Main menu

Background

Thursday, 12 Mar 2015

အတွဲ(၁၅)၊ အမှတ်(၁၀)

မုံရွာဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို မြို့ခံပဲခွဲစက်များက ၀ယ်လိုအား  ပုံမှန်ရှိတာကြောင့် ယခင်တစ်ပတနဲ့ နှိုင်းယှဉ်ပါက ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၃၃၅ကျပ်(တစ်တန်ကို ၈၁၇၅၄၀ ကျပ်) ဈေးဖြင့် တစ်ရက်ကို အိတ် ၃၅၀ ခန့်အရောင်းအ၀ယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို Export အတွက် ၀ယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ၀ယ်လိုအားပြန်လိုက်လာလို့ ဈေး မြင့်လာပြီး တစ်ပိဿာ ၁၄၅၀ ကျပ်(တစ်တန်ကို ၈၈၇၉၆၅ ကျပ်) ဈေးဖြင့် အရောင်းအ၀ယ်ဖြစ်မှုပမာဏများခဲ့ကြောင်း ဈေးကွက် အတွင်းမှ သိရပါတယ်။

 

 

Monday, 25 Apr 2011

မုံရွာကုန်စည်ဒိုင်

စဉ် အမျိုးအမည်           ရေတွက်ပုံ          ဈေးနှုန်း(ကျပ်)      ပြောင်းလဲမှု
                                                   ယခင်အပတ် ယခုအပတ်
၁ ကုလားပဲဖြူလုံးကြီး       ၁ ပိဿာ          ၉၂၁       ၉၆၈
၂ ပဲစင်းငုံနီ                     ၁ ပိဿာ          ၉၃ဝ        ၉၁၅
၃ မတ်ပဲ                        ၁ ပိဿာ          ၁ဝ၉၅      ၁ဝ၇၅

ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၎

 မုံရွာမှာ ပဲစင်းငုံနီဈေးကျပြီး ကုလားပဲဖြူလုံးကြီးဈေးစွာလာ

                  ဒီတစ်ပတ် ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်တွေနဲ့မြို့ခံလှောင်လက်ကုန်သည်တွေက ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင်ဈေးကျလာပြီး တစ်ပိသာကို ၉၁၅ကျပ်(တစ်တန်ကို  ၅၆ဝ၃၃၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၃ဝဝ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ကုလားပဲဖြူလုံးကြီးကို ရန်ကုန်-မန္တလေး ၀ယ်လက်အပြင် ဒေသတွင်းစက်သမားများနဲ့ လှောင်လက်တွေက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ် ပိဿာကို ၉၆၈ ကျပ်(တစ်တန်ကို ၅၉၂၇၉၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Tuesday, 5 Apr 2011

မုံရွာကုန်စည်ဒိုင်

စဉ် အမျိုးအမည်          ရေတွက်ပုံ          ဈေးနှုန်း(ကျပ်)               ပြောင်းလဲမှု
                                             ယခင်အပတ် ယခုအပတ်
၁ ကုလားပဲဖြူလုံးကြီး       ၁ ပိဿာ         ၉၄၇       ၉၂၁
၂ ပဲစင်းငုံနီ                   ၁ ပိဿာ        ၉၈ဝ         ၉၃ဝ
၃ မတ်ပဲ(သစ်)              ၁ ပိဿာ        ၁ဝ၉ဝ        ၁ဝ၉၅
၎ ပဲတီစိမ်းသေး             ၁ ပိဿာ         ၁၂၁၁        ၁၂၁၁

ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၎
မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးနဲ့ ပဲစင်းငုံနီ ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်

                 ကုလားပဲဖြူလုံးကြီးက ဒီတစ်ပတ်မှာ တစ်ပိဿာကို ၉၂၁ ကျပ်(တစ်တန်ကို ၅၆၄ဝ၁၁ ကျပ်)နဲ့ ဈေးအေးနေပေမယ့် အရောင်း အဝယ်ဖြစ်မှုအရေအတွက်ကို မထိခိုက်ကြောင်း မြို့ခံပဲကုန်သည် တစ်ဦးကဆိုပါတယ်။ အဓိကဝယ်လက်တွေက ရန်ကုန်ဝယ်လက်နဲ့ မန္တလေးဝယ်လက်ဖြစ်ပြီး နေ့စဉ်အိတ် ၅ဝဝ မှ ၈ဝဝ ကြားပုံမှန်အဝယ် ရှိခဲ့တယ်လို့သိရပါတယ်။ ပဲစင်းငုံနီကီ တော့ ဈေးကွက်မှာ တစ်နေ့ ထက်တစ်နေ့ဈေးဆင်းနေပါတယ်။ ဝယ်လက်ကုန်သည်အချို့ကတော့ အိတ်စပို့ဈေးကွက်မျှော်လင့်ချက်နဲ့ ဝယ်ယူစုဆောင်းမှုတွေ ရှိနေပြီး နယ်အဆွဲကတော့ အေးနေဆဲဖြစ်တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၃ဝ ကျပ် (တစ် တန်ကို ၅၆၉၅၂၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Thursday, 31 Mar 2011

မုံရွာကုန်စည်ဒိုင်

စဉ် အမျိုးအမည်            ရေတွက်ပုံ           ဈေးနှုန်း(ကျပ်)            ပြောင်းလဲမှု
                                                  ယခင်အပတ် ယခုအပတ်
၁ ကုလားပဲဖြူလုံးကြီး       ၁ ပိဿာ         ၉၆၈        ၉၄၇
၂ ပဲစင်းငုံနီ                     ၁ ပိဿာ        ၁ဝ၂ဝ       ၉၈ဝ
၃ မတ်ပဲ(သစ်)                 ၁ ပိဿာ        ၁၁ဝဝ      ၁ဝ၉ဝ
၎ ပဲတီစိမ်းသေး              ၁ ပိဿာ         ၁၂၁၁        ၁၂၁၁

ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၎
မုံရွာဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ကုလားပဲဖြူလုံးကြီးဈေးဆင်းလာ

                ပဲစင်းငုံနီကီို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိနေသလို ရောင်းသူကုန်သည်များကလည်း ကြိုက်ဈေးမရလို့ အရောင်းနည်းခဲ့ တယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၈ဝ ကျပ်(တစ်တန်ကို ၆ဝဝ၁၄၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝဝ ခန့်သာဖြစ် ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ။် ကုလားပဲဖြူလုံးကြီးက ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်လုပ် ငန်းရှင်များကလည်း တစ်ပိဿာ ၉၄၇ ကျပ်(တစ်တန်ကို ၅၇၉၉၃၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့် အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေသေးတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆို ပါတယ်။

Tuesday, 15 Mar 2011

မုံရွာကုန်စည်ဒိုင် စဉ် အမျိုးအမည်              ရေတွက်ပုံ              ဈေးနှုန်း(ကျပ်)                      ပြောင်းလဲမှု                                                         ယခင်အပတ် ယခုအပတ်၁ ကုလားပဲဖြူလုံးကြီး         ၁ ပိဿာ            ၉၄၂          ၉၈၉၂ ပဲစင်းငုံနီ                       ၁ ပိဿာ           ၁ဝ၃ဝ         ၁ဝ၆ဝ၃ မတ်ပဲ(သစ်)                   ၁ ပိဿာ           ၁ဝ၅ဝ          ၁၁၁ဝ၄ ပဲတီစိမ်းသေး                 ၁ ပိဿာ            ၁၂၃၇           ၁၂၁၁ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၄မုံရွာမှာ ပဲတီစိမ်းသေးဈေးကျပြီး ကုလားပဲဖြူလုံးကြီးနဲ့ ပဲစင်းငုံနီဈေးမြင့်လာ                     ပဲတီစိမ်းကြီးက ပစ္စည်းလက်ကျန်နည်းနေသလို အရောင်း ဝယ်လည်းအေးနေပါတယ်။ ပဲတီစိမ်းသေးကတော့ ရန်ကုန်ဝယ် လက်က တစ်ပိဿာကို ၁၂၁၁ ကျပ်(တစ်တန်ကို ၇၄၁၆ဝ၄ ကျပ်) နဲ့နေ့စဉ်အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ယခင်အပတ် နဲ့စာရင် ဈေးကကျရိပိပ်သ်သမ်းးနေကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို မြို့တွင်းပဲခွဲစက်သမားများနဲ့ ရန်ကုန်ဝယ်လက်အပြင် မြို့ခံလှောင်လက်ကုန်သည်များကပါ ဈေးကွက်မှာ အပြိုင်အဆိုင်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ်ာပြီး တစ်ပိဿာကို ၉၈၉ ကျပ်(တစ်တန်ကို ၆ဝ၅၆၅၃ ကျပ်)နဲ့ အရောင်းအဝယ် ဖြစ်မှုများလာတယ်လို့ မြို့ခံကုန်သည်များက ဆိုပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁ဝ၆ဝ ကျပ် (တစ်တန်ကို ၆၄၉၁၃၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၁ဝဝဝ ကြားအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Friday, 11 Mar 2011

မုံရွာကုန်စည်ဒိုင် စဉ် အမျိုးအမည်         ရေတွက်ပုံ           ဈေးနှုန်း(ကျပ်)           ပြောင်းလဲမှု                                                 ယခင်အပတ် ယခုအပတ်၁ ကုလားပဲဖြူလုံးကြီး     ၁ ပိဿာ        ၉၇၄         ၉၄၂၂ ပဲစင်းငုံနီ                   ၁ ပိဿာ       ၁ဝ၈၅        ၁ဝ၃ဝ၃ ပဲတီစိမ်းကြီး               ၁ ပိဿာ        ၁၄၇၄         ၁၄ဝဝ၄ မတ်ပဲ(သစ်)               ၁ ပိဿာ         ၁ဝ၇၅        ၁ဝ၅ဝ၅ ပဲတီစိမ်းသေး              ၁ ပိဿာ         ၁၂၈၉          ၁၂၃၇ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၄မုံရွာမှာ ပဲစင်းငုံနီ၊ ပဲတီစိမ်းသေးနဲ့ ကုလားပဲဖြူလုံးကြီးဈေးဆင်းလာ                       ပဲစင်းငုံနီ ကို ရန်ကုန် ၀ယ်လက်က ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံဈေးဆက်တိုက်ကျနေတဲ့အပေါ် ဈေးချအဝယ်ရှိတာကြောင့် ယခင် အပတန် စဲ့ာရင် ဈေးကျလာပြီး တစ်ပိဿာ ကို ၁ဝ၃ဝ ကျပ်( တစ်တန် ကို ၆၃ဝ၇၆၁ ကျပ်)နဲ့နေ့စဉ်အိတ် ၅ဝဝ မှ ၈ဝဝ ကြားသာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲတီစိမ်းကြီးက ဒီတစ်ပတ်အရောင်း အ၀ယ်အေးနေပြီး ပဲတီစိမ်းသေးကို ရန်ကုန်ဝယ်လက်က တစ်ပိဿာ ကို ၁၂၃၇ ကျပ်(တစ်တန်ကို ၇၅၇၅၂၆ ကျပ်)နဲ့နေ့စဉ်အိတ် ၃ဝဝ ခန့်အ၀ယ်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကျနေတယ်လို့ မြို့ခံ ကုန်သည်တစ်ဦးကဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်သ မားများနဲ့ ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက် သို့ ပစ္စည်းအဝင်လှိုင်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီးတစ်ပိဿာကို ၉၄၂ ကျပ်(တစ်တန်ကို ၅၇၆၈၇၁ကျပ်)နဲ့ နေ့စဉ် အိတ် ၅ဝဝ နဲ့အထက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Sunday, 27 Feb 2011

မုံရွာကုန်စည်ဒိုင် စဉ် အမျိုးအမည်          ရေတွက်ပုံ         ဈေးနှုန်း(ကျပ်)          ပြောင်းလဲမှု                                            ယခင်အပတ် ယခုအပတ်၁ ကုလားပဲဖြူလုံးကြီး     ၁ ပိဿာ          ၁ဝ၂၆      ၉၇၄၂ ပဲစင်းငုံနီ                 ၁ ပိဿာ          ၁၁၁ဝ       ၁ဝ၈၅၃ ပဲတီစိမ်းကြီး             ၁ ပိဿာ           ၁၄၇၄      ၁၄၇၄၄ မတ်ပဲ(သစ်)             ၁ ပိဿာ           ၁၁၁ဝ      ၁ဝ၇၅၅ ပဲတီစိမ်းသေး            ၁ ပိဿာ          ၁၂၁၁       ၁၂၈၉ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၄မုံရွာမှာ ပဲတီစိမ်းသေးနဲ့ ပဲစင်းငုံနီ အရောင်းအဝယ်ပုံမှန်ရှိနေ                  ပဲတီစိမ်းကြီးထက်စာရင် ပဲတီစိမ်းသေးကို ရန်ကုန်ဝယ်လက် ကအရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းးငယ်မြင့်လာပြီး တစ်ပိဿာကို ၁၂၈၉ ကျပ်(တစ်တန်ကို ၇၈၉၃၇ဝ ကျပ်)နဲ့နေ့စဉ်အိတ် ၅ဝဝ မှ ၁ဝဝဝ ကြားအ၀ယ်ရှိခဲ့တယ်လို့ သိရပါတယ်။ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် က ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံဈေး ကျလာတဲ့အပေါ် ဈေးလျော့ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁ဝ၈၅ကျပ်(တစ်တန်ကို ၆၆၄၄၄၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝဝ မှ၂ဝဝဝ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ကုလားပဲဖြူလုံးကြီးကို  ပဲခွဲစက်လုပ်ငန်းရှင်များသာမက ရန်ကုန်ဝယ်လက်ကပါ အဝယ်သွက် လာပေမယ့် ဈေးကွက်သို့ အ၀င်များတာကြောင့်  ဈေးကအကျဘက် မှာ ရှိနေတယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၇၄ ကျပ်(တစ်တန်ကို ၅၉၆၄၆၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့် ဖြစ်ခဲ့တယ်လို့ မြို့ခံပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

Tuesday, 22 Feb 2011

မုံရွာကုန်စည်ဒိုင် စဉ် အမျိုးအမည်           ရေတွက်ပုံ             ဈေးနှုန်း(ကျပ်)         ပြောင်းလဲမှု                                                   ယခင်အပတ်     ယခုအပတ်၁ ကုလားပဲဖြူလုံးကြီး       ၁ ပိဿာ       ၉၈၉             ၁ဝ၂၆၂ ပဲစင်းငုံနီ                     ၁ ပိဿာ      ၁ဝ၈ဝ            ၁၁၁ဝ၃ ပဲတီစိမ်းကြီး                 ၁ ပိဿာ     ၁၃၁၆             ၁၄၇၄၄ မတ်ပဲ(သစ်)                 ၁ ပိဿာ      ၁ဝ၇၅             ၁၁၁ဝ၅ ပဲတီစိမ်းသေး               ၁ ပိဿာ      ၁၂၃၇             ၁၂၁၁ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၄မုံရွာမှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီ ဈေးစွာပြီး အရောင်းအဝယ်ဖြစ်                 ပဲတီစိမ်းက ဈေးကွက်အတွင်း နယ်ပစ္စည်းအဝင်ပုံမှန်ရှိခဲ့ပြီး မန္တလေး-ရန်ကုန်ဝယ်လက်လည်း ပုံမှန်အဆွဲရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲတီစိမ်းကြီး တစ်ပိဿာ ၁၄၇၄ ကျပ်(တစ် တန်ကို ၉ဝ၂၆၆၂ ကျပ်)၊ ပဲတီစိမ်းသေး တစ်ပိဿာ ၁၂၁၁ ကျပ်(တစ်တန်ကို ၇၄၁၆ဝ၄ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝမှ ၄ဝဝ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီက ဈေးကွက်သို့ နယ်စုံမှ ဝင်ရောက်မှုအားကောင်းနေသလို ရန်ကုန်ဝယ်လက်နဲ့ မန္တလေး ဝယ်လက်ကလည်း ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ်ာပြီး တစ်ပိဿာကို ၁၁၁ဝ ကျပ်(တစ်တန်ကို ၆၇၉၇၅၂ ကျပ်)နဲ့ နေ့စဉ် အိတ် ၃ဝဝဝ မှ ၅ဝဝဝ ကြား အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်ကြီးများက ဆိုပါတယ်။

Pages