Main menu

Background

Wednesday, 26 Aug 2015

     မလေးရှားနိုင်ငံရဲ့ ပို့ကုန်ကိန်းဂဏန်းတွေ ယခုရက်သတ္တပတ်အကုန်မှာ ထုတ်ပြန်ကြေညာမှာဖြစ်လို့ ပို့ကုန်အခြေအနေကို မသိရသေးပါဘူး။  ဒါပေမယ့် ရေနံစိမ်းနဲ့ အခြားပြိုင်ဘက် စားသုံးဆီဈေးတွေ ကျဆင်းနေတဲ့အတွက် မလေးရှားစားအုန်းဆီရဲ့ ကြိုရောင်းကြိုဝယ် စာချုပ်ဈေးကလည်း သြဂုတ် ၁၉ ရက်မှာ ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဘီရီကော်ဒါသတင်းမှာဖော်ပြပါတယ်။ ဘာဆာမလေးရှားကုန်စည်ဒိုင်မှာ နိုဝင်ဘာလအတွက် စာချုပ် တဲ့ စားအုန်းဆီရဲ့ အခြေခံစံထားဈေးနှုန်းက ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်တန်ကို မလေးရှားရင်းဂစ် ၂၀၃၄  (အမေရိကန်ဒေါ်လာ ၄၉၅ ဒသမ ၈၆) နှုန်းရှိခဲ့ပါတယ်။ စောစောပိုင်း စားအုန်းဆီဈေးက တစ်တန်ကို ၂၀၂၄ ရင်းဂစ်အထိ

Tuesday, 18 Aug 2015

     ပဲပုပ်ဆီဈေးများ ပြန်လည်ဦးမော့လာသဖြင့် အလားတူ သီးနှံဖြစ်တဲ့ စားအုန်းဆီများလည်း အဝယ်လိုက်လာတဲ့ အတွက် သြဂုတ် ၁၃ ရက်တွင် မလေးရှားစားအုန်းဆီ ကြို ရောင်းကြိုဝယ်ဈေးကလည်း ရက်သတ္တပတ်  သုံးပ တ်ကျော် ကာလအတွင်း အမြင့်ဆုံးအထိ ရောက်ရှိခဲ့ပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်မှာ အောက်တိုဘာအတွက် ချုပ်ဆိုတဲ့ စားအုန်းဆီရဲ့ အခြေခံ စံထားနှုန်းက ဈေးပိတ်ချိန်မှာ သုည ဒသမ ၉၅ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန် ကို ၂၀၁၇ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၀၃ ဒသမ ၂၄ )နှုန်းရှိခဲ့ပါတယ်။ စောစောပိုင်း   စားအုန်းဆီဈေးက ၁၁ လကျော်ကာလ အတွင်း အနိမ့်ဆုံးနှုန်းဖြစ်တဲ့ တစ်တန်ကို ၁၉၅၈ ရင်းဂစ်နှုန်း အထိ ရောက်ရှိခဲ့သော် လည်း နောက်ပိုင်းတွင်တစ်

Thursday, 13 Aug 2015

     မလေးရှားရင်းဂစ်တန်ဖိုး ကျဆင်းမှုနဲ့  ပြိုင်ဘက်ဆီထွက်သီးနှံဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် စားအုန်းဆီတင်ပို့မှုမြင့်တက်စေရန် အထောက်အကူဖြစ်စေခဲ့ပေမယ့် စားအုန်းဆီထုတ်လုပ်မှု  မြင့်တက်လာခြင်းနဲ့ ဝယ်လို အား ကျဆင်းမှုတို့ကြောင့် မလေးရှားစားအုန်းဆီရဲ့ ကြိုရောင်းကြို ဝယ်ဈေးက ၁၁ လအတွင်း  အနိမ့်ဆုံးနှုန်းကိုရောက်ရှိခဲ့ပါတယ်။ ကမ္ဘာ့စားအုန်းဆီဈေးနှုန်းတွေ ကျဆင်းတဲ့အလားအလာကလည်း မလေးရှားစားအုန်းဆီဈေးနှုန်း အပေါ် အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ အိန္ဒိယ၊ ဥရောပသမဂ္ဂနဲ့ တရုတ် နိုင်ငံတို့အပါအဝင် ကမ္ဘာ့အဓိကဝယ်လက်များက ဈေးအကျကို အခွင့်ကောင်းယူပြီး အရန်သိုလှောင်မှုတွေကို မြှင့်တင်ဖို့ ကြိုးပမ်းကြပါတယ်။  အစဉ်အ

Wednesday, 17 Jun 2015

    ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုမှာ ဒုတိယအများဆုံး ဖြစ်တဲ့  မလေးရှားနိုင်ငံရဲ့ စားအုန်းဆီလက်ကျန်အခြေအနေက မေလမှာ ခြောက်လအတွင်း အမြင့်မားဆုံးအခြေအနေကို ရောက်ရှိပြီး၊ လုပ်ငန်းကဏ္ဍမှ ထုတ်ပြန်တဲ့ အစီရင်ခံစာများ ထွက်ပေါ်လာပြီးနောက် မလေးရှားစားအုန်းဆီရဲ့ ကြိုရောင်း ကြိုဝယ်ဈေးက ဇွန်လ ၁၁ ရက်နေ့မှာ လေးရက်မြောက်နေ့ အဖြစ် ဆက်တိုက်ကျဆင်းခဲ့ပါတယ်။

Wednesday, 17 Jun 2015

    ယခုဇွန်လ ဒုတိယပတ် ပြည်စားဆီဈေးကွက်မှာ မြေပဲ ဆီဈေးမြင့်ပြီး နှမ်းဆီဈေးပြန်ကျလာခဲ့ပါတယ်။ ယခုနှစ်အစမှ သြင်္ကန်မတိုင်မီအထိ နှမ်းဆီမှာအမြင့်၌တည်နေပြီး သြင်္ကန် အပြီးမှ ယခုအချိန်အထိ နှမ်းဆီဈေး ပြန်ကျသွားပြီး၊ မြေပဲဆီ ဈေးမြင့်လာတာ တွေ့ရပါတယ်။

Pages