Background
၂၀၂၀ အောက်တိုဘာ ၁၉ ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာ ရာဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၅၀၊ ၁၀၈ ပေါင် (ဆန်သား၉၀%)ဆန်တစ်အိတ်ဈေးနှုန်းမှာ ဧည့်မထ ကျပ် ၂၉၀၀၀၊ ပေါ်ဆန်း ကျပ် ၄၀၅၀၀၊ ပေါ်ကျွဲ ကျပ် ၃၃၅၀၀၊ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်းများမှာ ပဲတီစိမ်း ကျပ် ၃၆၀၀၀၊ မတ်ပဲ ကျပ်၃၈၆၀၀၊ ပဲလွန်းဖြူ ကျပ်၃၄၀၀၀၊ ဘိုကိတ် ကျပ် ၂၆၅၀၀၊ ပဲပုတ် ကျပ် ၂၁၀၀၀၊ မြေပဲ ၆၁၀၀၀ ကျပ်၊ သစ်သီးဝလံမှ ကျွဲကောသီး ပန်းရောင်လက္ကားဈေး တစ်လုံး ကျပ် ၁၅၀၀ မှ ၄၀၀၀၊ ကျွဲကောသီးအဖြူရောင်လက္ကားဈေး တစ်လုံး ကျပ် ၁၀၀၀ မှ ၂၅၀၀၊ ဒေသထွက်ဒူးရင်းသီး တစ်လုံး ကျပ် ၂၀၀၀
ယခုတစ်ပတ် ရေစကြို ကုန်စည်ဒိုင်တွင် မြေပဲဆန်ဈေး မှာအနည်းငယ်ကျလျက် မြေပဲနီလုံး ဆန်နီ(မြောင်) တစ်ပိဿာ လျှင် ကျပ်၂၃၀၀၊ ကျွန်းဆန် တစ်ပိဿာလျှင်ကျပ် ၂၁၀၀၊ S1 (မြေပဲဖြူလုံးဆန်)တစ်ပိဿာလျှင် ကျပ် ၂၄၀၀၊ M12 (မြေပဲ လုံးဆန်) တစ်ပိဿာလျှင် ကျပ် ၂၂၀၀ မှကျပ် ၂၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။
အတွဲ(၁၅)၊ အမှတ်(၁၀)
ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို ရန်ကုန်ဝယ် လက်က ဝယ်လိုအား ပုံမှန်ရှိသလို ရောင်းသူကုန်သည်တွေက လည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့ကြောင်း၊ အရောင်း အဝယ်အနေဖြင့် တစ် ပိဿာကို ၃၅၀ ကျပ် ဈေးဖြင့် တစ်ရက်ကို အိတ် ၄၀၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်တွေက တစ်ပိဿာ ၈၅၀ ကျပ် (တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးဖြင့် တစ်ရက်ကို အိတ် ၁၀၀ မှ ၂၀၀ ကြားဝယ်လိုအားပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။
အတွဲ(၁၅)၊ အမှတ်(၁၀)
အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန် ဝယ်လက်က ဝယ်လိုအားပြန်သွက်လာတာကြောင့် ယခင်တစ် ပတ်နဲ့ နှိုင်းယှဉ်ပါက ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၄၆၀ ကျပ် (တစ်တန် ကို ၈၉၄၀၈၉ ကျပ်) ဈေးဖြင့် တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၄၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်) ကိုတော့ မြို့ခံပဲခွဲစက်တွေရဲ့ ဝယ်လိုအား ကောင်းတာကြောင့် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၅၀ ကျပ် (တစ်တန်ကို ၅၂၀၅၃၁ ကျပ်) ဈေးဖြင့် တစ်ရက်ကို အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါ တယ်။
အတွဲ(၁၅)အမှတ်(၅)
ရေစကြိုဈေးကွက်မှာ ပြောင်းသီးနှံကို ရန်ကုန်ပုံမှန်အဝယ်ရှိ
ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းသီးနှံကို နထစသမအ အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဝယ်လိုအားပုံမှန်ရှိသလို ရောင်းသူကုန်သည်တွေကလည်း ဝယ်ဈေးကြိုက်လို့ တစ် ပိဿာကို ၃၅၀ ကျပ်ဈေးဖြင့် တစ်ရက် ကို အိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
အတွဲ(၁၅)အမှတ်(၅)
အတွဲ(၁၅)အမှတ်(၅)
အတွဲ(၁၅)အမှတ်(၅)
ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ(သစ်)တွေ ဟင်္သာတ အနီးတစ်ဝိုက်မှ ဈေးကွက်ထဲစတင်ဝင်ရောက်နေသလို ရန်ကုန်ဝယ် လက်ကလည်း ဝင်သလောက်ဝယ်အားရှိခဲ့ကြောင်း၊ အဖွင့်ဈေးက တစ်ပိဿာ ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးဖြင့် နေ့စဉ် အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပွဲရုံရပ်ကွက်ကဆိုပါ တယ်။ ဒေသထွက်ပဲပုပ်(သစ်)ကို ရန်ကုန်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၉၇၅ ကျပ်(တစ်တန်ကို ၅၉၇၀၈၀ ကျပ်)ဈေးဖြင့်နေ့စဉ်အိတ်၂၅၀ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင်ပဲလွန်းဖြူကိုလည်းရန်ကုန်ဝယ်လက်ကအရည်အသွေးပေါ်မူ တည်ပြီးဝယ်ယူတာကြောင့်ဒီတစ်ပတ်မှာဈေး အနည်းငယ်ဆင်း လာပြီး တစ်ပိဿာ ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးဖြင့် အိတ်အနည်းငယ်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။