Main menu

Background

Tuesday, 22 Oct 2019

         စင်ကာပူနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံကိုကျော်တက်ပြီး ကမ္ဘာ့ယှဉ်ပြိုင်မှု အမြင့်ဆုံး စီပွားရေးဖြစ်ရောက်ရှိလာသည်ဟု အောက်တိုဘာ ၈ ရက်ကထုတ်ပြန်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ကမ္ဘာ့ယှဉ်ပြိုင်မှုအစီရင်ခံစာတွင် ပါရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။ နှစ်စဉ် အဆင့်သတ်မှတ်သော နိုင်ငံများတွင် နိုင်ငံပေါင်း ၁၄၁ နိုင်ငံ ပါဝင်ပြီး စကေးသတ်မှတ်ချက်ကို သုည မှ ၁၀ဝ သတ်မှတ်သည်။ သတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားသော အချက်များမှာ အခြေခံအဆောက်အအုံ၊ အလုပ်သမားဈေးကွက်၊ ပြည်သူ့အဖွဲ့ အစည်းများ၏ အရည်အသွေးနှင့် စီးပွားရေး လုပ်ဆောင်ရာတွင် ပွင့်လင်း မြင်သာမှု စသည့်အချက်များ ပါဝင်သည်။ အမှတ် ၁၀ဝ အနက် စင်ကာ

Tuesday, 8 Oct 2019

     ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ဘိုင်းဒါးဒေသနှင့်  သဲကုန်းမြို့နယ်၊ ပုတီးကုန်း၊ ဝက်ပုတ်ဒေသများ၌ ဖရဲသီးအပါအဝင် ပန်းဂေါ်ဖီ၊ ဂေါ်ဖီနှင့်  ဟင်းသီးဟင်းရွက် အမြောက်အမြား  စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး  ပဲခူး၊ ရန်ကုန် တောင်ငူ၊ ဘားအံနှင့် ကျိုက်ထိုဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ယခုအခါ Win Organic Farm Myanmar Co., Ltd မှ မြန်မာနိုင်ငံ Organic ဟင်းသီးဟင်းရွက်ထွက်ကုန်များအား အခြောက်ခံ၍ ကိုရီးယားနိုင်ငံသို့  တင်ပို့လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ဘိုင်းဒါးဒေသမှဂေါ်ဖီထုပ်များကို Organic ထုတ်ကုန်အဖြစ် စိုက်ပျိုးထုတ်လုပ်၍ ကိုရီးယားနိုင်ငံဈေးကွက်သို့ ဝယ်ယူတင်ပို့နိုင်ရန် အောက်တိုဘာ ၁

Wednesday, 2 Oct 2019

    အမေရိကန်စက်အစိတ်အပိုင်းများမပါဘဲ 5G အခြေခံစခန်းများကို  တည်ဆောက်သွားရန် အသင့်ဖြစ်နေကြောင်းနှင့် လာမည့်နှစ်တွင် ထုတ်လုပ်မှုကို နှစ်ဆတိုးမြှင့်သွားမှာဖြစ်ကြောင်း ဟွာဝေးကုမ္ပဏီတည်ထောင်သူနှင့် စီအီးအို ရန်ဇန်ဖေးက စက်တင်ဘာ ၂၇ ရက်တွင်ပြောသည်။ အောက်တိုဘာလမှစ၍ ဟွာဝေးသည် တစ်လကို 5G ဆက်သွယ်ရေးအခြေခံစခန်း ၅၀၀၀ တည်ဆောက်သွားမည်ဖြစ်ပြီး လာမည့်နှစ်တွင် အခြေစိုက်စခန်း ၁ ဒသမ ၅ သန်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်က ဖိုရမ်တစ်ခုတွင်ပြောသည်။

Thursday, 26 Sep 2019

     အိန္ဒိယနိုင်ငံ၏ နွေသီးနှံသည် တာထွက်ညံ့ခဲ့သော်လည်း ယခုအခါ အခြေ အနေမှာ  ပြန်လည်နာလန်ထူလာပြီဖြစ်ကြောင်းနှင့် အကောင်းဘက်သို့ ဦးတည်လာ နေပြီဖြစ်ကြောင်း လေ့လာဆန်းစစ်သူတို့၏ ပြောကြားချက်ကို ကိုးကား၍ Producer.com ဝက်ဘ်ဆိုက်သတင်းတွင် ဖော်ပြသည်။ မုတ်သုံမိုးရွာသွန်းမှုသည်  ဇွန် ၁ ရက်မှဇူလိုင် ၁၉ ရက်အထိ ကာလအတွင်း ပုံမှန်ရွာသွန်းမြဲအောက် ၁၈ ရာခိုင်နှုန်း ကျဆင်ခဲ့သော်လည်း ဇွန် ၁ ရက်မှ စက် တင်ဘာ ၁၁ ရက်အထိကာလကို ကြည့်ပါက ပျမ်းမျှရွာသွန်းမှုအထက် ၁၉ ရာခိုင် နှုန်း မြင့်မားခဲ့သည်။ ဇူလိုင် ၁၉ ရက်အထိ ပဲသီးနှံစိုက်ပျိုးမှု အခြေအနေမှာ ယခင်နှစ် ကထက် ဧကခုနစ်သန်းကျော်ပိုမိုခဲ့ပြီး စက်တင်ဘာ ၁၃ ရက်အထိ အခြေအနေမှာ တ

Thursday, 26 Sep 2019

    အက်ပဲအိုင်ဖုန်းသုံးမျိုးဖြစ်သော iPhone 11,  iPhone 11 Pro eJY iPhone 11 Pro Max တို့ကို စင်ကာပူတွင် စက် တင်ဘာ ၂၀ ရက်က စတင်ရောင်းချခဲ့ကြောင်း channelnewsasia သတင်းတွင် ဖော်ပြသည်။ အိုင်ဖုန်းများ ကို ရောင်းချရန် မူလသတ်မှတ်ထားသောရက်ထက် တစ်ရက်စော၍ ရောင်းချခြင်းဖြစ်ပြီး  အောချတ်လမ်းရှိ  အက်ပဲစတိုးဆိုင် အပြင်ဘက်တွင် လူအများအပြား  တန်းစီစောင့်ဆိုင်းနေကြသည်။ မိုဒယ်အမျိုးအစား သုံးခုစလုံးကို စင်ကာပူတွင် စက်တင်ဘာ ၁၃ ရက်ကတည်းက ကြိုတင်မှာယူထား ခြင်းဖြစ်သည်။

Friday, 6 Sep 2019

      အိုင်ဖုန်းများပျက်စီးပါက ပြင်ဆင်သည့် လွတ်လပ်သောပြင်ဆိုင်များ အား စက်အစိတ်အပိုင်းများ၊ ပြင်ဆင် ရေးကိရိယာများနှင့် ပြင်ဆင်ရေးလမ်း ညွှန်များကို စတင်ရောင်းချသွားတော့ မည်ဖြစ်ကြောင်း အက်ပဲက သြဂုတ် ၂၉ ရက်တွင် ပြောသည်။ ယခုကဲ့သို့ဆောင်ရွက်ရန် အမေရိကန်ပြည်ထောင်စုရှိ  တချို့ပြည်နယ်များတွင် ပြဋ္ဌာန်းထားသော ဥပဒေများ ကို နှစ်ပေါင်းများစွာ ဆန့်ကျင်လာခဲ့ရာမှ ယခုကဲ့သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ဖုန်းစကရင် များ ကွဲခြင်းနှင့် အားသွင်းပေါက်များ လောင်ကျွမ်းခြင်း စသည့် ကိစ္စများကိုသန်းနှင့်ချီ၍ ပြင်ဆင်နေရသဖြင့် ယခုအစီအစဉ်ကို ဆောင်ရွက်လိုက်ခြင်းဖြင့် အက်ပဲနှင့် ၎င်း၏မိတ်ဖက် စီးပွားရေးလုပ်ငန်းများ ရင်ဆိုင်န

Friday, 6 Sep 2019

     ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ကား ပုံစံ ၁၇ မျိုးကို စီးပွားဖြစ်ထုတ် လုပ်မည်ဖြစ်ကြောင်း ဟွန်ဒိုင်း မော်တာကုမ္ပဏီက သြဂုတ် ၂၉ ရက်တွင် ထုတ်ပြန်သည်။ သဘာဝပတ်ဝန်းကျင် ထိခိုက် မှုနည်းသော ကားများ၏ဝယ်လို အား မြင့်မားခြင်းကို ဖြည့်ဆည်းပေးရန် နောက်ဆုံးကြိုးပမ်းမှုအဖြစ် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်သည်။ စီးပွားဖြစ်ထုတ်လုပ်ရန် စီစဉ်ထားသည့်အထဲတွင် လျှပ်စစ်သက်သက် ကားအမျိုးအစား ခုနစ်မျိုးနှင့် လောင်စာခဲနှင့် လျှပ်စစ် သုံးအမျိုးအစား ၁၀ မျိုးတို့ကိုထုတ်လုပ်ရန် ဟွန်ဒိုင်းမော်တာ က စီစဉ်နေကြောင်း ကုမ္ပဏီ၏ကြေညာချက်တွင်ဖော်ပြသည်။

Friday, 6 Sep 2019

      အိန္ဒိယနိုင်ငံသည် အက်ပဲ၊ ဖောက်စကွန်နှင့် ဝစ်စထရွန်ကော်ပို ရေးရှင်းတို့အပါအဝင် ကုမ္ပဏီများကို ပစ်မှတ်ထား၍  ဆွဲဆောင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။ ကုန်သွယ်ရေး စစ်ပွဲ၏  ဒဏ်ကို ခံနေရသော ကမ္ပဏီများ အိန္ဒိယနိုင်ငံသို့ စီးပွားရေးလုပ်ငန်းများ ပြောင်းရွှေ့ လာနိုင်ရေးအတွက် အာပေးဆွဲဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောသည်။ အိန္ဒိယ အစိုးရ တာဝန်ရှိသူများသည် သြဂုတ် ၁၄ ရက်က တွေ့ဆုံပြီး ရည်မှန်းချက်ထားသော  ကုမ္ပဏီ စာရင်းကိုပြုစုခဲ့ရာ  တရုတ်(တိုင်ပေ)အခြေစိုက် ကုန်ထုတ်လုပ်ရေးကုမ္ပဏီ ပက်ဂါထရွန် ကော်ပိုရေးရှင်းလည်း ပါဝင်ကြောင်း ဤ ကိစ္စနှင့

Pages