Main menu

Background

Tuesday, 3 May 2016

  နှစ်သစ်ကူးကာလအလွန် မုံရွာ ကုန်စည်ဒိုင် ပဲဈေးကွက်မှာExport  ဝယ်လက်၊ လုပ်ငန်းသုံးဝယ်လက်နဲ့ ပဲ လက်လီဝယ်လက်တွေ သက်ဝင်စုံညီစွာ နဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်နေတယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။Export  အတွက် ရန်ကုန်ဝယ် လက်တွေ ပုံမှန်အဆွဲရှိခဲ့လို့ ပဲစင်းငုံနီ၊ မတ်ပဲနဲ့ပဲတီစိမ်းတို့ ဈေးဆက်လက်မာ ခဲ့ရာ ယခုတစ်ပတ်မှာ  ငုံနီတစ်တင်း ၄၉၇၀၀ ကျပ်၊ မတ်ပဲတစ်တင်း ၅၃၅၀၀ ကျပ်နဲ့ စိမ်းကြီးတစ်တင်း ၃၅၀၀၀ ကျပ် အထိ ပေါက်ဈေးအမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး တစ်ရက်လျှင် ငုံနီအိတ် ၁၅၀၀ ခန့်၊ မတ်ပဲအိတ် ၃၀၀ ခန့်နဲ့ စိမ်းကြီးအိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်မှသိရပါတယ်။ငုံနီအနေနဲ့  ဒေသခံကုန်သည် လှောင်လက

Tuesday, 5 Apr 2016

    ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်စမှ ၂၀၁၆ ခုနှစ် မတ်၂၅ ရက်အထိ ၁၁လကျော်ကာလမှာပြည်ပသို့ကန်ဒေါ်လာ သန်း ၁၂၀ ကျော်တန်ဖိုးရှိသစ်သီးဝလံ အမျိုးမျိုး ၇၂၆၅၂၇ တန် ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ ယမန်နှစ်ကာလတူနဲ့နှိုင်းယှဉ်ပါကတန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၃၆၉ သန်း၊ တန်ချိန်အားဖြင့်၂၁၂၉၅ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်းသစ်သီးဝလံ တင်ပို့နိုင်ခဲ့မှုအခြေအနေကို ဖော်ပြပေးလိုက်ရပါတယ်-

 

Thursday, 31 Mar 2016

    အိန္ဒိယနိုင်ငံက ခေါ်ထားတဲ့ပြောင်းတန်ချိန် ၂၄၀၀၀၀ တင်သွင်းရန် တင်ဒါအားပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း မတ် ၁၉ ရက်က ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ ကူးသန်းရောင်းဝယ်ရေးဌာနနဲ့အစိုးရဌာနများ မှအရာရှိ များက ယခု နွေရာသီပြောင်းစပါးဟာ အထွက်ကောင်းပြီး ပမာဏများပြားနိုင်မယ်လို့ မျှော်မှန်းထားတာကြောင့် ပြည်ပမှပြောင်းတင်သွင်းရန်ခေါ်ထားတဲ့တင်ဒါကို ပြန်လည်ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။အိန္ဒိယဟာGMO (Gene-tically modified food)များစိုက်ပျိုးခွင့်ကို ကန့်သတ်ထားတဲ့အပြင် ပြည်ပမှ တင်သွင်းမှုကိုလည်းခွင့်ပြုထားခြင်းမရှိဘူးလို့သိရပါတယ်။တင်ဒါခေါ်ယူခြင်းအား မပယ်ဖျက်မီအိန္ဒိယသည်ယူကရိန်းမှပြောင်းတန် ၂၅၀၀၀၀ က

Thursday, 31 Mar 2016

    အောင်လံဈေးကွက်မှာ  ဒီတစ်ပတ် ပဲတီစိမ်းကြီးကို တရုတ် လိုင်းအဝယ်အေးတာကြောင့် ဈေးကွက်မှာ အရောင်းအဝယ်အေး နေကြောင်းသိရပါတယ်။ ပဲစင်းငုံနီကို အဓိကဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်ကတစ်ပိဿာကို ၂၁၈၅ ကျပ်(တစ်တန်ကို ၁၃၃၈၀၇၂ ကျပ်) ဈေးဖြင့် ဝယ်လိုအားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များကအရောင်းနည်းနေကြောင်းသိရပါတယ်။ ဒေသထွက်သိပ္ပံနှမ်းကို ရန်ကုန်-မန္တလေးဝယ်လက်ကတစ်ပိဿာ ကို ၃၆၆၇ ကျပ် ဈေးဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။

Thursday, 31 Mar 2016

       မတ် ၁၃ ရက်မှ ၁၉ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ် မြေအဝင်မှာ ၉၂၄၆၆ တန်ကျော်ရှိခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေအဝင်မှာ ၃၆၇၁၅ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ တန်ချိန် ၅၅၇၅၀ ကျော်အဝင်ပိုခဲ့တယ်လို့သိရပါတယ်။နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန်၂၄၃၈၀ ကျော်ရှိခဲ့ပြီးယခင်တစ်ပတ်အဝင်မှာတန်ချိန် ၂၂၉၆၆ ကျော်ရှိခဲ့တာကြောင့်ဒီတစ်ပတ်မှာ တန် ၁၄၁၅ ကျော်အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ဒီတစ်ပတ်မှာ ရေလမ်းရောနယ်စပ်လမ်းမှပါဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။မော်လမြိုင်ဈေးကွက်မှာဘိလပ်မြေကပွင့်လင်းရာသီဖြစ်တာကြောင့်အရောင်းအဝယ်ကောင်းပေမယ့် ဈေး ငြိမ်နေဆဲပဲလို့ သိရပါတယ်။

Thursday, 31 Mar 2016

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မတ် ၁၂ ရက်မှ ၁၈ ရက်တာ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၆၃၁၆၀ တန်ဖိုးရှိ ကြက် သွန်နီ ၁၀၃၂ တန်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅၉၃၆၀ တန်ဖိုးရှိ ကြက်သွန်နီ ၁၅၃ တန်ခွဲ တင်ပိုခဲ့ပါတယ်။ ယခင်သီတင်း ပတ်က မူဆယ်မှ တန် ၇၀၀၊ မြဝတီမှ ၁၄၂ တန်ခွဲနဲ့ တာချီလိတ်မှ တန် ၁၀၀ တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ကြက်သွန်နီ ၂၄၃ တန်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါ တယ်။စလင်းမြို့နယ်အတွင်းရှိ ကြက် သွန်နီစိုက်တောင်သူတွေရဲ့  စိုက်ခင်း များတွင် ကြက်သွန်နီ  အထွက်နှုန်း ကောင်းသော်လည်း ယခုကြက်သွန်များ တူးဖော်ရောင်းချချိန်တွင် ဈေးနှုန်းကျ

Thursday, 31 Mar 2016

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ မတ်  ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း နနွင်းတက် (ရှမ်းစ) ၂၁၄ တန်ခွဲကို ကန်ဒေါ်လာ ၁၅၇၀၀၃ တန်ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က မူဆယ် ကုန်သွယ်ရေး ဇုန်ကနေ နနွင်းတက် ၁၀၄ တန်ခွဲသာ တင်ပို့ခဲ့လို့ ယခုတစ်ပတ် နနွင်းတင်ပို့မှု တန် ၁၁၀ ထိပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ နနွင်းတက်တစ် တန်ရဲ့ မိမိဘက်ပေါက်ဈေး (ငွေလဲနှုန်းအရ) ၈၇၃၅၀၂-၈၉၇၆၈၂ ကျပ်ဝန်းကျင်ခန့်ရှိ တယ်လို့ သိရပါတယ်။

Wednesday, 30 Mar 2016

   ပြည်ပဲဈေးကွက်မှာ ဆောင်းပဲများအနေဖြင့်ပြည်ပဝယ်လက်ပဲများဖြစ်သော မတ်ပဲနဲ့ ပဲစင်းငုံသီးနှံအဝင်များခဲ့သလို ပြည်တွင်းဝယ်လက်ပဲမှာလည်း ကုလားပဲနဲ့ပဲကြီးသီးနှံများ ဝင်ရောက်မှုများခဲ့ပြီး ဘိုကိတ်ပဲသီးနှံမှာတော့ ပဲသိပ ်အဝင်မရှိတော့ဘဲ တစ်ရက်အိတ် ၅၀ ကျော်သာဝင်ရောက်လာပါတယ်။ဘိုကိတ်ပဲကိုရန်ကုန် အဝယ်ရှိသလို ဒေသတွင်းဝယ်လက်များလည်း ဝယ်ယူ လျက်ရှိခဲ့ပါတယ်။ ပဲဈေးနှုန်းမှာ တစ်တင်း ၂၁၀၀၀ ကျပ်ဖြင့် ပဲသစ်ပေါ်စအချိန်က ဈေးထက် ဈေးလျော့နည်းသွားပေမယ့် ယခင်နှစ်က မတ်လအတွင်း ရရှိခဲ့သော ဈေးထက်တော့ဈေးပိုရခဲ့ပါတယ်။   ယခင်နှစ်က မတ်လအတွင်း ရရှိခဲ့သော ပဲလွန်း ဖြူဈေးမှာ တစ်တင်း ၁၅၅၀၀ ကျပ်သာ ရရှိတယ်လို့ သိရပါတယ

Tuesday, 22 Mar 2016

   ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစင်းငုံအသစ်များ ဒီဇင်ဘာနောက်ဆုံးပတ်နဲ့ ဇန်နဝါရီလမှာ စတင်ဝင်ရောက်လာပါတယ်။ဈေးစတင်ဖွင့်လှစ်စဉ်က တစ်တင်းကို ၄၅၀၀၀ ကျပ် ဖြင့်ဈေးဖွင့်ခဲ့သော်လည်းပြည်ပဆွဲလက်ရှိ သော်လည်း အထွက်နည်းခြင်း၊ နယ်ဆင်းစဉ် အတွေ့အကြုံမေးမြန်းလေ့လာမှုအရ တစ်ဧက ၃ တင်းနှင့် တောင်သူများမှာ အလွန်ရမှ ၅ တင်းသာရရှိခြင်းတို့ကြောင့် တစ်တင်းကို ၅၂၀၀၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့ သော်လည်း နောက်ပိုင်းတွင် ၄၄၁၀၀ ကျပ်ဈေးအထိ ကျဆင်းလာခဲ့သဖြင့် ယခင်အမြင့်ဈေး ၅၂၀၀၀ ကျပ်နှင့် ဝယ်ယူသိုလှောင်ထားသူများအနေဖြင့် တစ်တင်းကို ၈၀၀၀ ကျပ်ခန့် အရှုံးပေါ်နေကြသဖြင့် ''ဘယ်လိုလဲ ပဲစင်းငုံ''လို့ မေးရမလိုဖြစ်နေကြောင်း ကု

Thursday, 17 Mar 2016

    ယခုတစ်ပတ် ပြည်မြို့အနီးဆန်စက်နှင့် ဆန်ပွဲရုံများတွင်စပါးဈေး၊ ဆန်ဈေးအနည်းငယ်တက်ပြီးအရောင်းအဝယ်ကတော့ နယ်ရောဒေသတွင်းပါပုံမှန်ဖြစ်နေကြောင်းသိရပါတယ်။ ရန်ကုန်သို့တောင်ပျံမွှေး ဆန်တွေတင်ပို့နေပါ တယ်။ ဧည့်မထဆန်ချောများကို မန္တလေးသို့တင်ပို့ရကြောင်းလည်းသိရပါတယ်။ ရန်ကုန်သို့တစ်ပတ်ကို အိတ် ၈၀၀ ခန့်တင်ပို့ပြီး (တောင်ပျံမွှေး) ဆန်အိတ်များသာတင်ပို့ရပါတယ်။ မန္တလေးကိုတော့ဧည့်မထဆန်(ချော) နှစ်ရက်ခြား အိတ် ၆၀၀ ကျော်တင်ပို့ရပါတယ်။ယခုတစ်ပတ်စပါးဈေးတွေကတော့ တောင်ပျံမွှေး တင်း ၁၀၀ (၄၆ ပေါင်)ကိုက် ၇၇၂၈၀၀ ကျပ်၊ ဧည့်မထစပါး (နယ်ပို့စ) ၅၈၈၈၀၀ ကျပ်နဲ့ ဒေသတွင်းစားသုံးမှု ဧည့်မထစပါး ၅၆၀၀၀၀ ကျပ်တို့ဖ

Pages