Main menu

Background

Monday, 25 Jan 2021

၂၀၂၁ နှစ်ဆန်းပိုင်း ဝင်ရောက်ချိန် အခေါက်ရွှေဈေး ကျပ်  ၁၃သိန်းသုံး သောင်းကျော်ထိ ထပ်မံမြင့်တက်လာနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်းမှ သိရသည်။ “ပြည်တွင်းဒေါ်လာဈေးက နည်းနည်း ပြန်ကျ လာတယ်။ ခုကတော့ ရွှေလာ ရောင်းတဲ့သူပဲ များတယ်။ နောက်ပိုင်း ရွှေဈေးက နည်းနည်းတက်လိမ့်မယ်ထင်တယ်။ အင်္ဂလန်နဲ့ဂျပန်က ပိတ်လိုက်တဲ့အတွက် စီးပွားရေးလမ်းကြောင်းတွေရပ်သွား တယ်။ နောက် ကွန်တိန်နာ လမ်း ကြောင်းတွေ အကုန်လုံးရပ်သွားတယ်။ အလုပ် က အရင်လိုမဖြစ်တဲ့ အခါကျတော့ ရွှေဘက်ကိုပဲ ပြန်လှည့်လာကြတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောဆိုသည်။

Monday, 25 Jan 2021

ထားဝယ်ခရိုင်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါး ၂၂၃၈၂၉ ဧကစိုက်ပျိုးပြီး ရိတ်ဧက ၂၁၇၄၇၇ ဧက ရှိရာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၇၀ ဒသမ ဝ၁ တင်းဖြင့်  စုစုပေါင်း ၁၅၂၂၅၆၉၀ တင်း ထွက်ရှိ သည်။  ထားဝယ်ခရိုင်အတွင်း စပါးဈေးနှုန်းမှာ ဒီဇင် ဘာလ ပထမပတ်တွင် ဧည့်မထစပါး ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၅၅၀ဝ၀ဝ ရှိပြီး ဒီဇင်ဘာလနောက် ဆုံးပတ်တွင် ၄၆ ပေါင်တင်း ၁၀ဝ လျှင် ကျပ် ၆၀ဝ၀ဝ၀ ဈေးနှုန်းပေါက်လျက်ရှိရာ တင်း ၁၀ဝ လျှင် ကျပ် ၅၀ဝ၀ဝ ခန့် ဈေးနှုန်းမြင့်လျက်ရှိကြောင်း သိရှိရသည်။

 

အောင်ကိုထွေး(ထားဝယ်)

Thursday, 7 Jan 2021

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉  ရောဂါကြောင့်  ထိခိုက်ခဲ့သော စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေထုတ်ပေးလျက်ရှိရာ ယခုအခါ လုပ်ငန်းပေါင်း ၆၃၃၃ ခု သို့ ချေးငွေ ကျပ်   ၁၆၆ ဒသမ   ၅၉၆၃   ဘီလီယံ ထုတ်ချေးပေးခဲ့ပြီဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။ ဒီဇင်ဘာ ၂၀ ရက်တွင် ရန်ကုန် မြို့ရှိUMFCCI ရုံးချုပ်၌   ကျင်းပခဲ့ သည့်   ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ   ကုန်သည်များနှင့်  စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏  (၂၉) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးတွင်  ၎

Thursday, 7 Jan 2021

မော်လမြိုင်မြို့တွင် ဒီဇင်ဘာလအတွင်း ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများမှာ ပထမအပတ်တွင်   ဒီဇယ် (ရိုးရိုး) ကျပ် ၆၂၅ ၊ ဒီဇယ် (ပရီမီယမ်)ကျပ် ၆၃၅ ၊ ဓာတ်ဆီ (၉၂) ကျပ် ၅၈၅ ၊ ဓာတ်ဆီ (၉၅) ကျပ်၇၀၅၊ ရွှေ ၁၆ ပဲရည် ကျပ် ၁၂၆၄၀ဝ၀ ၊ ရွှေွှ ၁၅ ပဲရည်  ကျပ် ၁၁၆၀ဝ၀ဝ ၊ ရွှေွှ  ၁၄ ပဲရည် ကျပ် ၁၀၆၀ဝ၀ဝ  ဖြစ်ပြီး  စတုတ္ထပတ်တွင် ဒီဇယ် (ရိုးရိုး) ကျပ်  ၆၈၅၊ ဒီဇယ် (ပရီမီယမ်) ကျပ် ၆၉၅၊ ဓာတ်ဆီ (၉၂)  ကျပ် ၆၄၅ ၊ ဓာတ်ဆီ (၉၅) ကျပ် ၇၆၅ ၊ ရွှေွှ ၁၆ ပဲရည် ကျပ် ၁၃၁၅၀ဝ၀ ၊ ရွှေ  ၁၅ ပဲရည် ကျပ် ၁၂၀၅၀ဝ၀၊ ရွှေ ၁၄ ပဲရည် ကျပ် ၁၁၁၀ဝ၀ဝ  ဖြစ်ရာ ပထမပတ်နှင့် စတုတ္ထပတ်နှိုင်းယှဉ်လျှင် စက်သုံးဆီများမှာ ၆၀ ကျပ်ခန့်သာ ဈေးတက်ပြီး ရွှေ  ၁၆ ပဲရည်

Thursday, 7 Jan 2021

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် နှစ်သစ်နှင့်အတူ  မြန်မာ့ ချင်းစိမ်းများ အင်္ဂလန်သို့  တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အင်္ဂလန်အနေဖြင့် EU မှ ထွက်ခွာတော့မည်ဖြစ်သည့် အပြင် လတ်တလောကာလတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်  တွေ့ရှိသဖြင့် ဥရောပနှင့်အဆက်အသွယ်ပြတ်ပြီး စားသောက် ကုန်  လိုအပ်ချက်မြင့်တက်နေကြောင်း သတင်းများအရ သိရှိ ရသည်။  ချင်းကို မြန်မာနိုင်ငံ  အနှံ့အပြားတွင် စိုက်ပျိုးကြပြီး တောင်ပေါ်ဒေသများ၌ ပိုမိုစိုက်ပျိုးကြောင်း၊ ဟင်းခတ်အမွှေး အကြိုင်အဖြစ်  လည်းကောင်း၊ ပရဆေးအဖြစ်လည်းကောင်း အသုံးပြုကြကြောင်း သိရှိရသည်။ 

Thursday, 7 Jan 2021

ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများမှ  အမေရိကန်ဒေါ်လာ၄ဒသမ ၅၉၅ သန်းတန်ဖိုးရှိ ဆန်တန်ချိန်၁၁၄၉၀ခန့် တင်ပို့ခဲ့ကြောင်း သိရ သည်။ တင်ပို့မှုများအနေဖြင့်  မြန်မာ-တရုတ်နယ်စပ်များဖြစ် သော မူဆယ်(၁၀၅ ) မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၄၃၀ဝ ခန့်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ  ဆန် တန်ချိန် ၄၃၉၅ခန့်နှင့် လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ  ဆန် တန်ချိန် ၂၇၉၅ခန့်တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ် ကုန် သွယ်မှုနှင့်နှိုင်း ယှဉ်လျှင်ဆန်တန်ချိန်၁၄၀ဝကျော်လျော့နည်း တင်ပို့နိုင်ခဲ့သည်။ 

Wednesday, 12 Aug 2020

မကွေးတိုင်းဒေသကြီး  ရေနံချောင်းမြို့၌ ပုပ္ပားဒေသ ထွက်နဂါးမောက်သီးများလှိုင်လှိုင်ဝင်ရောက်နေရာတစ်ဆင့် ပြန်လည်ရောင်းချသည့်ဈေးသည်များ     ဝင်ငွေရနေကြ ကြောင်း သိရှိရသည်။“ယခင်တစ်ပတ်ကထက် နဂါးမောက်သီး ဝင်ရောက်မှု ပိုများတယ်။ ဈေးကွက်မှာက နဂါးမောက်ခြံတွေ   တစ်ပြိုင် တည်း ခူးကြတာကြောင့်လို့ သိရပါတယ်။အရောင်းအဝယ်က တော့ကျေးရွာတွေကိုအဓိကထားရောင်းရတာလည်းရှိတယ်။ အရောင်းသွက်တယ်”ဟု ရေနံချောင်း မြို့မှ နဂါးမောက်ရောင်း သူ အမျိုးသမီးတစ်ဦးက ပြောသည်။ရေနံချောင်းမြို့နယ်တွင် နဂါးမောက်စိုက်သူနည်းပါး၍        ကျောက်ပန်းတောင်းမြို့နယ်နှင့်   ပုပ္ပားဝန်းကျင်ထွက်   နဂါး မောက်သီးများကို အဓိကရောင်းချနေရ သည်။ ဈေးကွက်တွင် နဂ

Pages