Main menu

Background

Friday, 10 Jun 2022

ကမ္ဘာ့ရွှေဈေးနှုန်းကျဆင်းသည်နှင့် ပြည်တွင်းသို့ရွှေတင်သွင်းရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)ဥက္ကဋ္ဌ ဦးမျိုးမြင့်ကဇွန် ၂ ရက်တွင် ပြောသည်။"ပြည်တွင်းကို ရွှေတင်သွင်းဖို့ အတွက် ကမ္ဘာ့ဈေးအကျကိုစောင့်နေကြတယ်။ကမ္ဘာ့ဈေးလည်းကျတော့ကျလာပါပြီ။ ရွှေဈေးက ၁၈၀ဝအောက်လောက်ရောက်တာနဲ့ စကြမှာပါ။ အခုက ၁၈၃၅ လောက်ဆိုတော့ စောင့်နေကြတာ"ဟု၎င်းကပြောသည်။YGEA  အနေ ဖြင့် ဇွန်လအပါဝင်လာမည့်သုံးလအတွင်း ပြည်တွင်း၌ ရွှေကုန်ကြမ်းလုံလောက်မှုရှိစေရန်အတွက် ပြည်ပကနေ ရွှေတင်သွင်းသွားရန် ပြီးခဲ့ သည့် မေလမှစတင်ကာ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင

Friday, 20 May 2022

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် ထောပတ်ပဲများ မတ်လ ဒုတိယပတ်မှစ၍ ထွက်ပေါ်နေပြီဖြစ်ကြောင်း  သိရှိရသည်။ အောက်တိုဘာ၊ နိုဝင်ဘာတွင် စိုက်ပျိုးခဲ့ပြီး မတ်လတွင် ထွက်ပေါ်လေ့ရှိကြောင်း သိရသည်။ မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်အနက်မှ အခြားသုံးမြို့နယ်သည် ထောပတ်ပဲကို မိုးနှင့်ဆောင်းနှစ်ရာသီစိုက်ပျိုးမှုရှိပြီး ငါန်းဇွန်မြို့နယ်သည် ထောပတ်ပဲကို ဆောင်းရာသီ၌သာ စိုက်ပျိုးမှုရှိကြောင်း သိရှိရသည်။ မြင်းခြံခရိုင်၏   ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းထောပတ်ပဲ စိုက်ပျိုးမှုဧကပေါင်းမှာ ၅၀၉၄ ဧကရှိပြီး ငါန်းဇွန်မြို့နယ်အနေဖြင့် ၂၅၁၀ ဧက စိုက်ပျိုးနိုင်ခဲ့သည်။ ငါန်းဇွန်မြို့နယ်သည် ထောပတ်ပဲကို

Monday, 21 Mar 2022

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ်သည် တိုင်းဒေသကြီးအတွင်းရှိ  မြို့နယ်များတွင်  ထန်းပင် အများဆုံး စိုက်ပျိုးထွက်ရှိရာ မြို့နယ်တစ်ခုဖြစ်သည်။ ထန်းပင် စိုက် ပျိုးမှုအနေဖြင့် ၄၁၇၂ ဧကရှိကြောင်း  သိရှိရပြီး ယခင်နှစ်များက ထန်းလှီးတောင်သူနည်းပါးခြင်း၊ မိုးနည်းခြင်းတို့ကြောင့် ထန်းလျက် ထွက်ရှိမှု နည်းခဲ့သည်။ ယခုနှစ်တွင် ထန်းလှီးတောင်သူများ တိုးလာ ပြီး မိုးကောင်းမွန်ခဲ့သောကြောင့် ယခင်နှစ်ထက် အထွက်နှုန်းသုံးဆခန့် ပိုမိုထွက်ရှိမည်ဟု ခန့်မှန်းကြောင်း ထန်းတောင်သူတစ်ဦးထံမှ သိရ သည်။ ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ နှစ်ကျပ်ခွဲ၊ တောင်ဇင်၊ လက်ပံပင်၊တောင်ခြေ၊ ကျွန်းခင်းကြီး၊ ဂွေးပင

Tuesday, 28 Dec 2021

ပြည်တွင်း ပြောင်းဈေးကွက်တွင် ပို့ကုန်ဝယ်လိုအား  အခြေ အနေကောင်းများရှိသော်လည်း   နိုင်ငံခြားငွေလဲလှယ်နှုန်းထားများ တည်ငြိမ်နေခြင်းကြောင့် ပြောင်းဈေးနှုန်းမှာ  လက်ရှိအနေအထား ထက် ဈေးမြင့်တက်နိုင်ခြင်းမရှိသေးဘဲ ဆက်လက်တည်ငြိမ်နေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ  ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်းမှ သိရသည်။

Tuesday, 28 Dec 2021

ကသာခရိုင်အတွင်းရှိ   ကသာမြို့နယ်နှင့်ထီးချိုင့်မြို့ နယ်များမှ ကြံတောင်သူများသည် ဧရာဝတီမြစ်   အရှေ့ဘက် ခြမ်းတွင် ကြံများကို  စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး သက်ဆိုင်ရာဌာန၏ စာရင်းအရ  ခရိုင်အတွင်း ကြံစိုက်ဧက ၁၂၀ဝ၀ဝ ခန့် ရှိကြောင်း သိရှိရသည်။ ၂၀၁၆ ခုနှစ်ကစပြီး သကြားဈေးမကောင်းသောကြောင့် ကြံတောင်သူများ   အရှုံးပေါ်ခဲ့သည့်အတွက်    ယခုနှစ်တွင် ကြံစိုက်ဧက လျှော့ချခဲ့ပြီး  အစားထိုးသီးနှံအဖြစ် နှမ်းသီးနှံကို စိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ်တွင် သကြားစက်များမှ ကြံတစ် တန် စက်ရုံအရောက် ကျပ် ၆၀ဝ၀ဝ ဈေးနှင့်   ဝယ်ယူမည်ဟု သိရှိရပြီး တချို့တောင်သူများကို ကြိုတင်စာချုပ်၍ ဝယ်ယူနေ သည်ဟုလည်း သိရှိရကြောင်း

Tuesday, 16 Mar 2021

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတကုန်စည်ဒိုင်တွင် မတ်ပဲဈေးအေးသော်လည်း ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိပြီး၊မတ်လ ၁၂ ရက်နေ့တွင် တစ်တင်းလျှင် ၂၇၀ဝ၀ ကျပ်ဈေးဖြင့် အိတ် ၁၀ဝ၀ အရောင်းအဝယ် ဖြစ်ခဲ့သည်။ ပဲတီစိမ်း (ဆီပြောင်) တစ်တင်းလျှင် ၃၅၀ဝ၀ ကျပ်ဈေးဖြင့်အရောင်းအဝယ်ဖြစ်ပြီး၊ ပဲတီစိမ်း (ဝါးခယ်မ) တစ်တင်းလျှင် ၃၄၇၀ဝ ကျပ်ဈေးဖြင့်အရောင်းအဝယ်ဖြစ်ကာ၊ ပဲတိစိမ်း (အနီ) မှာ တစ်တင်းလျှင် ၆၅၀ဝ၀ ကျပ်ဈေးပေါက်လျက်ရှိပါသည်။ ပဲလွန်းနီ တစ်တင်းလျှင် ၃၃၀ဝ၀ ကျပ်ဈေးဖြင့်လည်းကောင်း၊ ပဲလွန်းဖြူတစ်တင်းလျှင် ၂၃၀ဝ၀ကျပ် ဈေးဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ အစေ့ထုတ် ပြောင်း တစ်တင်းလျှင် ၁၀၁၀ဝ ကျပ်ဈေးဖြင့်လည်းကောင်း၊ ဖွဲနုပေါင်

Tuesday, 1 Dec 2020

မ‌ကွေးတိုင်းဒေသကြီးအတွင်း တောင်တွင်းကြီးကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မတ်ပဲများဝင်ရောက်လာပြီး အရည်အသွေးနှင့်ဝယ်လိုအားကြောင့် စျေးများအနည်းငယ် ကျဆင်းလျှက်ရှိပါသည်။ တောင်တွင်းကြီးကုန်စည်ဒိုင်တွင် ယခုအပတ် ၂၅.၁၁.၂၀၂၀နေ့တွင် မတ်ပဲ(ထိပ်စ) ၂၀ပိဿာတစ်တင်းလျှင်၃၁ဝဝ၀ကျပ်နှင့် မတ်ပဲ(အောက်စ) တစ်တင်းလျှင် ၂၉ဝဝ၀ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

Tuesday, 1 Dec 2020

မ‌ကွေးတိုင်းဒေသကြီးအတွင်း တောင်တွင်းကြီးကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် နှမ်းမျိုးစုံတို့ ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မိုးနှမ်းများဝင်ရောက်လာပြီး အရည်အသွေးနှင့် ဝယ်လိုအားကြောင့် နှမ်းနက်(စမုံ)၊ နှမ်းဖြူနှင့် နှမ်းနီစျေးများ ကျဆင်းလျှက်ရှိပါသည်။ တောင်တွင်းကြီး ကုန်စည်ဒိုင်တွင် ယခုအပတ်၂၅.၁၁.၂၀၂၀နေ့တွင် နှမ်းနက်(စမုံ)ထိပ်စ ၄၅ပိဿာ(၃)တင်းဝင် တစ်အိတ်လျှင်၁၇၀၀ဝ၀ကျပ်နှင့် နှမ်းနက်(စမုံ)အောက်စ တစ်အိတ်လျှင်၁၆၀ဝဝ၀ကျပ်၊ နှမ်းဖြူ ၄၅ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင်၁၀၆၀ဝ၀ကျပ်၊ နှမ်းနီ ၄၅ပိဿာ(၃)တင်းဝင် တစ်အိတ်လျှင်၁၁၀၀ဝ၀ကျပ် ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

Wednesday, 11 Nov 2020

နို၀င်ဘာ ၁ ရက်မှ ၇ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၆၉၃၆၅၀ ဒေါ်လာတန်ဖိုးရှိ နို့ဆီ ၆၂၀ ဒသမ ၁၃၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်း ခဲ့သည်။ ယခုတစ်ပတ် စင်ကာပူနိုင်ငံမှ ၃၇၂ ဒသမ ၀၉၆ တန်နှင့်မလေးရှားနိုင်ငံမှ ၂၄၈ ဒသမ ၀၄ တန် တင်သွင်းခဲ့ကြောင်းသိရသည်။ ယခင်သီတင်းပတ်က နို့ဆီတန်ချိန် ၄၀၀ ကျော်တင်သွင်းခဲ့ခြင်းကြောင့်ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၂၀၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။ တင်သွင်းခဲ့သည့်တံဆိပ်များမှာ မာရီးဂိုး၊ ဒွန်းနှင့်Hawk တို့ဖြစ်သည်။

Wednesday, 28 Oct 2020

ပြည်တွင်းစျေးကွက်များဖြစ်သည့် တောင်ကြီး၊ မန္တလေးနှင့် မကွေးတို့တွင် အရောင်းအေးပြီး မော်လမြိုင်၌ အရောင်းပုံမှန်ရှိကြောင်းသိရသည်။

တောင်ကြီးဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်အေးပြီး ဈေးငြိမ်နေကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ စိန်(ထိုင်း) ကျပ် ၈၀ဝ၀၊ အေသုံးလုံး ကျပ် ၅၂၀ဝ၊ အပါချီ ကျပ် ၄၃၀ဝ၊ ကမ္ဘောဇကျပ် ၄၂၀ဝ၊ ကျားခေါင်းကျပ် ၆၂၀ဝ၊ နဂါးကျပ် ၄၃၀ဝဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရှိရသည်။

Pages