Background
ဇွန် ၂၃ ရက်ညနေပိုင်းမှာ မလေးရှားစားအုန်းဆီကြို ရောင်းကြိုဝယ်ဈေးက ငြိမ်ပါတယ်။ ဥရောပသမဂ္ဂ (အီးယူ) မှာ ဗြိတိန်နိုင်ငံဆက်နေမယ်ဆိုရင် ရင်းဂစ်တန်ဖိုး မြင့်တက် လာနိုင်မယ်လို့ ခန့်မှန်းကြတဲ့အတွက် တချို့ ကုန် သည်တွေက စားအုန်းဆီကိုဝယ်ယူလာကြပါတယ်။ ဒါကြောင့် စောစောပိုင်းဖြစ်ပေါ်ခဲ့တဲ့ စားအုန်းဆီ ဈေးနှုန်းကျဆင်းမှုတွေ ရပ်တန့်ခဲ့ပါတယ်။ ဇွန် ၂၃ ရက်က ကျင်းပခဲ့တဲ့ဆန္ဒခံယူပွဲမှာ အီးယူကနေနုတ်ထွက်ဖို့ ဗြိတိန်နိုင်ငံ မဲပေး ခဲ့ရင် စီးပွားရေးအရ ဂယက်ရိုက်ခတ်မှုတွေ အတွက် စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဈေးကွက် မငြိမ် မသက်မှုတွေက ရင်းဂစ်ငွေကြေးအပါအဝင် ထွန်းသစ်စဈေး ကွက်ငွေကြေးတွေကို ဂယက်ရိုက်ခတ်
အခြားဟင်းရွက်ဆီဈေးနှုန်းများ ကျဆင်းမှုနဲ့ စားအုန်း ဆီကြမ်းပို့ကုန်ခွန် တိုးမြှင့်မှုတို့ကြောင့် မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးက ဇွန် ၁၅ ရက်မှာ ရှစ်ရက်မြောက် နေ့အဖြစ် ဆက်တိုက်ကျဆင်းခဲ့ကြောင်း ဘီ ရီကော်ဒါသတင်း မှာ ဖော်ပြပါတယ်။ လက်ရှိစားအုန်းဆီဈေးက လေးလခွဲ အတွင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်ပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) မှာ သြဂုတ်အတွက် စားအုန်းဆီ ကြိုရောင်ဈေးရဲ့အခြေခံစံထားဈေးနှုန်းက သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၂၄၆၈ ရင်းဂစ် (အမေ ရိကန် ဒေါ်လာ ၆၀၂) နှုန်းရှိခဲ့ပါတယ်။ စောစောပိုင်းကမူ အနိမ့်ဆုံးဈေးအဖြစ် တစ်တန်ကို ၂၄၃၇ ရင်းဂစ်
မလေးရှား ရင်းဂစ်ငွေကြေးတန်ဖိုးက အမေရိကန် ဒေါ်လာနဲ့ဖလှယ်ရာမှာ ရက်သတ္တသုံးပတ်အတွင်း အမြင့်ဆုံး နှုန်းအဖြစ် ဆက်လက်တည်ရှိနေတဲ့အတွက် မလေးရှား စားအုန်းဆီကြိုရောင်းဈေးက ဇွန် ၈ ရက်မှာ ထပ်မံ ကျဆင်းပြီး ရက်သတ္တနှစ်ပတ်အတွင်းအနိမ့်ဆုံးနှုန်းဖြစ်ခဲ့ကြောင်း ဘီရီ ကော်ဒါ သတင်းမှာ ဖော်ပြထားပါတယ်။ ဘာဆာမလေးရှားဆင့်ပွားစာချုပ် စာတမ်းများရောင်း ဝယ်ရေးဒိုင် (Bursa Malaysia Derivatives Exchange) မှာ သြဂုတ်အတွက် စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးက ဇွန် ၈ ရက် ဈေးပိတ်ချိန်မှာ သုည ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၂၅၈၉ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၃၇) နှုန်းရှိခဲ့ပါတယ်။ စားအုန်းဆီဈေးက တတိယမြော က်နေ့အဖြစ် ဆက
မလေးရှားနိုင်ငံမှာ ဇီဝလောင် စာဆီကို အသုံးပြုဖို့သတ်မှတ်ချက်မြှင့် တင်မယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါ တယ်။ ဒီကြေညာချက်ကြောင့် ရင်းနှီး မြှုပ်နံှသူတွေက စားအုန်းဆီဈေးမြင့် တက်လာမယ်လို့ ယုံကြည်မှုရှိေ နချိန်မှာ ရင်းဂစ်တန်ဖိုးကလည်း ကျဆင်းလာ တဲ့အတွက် မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးက ဇွန် ၁ ရက် နေ့မှာ ရက်သတ္တပတ်သုံးပတ်အတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။ ဘာဆာမလေး ရှား ကုန်စည်ဒိုင် (Bursa Mala ysia Derivatives Ex- change) မှာ သြဂုတ်အတွက် ကြိုတင် ချုပ်ဆိုတဲ့ စာချုပ်ဈေးက သုည ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး မွန်းတည့် ချိန်မှာ တစ်တန်ကို ၂၆၃၀ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၃၇)
မလေးရှားစားအုန်းဆီအထွက်နှုန်းနဲ့ ရောင်းချမှုကိန်း ဂဏန်းများ မြင့်တက်လာလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်များက စားအုန်းဆီဈေးကွက်ကို နိမ့်ကျသွားအောင်ဆွဲချခဲ့တဲ့အတွက် မလေးရှားစားအုန်းဆီကြိုရောင်းဈေး ရဲ့အခြေခံစံထားဈေး နှုန်းများမှာ မေ ၁၈ ရက်က ရက်သတ္တပတ်နှစ်ပတ်အတွင်း အနိမ့်ဆုံးနှုန်းသို့ကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော် ပြပါတယ်။ဘာဆာမလေးရှား ကုန်စည်ဒိုင်(Bursa Malaysia Derivatives Exchange)မှာ သြဂုတ်လအတွက်ချုပ်ဆိုတဲ့ မလေးရှားစားအုန်းဆီဈေးက မေ ၁၈ ရက်က ဈေးပိတ်ချိန်မှာ ၁ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီးတစ်တန်ကို ၂၅၆၁ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၃၃) နှုန်းအထိ ရောက်ရှိ ခဲ့ပါတယ်။ စောစောပိုင်းကမူ စားအုန်းဆီတစ်တ
မေတတိယပတ် မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲဆန်ကို မြောင်၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်နဲ့ချင်းတွင်းမြစ် အနောက် ဘက်ဒေသတွေ က နယ်စုံအဝင်သွက်လာခဲ့သလို ဝယ်လက်လည်း စုံတဲ့အတွက် အရောင်းအဝယ် သွက်ကာ ဈေးမာလျက်ရှိပါတယ်။ ယခုတစ်ပတ်မှာ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ကျပ် ၂၆၇၅၊ လုံးဆန်နီတစ်ပိသာ ကျပ် ၂၅၅၀ နဲ့ ဆီဆန် တစ်ပိသာ ကျပ် ၂၁၀၀ အသီးသီးပေါက်ဈေးမာနေပြီး၊ မြေပဲဆန်ဖြူနဲ့ အနီ နှစ်မျိုးပေါင်း တစ်ရက် ပိဿသာ တစ်သောင်းဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။နှမ်းမျိုးစုံဈေးကွက်မှာတော့ ယခုတစ်ပတ်မှာ ပို့ကုန်အတွက် အဝယ်ပါးသလို ဆီစက်သမားတွေ ကုန်ချောအရောင်းထိုင်း လို့ကုန်ကြမ်း အဝယ်ပါးခဲ့တဲ့အတွက် ကျဈေးဖြစ်ပေါ
မလေးရှားနိုင်ငံသုံး ငွေကြေးရင်းဂစ်ခိုင်မာမှုကြောင့် ဈေးနှုန်းများ ကျဆင်းတဲ့အတွက် ရက်ပေါင်းများစွာ မြင့်တက်လာခဲ့တဲ့ စားအုန်းဆီကြိုရောင်းဈေးကလည်း မတ် ၃၀ ရက် မှာ ပထမဆုံးအကြိမ်အဖြစ် ကျဆင်းခဲ့ပါတ ယ်။ စားအုန်းဆီဈေးနှုန်းက နှစ်စမှ မတ်လအထိ ကာလအတွင်း ၈ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပြီး မတ် ၂၉ ရက်မှာ တစ်တန်ကို ၂၇၉၃ ရင်းဂစ်အထိရောက်ရှိခဲ့ရာ နှစ်နှစ်အတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။ အခြားဟင်းရွက် ဆီဈေးနှုန်းများ မြင့်တက်မှုနဲ့အတူအယ်လ်နီညိုရာသီဥတုပုံစံကြောင့် အထွက် နှုန်း ကျဆင်းနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့်လည်း စားအုန်းဆီဈေးနှုန်းကို မြင့်တက်စေခဲ့တာ ဖြစ်ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ဒေါ်လာ ၃၈၅၀၁၄ တန်ဖိုးရှိ ငါးစုံလေးခြောက် ၄၆၀၉၀၂ ကီလို၊ ငါးနီတူခြောက် ၉၀၀၀၀ ကီ လိုနဲ့ ငါးကုန်းညိုခြောက်ကီလို ၈၀၀၀၀ တင်ပို့နိုင်ခဲ့ပါတယ်။ ယခုလမှာ ယခင်လထက် ငါးခြောက် ၅၉၉၉၈ ဒေါ်လာဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိတဲ့ ပို့ကုန်များမှာ မိုးတွင်းကာလတွင် ရေငန်ပုစွန်အများဆုံး တင်ပို့သော်လည်း ဆောင်းတွင်းနဲ့နွေရာသီတွင်ငါးခြောက်မျိုးစုံကိုသာ ပိုမိုတင်ပို့လျက်ရှိတယ်လို့ မောင်တောနယ်စပ် ငါးခြောက်ကုန်သည်များထံမှ သိရ
ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ဆီထွက်သီးနှံများဝယ်လက်ပျောက်၍ ဈေးအေးနေပါတယ်။ နှမ်းနဲ့ မြေပဲဆန်ဈေးမှာ အဝယ်သိပ်မရှိသဖြင့် ဈေးကျ နေတာတွေ့ရပါတယ်။ နှမ်းအဝင်မှာ တစ်နေ့ကို အိတ် ၃၀၀-၄၀၀ ခန့် သာရှိ ပြီး ဆီစက်သမားများသာ အနည်းငယ်အဝယ်ရှိပါတယ်။ မြေပဲဆန်မှာလည်း တစ်နေ့ကို အိတ် ၅၀၀ သာအဝယ်ရှိကာ လုံးဆန်ကို မကွေးနဲ့ မန္တလေးဝယ်လက် များက အဝယ်ရှိသော်လည်း ဈေးမတက်ဘဲ အရောင်းအဝယ်အနည်း ငယ် သာ ဖြစ်ပါတယ်။ ဝယ်လက်အဝယ်ပျောက်နေလို့ ပြည်ဈေးကွက်မှာ ယခုအပတ်၌ ဆီထွက်သီးနှံဈေးကျလာပါတယ်။ နှမ်းဈေးမှာ နှမ်းနီတစ်တင်း ၃၁၆၀၀ ကျပ်၊ နှမ်းနက်တစ်တင်း ၄၁၆၀၀ ကျပ်နဲ့ စမုံနှမ်းနက် တစ်တင်း ၆၃၀၀၀ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် ဈေးလျော့သလို မြေပဲဆန်ဈေးမှာလည
မုံရွာကုန်စည်ဒိုင်ဆီဈေးကွက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းက တစ် ပိဿာ ၄၇၀၀ ကျပ်အထိ ဈေးအမြင့်ဆုံး ဖြစ်ခဲ့ရာက ဒိုင်မှာမြေပဲဆန် လှိုင်လှိုင် ဝင်ခဲ့လို့ ပဲဆီဈေးလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့ရာ နိုဝင်ဘာ ပထမပတ် ထဲ တစ်ပိဿာ ၄၄၀၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ နယ်အသီးသီးမှာ နှမ်းအထွက် ပုံမှန်သာရှိပြီး ဒိုင်ကို ပုံမှန်အဝင်ရှိတဲ့ နှမ်းဈေးတည်ငြိမ်မှုကြောင့် နှမ်းဆီက လည်း တစ်ပိဿာ ၃၉၀၀ ကျပ်မှာ ဈေး တန့်နေတာ တွေ့ရပါတယ်။ ဒိုင်ပြင်ပ လက်လီဈေးကွက်မှာတော့ ပဲဆီသန့် တစ်ပိဿာ ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ် နဲ့ နှမ်းဆီသန့် တစ်ပိဿာ ၅၀၀၀ ကျပ်မှ ၅၅၀၀ ကျပ်ကြား ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။နေကြာဆီ ကတော့ မနှစ်က ဆီထွက်သီးနှံပေါ်ချိန