Background
စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက်သီတင်းပတ်အတွင်း မန်ကျည်းသုညဒသမ ၉၉၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။ ယခုတစ်ပတ် ဘယ်လ်ဂျီယံ နိုင်ငံသို့ တင်ပို့ခဲ့ကြောင်းသိရသည်။ ယခင်သီတင်းပတ်က မန်ကျည်းတန်ချိန် ၁၅၀ တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် တင်ပို့မှုတော်တော်လေး လျော့နည်းခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် မန်ကျည်းစေ့သာ တင်ပို့ခဲ့သည်။ မန်ကျည်းစေ့တစ်တန် အမေရိကန်ဒေါ်လာ ၂၅၀ ရရှိခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် မန်ကျည်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၄၉ ဒေါ်လာ ဝင်ငွေရရှိခဲ့သည်။
သီတာဝင်း (DOT)
စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ၂ ရက်တာကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇၉ သန်းတန်ဖိုးရှိ ဆန်တန်ချိန် လေးထောင်ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဆန် တန်ချိန် ၃၈၀၀ ခန့်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၈၀ ခန့်နှင့်တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၀၀ နီးပါး တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၁၅၀၀ ကျော်ပိုမိုခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး (အနောက်)ပြည်ခရိုင်တွင် မိုးမြေပဲစိုက်ဧကမှာ ၄၇၁၀၈ ဧက စိုက်ပျိုးပြီး ရိတ်ဧကမှာ ၄၆၈၂၃ ဧကရိတ်သိမ်းနိုင်ခဲ့ပြီး အထွက်နှုန်းမှာ ၅၉ ဒသမ ၄၈ တင်းထွက်ရှိလို့ စုစုပေါင်းအထွက်တင်းမှာ ၂၇၈၅၁၇၉ တင်းထွက်ရှိ တာတွေ့ရပါသည်။ ပြည်စျေးကွက်သို့ မိုးမြေပဲများကို ပြည်- အောင်လံကြား ကျေးရွာများနှင့် ကြံခင်း၊ မြန်အောင်နှင့် ကံမဘက်မှ ရက်ခြား ၂၅ ပိဿာ၀င်အိတ် ၃၀၀၀ ခန့်၀င်ရောက်မှုရှိပြီး ရန်ကုန်၀ယ်လက်နှင့် ပြည်မြို့ရှိဆီစက်များက အ၀ယ်ရှိလို့ ၁၅၀၀-၂၀၀၀ ခန့်သာ ရက်ခြား အ၀ယ်ရှိတာတွေ့ရသည်။ ယခုအပတ် မြေပဲဆန်စျေးများမှာ ဆီဆန်တစ်ပိဿာလျှင်ကျပ် ၁၈၀၀၊ လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ကျပ်၂၆၀၀ နှင့် လုံးဆန်(အနီ) တစ်ပိဿာလျ
ပဲခူးတိုင်းဒေသကြီး (အနောက်)ပြည်ခရိုင်တွင် ယခုနှစ် မိုးနှမ်းရာသီတွင် စိုက်ဧကမှာ ၈၂၂၇၉ ဧကစိုက်ပျိုးပြီး ၈၂၁၁၁ ဧကရိတ်သိမ်းနိုင်ခဲ့ပါတယ်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၀ ဒသမ ၆၅ တင်း ထွက်ရှိလို့ အထွက်တင်းမှာ ၈၇၄၄၉၁ တင်းထွက်ရှိတာတွေ့ရပါတယ်။ ပြည်စျေးကွက်သို့ နှမ်းနက်နှင့် စမုံနက်နှမ်းကို မြန်အောင်၊ ကြံခင်း၊ မိုးညိုနှင့် ပေါင်းတည်ဘက်မှ အ၀င်ရှိပေမယ့် COVID- 19 ကူးစက်ရောဂါ ကြောင့် လမ်းပန်းဆက်သွယ်ရေးမှာခက်ခဲတဲ့ အတွက် နေ့စဉ်အ၀င်မရှိပေမယ့် တစ်ပတ်လျှင် သုံးတင်း၀င်အိတ် ၁၅၀၀ အိတ်ခန့် အ၀င်ရှိပြီး နှမ်းနီမှာ ပြည်ခရိုင်တွင် စိုက်ဧကနည်းလို့ သီးနှံလိုသလောက်မရတဲ့အတွက် မြို့တွင်းဆီစက်တချို့က အောင်လံနှင့် မင်းတု
ယခုအောက်တိုဘာလ ပထမပတ်အတွင်း ပြည်ကြက်သွန်နီစျေးကွက်သို့ ရေနံချောင်း၊ ဆိပ်ဖြူ၊ ပခုက္ကူဘက်မှ ကြက်သွန်နီများ ပိဿာ ၃၀ ၀င်အိတ် ၅၀၀ ခန့်နှင့် အောင်လံ၊ သရက်ဘက်မှ ကြက်သွန်နီအိတ် ၁၅၀-၂၀၀ ခန့်ကို တစ်ရက် ခြား၀င်ရောက်မှုရှိနေကြောင်းသိရသည်။ စျေးကွက်သို့ကြာရှည်အထားခံပြီး အရည် အသွေးကောင်းသည့် ဆိပ်ဖြူ၊ ပခုက္ကူကြက်သွန်နီများ ပိုမို၀င်ရောက်မှုရှိနေပြီး အရောင်းအ၀ယ်အနေဖြင့် ၀င်ရောက်မှုရဲ့ သုံးပုံတစ်ပုံခန့်သာ ရောင်း၀ယ် မှုရှိနေသည့်အတွက် အရောင်းအ၀ယ်မှာ စားသုံးသူပြည်သူများမှ COVID- 19 ကူးစက်ရောဂါကြောင့် ပုံမှန်ဒေသတွင်း၀ယ်လက်သမားများရော အိတ်ဆွဲသမားများပါ ၀င်ငွေ/ ထွက်ငွေချိန်ဆသုံးစွဲနေရသဖြင့် အရောင်းအ၀ယ်မှာအေးနေ ခြင
ပြည်မန်ကျည်းပွဲရုံ လှောင်လက်သမားတို့ နယ်အ၀ယ်မရှိတာကြောင့် ဒေသတွင်းလက်လီလောက်သာ အရောင်းအ၀ယ်ရှိနေတာသိရသည်။ ယခုအချိန်သည် မန်ကျည်းမှည့်အသစ်တွေမပေါ်သေး၍ မန်ကျည်းမှည့် နယ်အ၀ယ်များပြီး စျေးကောင်းရချိန်ဖြစ်သည်။ ရောဂါဖြစ်ပွားချိန်ကြောင့် မန်ကျည်းမှည့်ရောင်း၀ယ်ရေးလည်း အေးနေပြီး စျေးနှုန်းလည်းအေးနေခဲ့ပါတယ်။ ယခုတစ်ပတ် မန်ကျည်းမှည့် တစ်ပိဿာ (ပွဲရုံစျေး) ကတုံးစျေး ကျပ် ၁၈၀၀ နှင့် အသားစျေးကျပ် ၃၂၀၀ ဖြစ်တယ်။ လက်လီစျေးတွင် ကျပ် ၃၈၀၀၊ ၄၀၀၀ စျေးတို့ဖြင့် ရောင်းချနေတာ တွေ့ရသည်။
နီနီ၀င်း (ပြည်)
ပြည်ချင်းပွဲရုံများတွင် လက်ကားစျေးနှင့် လက်လီစျေးများစက်တင်ဘာလလယ်မှ စပြီးစျေးနှုန်းငြိမ်နေခဲ့တာတွေ့ရသည်။ ယခုအောက်တိုဘာပထမပတ်တွင် ချင်းပွဲရုံများတွင် ချင်းစျေးအနည်းငယ် ကျလာတယ်လို့ သိရသည်။ ပြည်နှင့် နယ်ချင်းနီးစပ်သော ဟင်္သာတချင်းလည်း ရက်ခြား၀င်ရောက်လျက်ရှိနေတာသိရသည်။ ယခုပတ်ချင်းစျေးမှာ (ပွဲရုံ)အိတ်ဆွဲစျေး တစ်ပိဿာလျှင် ကျပ် ၁၈၀၀၊ ၂၀၀၀ နှင့်သန့်ပြီးလက်ကားစျေးမှာ ကျပ် ၂၅၀၀၊ ၂၈၀၀ စျေးတို့ဖြင့် ရောင်းချ နေတာတွေ့ရသည်။ ဒေသတွင်းလက်လီစျေးများတွင် ချင်းတစ်ပိဿာစျေးမှာ ၃၅၀၀ ကျပ်စျေးဖြင့်ရောင်း၀ယ်နေသည်။ ဓားလှီးချင်းဖတ် တစ်ပိဿာကျပ် ၃၀၀၀ စျေးဖြင့် ရောင်းချနေတာ တွေ့ရသည်။ ယခုတစ်ပတ်ချင်းစျေး တစ်ပိဿာ ပေါ်တွင် (
ပြည်စျေးကြီးနှင့် ပွဲရုံများတွင် COVID-19 ကာလအတွင်း အခြားစားဖိုဆောင်သီးနှံများကဲ့သို့ စျေးမတက်ဘဲ ကြက်သွန်ဖြူလိုင်းစျေးငြိမ်စွာနှင့် ရောင်း၀ယ်နေတာတွေ့ရသည်။ COVID-19 ရောဂါများ ဖြစ်ပွားနေချိန်ဖြစ်၍ တစ်နေရာနှင့် တစ်နေရာ သွားလာမှုယခင်လို မချောမွေ့တာကြောင့် ကုန်စီဆင်းမှုများ ကုန်အရောင်း အ၀ယ်များလည်း ပုံမှန်မဖြစ်နေဘဲ ဒေသတွင်းအရောင်းအ၀ယ်လောက်သာရှိနေပါတယ်။ ယခုတစ်ပတ် ကြက်သွန်ဖြူစျေးနှုန်းမှာ (ပွဲရုံစျေး) တစ်ပိဿာလျှင် (ရှမ်းစ) ကျပ်၂၀၀၀၊ ၂၃၀၀ နှင့် (ကြူကုတ်စ)ကို ကျပ် ၁၉၀၀၊၂၀၀ စျေးတို့ဖြင့် အိတ်ဆွဲစျေးရောင်းချလျက်ရှိနေသည်။ လက်လီစျေးများတွင် (ရှမ်းစ) ကျပ် ၃၀၀၀၊ ၃၅၀၀ နှင့် (ကြူကုတ်စ)ကိုတော့ ကျပ် ၂၂၀၀ စျေး
ကယားပြည်နယ် လွိုင်ကော်မြို့အတွင်း စက်သုံးဆီဈေးနှုန်းများမှာ အောက်တိုဘာ ၈ ရက်တွင် အနိမ့်ဆုံးဈေးနှုန်းမှာ ဓာတ်ဆီ(ရိုးရိုး)တစ်လီတာလျှင် ၅၁၇ ကျပ်၊ အမြင့်ဆုံးမှာ ဓာတ်ဆီ(ရိုးရိုး)တစ်လီတာလျှင် ၆၁၅ ကျပ်၊ အနိမ့်ဆုံး ဈေးနှုန်းမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် ၅၆၃ ကျပ်၊အမြင့်ဆုံးဈေးမှာ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် ၆၁၅ ကျပ်၊ အနိမ့်ဆုံးဈေးနှုန်းမှာ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ၅၇၃ ကျပ်၊ အမြင့်ဆုံးဈေးမှာ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် ကျပ် ၆၄၀၊ အနိမ့်ဆုံးဈေးမှာ ဓါတ်ဆီ (၉၅) တစ်လီတာလျှင် ၆၁၇ ကျပ်၊အမြင့်ဆုံးဈေးနှုန်းမှာ ကျပ် ၇၂၀ ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း ပြည်နယ်အတွင်း၌ ရောင်းချလျက်ရှိသော စက်သုံးဆီဆိ
ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ များကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေး အပြောင်းအလဲများကြောင့် ပြည်တွင်းရွှေဈေးကွက်တွင်လည်း အပြောင်းအလဲ များစွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရွှေ တစ်အောင်စလျှင် ၁၉၅၂ ဒေါ်လာ ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်နေ့တွင် ၁၉၁၁ ဒေါ်လာ မှ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ၁၈၆၃ ဒေါ်လာသို့ ကျဆင်းလာခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်း ရွှေဈေးသည်လည်း စက်တင်ဘာလ ၁၈ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၃၂၀၀၀၀ ကျပ်ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ