Main menu

Background

Friday, 11 Dec 2020

နို၀င်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၅ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၃၀၂၄၀ ဒေါ်လာတန်ဖိုးရှိ ဘိလပ်မြေ ၁၀၉၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် တရုတ်နိုင်ငံမှ တန်ချိန် ၈၄၀ နှင့် မလေးရှားနိုင်ငံမှ ၂၅၆ တန် တင်သွင်း ခဲ့ကြောင်းသိရသည်။  ယခင်သီတင်းပတ်က ဘိလပ်မြေတန်ချိန် ၁၅၀ ကျော် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်မှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၉၄၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။

 

သီတာဝင်း (DOT)

Friday, 11 Dec 2020

နို၀င်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၅ ရက်သီတင်းပတ်အတွင်း ချင်း ၂၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။ နို၀င်ဘာ နောက်ဆုံးသီတင်းပတ်မှာ အပို့ပျောက်ခဲ့သည့် ချင်းက ယခုတစ်ပတ်မှပြန်လည်တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုတစ်ပတ် ပါကစ္စတန်နိုင်ငံသို့ တင်ပို့ခဲ့ပြီး တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၈၀ ဒေါ်လာ ရရှိခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ်ချင်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၄၈၀ ဒေါ်လာ ၀င်ငွေရရှိခဲ့ကြောင်းသိရသည်။

သီတာဝင်း (DOT)

Friday, 11 Dec 2020

နိုဝင်ဘာ ၂၈ ရက်မှဒီဇင်ဘာလ ၄ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၃၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၅၉၀၀ ကျော်တင်ပို့ခဲ့ကြောင်းသိရသည်။ တင်ပို့မှုများအနေဖြင့် မြန်မာတရုတ် နယ်စပ်များ ဖြစ်သော မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၁၀၈၆၀ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ဆန်တန်ချိန် ၃၂၂၀ ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၈၁၀ ကျော်နှင့် ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၅ ခန့် တင်ပို့နိုင်သဖြင့် ယခင် တစ်ပတ် ကုန်သွယ်မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၄၅၀ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါ သည်။မြန်မာထိုင်းနယ်စပ်မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိ

Friday, 11 Dec 2020

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၈ရက်မှ ဒီဇင်ဘာလ ၄ရက်နေ့များအတွင်းတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများ မှာ တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ စေ့ထုတ်ပြောင်း၊ သကြားနှင့် ဧည့်မထဆန် များတင်ပို့ခဲ့ကြောင်း သိရှိရသည်။

Friday, 11 Dec 2020

ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်းသည် ယခင်သီတင်းပတ်ကာလအတွင်း တစ်တင်း လျှင်ကျပ် ၃၄၀၀၀ အထက်ရှိခဲ့ပြီး ယခုသီတင်းပတ်တွင်လည်း ဈေးအတက်အကျမရှိပဲ ကျပ် ၃၄၀၀၀ ဝန်းကျင်တွင်ဆက်လက်တည်ရှိ နေသည်။ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျပ် ၃၄၀၀၀၊ ၄ ရက်နေ့တွင် ကျပ် ၃၄၂၀၀၊ ၅ ရက်နေ့တွင် ကျပ် ၃၄၀၀၀၊ ၆ ရက်နေ့တွင် ကျပ်၃၃၈၀၀၊ ၇ ရက်နေ့တွင် ကျပ်၃၄၀၀၀၊ ၈ ရက်နေ့တွင် ကျပ်၃၃၇၀၀၊ ၉ ရက်နေ့တွင် ကျပ်၃၃၄၀၀ အသီးသီးဖြစ် သည်။

Friday, 11 Dec 2020

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့နေ့စဉ်သစ်သီးဝလံများတင်ပို့လျှက်ရှိရာ ဒီဇင်ဘာလ(၁.၁၂.၂၀၂၀ မှ ၇.၈.၂၀၂၀)ရက်နေ့အတွင်း ဖရဲသီးတင်ပို့မှု(၄၅၄)စီး၊ ၆၆၀၈.ဝဝ တန်နှင့်သခွားမွေး (၃၆)စီး၊ (၁၃၂၁.၅၀)တန်တင်ပို့နိုင်ခဲ့သည်။

          သစ်သီးဝလံတင်ပို့မှုမှာ နိုဝင်ဘာလနောက်ဆုံးပတ်တွင် ဖရဲသီးတင်ပို့မှု ၆၉၂၅.၅၀ တန်နှင့် သခွားမွေးတင်ပို့မှု ၄၇၁ တန်တင်ပို့ပါသဖြင့် ဒီဇင်ဘာလပထမပတ်တွင်ဖရဲသီးတင်ပို့မှု ၃၁၇.၅ တန်လျော့နည်းခဲ့ပြီး၊ သခွားမွေးတင်ပို့မှုတွင် ၈၄၁.၅ တန်ပိုမိုတင်ပို့နိုင်ကြောင်းသိရှိရသည်။

Friday, 11 Dec 2020

ဒီဇင်ဘာလဒုတိယပတ်အတွင်း မုံရွာမြို့တွင် ရွှေဘိုပေါ်ဆန်း တစ်ပြည် ၂၅၀၀ ကျပ်၊ ဧရာမင်း (ရှယ်) တစ်ပြည် ၂၅၀၀ ကျပ်ဈေးဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၈၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၇၀၀ ကျပ်၊(သေး) ၄၀၀ ကျပ် ဖြင့်ရောင်းဝယ်လျှက်ရှိပါသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)ခွာပြီးသား (အမြှောင်းကြီး) တစ်ပိဿာ ၅၂၀၀ ကျပ်၊ (သေး) တစ်ပိဿာ ၄၀၀၀ ကျပ်၊ ရှမ်းကြက်သွန်ဖြူ (ကြူကုပ်) တစ်ပိဿာ၂၄၀၀-၂၈၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြပါသည်။ ချင်းတစ်ပိဿာ ၂၂၀၀ကျပ်၊ ငရုတ်သီးခြောက်များကို အမျိုးအစားလိုက်၍ တစ်ပိဿာ(၄၅၀၀မှ၆၅၀၀)ကျပ် ဈေးထိရောင်းဝယ်နေကြောင်း၊ အာလူးတစ်ပိဿာ၁၀၀၀ကျပ်၊ ဂေါ်ရခါးသီးတစ်လုံး၂

Thursday, 10 Dec 2020

မ‌ကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ပဲစဉ်းငုံများဝင်ရောက်လာပြီး အရည်အသွေးနှင့်ဝယ်လိုအားကြောင့် စျေးအနည်းငယ် ကျဆင်းရှိကြောင်း သိရှိရပါသည်။ အောင်လံကုန်စည်ဒိုင်တွင် ယခုအပတ် (၁၀.၁၂.၂၀၂၀)ရက်နေ့တွင် ပဲစဉ်းငုံ ၂၀ပိဿာ(၁)တင်းလျှင်(၂၄၃ဝဝိ/-)ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

Thursday, 10 Dec 2020

ယခုတစ်ပတ်နို၀င်ဘာလနောက်ဆုံးပတ်တွင် ပြည်စျေးကွက်၌ ကြက်သွန်နီစျေးနှုန်းများ လက်ကားရော လက်လီပါ တစ်ပိဿာလျှင် ကျပ် ၁၀၀ မှ ၁၅၀ထိ ကျဆင်းသွားကြောင်းသိရသည်။ ရေနံချောင်း၊ ဆိပ်ဖြူ၊ ပခုက္ကူစတဲ့နယ်များမှာ ပိဿာ (၃၀)၀င် အိတ် ၃၅၀/၄၀၀ ခန့်နေ့စဉ်၀င်ရောက်လျှက်ရှိနေပြီးအရောင်း အ၀ယ်မှာ၀င်ရောက်မှုရဲ့ ထက်၀က်နီးပါးခန့် အရောင်းအ၀ယ်ဖြစ်ကြောင်းသိရသည်။ စျေးနှုန်းများအနေနဲ့ ပွဲရုံလက်ကားစျေး တစ်ပိဿာကို (ကြီး/လတ်/ သေး) ကျပ် ၉၀၀/၈၀၀/၇၀၀ နှုန်းတို့ရှိပြီးလက်လီစျေးအသေး များတွင် စျေးနှုန်းအမျိုးအစားမခွဲခြားဘဲကြီး၊ လတ်၊ သေးကြိုက်တာယူကျပ် ၁၀၀၀ဖြင့် ရောင်းချမှုရှိနေကြောင်း လည်းသိရသည်။

Thursday, 10 Dec 2020

ယခုအပတ် ပြည်စျေးကွက်သို့ ပန်းတောင်းနှင့် ပေါက်ခေါင်းဘက်မှ မြေပဲဆန်အိတ်များနေစဉ် အိတ် (၃၀၀)ခန့် အ၀င်ရှိပြီး ၀င်သလောက်အရောင်း၀ယ်ဖြစ်တာတွေ့ရပါတယ်။ ယခုပြည်စျေးကွက်တွင် မြေပဲဆန် ဆီဆန်အဖြူနှင့် လုံးဆန်အဖြူစျေးအနည်းငယ်မြင့်လာသော်လည်း ကျန်မြေပဲဆန်မှာယခင်အပတ်ကအတိုင်း စျေးငြိမ်နေတာတွေ့ရပါတယ်။ လုံးဆန်ကို ရန်ကုန်၀ယ်လက်များကအ၀ယ်ရှိသလို ဆီဆန်ကိုမြို့တွင်းဆီစက် သမားများကအ၀ယ်ရှိနေတာ တွေ့ရပါတယ်။  ယခုအပတ် မြေပဲဆန်စျေးများမှာဆီဆန် အဖြူမှာတစ်ပိဿာ လျှင် ၂၄၅၀ ကျပ်၊ အနီမှာ ၂၄၀၀ ကျပ်နှင့် လုံးဆန် အဖြူမှာ ၂၈၅၀ ကျပ်၊ အနီမှာ ၂၈၀၀ ကျပ်ဖြင့် ပြည်စျေးကွက်တွင် ပုံမှန်အရောင်းအ၀ယ်ဖြစ်လျက်

Pages