Main menu

Background

Tuesday, 10 May 2016

     မေလဆန်းပြည်ပဲဈေးကွက်မှာ ပြည်ပဝယ်လက်ပဲများ ဈေးပြန်လျော့ သွားပေမယ့် လက်လီပဲအချို့ကတော့ ဈေးမြင့်တက်လာခဲ့တာကိုတွေ့ရပါ တယ်။ ဧပြီလကုန်ရက်က ပဲဈေးကွက်မှာလက်လီဝယ်လက်ဝယ်ယူမှုလောက် သာ ရှိတော့တဲ့ပဲလွန်းဖြူသီးနှံဟာ တစ်တင်း ၂၀၀၀၀ ကျပ်ဖြင့်သာဈေးငြိမ်ခဲ့ ရာမှ ယခုမေလဆန်းမှာ တစ်တင်း ၂၄၀၀၀ ကျပ်ဖြင့်ဈေးမြင့်တက်လာခဲ့ပါတယ်။သို့သော်လည်း ပဲအဝင်မရှိတော့ဘဲလက်ကျန်ပဲသာရှိခဲ့လို့ လက်လီသမား အနည်းငယ်အဝယ် ရှိခဲ့ပါတယ်။ ပဲပေါ် ချိန်၊ ပဲအထွက်လှိုင်ချိန်များတွင်သာ လက်လီသမားအပြင်၊ ရန်ကုန်ဝယ်လက် ဝယ်ယူမှုရှိခဲ့ကြောင်း သိရပါတယ်။
ခင်ဆွေဝင်း-ပြည်

Tuesday, 10 May 2016

    မေလဆန်း  ပြည်ဈေးကွက်မှာ ပဲအချို့ဈေးလျော့နည်းခဲ့သော်လည်း လက်လီပဲအချို့ဈေးမြင့်တက်ခဲ့ရာ စားတော်ပဲသီးနှံဈေးကလည်း သြင်္ကန်ပြီး ကာလမှစ၍ ဈေးတရိပ်ရိပ် တက်ခဲ့တာကြောင့်  မေပထမပတ်မှာ တစ်တင်း ၄၀၀၀၀ ကျပ်အထိရရှိခဲ့တာကိုတွေ့ရပါတယ်။ ဧပြီလကုန်မှာတစ်တင်း ၃၇၀၀၀ ကျပ်ရရှိပြီးလက်လီပဲဈေးကွက်မှာ ဈေးအမြင့်ဆုံးရနေသလိုယခုတစ် ပတ်မှာ တစ်တင်းကျပ် ၃၀၀၀ ခန့်ပိုရလာလို့ပြည်ပပဲဈေးကွက်တင်ပို့မှုရှိတဲ့ ပဲဈေးများ ကဲ့သို့ ဈေးကောင်းရလာပြီးတစ်ရက်အိတ် ၃၀ ကျော် ၄၀ အထိလက်လီအဝယ်ရှိနေခဲ့ပါတယ်။စားတော်ပဲသီးနှံရဲ့နေ့စဉ်ဈေးနှုန်းများအရ အခြားပဲများနှင့် နှိုင်းယှဉ်ကြည့် လျှင် ပြည်တွင်းဝယ်လက်ပဲထဲ မှာ နှစ်စဉ်ဈေး ကောင်း

Thursday, 5 May 2016

  ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ်အတွင်း   ကန်ဒေါ်လာ ၈၅၆၅၄၃ တန်ဖိုးရှိ မြေသြဇာ ၂၅၄၁ ဒသမ ၃၁၉ တန်ကို လည်းကောင်း၊ ဧပြီ ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၁၅၈၆၅ တန်ဖိုးရှိ မြေသြဇာ ၅၈၇ တန်ကို လည်းကောင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဧပြီ ပထမသီတင်းပတ်အတွင်း တရုတ်နိုင်ငံမှ ၁၈၃၈ ဒသမ ၅ တန်၊ အိန္ဒိယ မှ ၁၀ တန်နဲ့  စင်ကာပူမှ ၆၉၂ ဒသမ ၈၁၉ တန် တင်သွင်းခဲ့ပြီး နောက်တစ်ပတ်မှာ စင်ကာပူနိုင်ငံမှ ၅၆၇ တန်နဲ့ ဂျပန်နိုင်ငံမှ တန်၂၀ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

Wednesday, 4 May 2016

  ပြည်ထောပတ်ပဲသီးနှံမှာ ယခုလကုန်ပတ်အတွင်း ပဲအဝင်သိပ်မရှိတော့ ဘဲတစ်ရက်အိတ် ၃၀မှ ၇၀ခန့်သာ ဝင်ရောက်ခဲ့ပြီး လက်ကျန်ပဲသိပ်မရှိတော့တဲ့ အတွက်ဝင်လာသမျှပဲများအားလက်လီသမားတွေ အဝယ်ရှိခဲ့ကြပါ တယ်။ပဲဈေးနှုန်းမှာပဲဈေးကွက်အတွင်း ဈေးအနိမ့်ဆုံးရခဲ့တာကြောင့်  တစ်တင်း ၁၅၀၀၀ကျပ်ဖြင့်သာအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။သြင်္ကန်မတိုင်မီ ကာလဈေးမှာ တစ်တင်း ၁၃၅၀၀ကျပ်သာ ရရှိခဲ့လို့ယခုလကုန်မှာဈေးမြင့်တက် လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ထောပတ်ပဲသီးနှံဟာ ပဲသစ်ပေါ်ချိန် မှစ၍ ယခုချိန်အထိဈေးအေးအေးနဲ့ ကျပ်၂၀၀၀၀ အောက်သာရရှိခဲ့ပြီး၊ အရောင်း အဝယ်ဖြစ်ခဲ့လို့ ယခုနှစ်ဈေးအေးခဲ့တဲ့သီးနှံဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Tuesday, 3 May 2016

 ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ   ခရမ်းမြို့နယ်နှင့်သုံးခွမြို့နယ်တို့တွင် ရောင်းဝယ်လျက်ရှိသည့် ပဲတီစိမ်း ဈေးကွက်ကိုလေ့လာစောင့်ကြည့်ပြီးမှ ရောင်းဝယ်သင့်ကြောင်း ကုန်သည်အသိုင်းအဝိုင်းမှ ပြောကြားလျက်ရှိနေပါတယ်။ ပြီးခဲ့သည့်ဧပြီလဆန်းပိုင်းကတည်းက   ခရမ်း-သုံးခွ နယ်အတွင်း ပဲတီစိမ်းဈေးကွက်တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၃၂၀၀၀နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။အဲဒီကာလမတိုင်ခင်ကတစ်တင်းလျင် ကျပ် ၄၂၀၀၀ ရှိခဲ့ပေမယ့် ပဲတီစိမ်း တောင်သူတွေအနေနဲ့ ဈေးမြင့်တက်မယ်အထင်နဲ့ စောင့်ဆိုင်းနေခဲ့ပါ တယ်။ဒါပေမယ့်လည်း   သြင်္ကန်ကာလနီးလာလေ ပဲတီစိမ်း ဈေး နိမ့်ကျလေလေ ဖြစ်လာတာကြောင့် တောင်သူတွေဟာ ပေါက်ဈေးနဲ့ ရောင်းချနေ

Tuesday, 3 May 2016

  နှစ်သစ်ကူးကာလအလွန် မုံရွာ ကုန်စည်ဒိုင် ပဲဈေးကွက်မှာExport  ဝယ်လက်၊ လုပ်ငန်းသုံးဝယ်လက်နဲ့ ပဲ လက်လီဝယ်လက်တွေ သက်ဝင်စုံညီစွာ နဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်နေတယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။Export  အတွက် ရန်ကုန်ဝယ် လက်တွေ ပုံမှန်အဆွဲရှိခဲ့လို့ ပဲစင်းငုံနီ၊ မတ်ပဲနဲ့ပဲတီစိမ်းတို့ ဈေးဆက်လက်မာ ခဲ့ရာ ယခုတစ်ပတ်မှာ  ငုံနီတစ်တင်း ၄၉၇၀၀ ကျပ်၊ မတ်ပဲတစ်တင်း ၅၃၅၀၀ ကျပ်နဲ့ စိမ်းကြီးတစ်တင်း ၃၅၀၀၀ ကျပ် အထိ ပေါက်ဈေးအမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး တစ်ရက်လျှင် ငုံနီအိတ် ၁၅၀၀ ခန့်၊ မတ်ပဲအိတ် ၃၀၀ ခန့်နဲ့ စိမ်းကြီးအိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်မှသိရပါတယ်။ငုံနီအနေနဲ့  ဒေသခံကုန်သည် လှောင်လက

Tuesday, 5 Apr 2016

    ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်စမှ ၂၀၁၆ ခုနှစ် မတ်၂၅ ရက်အထိ ၁၁လကျော်ကာလမှာပြည်ပသို့ကန်ဒေါ်လာ သန်း ၁၂၀ ကျော်တန်ဖိုးရှိသစ်သီးဝလံ အမျိုးမျိုး ၇၂၆၅၂၇ တန် ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ ယမန်နှစ်ကာလတူနဲ့နှိုင်းယှဉ်ပါကတန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၃၆၉ သန်း၊ တန်ချိန်အားဖြင့်၂၁၂၉၅ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်းသစ်သီးဝလံ တင်ပို့နိုင်ခဲ့မှုအခြေအနေကို ဖော်ပြပေးလိုက်ရပါတယ်-

 

Thursday, 31 Mar 2016

    အိန္ဒိယနိုင်ငံက ခေါ်ထားတဲ့ပြောင်းတန်ချိန် ၂၄၀၀၀၀ တင်သွင်းရန် တင်ဒါအားပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း မတ် ၁၉ ရက်က ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ ကူးသန်းရောင်းဝယ်ရေးဌာနနဲ့အစိုးရဌာနများ မှအရာရှိ များက ယခု နွေရာသီပြောင်းစပါးဟာ အထွက်ကောင်းပြီး ပမာဏများပြားနိုင်မယ်လို့ မျှော်မှန်းထားတာကြောင့် ပြည်ပမှပြောင်းတင်သွင်းရန်ခေါ်ထားတဲ့တင်ဒါကို ပြန်လည်ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။အိန္ဒိယဟာGMO (Gene-tically modified food)များစိုက်ပျိုးခွင့်ကို ကန့်သတ်ထားတဲ့အပြင် ပြည်ပမှ တင်သွင်းမှုကိုလည်းခွင့်ပြုထားခြင်းမရှိဘူးလို့သိရပါတယ်။တင်ဒါခေါ်ယူခြင်းအား မပယ်ဖျက်မီအိန္ဒိယသည်ယူကရိန်းမှပြောင်းတန် ၂၅၀၀၀၀ က

Thursday, 31 Mar 2016

    အောင်လံဈေးကွက်မှာ  ဒီတစ်ပတ် ပဲတီစိမ်းကြီးကို တရုတ် လိုင်းအဝယ်အေးတာကြောင့် ဈေးကွက်မှာ အရောင်းအဝယ်အေး နေကြောင်းသိရပါတယ်။ ပဲစင်းငုံနီကို အဓိကဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်ကတစ်ပိဿာကို ၂၁၈၅ ကျပ်(တစ်တန်ကို ၁၃၃၈၀၇၂ ကျပ်) ဈေးဖြင့် ဝယ်လိုအားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များကအရောင်းနည်းနေကြောင်းသိရပါတယ်။ ဒေသထွက်သိပ္ပံနှမ်းကို ရန်ကုန်-မန္တလေးဝယ်လက်ကတစ်ပိဿာ ကို ၃၆၆၇ ကျပ် ဈေးဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။

Thursday, 31 Mar 2016

       မတ် ၁၃ ရက်မှ ၁၉ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ် မြေအဝင်မှာ ၉၂၄၆၆ တန်ကျော်ရှိခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေအဝင်မှာ ၃၆၇၁၅ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ တန်ချိန် ၅၅၇၅၀ ကျော်အဝင်ပိုခဲ့တယ်လို့သိရပါတယ်။နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန်၂၄၃၈၀ ကျော်ရှိခဲ့ပြီးယခင်တစ်ပတ်အဝင်မှာတန်ချိန် ၂၂၉၆၆ ကျော်ရှိခဲ့တာကြောင့်ဒီတစ်ပတ်မှာ တန် ၁၄၁၅ ကျော်အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ဒီတစ်ပတ်မှာ ရေလမ်းရောနယ်စပ်လမ်းမှပါဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။မော်လမြိုင်ဈေးကွက်မှာဘိလပ်မြေကပွင့်လင်းရာသီဖြစ်တာကြောင့်အရောင်းအဝယ်ကောင်းပေမယ့် ဈေး ငြိမ်နေဆဲပဲလို့ သိရပါတယ်။

Pages