Main menu

Background

Monday, 9 Apr 2012

ကယားပြည်နယ်၊  လွိုင်ကော်မြို့ ပေါ်ရပ်ကွက်နဲ့  ဆင်ခြေဖုံးကျေးရွာ များမှာ စတော်ဘယ်ရီ စိုက်ပျိုးသူများ လာကြောင်းသိရပါတယ်။ စတော်ဘယ် ရီဈေးကွက်မှာ  စတင်ထွက်ရှိချိန်က တစ်ပိဿာ ၄၅၀၀ ကျပ်၊ ၅၀၀၀ ကျပ် ဈေးရှိပြီး  လှိုင်လှိုင်ပေါ်ချိန်မှာတော့ တစ်ပိဿာ ၂၈၀၀ ကျပ် - ၃၀၀၀ ကျပ် ဈေးသာရှိတာကြောင့်   ဒေသထွက် ရာသီစာအဖြစ်  စားသုံးမှု  များလာ ကြောင်း သိရပါတယ်။

Monday, 9 Apr 2012

        ဒီရာသီက ထန်းဖိုရာသီပါ။ ထန်းဖို ထန်းလျက်တွေ မတ်လကစပြီး ဇွန်လ ဆန်းထိ ထွက်ပေါ်နေပါတယ်။ မနှစ်က ဒီလိုအချိန်မှာ ထန်းလျက်တစ်ပိဿာကို ၆၅၀ ကျပ်မှ ၇၀၀ ကျပ် ဈေးရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ၄၀၀ ကျပ်နဲ့ ၄၅၀ ကျပ် အတွင်းမှာပဲ ရှိပါတယ်။

Monday, 9 Apr 2012

    ရာသီဥတုကောင်းမွန်ခဲ့တာကြောင့် ယခုနှစ် ပါကစ္စတန်နိုင်ငံရဲ့ သရက်သီးတင်ပို့မှုဟာ ရည်မှန်းချက်ထက် ကျော်လွန်နိုင်တယ်လို့ သိရပါတယ်။ အာဏာပိုင်များက ယခုနှစ် တင်ပို့ဖို့ တန်ချိန် ၁၄၀၀၀၀ လျာထားခဲ့ပြီး၊ စိုက်ပျိုးသူတွေ ယခုခန့်မှန်း တာတော့ ဒေသတွင်းမှာ တန်ချိန် ၁၆၅၀၀၀ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။ သရက်သီး တင်ပို့မှု ဦးဆောင်ကုမ္ပဏီ Harvest  Trading မှ အမှုဆောင်အရာရှိ Ahmad  Jawad   ပြောတာတော့ ပန်ဂျပ်နဲ့ ဆင်းဒေသတွေမှာ သရက်သီးများစွာ ထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

Monday, 26 Mar 2012

      မော်လမြိုင်မြို့ပေါ်က သီးနှံရောင်းတဲ့ဆိုင်တန်းကဆိုင်တွေမှာ မော်လမြိုင်ဒူးရင်းသီးတွေစပေါ်နေပြီလို့  ထင်ရေ လာက် အောင်မော်လမြိုင်ဒူးရင်းသီးနဲ့ သဏ္ဌာန်တူနေတဲ့ မလေးရှားဒူးရင်းသီးတွေ အများအပြားရောင်းချေ နတာ တွေ့ရှိရ ပါတယ်။ ယခင်နှစ်တွေက ပြည်ပက ဒူးရင်းသီးဆိုလို့ ယိုးဒယားဒူးရင်းသီးသာ တင်သွင်းရောင်းချခဲ့ပေမယ့် ဒီနှစ်မှာတော့ ထူးထူးခြားခြား

Monday, 26 Mar 2012

ကျောက်ဆည်ခရိုင်၊ လယ်ယာထွက်ကုန် TPIS ဝန်ထမ်းများသည် မတ်လ ၁၈၊ ၁၉ ရက်များမှာ ကျောက်ဆည်မြို့နယ် ကိုးပင်ရွာ၊ ရဲကြီးရွာ၊ ဟံမြင့်မိုရ်ကျေး ရွာများသို့ သရက်ခြံပိုင်ရှင်များနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

Friday, 23 Mar 2012

ယခုနှစ် ၂၀၁၁ ဒီဇင်ဘာလ ပတ်ဝန်းကျင်၌ အောက်မြန်မာပြည်တွင် သရက်ပန်းပွင့်နှုန်းမှာ ၁၀ ရာခိုင်နှုန်း လောက်သာ ပန်းပွင့်ကြသီးကြသည်။ ၂၀၀၈ ခုနှစ် နာဂစ်နောက်ပိုင်းတွင် အောက်မြန် မာပြည်၌ သရက်များ ကောင်းကောင်းမပွင့်ကြသ လို ယခု ၂၀၁၂ ခုနှစ်လည်း သရက်သီးပန်းများ ကောင်းကောင်းမပွင့်ကြသဖြင့် အထွက်နှုန်းနည်း မည်ဟု

Tuesday, 13 Mar 2012

ယခုနှစ်   သရက်သီး  ရာသီမှာ သရက်သီးဈေးကောင်းရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ကျေး ရွာပေါင်း ၇၀ ကို မန္တလေးတိုင်းဒေသ ကြီး သရက်သီးအစုအဖွ့ဲမှ  ပညာပေး ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရပါ တယ်။ယခုနှစ် သရက်သီးထွက်ချိန်မှာ ပိုး မပါ၊ မှဲ့ခြောက်မကျတဲ့ အရည်အသွေး ကောင်းသရက်သီးများထွက်ရှိဖို့သဘာ၀ မြေသြဇာသုံးပြီး သရက်ပင်ပြုစုစောင့် ရှောက်နည်းများ၊ ပိုးသတ်ဆေး စနစ် တကျသုံးစွဲခြင်းများကို ပညာပေးဆောင် ရွက်လျက်ရှိကြောင်း သိရပါတယ်။

Tuesday, 13 Mar 2012

မုံရွာဆီးသီးခြောက်ပွဲရုံတွေမှာ ဘုတလင်နဲ့ကန်နီဘက်က ဆီးသီးခြောက်တွေ အဝင်ပုံမှန်ရှိလာပြီး၊ ဒေသခံလှောင် လက်တွေ ယိုစုံလုပ်ငန်းသမားတွေအပြင်၊ မန္တလေးနဲ့ ရန်ကုန်တင်ပို့မဲ့ကုန်သည်တွေ အဝယ်သွက်နေတယ်လို့သိရပါတယ်။

Tuesday, 13 Mar 2012

ယခုနှစ်  ဆီးသီးရာသီချိန်မှာ သယ် ယူစရိတ် မြင့်တက်ခြင်း၊ အသီးနည်းခြင်း ကြောင့် ဆီးစိုက်တောင်သူများ အရှုံး ဖြင့်ရင်ဆိုင်ရကြောင်း သိရပါတယ်။

Tuesday, 13 Mar 2012

မြန်မာတို့ရဲ့ ထမင်းပွဲမှာ မပါမဖြစ်တဲ့ အချဉ်ဟင်းအတွက် ရာသီစာဖြစ်တဲ့ မရမ်းသီးနုကို ပုစွန်ခြောက်၊ မြေပဲဆန်တို့နဲ့ ထောင်းခြင်း၊ သုပ်စားခြင်းဖြင့် ထမင်းကို မြိန်စေတတ်ပါတယ်။ ဒါပေမယ့် အညာဒေသမှာက မရမ်းပင်ဖြစ်ထွန်းမှု နည်းပါးလို့ အောက်ပြည်က သယ်ယူရောင်းချမှုကိုသာ ဝယ်စားကြရတယ်လို့ ရှားပါးချိန်မှာ တစ်ဆယ်သား တစ်ထောင့်ငါးရာကျပ်ထိ ဈေးပေါက်ခဲ့ပါတယ်။

Pages