Background
ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် ကျပ်ရှစ်သိန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးကွက်ပါ မြင့်တက်လာခဲ့ခြင်းဖြစ် ပြီး ပြည်တွင်း ငွေလဲ နှုန်းများ ကျဆင်းခြင်းမရှိသဖြင့် ယခုကဲ့သို့ ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူတို့က သုံးသပ်လျက်ရှိသည်။ ရွှေဈေး မြင့်တက်လာမှုကြောင့် ဈေးကွက်အတွင်း ပြန်လ ည်ရောင်းချ လာသူများ ယခင်ကထက် ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ "ရွှေဈေးက တော်တော်လေးကို မြင့်လာတယ်။ ကျပ်ရှစ်သိန်းကျော်လောက်အထိ မြင့်တက်လာတဲ့အတွက် စံချိန်တင်မြင့်တက်ခဲ့တယ်လို့ ဆိုရမှာပ
ယခုအောက်တိုဘာ တတိယပတ် ပြည်ကြက်သွန်နီပွဲရုံများသို့ ဝင်ရောက်လာတဲ့ ကြက်သွန်နီဈေးများ တဖြည်းဖြည်းဈေးတက်လာခဲ့ပါတယ်။ ဒေသထွက် ကြက်သွန်နီတွေကတော့ တောင်သူတွေထံမှာ စက်တင်ဘာလက ထဲက လက်ကျန်မရှိတော့ဘဲ နယ်ဘက်ကသာ ဝင်ရောက်လာမှုဖြင့် ပွဲရုံများတွင် ပခုက္ကူ၊ ဆိပ်ဖြူစများသာ အရောင်းအဝယ်ပြုလုပ်နေပါတယ်။ နယ်ဘက်သို့လည်း ရခိုင်နဲ့ မြဝတီဘက်မှ ကုန်သည်များကလည်း တိုက်ရိုက်အဝယ် ဆင်းေ ကြာင်း သိရပါ တယ်။ နယ်မှာ ကြက်သွန်နီဈေးတွေ မြောက်နေတာကြောင့် ပြည်ပွဲရုံများသို့ ဝင်ရောက်လာတဲ့ ကြက်သွန်နီတွေဟာ ဒေသတွေမှာလည်း စားသုံးသူများ ဈေးကြီးပေးကာ သုံးစွဲနေရခြင်းဖြစ်ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်နန်နင်းမြို့တွင်(၁၂)ကြိမ် မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (China ASEAN Expo- CAEXPO) နှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရ င်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (China–ASEAN Business and Investment Summit - CABIS) တို့ကို စက်တင်ဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့ ပါသည်။ (၁၂) ကြိမ်မြောက်တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ၏ ဦးတည်ဆောင်ပုဒ်မှာ"၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမတည်ထောင်ရန်၊ ရေကြောင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံချက်အသစ်ထွက်ပေါ်လာစေရန် "Co-building the 21st Century Maritime Silk Road, Rolling out
ပြည်တွင်း ရွှေဈေးကွက်တွင် တစ်ပတ်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်းကျော် မြင့်တက်သွားကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြည်တွင်း ရွှေဈေးကွက်အတွင်း ရွှေဈေးများ မြင့် တက်နေသော်လည်း အရောင်းအဝယ်မှာ ပုံမှန်အတိုင်းသာ ရှိနေကြောင်း ရွှေကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
မုံရွာကုန်စည်ဒိုင်၌ ၂၀၁၅ခုနှစ်၊ သြဂုတ်လ ပထမပတ်အတွင်း အရောင်းအဝယ်အကောင်းဆုံးသီးနှံမှာ ပဲတီစိမ်းသီးနှံဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင်သို့ မုံရွာမြို့ဝန်းကျင် ချောင်းဦးမြို့နယ်ရှိ ခင်မွန်၊ အမြင့်၊ ဆူးလေကုန်း၊ ဝယာေ ကျးရွာများ နှင့် အရာတော်မြို့နယ်ရှိ နေရာခင်း၊ လိန်လှ၊ မြေနက်၊ မကျီးကန်ကျေးရွာများမှ ပဲတီစိမ်းသီးနှံ ဝင်ရောက်မှုနည်းသော်လည်း ကြိုက်ဈေးရလို့ လှောင်လက်များက ထုတ်ရောင်းကြခြင်းနဲ့ Export (တရုတ်)ဝယ်လက်ရှိ၍ မန္တေ လးအဆွဲရှိကာ အရောင်းအဝယ် အကောင်းဆုံးသီးနှံဖြစ်နေတာကြောင့် မုံရွာကုန်စည်ဒိုင်၌ ယခုတစ်ပတ် အတွင်း ပဲတီစိမ်းသီးနှံ တစ်ရက်ပျမ်းမျှ တင်း ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ပါတယ်။ သြဂုတ်လ ပထမပတ်အ
မိုးကလေး တစ်ဖြိုက်နှစ်ဖြိုက်ကျလာပြီဆိုတော့ ချင်း (ဥမ) တွေကို ဖော်လို့ရ လာတာကြောင့် ဈေးကွက်ကိုလည်း ဝင်လာပါပြီ၊ ဒါပေမယ့် ကလေးမြို့နယ်အတွင်းရှိ ဒေသအချို့တွေမှာလည်း မိုးရတဲ့ နေရာကရပြီး၊ တချို့နေရာတွေမှာတော့ မိုးမရ သေးဘူးလို့ သိရပါတယ်။ မိုးရတဲ့နယ်တွေက ဥမတွေသာ အဝင်ရှိနေသေးလို့ အဝင် ကလည်း သိပ်မများသေးပါဘူး၊ မိုးသာဆက်တိုက်ရွာလာမယ်ဆိုရင်တော့ ဥမတွေ လည်း ဒီဘက်ဝင်လာနိုင်ပါတယ်။ အခုလောလောဆယ်တော့ ဈေးကွက်မှာ ချင်း တက်တွေလည်း ကုန်သလောက်ဖြစ်သွားတော့ ချင်း (ဥမ) တွေက ဝင်လာသလောက် ပြန်ပြီး ရောင်းနေရတယ်လို့ သိရပါတယ်။ ဈေးပတ်သမားတွေကလည်း (ဥမ) ကို ပိုပြီးကြိုက်ကြတယ်လို့ ဆိုပါတယ်။ ချင်းတက်တွေကတော့ တစ်ပိဿာကို
ယခုတစ်ပတ် ပြည်ချင်းဈေးကွက်မှာ ချင်းဈေးများ ယခင်အပတ်ထက် ကျပ် ၁၀၀ ခန့်ဈေးမြင့်လာပြီး၊ ပိဿာ ၃၀ ဝင်အိတ် ၃၀ ခန့်ပုံမှန်အဝင်ရှိနေတယ် ဆိုပေ မယ့် တချို့ရက်တွေမှာ တစ်ရက်လုံး အဝင်မရှိတဲ့နေ့တွေလည်း ရှိနေပါတယ်။ ပုံမှန် အားဖြင့် နယ်ဝယ်လက်များသာ ဝယ်ယူနေတယ်လို့ ချင်းပွဲရုံများမှ သိရပါတယ်။ ပြည်ချင်းပွဲရုံများမှာ ယခုတစ်ပတ်ချင်း တစ်ပိဿာကို (ဂျွန်) ၁၂၀၀ ကျပ်-၁၅၀၀ ကျပ်၊ (ရှယ်) ၁၆၀၀ ကျပ်-၂၀၀၀ ကျပ်ရှိပြီး၊ ပြည်ဈေးကွက်မှ တစ်ဆင့် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်သို့ ယခုတစ်ပတ်အတွင်း စားသုံးမှုအဖြစ် တစ်နေ့ ပိဿာချိန် ၃၀၀ ခန့်တင်ပို့မှုရှိတယ်လို့ သိရပါတယ်။
ဝင်းဝင်းခိုင်-ပြည်
မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်းစခန်းက ၂၀၁၅ ခုနှစ် မေလအတွင်း ပို့ကုန် ကန်ဒေါ်လာ ၃ ဒသမ ၁၂၁ သန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလ ဧပြီလထက် ကန်ဒေါ်လာ သုည ဒသမ ၁၂၉ သန်း ပိုမိုခဲ့ရခြင်းမှာ သီဟိုဠ်စေ့၊ ပုစွန်၊ ပင်လယ်ငါးရှဉ့်၊ ကင်းမွန်တို့ လျော့နည်းတင်ပို့ခဲ့သော်လည်း ငါးမျိုးစုံ၊ ရေဘဝဲ၊ ငါးလေးခြောက်နဲ့ ကဏန်းတို့ ပိုမိုတင်ပို့ နိုင်ခဲ့၍ ဖြစ်ပါတယ်။ ယမန်နှစ်ကာလတူဖြစ်သော ၂၀၁၄ ခုနှစ် မေလထက် သုည ဒသမ ၂၇၉ သန်းပိုမိုခဲ့ရခြင်းမှာ ပင်လယ် ငါးရှဉ့်၊ ရေဘဝဲတို့ လျော့နည်းတင်ပို့ခဲ့သော်လည်း သီဟိုဠ်စေ့၊ ရော်ဘာပင်အိုခြောက်၊ ငါးမျိုးစုံ၊ ပုစွန်၊ ငါးလေးခြောက်နဲ့ ကင်းမွန် ပိုမိုတင်ပို့ခဲ့၍ ဖြစ်ပါတယ်။
ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် ၃၆၁ တန်ကျော်ဝင်
မေ ၃၁ ရက်မှ ဇွန် ၆ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၂၇၈၀၅၆၅ တန်ဖိုးရှိ ဓာတ်ဆီ ၂၁၄ ဒသမ ၄၆နဲ့ ကန်ဒေါ်လာ၉၄၇၀၀၁၆ တန်ဖိုးရှိ ဒီဇယ် ၁၄၇ ဒသမ ၀၄၃ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှတင်သွင်းရန် သွင်းကုန် လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဓာတ်ဆီအဝင်မှာ ၁၈၂ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၃၁ ဒသမ ၉၄ တန် အဝင်ပိုခဲ့တယ် လို့သိရပါတယ်။ ဒီဇယ်က ယခင်သီတင်းပတ်မှာ တင်သွင်းမှုလျော့ခဲ့ပြီး ဒီတစ်ပတ်မှ ပြန်လည်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ပတ် ဒီဇယ်ရော ဓာတ်ဆီပါ အဝင်ပိုခဲ့ပါ တယ်။