Main menu

Background

Wednesday, 24 Oct 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ အောက်တိုဘာ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်းမှာ ကန်ဒေါ် လာ သုည ဒသမ ၃၀၂ သန်း တန်ဖိုးရှိ အချိုမှုန့် တန် ၃၀၀ ဝန်းကျင် အသွင်း ရှိခဲ့ပါတယ်။ယခင်အပတ်ကထက် ၁၇၅ တန် အသွင်းပိုမိုခဲ့ပါတယ်။ ယခုအပတ် မှာ ချင်းရွှေဟော်မှအသွင်းမရှိခဲ့ဘူးလို့ သိရပါတယ်။       MIRT(DOBT)

Wednesday, 24 Oct 2012

မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၇ သန်းတန်ဖိုးရှိ နို့စိမ်း ၃၇ တန်ခန့်နဲ့ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်းတန်ဖိုးရှိ  Falcon  တံဆိပ် Non Dairy Creamer  များကို အောက်တိုဘာ ၁၀ ရက်မှ ၁၆ ရက် အတွင်းမှာ အသွင်းရှိခဲ့ပါတယ်။MIRT (DOBT)

Wednesday, 24 Oct 2012

သီတင်းတစ်ပတ်ဖြစ်တဲ့ အောက် တိုဘာ ၇ ရက်မှ ၁၃ ရက်တာ ကာလ အတွင်းမှာ နို့ဆီက အဝင်ပျောက်ခဲ့ပါ တယ်။ နို့စိမ်းက ဒွန်းတံဆိပ်နို့စိမ်း ၄၂၄ တန်နဲ့ အခြားတံဆိပ်နို့စိမ်း ၃၈၂ တန် တင်သွင်းခဲ့ပါတယ်။ စုစုပေါင်း  တင် သွင်းခဲ့တဲ့ တန်ချိန်က ၈၀၆တန်ဖြစ်ခဲ့ပြီး တန်ဖိုးက ကန်ဒေါ်လာခုနစ်သိန်းကျော် ဖိုး ဖြစ်ပါတယ်။ နို့မှုန့်က ဂျပန်နိုင်ငံမှ တင်သွင်းခဲ့တာဖြစ်ပြီး ၁၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ လေးသောင်းကျော်ဖိုးဖြစ် ပါတယ်။ MIRT (DOT)

Sunday, 14 Oct 2012

၂၀၁၂ ခုနှစ် ဇွန်လလယ်ကစပြီး နယ်စပ်စခန်းများမှ ဂျုံစေ့တင်သွင်းခွင့် ပြုထားပြီးနောက်  တမူးနယ်စပ်မှသာ ဂျုံစေ့များအသွင်းရှိနေရာမှ ယခုအပတ် မှာ မူဆယ်နယ်စပ်မှလည်း ဂျုံစေ့တင် သွင်းလာတာ ဖြစ်ပါတယ်။ ယခုအပတ် မှာ တမူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၂၃ သန်းတန်ဖိုးရှိ ဂျုံစေ့ ၄၆၁ တန်ခန့်နဲ့  မူဆယ်နယ်စပ်မှ ကန်ဒေါ် လာ သုည ဒသမ ၀၁၁ သန်းတန်ဖိုးရှိ ဂျုံစေ့ တန် ၄၀ ကို အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်းမှာ အသွင်းရှိခဲ့တာဖြစ်ပါတယ်။ MIRT (DOBT)

Sunday, 14 Oct 2012

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၁၂၆ သန်းတန်ဖိုးရှိ အချိုမှုန့် ၁၂၅ တန် ကျော်ကို အောက်တိုဘာ ၃ ရက်မှ ၉ ရက်ထိကာလအတွင်းမှာ အသွင်းရှိခဲ့ပါ တယ်။ ယခင်အပတ် တင်သွင်းမှုထက် တန် ၁၀၀ အသွင်း ပိုမိုခဲ့ပါတယ်။ မိမိဘက် မြေပြင်ဈေးဟာ တစ်ကီလိုကို ၁၃၅၀ ကျပ်ဖြစ်ပြီး တစ်ဖက်နိုင်ငံ မြေပြင်ဈေး က ၉ ဒသမ ၉၄ ယွမ်ဖြစ်ပါတယ်။   MIRT (DOBT)

Sunday, 14 Oct 2012

စက်တင်ဘာ ၃၀ ရက်မှ အောက်တိ ုဘာ ၆ ရက်တာကာလအတွင်း နို့ဆီ ၂၇၅တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးသိန်းကျော်ဖိုးကို  ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။  ဒီတစ်ပတ်မှာ ဒွန်းနို့ ဆီတစ်မျိုးသာ  အဝင်ရှိခဲ့တယ်လို့ သိရ ပါတယ်။ နို့စိမ်းက ဒီတစ်ပတ်မှာ အဝင် နားခဲ့ပါတယ်။ နု့ိမှုန့်က မလေးရှားနိုင်ငံမှ ၆ ဒသမ ၁၁၅ တန်နဲ့ နယူးဇီလန်မှ ၁၄ တန် မှာယူတင်သွင်းခဲ့ပါတယ်။ MIRT (DOT)

Sunday, 7 Oct 2012

စက်တင်ဘာ ၂၆ ရက်မှ အောက်တို ဘာ ၂ ရက်ထိ  ကာလအတွင်းမှာ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးမှ ကန် ဒေါ်လာ သုည ဒသမ ၁၀၄ သန်းတန် ဖိုးရှိ ဂျုံစေ့ ၃၉၆ တန်ကျော် အသွင်း ရှိခဲ့ပါတယ်။ စက်တင်ဘာလအတွင်း တမူးနယ် စပ်မှ ဂျုံစေ့ ၇၈၀ တန် တင်သွင်းခဲ့ပြီး စတင်တင်သွင်းခွင့် ပြုခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လလယ်မှ ယခု စက်တင်ဘာလ ကုန်ထိ တမူးနယ်စပ်မှ ဂျုံစေ့ ၄၉၈၂ တန်ကျော်တင်သွင်းထားပြီးဖြစ်ပါတယ်။ တမူးနယ်စပ်မှာ အပတ်စဉ် ဂျုံစေ့တင် သွင်းတဲ့ ကုမ္ပဏီ ခြောက်ခုခန့်ရှိပြီး ကုမ္ပဏီတစ်ခုလျှင် ပျမ်းမျှခြင်းအားဖြင့် အများဆုံး တန် ၁၅၀ ကျော်နဲ့ အနည်း ဆုံး ၇ တန် ကျော်ဝန်းကျင် အသွင်းရှိ ခဲ့ကြပါတယ်။IRT (DOBT)

Sunday, 7 Oct 2012

ဒွန်း၊ မာရီဂိုး နို့ဆီအဝင်များသလို  နို့စိမ်းလည်းဝင်စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်တာ ကာလအတွင်း ဒွန်းနို့ဆီ ၂၆၂ ဒသမ ၃၀ တန်၊ မာရီဂိုးနို့ဆီ ၁၃၁ ဒသမ ၁၅ တန်နဲ့ အခြားတံဆိပ်နို့ဆီ ၅၁၂ ဒသမ ၈၀ တန်ကိုတင်သွင်းခဲ့သလို နို့စိမ်း ၄၂၄ ဒသမ ၅၉၂ တန်ကိုလည်း ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်း ခဲ့ပါတယ်။ ဒီတစ်ပတ် တင်သွင်းခဲ့တဲ့ နို့ဆီနို့စိမ်း စုစုပေါင်း တန်ချိန်က ၁၂၃၀ ဒသမ ၈၄၂ တန်၊ တန်ဖိုးအားဖြင့် ၁၂ သိန်းကျော်ဖိုးဖြစ်ပါတယ်။နို့မှုန့်က စင်ကာပူနိုင်ငံမှ ၈၆ ဒသမ ၃၆ တန်၊ အီရန်နိုင်ငံမှ ၇ ဒသမ ၅၉၉ တန်နဲ့ ဖိလစ်ပိုင်နိုင်ငံမှ ၁ ဒသမ ၅၁၂ တန်တို့ကိုတင်သွင်းခဲ့ပါတယ်။MIRT (DOT)

Thursday, 4 Oct 2012

ယခင်အပတ်က ချင်းရွှေဟော်နယ် စပ်တစ်ခုတည်းမှ အချိုမှုန့် ၁၅ တန် အသွင်းရှိခဲ့သော်လည်း စက်တင်ဘာ ၁၂ ရက်မှ ၁၈ ရက်ထိကာလမှာတော့ ကန်ဒေါ်လာ သုည ဒသမ ၁၉၁ သန်း တန်ဖိုးရှိ အချိုမှုန့် ၁၂၆ တန်ကို မူဆယ် နဲ့ ၆၅ တန်ကို ချင်းရွှေဟော်မှ အသွင်း ရှိခဲ့ပါတယ်။ မူဆယ်မှာ  အချိုမှုန့် ၁ ကီလိုပေါက်ဈေး ၁၄၅၀ ကျပ်ဖြစ်ပြီး ချင်းရွှေဟော်မှာ ၈၄၀ ကျပ် ပေါက် ပါတယ်။          MIRT (DOBT)

Thursday, 4 Oct 2012

ဒီတစ်ပတ်နို့ဆီနဲ့ နို့မှုန့်သာအဝင်ရှိခဲ့ပြည်တွင်းကို  ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှနေ၍ စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်တာကာလအတွင်း နို့ဆီ ၃၀၉ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ သုံးသိန်းကျော်ဖိုးကို တင်သွင်း ခဲ့ပါတယ်။  ဒီတစ်ပတ်မှာ အိုကေနို့ဆီ က ၂၀၆ တန်နဲ့ အခြားတံဆိပ်က ၁၀၃ တန် တင်သွင်းလာတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာ နို့စိမ်းက အဝင်မ ရှိခဲ့တာ တွေ့ရပါတယ်။

Pages