Main menu

Background

Wednesday, 24 Jul 2013

တီထွင်ဖန်တီးမှုရှိတဲ့ ခရီးသွား လုပ်ငန်း “Experiental and Creative Tourism”  ဆိုတဲ့အချက်ကို ဦး စားပေးပြီး နိုင်ငံစုံခရီးသွားအစီအစဉ် တွေဖော်ဆောင်ကြဖို့ အဖွဲ့ဝင်၁၀ နိုင်ငံ က ခရီးသွား လုပ်ငန်းအော်ပရေတာ တွေကို အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) က တိုက်တွန်းထားကြောင်း ဂျာကာတာပိုစ့်သတင်းမှာ ဖော်ပြထားပါတယ်။

Wednesday, 24 Jul 2013

သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုပတ်ဝန်း ကျင်ကို တိုးတက်ကောင်းမွန်အောင် ပြု ပြင်ပေးခြင်းအားဖြင့် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများက လွန်ခဲ့တဲ့နှစ်နှစ် အတွင်း ဂျပန်စီးပွားရေးလုပ်ငန်းတွေကို အောင်မြင်စွာဆွဲဆောင်နိုင်ခဲ့ကြောင်း ဗီယက်နမ်သတင်းဌာန VNS မှာ ဖော် ပြထားပါတယ်။

Sunday, 24 Jun 2012

    အာဆီယံနိုင်ငံများအတွင်းမှာ ခြား နားချက်တွေ ရှိနေတယ်ဆိုတာကို လက်ခံထားတဲ့အတွက် အထောက် အကူ ဖြစ်စေမဲ့ ဘဏ္ဍာရေးဖွဲ့စည်းမှုက အနာဂတ် ဖွံ့ဖြိုးမှုအတွက် အရေးပါ တယ်လို့ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေး ဖိုရမ် ( WEF )  မှာ ဆွေးနွေး ကြသူတွေက ပြောပါတယ်။ ဘဏ် လုပ်ငန်းစနစ်အပါအ၀င် ရှိရင်းစွဲဘဏ္ဍာ ရေးယန္တရား အာဆီယံငွေအရင်းအနှီး ဈေးကွက်တွေက ကုမ္ပဏီကြီးတွေကို မျက်နှာသာပေး အလေးထားသလို ဖြစ် နေတဲ့အတွက် အသေးစားနဲ့ အလတ် စား လုပ်ငန်းများအတွက် ဘဏ္ဍာငွေ လိုအပ်နေတတ်ကြောင်း  Abraaj Capital  Asia   မှ အမူဆောင်အရာရှိချုပ် အိုမာလောဒီက ပြောပါတယ်။

Tuesday, 15 May 2012

    အရှေ့တောင်အာရှ နိုင်ငံသား များနဲ့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီး ယားနိုင်ငံတို့က ငွေဖြစ်လွယ်မှု အကျပ် အတည်းကိုအကူအညီပေးမဲ့ ဒေါ်လာ ၂၄၀ ဘီလီယံ ရန်ပုံငွေရရှိဖို့အတွက် ဒေသတွင်း ငွေကြေးရန်ပုံငွေကို နှစ်ဆ တိုးမြှင့်ဖို့သဘောတူညီခဲ့ကြတယ်လို့ မေ ၂ ရက်က ထုတ်ပြန်တဲ့ ပူးတွဲကြေညာ ချက် မူကြမ်းမှာ ဖော်ပြထားပါတယ်။ အာဆီယံ+၃ လို့ အများက သိထားတဲ့ အဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီးများနဲ့ ဗဟို ဘဏ် အုပ်ချုပ်ရေးမှူးများက ချင်းမိုင် အစီအစဉ်အရ ဆောင်ရွက်မဲ့ဒေါ်လာ ၁၂၀ ဘီလီယံရန်ပုံငွေ အရွယ်အစားတိုး မြှင့်ရေးကိစ္စအတွက် ပူးတွဲ ကြေညာ ချက်ကို မေ ၃ ရက်မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။

Monday, 26 Mar 2012

    အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ)မှ ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတွေက ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့မှာ မတ် ၂၀ ရက်က တွေ့ဆုံပြီး ၂၀၁၅ ခုနှစ်မှာ အာဆီယံ ဒေသကို ကမ္ဘာ့အဆင့်မီ ခရီးသွားဒေသ တစ်ခု ဖြစ်လာဖို့အတွက် ခရီးသွား လုပ် ငန်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း ကမ္ဘောဒီးယားအကြီးတန်းအရာရှိတစ်ဦး