Main menu

Background

Wednesday, 15 Dec 2010

 ပခုက္ကူမှာ ကုလားပဲဖြူလုံးကြီးဈေးမြင့်ပြီး ပဲစင်းငုံနီဈေးငြိမ်           ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များက ဝယ်အား  ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိသာ ကို ၁၂၂၆ ကျပ်(တစ်တန်ကို ၇၅ဝ၇၉ဝ ကျပ်) နဲ့ နေ့စဉ်အိတ် ၅ဝ မှ ၁ဝဝ ကြားအရောင်း အဝြယ်ဖစ်ခဲ့တယ်လို့ သိရပါတယ်။ပဲစင်းငုံနီ ကိုရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၇၅ဝ ကျပ် (တစ်တန်ကို ၄၅၉၂၉၂ ကျပ်) နဲ့နေ့စဉ်အိတ် ၁ဝဝ မှ ၂ဝဝ ကြားအဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ မြို့ခံကုန်သည်တစ်ဦး က ဆိုပါတယ်။

Thursday, 9 Dec 2010

ပခုက္ကူမှာ ပဲစင်းငုံနီနဲ့ ကုလားပဲဖြူလုံးကြီးဈေးကျ               ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၇၅ဝ ကျပ် (တစ်တန်ကို ၄၅၉၂၉၂ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝ ခန့်ဝယ်အားပုံမှန် ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာ ရှိနေတယ်လို့ ပဲကုန်သည်များကဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက် လုပ်ငန်းရှင်များက တစ်ပိဿာကို ၁၁၉၄ ကျပ်(တစ်တန်ကို ၇၃၁၁၉၃ ကျပ်)နဲ့ ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များက ဝယ်ယူတဲ့ ဈေးကို မကြိုက်နှစ်သက်လို့ အရောင်းအဝယ်ဖြစ်မှု နည်းခဲ့တယ်လို့ သိရပါတယ်။

Thursday, 25 Nov 2010

ပခုက္ကူမှာ ကုလားပဲဖြူလုံးကြီးဈေးကျပြီး ပဲတီစိမ်းသေးဈေးမြင့်                မြို့ခံပဲခွဲစက်လုပ်ငန်းရှင်များက ပဲခွဲခြမ်းပြုလုပ်ရန်အတွက် ကုလားပဲဖြူလုံးကြီးကို တစ်ပိဿာ ၁၂၈၇ ကျပ်(တစ်တန်ကို ၇၈၈၁၄၅ ကျပ်)နဲ့ ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များက ဝယ်ယူတဲ့ ဈေးကို မကြိုက်နှစ်သက်တာကြောင့် အရောင်းနည်းခဲ့တယ်လို့ပဲကုန် သည်တစ်ဦးကဆိုပါတယ်။ ပဲတီစိမ်းသေးကို ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိတဲ့အပြင် ဝယ်အားပါများလာတာကြောင့် ယခင် အပတ်နဲ့ စာရင်  ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၃၄၂ ကျပ်( တစ်တန်  ကို ၈၂၁၈၂၇ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့သိရပါတယ်။

Tuesday, 16 Nov 2010

ပခုက္ကူမှာ ကုလားပဲဖြူလုံးကြီးနဲ့ ပဲစင်းငုံနီအရောင်းအဝယ်ပုံမှန်ဖြစ်    ပဲစင်းငုံနီကို ငွေပြန်ပေါ်လိုသော ကုန်သည်များက အနည်း ငယ် ထုတ်ရောင်းမှုရှိသလို ရန်ကုန်ဝယ်လက်ကလည်း တစ်ပိဿာကို ၈၂၅ ကျပ်(တစ်တန်ကို ၅ဝ၅၂၂၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်အဝယ်ရှိခဲ့တယ်လို့သိရပါတယ။် ကုလုလားပဲြဲဖူလံုံးကြီး ကို ပဲခွဲစက်လုပ်ငန်းရှင် များက တစ်ပိဿာကို ၁၃၃၆ ကျပ်(တစ်တန်ကို ၈၁၈၁၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၂ဝဝ ကြားအဝယ်ရှိသလို ရောင်းသူကုန်သည် များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ မြို့ခံကုန်သည်များက ဆိုပါတယ်။

Tuesday, 7 Sep 2010

ပခုက္ကူဈေးကွက်        ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များက ရောင်းချ တဲ့အရည်အသွေးကို ကြိုက်နှစ်သက်တာကြောင့် တစ်ပိဿာကို ၁ဝ၅၂ ကျပ် (တစ်တန် ကို ၆၄၄၂၃၄ ကျပ်)နဲ့ဝယ်အား ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကျနေသေးတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

Wednesday, 1 Sep 2010

စဉ်    အမိုျးအမည်            ရေတွက်ပုံ   ဈေးနှုန်း(ကျပ်)                    ပြောင်းလဲမှု                                               ယခင်အပတ်    ယခုအပတ်၁    ပဲစင်းငုံနီ                ၁ ပိဿာ            ၁ဝ၇၅    ၁ဝ၄ဝ    ၂    ကုလားပဲဖြူလုံးကြီး    ၁ ပိဿာ             ၁ဝ၅၇    ၁ဝ၇၈    ၃    ကုလားပဲ(တိုင်ပေ)   ၁ ပိဿာ             ၁ဝ၂၆    ၁ဝ၄၂     ၄    ပဲတီစိမ်းသေး          ၁ ပိဿာ             ၁၃ဝဝ    ၁၂၆၃ဆက်သွယ်ရန် ဖုန်း -၀၆၂-၂၁၅၅၆ပခုက္ကူဈေးကွက်ဒီတစ်ပတ်ပခုက္ကူဈေးကွက်တွင် ပဲတီစိမ်းသေးနဲ့ ပဲစင်းငုံနီသာ အရောင်းအဝယ်အနည်းငယ်ရှိခဲ့တယ်လို့သိရပါတယ်။ ပဲတီစိမ်းသေး ကို အရည်အသွေးပေါ်မူတည်ပြီး မန္တလေးဝယ်လက်က တစ်ပိဿာ ကို ၁၂၆၃ ကျပ် (တစ်တန်ကို ၇၇၃၄၄၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့် အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီကို ရောင်းတဲ့ကုန် သည်များက အရောင်းများသလို ရန်ကုန်ဝယ်လက်ကလည်း တစ်ပိ ဿာကို ၁ဝ၄ဝ ကျပ် (တစ်တန်ကို ၆၃၆၈၈၅ ကျပ်)နဲ့ အဝယ်ရှိခဲ့ ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။       

Thursday, 2 Jul 2009

ကုလားပဲဖြူလုံးကြီးကို ရန်ကုန် အတွက် ဝယ်ယူနေတဲ့ ကုန်သည်ကြီးများ ပုံမှန်အဝယ်ရှိသော်လည်း ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ လာပြီး နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြားအရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံကတော့ ပစ္စည်းလက်ကျန် နည်းပါးပေမယ့် မြို့ပေါ်ဝယ်လက် တချို့ အဝယ်ရှိတာကြောင့် နေ့စဉ်အိတ် ၁၀၀ ခန့် သာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Pages