Background
လာမည့် တစ်နှစ်မှ နှစ်နှစ်အတွင်း ဗီယက်နမ်ရှိ ဂျပန်စီးပွားရေးလုပ်ငန်း ၄၇ ရာခိုင်နှုန်းသည် ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုချဲ့ထွင်ရန် စီစဉ်ထားသည်ကို တွေ့ရကြောင်း အာရှနှင့်အိုရှင်းနီးယားဒေသတွင် ဂျပန်ကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့(Japan External Trade Organisation- JETRO)၏ စစ်တမ်းတစ်ခု၏ဖော်ပြချက်ကို ဗီယက်နမ်နယူးအေဂျင်စီသတင်းတွင် ဖော်ပြသည်။
အမေရိကန်နိုင်ငံခြားငွေလဲနှုန်း ရွှေဈေးနှင့်တူ အနည်းငယ်ကျဆင်း လာပြီဖြစ်ကြောင်း နိုင်ငံခြားငွေ ရောင်းဝယ်ရေးဈေးကွက်မှ သိရသည်။ လက်ရှိ အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်နှုန်းမှာမူ ဖေဖော်ဝါရီ ၁၁ ရက် ပြင်ပဈေးကွက် တွင် တစ်ဒေါ်လာဝယ်ဈေး ၁၃၉၅ ကျပ်၊ ရောင်းဈေး ၁၄၁၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာ့ဒေါ်လာ အညွန်းကိန်းမှာ ဇန်နဝါရီ ၂၉ ရက်တွင် အညွှန်းကိန်း ၉၀ ပွိုင့်အထက်တွင် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ အမေရိကန်နိုင်ငံခြားငွေလဲနှုန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လဆန်း ပိုင်းမှစတင်ကာ တစ်ဒေါ်လာ ကျပ် ၁၄၄၀ ကျော်ထိ မြင့်တက်လာခဲ့သော်လည်း ရက်ပိုင်းတွင်း အနည်းငယ် ပြန်ကျဆင်းလာခြင်းဖြစ်ကြောင်း နိုင်ငံ
ကန်ထရိုက်မှတ်ပုံတင်လက်မှတ် ရရှိပြီးသည့် ကုမ္ပဏီစာရင်းအား သိရှိနိုင်စေရန်၊ အတုအပ မပြု လုပ်နိုင်စေရန် အတွက် တိုက်ဆိုင်စစ်ဆေးနိုင်ရန်နှင့် သက်တမ်းကုန်ဆုံးနေသော ကုမ္ပဏီများ သိရှိနိုင်ရန် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ဆောက်လုပ်ရေးဝန်ကြီး ဌာနတွင် ကန်ထရိုက်မှတ်ပုံတင်ထားသည့် ဆောက် လုပ်ရေးကုမ္ပဏီ ၁၃၇၀ ကျော်အား ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ဖေ့စ်ဘွတ်ခ်ပေ့ဂျ်နှင့် ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှု စစ်ဆေးနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေ းဝန်ကြီးဌာန ကုမ္ပဏီများ ကန်ထရိုက် မှတ်ပုံတင်ရေးလုပ်ငန်းကော်မတီမှ သိရသည်။
COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်(CERP) ၏ ပန်းတိုင်(၅)အောက်ရှိ လုပ်ငန်းအစီအစဉ် - ၅.၂.၁ (ဃ)အရ Application developer များနှင့် Application တီထွင်သုံးစွဲနေသူများကို Challenge Grant ဆုများ ပေးအပ်နိုင်ရေး အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ UNDP မြန်မာ၏ ငွေကြေးအထောက်အပံ့ဖြင့် MoCOM E-commerce Innovation Challenge ပြိုင်ပွဲများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဇန်နဝါရီလ တတိယပတ်အတွင်း၌ ပေါ်ဆန်းစပါးဈေးနှုန်း ၄၆ပေါင် ကျပ် ၇၇၁၀ဝ၀ မှ ၈၂၃၀ဝ၀ ဈေးရှိနေပြီး ဆန်အနေ ဖြင့် ဆန်တစ်အိတ်လျှင် ကျပ် ၃၀ဝ၀ဝ မှ ၃၅၀ဝ၀ ရှိနေသည်။ အချို့မြို့နယ်များတွင် ရေကျနောက်စိုက် စပါးများလည်း အနည်းငယ်ထွက်ရှိလာနေသည်။ ဧည့်မထစပါးဈေးနှုန်း ၄၆ ပေါင် ကျပ် ၅၈၀ဝ၀ဝ မှ ၆၅၇၀ဝ၀ ဈေးဖြင့် ရောင်းဝယ်လျက်ရှိပြီး ဆန်အနေဖြင့် ဆန်တစ်အိတ်ကို ကျပ်၂၄၀ဝ၀ မှ ၂၆၀ဝ၀ ဈေးဖြင့် ရောင်းဝယ် လျက်ရှိနေသည်။ စတင်ထွက်ရှိသည့် စက်တင်ဘာလထက် ဈေးနှုန်းမြင့်တက်နေကြောင်းကိုလည်း တွေ့ရှိရသည်။
ထိုင်းနိုင်ငံက ဗီယက်နမ်တွင် မှတ်ပုံတင်အသစ်တင်သော စီမံကိန်း ၄၀၊ မတည်ရင်းနှီးငွေ ပြန်လည်ညှိနှိုင်း ရန်တင်ပြသော စီမံကိန်း ၂၃ ခုနှင့် မတည်ရင်းနှီးငွေထည့်ဝင်ရန်နှင့် ရှယ် ယာဝယ်ယူရန် ဆောင်ရွက်နေသော စီမံကိန်း ၁၀ဝ ရှိသဖြင့် ယခင်နှစ်မှတ်ပုံ တင်ထားပြီးသော မတည်ရင်းနှီးငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ရှိကြောင်း ဗီယက်နမ်စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ကိန်းဂဏန်းများကို ကိုးကား၍ ဗီယက်နမ်နယူးစ် အေဂျင်စီသတင်း တွင် ဖော်ပြသည်။
ကိုဗစ်-၁၉ ဖြစ်ပွားမှု အကျိုးဆက်များကြောင့် နယ်ဒေသအသီးအသီးမှ ရွှေကုန်ကြမ်းများ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ခက်ခဲနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ "ကိုဗစ်ဖြစ်တဲ့အခါကျ တော့ မြို့နယ် ကျော်ပြီး သွားလို့လာလို့ မရသေးဘူး။ ရန်ကုန်တိုင်းထဲကို လာမယ့်ဟာတွေကျတော့ ကုန်ကြမ်းတွေက ရန်ကုန်ထဲကို ပြန်မဝင်သေးဘူး။ ကျွန်တော်တို့ ဒီမှာရောင်းမယ့် အထည်ပျက်ကိုပဲ ပြန်ကျိုပြီးတော့ ရောင်းနေဝယ် နေကြတာပေါ့။ ကျွန်တော်တို့ ပုံမှန်အရောင်းအဝယ်ဖြစ်အောင်တော့ ကြိုးစားနေပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောဆိုသည်။
ဗီယက်နမ်လက်မှုပစ္စည်းများသည် ပိုမိုအလားအလာကောင်း သော ထုတ်ကုန်အုပ်စုဖြစ်ပြီး အမြတ်နှုန်းများသော ကုန်ပစ္စည်း ဖြစ်ကြောင်းနှင့် အနာဂတ်ကာလတွင်ပို့ကုန်မြှင့်တင်ရန် မဟာဗျူဟာ လိုအပ်နေသော ထုတ်ကုန်အမျိုးအစား ဖြစ်နေကြောင်း ဗီယက်နမ် နယူးစ်အေဂျင်စီသတင်းတွင် ဖော်ပြသည်။ ကမ္ဘာ့လက်မှုပစ္စည်း ဝယ်လိုအားသည် မြင့်မားလျက်ရှိပြီး ဈေး ကွက်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀ဝ ရှိနေသော် လည်း စီးပွားရေးလုပ်ငန်း တိုးတက်ရေးနှင့် ပိုကုန်မြှင့်တင်ရေး အတွက် ဗီယက်နမ်က ဤအခွင့်အရေးကို အသုံးမချနိုင်သေးကြောင်း ဗီယက်နမ် လက်မှုပစ္စည်း တင်ပို့သူများအသင်း (VHEA) က ပြောသည်။