပြင်ထုတ်လုပ်သူများ ကုန်ကြမ်းပြတ်လပ်                  ဗီယက်နမ်ပုစွန်ကျား (Tiger prawn) ကုန်ချောထုတ်လုပ်တင်ပို့သူတွေက ကုန်ကြမ်းပြတ်လပ်မှုနဲ့ ဈေးနှုန်း မြင့်မားမှုတို့ကြောင့် လုပ်နိုင်စွမ်းမှာ တစ်ဝက်တစ်ပျက်ဖြစ်နေကြောင်း သတင်းရရှိပါတယ်။ တောင်ပိုင်းပြည်နယ်တွေမှာ ပုစွန်ကျားက ရောဂါပိုးကျရောက်လို့ သေဆုံးကုန်ရာ ကုန်ချောထုတ်လုပ်မှု အခက်ကြုံနေကြောင်း Ut Xi Seafood Processing Joint Stock Company  မှ ညွှန်ကြားရေးမှူး Nguyen Tuan Anh မှပြောကြားလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်အတွင်းမှာ ဒီလိုဆိုးဆိုးရွားရွား ပုစွန်ကုန်ကြမ်းပြတ်လပ်မှုမျိုးကို တစ်ခါမှ မကြုံဖူးသေးကြောင်း တောင်ပိုင်း ံHau Giang  ပြည်နယ် Cafatex Corporation  မှ အထွေထွေညွှန်ကြားရေးမှူး Nguyen Van Kich   မှပြောကြားလိုက်ပါတယ်။ မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ ပုစွန်အပေါ်မှာ ရောဂါကျရောက်မှုကြောင့် သေဆုံးကုန်ကြရာ ဗီယက်နမ် အနေနဲ့ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ကို ပို့ကုန်စာချုပ်တွေ ချုပ်ဆိုရာမှာ အခက်အခဲရှိခဲ့ကြောင်း ဗီယက်နမ် ပင်လယ်စာတင်ပို့သူတွေနဲ့ ပြုပြင်ထုတ်လုပ်သူများအသင်း အထွေထွေအတွင်းရေးမှူး Truong Dinh Hoe  မှပြောကြားလိုက်ပါတယ်။ ပုစွန်ကုန်ကြမ်းဆိုးဆိုးရွားရွား ပြတ်လပ်မှုက သြဂုတ်လအထိ ကြုံတွေ့နိုင်ကြောင်း ံHoe  အရ သိရှိရပါ တယ်။ ယခုအခါ ပုစွန်မွေးမြူသူတွေက ကြီးမားတဲ့ ပုစွန်ကျားအစား ခြေထောက်အဖြူရောင်ရှိတဲ့ ပုစွန်ကိုအစားထိုးမွေးမြူလျက်ရှိကြောင်း Soc Trang Seafood Joint Stock Company  မှ အထွေထွေညွှန်ကြားရေးမှူး Tran Van Pham  မှ သိရပါတယ်။ ဒါပေမဲ့ယာယီသာဖြေရှင်းနိုင်မှာဖြစ်ကြောင်းနဲ့ ဗီယက်နမ်ပုစွန်ကျားက အိန္ဒိယပုစွန်ကြားနဲ့သာ ယှဉ်ပြိုင်ရပြီး ခြေထောက် အဖြူရောင်ရှိတဲ့ ပုစွန်မှာ နိုင်ငံများစွာမှာ ထုတ်လုပ်လျက်ရှိရာ ပြိုင်ဆိုင်မှုပိုများကြောင်း Pham  မှဖြည့်စွက် ပြောကြား လိုက်ပါတယ်။ ယခုနှစ်မှာ ပုဇွန်တင်ပို့မှုပမာဏလျော့ကျသွားသော်လည်း ပုဇွန်ဈေးနှုန်းမြင့်မားမှုကြောင့် ပုဇွန်တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဘီလီယံရရှိနိုင်ကြောင်း ဗီယက်နမ်ပင်လယ်စာတင်ပို့သူတွေနဲ့ ပြုပြင်ထုတ်လုပ်သူများအသင်း အရ သိရှိရပါတယ်။ အေးမွန်မွန်လှိုင်၊Source:vietnamnet.vnagency.com

Pages